DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, January 25, 2009

ပင်လယ်ကမ်းခြေများတွင် လူကိုကမ်းခြေမှဝေးရာသို့ ဆွဲခေါ်တတ်သည့် ရေဆွဲ (Rip Tide) များဖြစ်ပေါ်မှုကြောင့် သေဆုံးသူအချို့ရှိနေ၍ အပန်းဖြေသူများ သတိပြုရန်လို


ပင်လယ်ကမ်းခြေများတွင် လူကိုကမ်းခြေမှဝေးရာသို့ဆွဲခေါ်တတ်သည့် ရေဆွဲ(Rip Tide) များဖြစ်ပေါ်မှုကြောင့် သေဆုံးသူအချို့ရှိခဲ့ရာ ပင်လယ်ကမ်း ခြေများသို့ သွားရောက်အပန်းဖြေသူ များအနေဖြင့် ဂရုပြုရန်လို အပ်ကြောင်း ကမ်းခြေဟိုတယ်လုပ်ငန်းရှင်များနှင့် ဒေသခံများက ပြောပါသည်။


အဆိုပါရေဆွဲများသည် မိုးဦး ကျတွင်ပိုမိုဖြစ်ပွားတတ်ပြီးရာသီဥတု ပြောင်းလဲမှုနှင့်ပင်လယ်ရေစီးကြောင်း များ ပင်လယ်အတွင်းရှိ ကျောက်တန်း၊ကျောက်ဆောင်နှင့်အငူများကို ကွေ့ဝိုက်သွားသောအခါရေစီးကြောင်း ပုံမှန် မဟုတ်သည့်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။

ယင်းရေဆွဲများက လူကို ဆွဲ ငင်မှုများကြောင့်ပင်လယ်ရေစီးကြောင်း အတွင်းသို့ ရောက်ရှိသွားကာ ရေနစ် သေဆုံးမှုများလည်း မကြာခဏကြုံ တွေ့ရကြောင်း သိရှိရသည်။


''ငွေဆောင်မှာ ဇန်န၀ါရီလ ၂ ရက်နေ့ကရန်ကုန်ကလာရောက်အပန်း ဖြေတဲ့ အသက် ၂၀ ၀န်းကျင်လူငယ် တစ်ဦး ရေဆွဲမိပြီး ရေနစ်သေဆုံး သွားခဲ့ပါတယ်။ မနှစ်ကလည်း မုန် တိုင်းလာမယ်ဆိုတာ ကြိုတင်သတိ ပေးထားပေမယ့် ရေထဲဆင်းလို့ ရေ ဆွဲမိပြီးသေဆုံးမှုဖြစ်ခဲ့ပါတယ်။ ငွေ ဆောင်ရေစီးကြောင်းကချောင်းသာ ထက်သန်တယ်။

ဒါကြောင့်လှိုင်းလည်း ပိုကြီးတယ်။
ဒါပေမယ့် ရေဆွဲက နေရာတိုင်းမှာရှိတာမဟုတ်ပါဘူး။ ရေစီးကြောင်းပြောင်းလဲမှုကြောင့် တချို့နေရာတွေမှာခဏဖြစ်ပေါ်တာပါ။ အရင်ကရေဆွဲဖြစ်လေ့ရှိတဲ့နေရာတွေ မှာ သတိထားရမှာဖြစ်ပါတယ်။ သတိထားလိုက်ရင် ဘာအန္တရာယ်မှ မဖြစ်အောင် ရှောင်လို့ရပါတယ်။ အရက်သေစာသောက်စားပြီးအဆင် အခြင်မဲ့ ရေထဲမှာကစားတာမျိုးကို တော့ရှောင်ကြဉ်သင့်ပါတယ်''ဟု ငွေဆောင်ကမ်းခြေဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးတာဝန်ရှိသူတစ်ဦး က ဆိုပါသည်။

နာဂစ်မုန်တိုင်းပြီးနောက် ရာသီ ဥတုပြောင်းလဲမှုများရှိလာ၍ ရေဆွဲ များဖြစ်ပေါ်နိုင်သဖြင့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေများရှိ ဟိုတယ် အချို့၌အပန်းဖြေသူများအားအန္တရာယ် ရှိနိုင်သည့်နေရာများကို သတိပေးစာ များထုတ်ပြန်၍တားမြစ်မှုများပြုလုပ် ပေးထားကြောင်းသတင်းရရှိပါသည်။

No comments: