DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, January 26, 2009

ကျားသူပုန်များ၏ နောက်ဆုံး ခြေကုပ် စခန်းကို အစိုးရတပ်များ သိမ်းပိုက်

26/Jan/2009
တမိလ်ကျားသူပုန်များ၏ နောက်ဆုံးလက်ကျန်ခြေကုပ်စခန်းဖြစ်သော သီရိလင်္ကာမြောက်ဘက်ပိုင်းရှိ Mullaitivu မြို့အား အစိုးရတပ်ဖွဲ့များက အပြည့်အ၀သိမ်းပိုက်နိုင်ခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။ Mullaitivu မြို့အား အစိုးရတပ်ဖွဲ့များက သိမ်းပိုက် နိုင်မှုအပေါ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ ထုတ်ဖော်ပြော ဆိုချက်နှင့် စပ်လျဉ်း၍ ကျားသူပုန်များက တစ်စုံတစ်ရာ တုံ့ပြန်ပြောကြား ခြင်းမရှိပေ။ သီရိလင်္ကာ
အစိုးရသည် ကိုယ်ပိုင်သီးခြားနယ်မြေထူထောင်ရန် ၂၅ နှစ်ကျော် ဆန့်ကျင် တိုက်ခိုက်မှုများပြုလုပ်နေသည့် ကျား
သူပုန်များအား အမြစ်ပြတ်ချေမှုန်းရန် သိန္နိဌာန်ချထားသည်။ (ဘီဘီစီ)

No comments: