DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, January 23, 2009

ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် Intel စက်ရုံခွဲများ ပိတ်ရတော့မည်

ကမ္ဘာ့အကြီးဆုံး Processorထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သော Intelသည် မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် ဖွင့်လှစ်ထားသော ၎င်း၏စက်ရုံများကို ပိတ်သိမ်းတော့မည်ဖြစ်ပြီး အလုပ်သမား (၆,၀၀၀)ကျော်ကိုလည်း အလုပ်ဖြုတ်ပစ်ရတော့မည်ဟု သိရသည်။ Intelသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှ ဆီလီကွန်တောင်ကြား ရုံးချုပ်တစ်ခုတည်းသာ ထားရှိတော့ဖွယ်ရှိပြီး ယခုဆုံးဖြတ်မှုသည် ကမ္ဘာ့ဈေးကွက်တွင် Intel Processorများ ရောင်းအားကျလာမှုနှင့် ဆက်စပ်နေဖွယ်ရှိသည်။ မလေးရှားနိုင်ငံ ပန်နန်းနှင့် ဖိလစ်ပိုင်ရှိ ကာဗိတ်တို့မှ စက်ရုံများ ပိတ်သိမ်းမှုနှင့်အတူ Intel၏ အလုပ်သမားဦးရေ (၈၄,၀၀၀)အနက် အရေအတွက် (၅,၀၀၀)မှ (၆,၀၀၀)ထိသည် အလုပ်မှ ရပ်ဆိုင်းခြင်း ခံရဖွယ်ရှိသည်။

ထို့အပြင် အမေရိကန်နိုင်ငံအတွင်း အော်ရီဂွန်တွင် ဆောက်လုပ်ထားသည့် စက်ရုံခွဲကိုလည်း ခေတ္တရပ်တန့်ထားမည်ဟု Intelက ကြေညာခဲ့သည်။ Intelက နောက်ထပ် အလုပ်ရုံများ ရပ်ဆိုင်းမှု ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သော်လည်း စီးပွားရေး အကြပ်အတည်းများကြောင့် ကုမ္ပဏီအနေနှင့် ရုန်းကန်မှုများ ပြုလုပ်နေရဦးမည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။ Intelသည် ယခုအချိန်တွင် နောက်ဆုံးထုတ် Quad-Core Processorများအား သတ်မှတ်ဈေးနှုန်းထက် (၄၀)ရာခိုင်နှုန်းလျှော့ပြီး ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဈေးကွက်အတွင်း AMD၏ ဈေးလျှော့ပြီး ပြိုင်ဆိုင်လာမှုကို တုန့်ပြန်ရန် Intelဘက်မှလည်း ဈေးနှုန်းများ လျှော့ချခဲ့ခြင်း ဖြစ်နိုင်ပြီး AMDက ၎င်းတို့သည် Intelထံမှ ဈေးကွက်လွှမ်းမိုးမှုကို ရယူသွားမည်ဟု အစောပိုင်းက ကြေညာထားသည်။

အမေရိကန်တွင် အခြားကမ္ဘာ့နိုင်ငံများမှ ကုမ္ပဏီကြီးများနည်းတူ စီးပွားရေးအကြပ်အတည်းကို လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ အလုပ်သမားများ လျှော့ချခြင်းစသည့် နည်းလမ်းများဖြင့် ကျားကန်ဖြေရှင်းနေရပြီး လက်ရှိအချိန်တွင် အဆိုးရွားဆုံးအခြေအနေ ကြုံနေရသည့် Bankrupt Circuit City စတိုးဆိုင်လုပ်ငန်းမှာလည်း ဇန်န၀ါရီလ (၁၆)ရက်နေ့က အမေရိကန်နိုင်ငံတ၀ှမ်း ၎င်း၏စတိုးဆိုင်ပေါင်း (၅၆၇)ခုကိုပိတ်ပစ်ကာ လူ(၃၀,၀၀၀)ကို အလုပ်ဖြုတ်ခဲ့ရကြောင်း သိရသည်။

No comments: