DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, January 26, 2009

ပြည်တွင်း၊ ပြည်ပမှ တင်သွင်းထုတ်လုပ်သော အရက်၊ ...

မြန်မာနိုင်ငံရှိ ပြည်တွင်း၌ ထုတ်လုပ်သော အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက် အမျိုးမျိုးနှင့် ပြည်ပမှ တင်သွင်းသော အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက်၊ ရေသန့် အမျိုးမျိုးတို့တွင်အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း ရှိ/မရှိကို ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ရန်ကုန်တိုင်း ဦးစီးဌာနမှူး ရုံးမှ ၁၄၊ ၁၂၊ ၂ဝဝ၈ ရက်နေ့တွင် တရားဝင် သတင်း ကြေညာချက် ထုတ်ပြန် ထားပေရာ အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်မှု တစ်ခုအဖြစ် မြန်မာနိုင်ငံရှိ နာမည်ကြီး ဘီယာ ကုမ္ပဏီ ဖြစ်သော မြန်မာဘီယာ၊ Tiger Beer၊ ABC Stout၊ Baron's Strong Brew တို့ကို ထုတ်လုပ် ရောင်းချလျက် ရှိသည့် Myanmar Brewery Ltd., သည် ၄င်းတို့ထံမှ ထုတ်လုပ်ထားသည့် ပုလင်း၊ သံဗူး၊ စည်ဘီယာတို့အား နိုင်ငံတော်မှ ချမှတ်ထားသော စည်းကမ်း၊ ဥပဒေတို့ကို ပြည့်ဝစွာ လိုက်နာသည့် အနေဖြင့် ၂၄၊၁၂၊ ၂ဝဝ၈ ရက်နေ့မှ စတင်၍ စက်ရုံမှ ထုတ်လုပ်လျက် ရှိသော ကုန်ပစ္စည်းများတွင် သာမက ယုဇန ပလာဇာ၊ သံဈေး၊ ၁၉ လမ်း၊ ညောင်ပင်လေး ဈေးတို့ရှိ လက်လီလက်ကား အရောင်းဆိုင်များ အပြင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဘီယာ အရောင်းဆိုင်များသို့လည်း Myanmar Brewery Ltd., မှ ဝန်ထမ်းပေါင်း (၄ဝဝ)ကျော် တို့ဖြင့် အခွန်တံဆိပ်များကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ကပ်နှိပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ အချို့ကုန်ပစ္စည်း ထုတ်လုပ်သူများ အနေဖြင့်လည်း အရောင်းဆိုင်များသို့ လိုအပ်သော အခွန်တံဆိပ် အရေအတွက်များကို ပေး၍ ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်းလည်း သိရှိရပါသည်။

No comments: