DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, August 31, 2008

သြဂုတ်လကုန်ဈေးနှုန်း(ပျမ်းမျှ)

သြဂုတ်လကုန်ဈေးနှုန်း(ပျမ်းမျှ)

စဉ် အမျိုးအစား ရေတွက်ပုံ ဈေးနှုန်း(ကျပ်)
၁။ ရွေ ၁ ကျပ်သား ၅၆၀၀၀၀
၂။ ပဲဆီ ၁ ပိသာ ၃၇၀၀
၃။ စားအုန်းဆီ ၁ ပိသာ ၂၈၀၀
၎။ ဆန်(ပေါ်ဆန်းမွေး) ၁ ပြည် ၁၅၀၀
၅။ ဆန်(တောင်ပြန်) ၁ ပြည် ၁၁၀၀
၆။ ဆန် (ဇီယာ) ၁ ပြည် ၇၀၀
၇။ ဆန် (Eည့်မထ) ၁ ပြည် ၆၅၀
၈။ ဆိတ်သား ၁ ပိသာ ၇၀၀၀
၉။ံကြက်သား(CP) ၁ ပိသာ ၆၀၀၀
၁၀။ ၀က်သား ၁ ပိသာ ၅၀၀၀
၁၁။ အမဲသား ၁ ပိသာ ၄၀၀၀
၁၂။ ကြက်သွန်ဖြူ ၁ ပိသာ ၁၈၀၀
၁၃။ ကြက်သွန်နီ ၁ ပိသာ ၈၀၀
၁၄။ ငါးခူ ၁ ပိသာ ၄၀၀၀
၁၅။ ငါးမြစ်ချင်း ၁ ပိသာ ၂၅၀၀
၁၆။ ငါးတန် ၁ ပိသာ ၂၀၀၀
၁၇။ ဆား ၁ ထုပ် ၃၀၀
၁၈။ ကန်စွန်းရွက် ၁ စီ ၁၀၀ ၊ ၁၅၀ ၊ ၂၀၀
၁၉။ ကြက်ဥ ၊ ဘဲဥ ၁ လုံး ၁၄၀
၂၀။ မီးသွေး ၁ထုပ် ၅၀၀
၂၁။ US dollar 1 noted ၁၂၃၀
၂၂။ FEC 1 noted ၁၁၄၅


အစိုးရထုတ်စက်သုံးဆီဈေးနှုန်း

၁။ ဒီဇယ် ၁ ဂါလံ ၄.၂၀ FEC
၂။ ဓါတ်ဆီ ၁ ဂါလံ ၃.၇၅ FEC

Read More...

Saturday, August 30, 2008

ရွှေဝါရောင် တော်လှန်ရေး တစ်နှစ်ပြည့် ဂုဏ်ပြုအစီအစဉ်..။

၂၀၀၇- ခုနှစ် စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုဟာ တစ်ကမ္ဘာလုံးကိုတုန်လှုပ်ခြောက်ခြား စေခဲ့ ပါတယ်။ ငြိမ်းချမ်းစွာ ချီတက် မေတ္တာပို့သတဲ့ သံဃာထုကို ဗုဒ္ဓဘာသာကိုကိုးကွယ်ပါတယ် ဆိုတဲ့ အာဏာရှင် စစ်အစိုးရဟာ ဘယ်ဘာသာတရားကမှလက်မခံနိုင်တဲ့ အပြုအမူကို ရက်ရက်စက်စက် ပြုလုပ် ခဲ့ပါတယ် ဒီအဖြစ်ပျက်ဟာကျွန်တော်တို့ ပြည်သူပြည်သားတွေနဲ့ ဗုဒ္ဓဘာသာအား စစ်အစိုး ရရဲ့အမြင့်မားဆုံး စော်ကားမှု ပဲဖြစ်တယ် ဗုဒ္ဓဘာသာ သာသနာ ကွယ်ပျောက်စေတဲ့ မည် သည့်လုပ်ရပ်မဆို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်း ဆန့်ကျင်ရမှာဖြစ်တယ် ။

မြန်မာပြည်သူတစ်ရပ်လုံး
(၁) ။ ရွှေဝါရောင် တော်လှန်ရေးကို ဂုဏ်ပြုကြ
(၂) ။ ဗုဒ္ဓဘာသာ ရဟန်းသံဃာများအား မတရားဖမ်းဆီး နှိပ်စက်ခြင်းကို
ပြင်းပြင်းထန်ထန် ကန့်ကွက်ကြ
(၃) ။ အဓမ္မ ဝါဒီ စစ်ဘီလူး အာဏာရှင် အစိုးရကို သံဃာတော်များနှင့် အတူ
ပူးပေါင်း တိုက်ပွဲဝင်ကြ

ရွှေဝါရောင် တော်လှန်ရေး တစ်နှစ်ပြည့်ကာလအတွင်း ကျဆုံးသွားသော သံဃာ့အာဇာနည်များ ၊ သပိတ်မှောက် ကံဆောင်ဆဲဖြစ်သော သံဃာတော်များ ၊ မတရားဖမ်းဆီးခံထားရသော သံဃာတော် များအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် အဖြစ်မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် အနီးရှိ ဘုရား၊ကျောင်းကန် များသို့
သွားရောက်၍ ဆီမီးပှု ဇော်ခြင်း ၊ ဝတ်ပြုဆုတောင်းခြင်း၊ရွှေဝါရောင်တော်လှန်ရေး အမှတ်အသားဖြစ်သည့် အဝါရောင် ပါဝင်သော အဝတ်များ ဝတ်ဆင်ခြင်းစသည့် လှုပ်ရှားမှုများအား ဖော်ဆောင် ဆောင်ရွက်သွားကြရန် ဗုဒ္ဓဘာသာဝငအမျိုးကောင်းသား/သမီး များအား တိုက်တွန်း နှိုးဆော် အပ်ပါသည်။

Read More...

Friday, August 29, 2008

တရားခွင်၌ အများပြည်သူ ကြားနာခွင့်ပြုရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ တောင်းဆို

29/08/2008

ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုအံ့ဘွယ်ကျော်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင်၌ မိသားစုအပါအ၀င် အများ ပြည်သူနှင့် သတင်းမီဒီယာများကြားနာခွင့်ကို တောင်းဆိုရန်ရှိသည်ဟု ၎င်းတို့၏အမှုများကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။“သူတို့မှာ (၈၈ ကျောင်းသားခေါင်းဆောင်များ) နဂိုကတည်းက အဲဒီအစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်း မိသားစုတွေ ထောင် ၀င်စာသွားတွေ့စဉ်ကတည်းက တချို့ပြန်ပြောပြတာတွေရှိတယ်၊ အခုတော့ တရားရုံးတင်ရင် တရားဝင်တောင်းပေးဖို့ ကျနော်တို့ကို တိုက်တွန်းမယ်ပေါ့။ ကျနော်တို့ကလည်း သူတို့ရဲ့ ညွှန်ကြားချက်အရ တရားရုံးကို တင်ပြပေးမှာပါ” ဟု ဦးအောင်သိန်းက ရှင်းပြသည်။

ယခုလ ၂၇ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ခေါင်းဆောင်များအပါအ၀င် အဖွဲ့ဝင် ၃၀ ကျော်ကို တနှစ်ကျော် ကြာအောင် ဖမ်းဆီးထားခဲ့ပြီးမှ ပထမအကြိမ် ရုံးထုတ်ခဲ့သည်။ ထိုသို့ ရုံးထုတ်ခြင်းကို ကာယကံရှင်များ ကြိုတင်မသိထား သကဲ့သို့ မိသားစုဝင်များကိုလည်း အာဏာပိုင်တို့က အကြောင်းကြားခြင်း မရှိပေ။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက “ကျနော်တို့မိသားစုကို အကြောင်းကြားတာ မရှိဘူး … အဲဒီနေ့က ပုံမှန်ထောင်ဝင်စာတွေ့တဲ့နေ့ပေါ့၊ မနက်ပိုင်း သွားတွေ့ခဲ့တယ်။ ရုံးထုတ်သွားတယ်ဆိုတာကို နောက်မှသိရတာ။ အကျိုးဆောင်ရှေ့နေတွေကိုလည်း ပေးမတွေ့ဘူးလို့ ကြားတယ်” ဟု ပြောသည်။

ရှေ့နေကြီး ဦးအောင်သိန်းကလည်း “ရုံးထုတ်တဲ့လူတွေအကုန်တော့ အတိအကျမသိဘူး။ ဟောခန်းထဲမှာ စုထားပြီးတော့ မြို့နယ်အလိုက် အမှုဖိုင်တွေ လုပ်တာထင်တယ်။ လာမယ့် ၂ ရက်၊ ၅ ရက်နဲ့ ၈ ရက်တွေမှာ ရုံးချိန်းရှိတယ်” ဟု ပြောသည်။

၎င်းတို့အားစွဲဆိုထားသည့် ဥပဒေပုဒ်မများကိုမသိရသေးသော်လည်း တဦးချင်းစီကို ပုဒ်မအများအပြား တပ်ထားပြီး အီလက် ထရွန်းနစ်ပစ္စည်းများ ပါဝင်သည့်အမှုများကို ကြမ်းခင်းအားဖြင့် ၁၅ နှစ်အထိ အမိန့်ချနိုင်သည်ဟုလည်း ဦးအောင်သိန်းက ပြောသည်။ ၎င်းအပြင် ယခုရင်ဆိုင်နေရသည့် တရားရုံးသည် အမိန့်ချမှတ်ရာတွင် အပြစ်ဒဏ်ကို တပေါင်းတည်းချမှတ်မည် မဟုတ်ဘဲ သီးခြားချမှတ်လေ့ရှိသည်ဟုလည်း ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေ များဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးအောင်သိန်းနှင့် ဦးဉာဏ်ဝင်းတို့က လိုက်ပါဆောင်ရွက်လျက် ရှိသည်။

ဧရာဝတီ

Read More...

Thursday, August 28, 2008

စိတ္တဇ

ကြိုးတစ်စဆွဲထုတ်ဖို့
ချည်တစ်ထွေး ဖြည်ရလိမ့်။
အမိုးပေါက်က အလင်းစူးစူးကိုလည်း
ထိတ်လန့်၊
ကိုင်းခြောက်ပေါ်က ကျီးကန်းလည်း
ဂနာမငြိမ်၊
တိမ်တစ်စလည်း ရည်ရွယ်ရာမဲ့
လွင့်လို့။
ငါခေါင်းထဲက ပိုးအိမ်တွေ
ရှင်းထုတ်ပစ်ရမယ်
အခြေအနေက
သေဖို့လွယ်တယ်
ရှင်ဖို့ခက်တယ်။

ညီမွန်
(ပိတောက်မြေမဂ္ဂဇင်း)

Read More...

နေထိုင်ရေး

စက်ဝိုင်းနဲ့စတုဂံဟာ
အံဝင်ခွင်ကျဖြစ်ပါ့မလား။
လေကောင်းလေသန့်ရှူပါ
ပျင်းရိသောအခါ သန်းဝေပါ
ဖြစ်ချင်တာတွေမေ့ထားပါ
ဖြစ်သင့်တာတွေလည်း မေ့လိုက်ပါ
ခေတ်ကြီးကိုလည်း မေ့ပစ်ပါ။
အိပ်ပျော်ချင်နေတာ
နှစ်ပေါင်း ၂၀။
အိပ်မပျော်နိုင်တာလဲ
နှစ်ပေါင်း ၂၀။
ကိုယ့်ကိုယ်ကို ချည်း
အပြစ်တင်နေလို့ ဖြစ်ပါ့မလား။

ညီမွန်
(ချယ်ရီမဂ္ဂဇင်း)

Read More...

ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲ အားကောင်းစေရန် ဖိအားပေးမည်

28/08/2008
အကျဉ်းသားရပိုင်ခွင့်များချုပ်ချယ် ခံထားရသည့်အပေါ် ဒေါ်ဆောင်ဆန်းစုကြည် ဆန္ဒပြတောင်း ဆိုနေမှုကို ထောက်ခံအားပေးကြောင်းနှင့် ပိုမိုအားကောင်းလာစေရန် ဖိအားပေးသွားမည်ဟုဝါရင့်နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များအဖွဲ့က ပြောသည်။ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် အယူခံဝင်ခွင့်၊ ရှေ့နေ၊ ဆရာဝန်တို့နှင့်တွေ့ခွင့်၊ အိမ်သုံးအီလက်ထရောနစ် ပစ္စည်းများ သွင်းယူခွင့်၊ အတူနေ ဒေါ်ခင်ဝင်း တို့သားအမိအား လွတ်လပ် စွာ သွားလာခွင့်ပြုရေးတို့အတွက် အစားအသောက်များလက်မခံဘဲ ဆန္ဒပြ နေခြင်းဖြစ်သည်ဟု ယမန်နေ့၌ အန်အယ်လ်ဒီက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားခဲ့သည်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြနေမှုသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်းမြန်မာ နိုင်ငံသို့ရောက်ရှိလာသည့် ကုလသမဂ္ဂ အထူးကိုယ်စား လှယ် မစ္စတာ ဂမ်ဘာရီအား တွေ့ဆုံမှု မရှိ သည့်ကိစ္စနှင့် မပတ်သက်ဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြ တိုက်ပွဲဝင်နေမှုကို ထောက်ခံကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးအုန်းမောင်က ပြောသည်။
၎င်းက “တိုက်ပွဲဝင်နေတာကိုတော့ ကြိုဆိုပါတယ်။ တောင်းဆိုမှုတွေ လုပ်နေတာ၊ ဂမ်ဘာရီကို မတွေ့တာကို ထောက်ခံတယ်။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ ဘန်ကီမွန်း တို့ကို ဗမာပြည်ရဲ့ တကယ့်အခြေခံပြဿနာတွေကို စာရေးပြီး တင်မယ်ပေါ့။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို နအဖက လက်မခံတာ ကုလသမဂ္ဂက လက်ပိုက်ကြည့်နေသလား ဆိုတာ ကျနော်တို့က မေးခွန်းထုတ်ဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲဝင်နေတာကို အားကောင်းသွားအောင် ဖိအားပေးမယ်” ဟု ပြောသည်။သို့သော် အစာငတ်ခံဆန္ဒပြနေသည်ဟု မယုံကြည်ကြောင်း၊ အကယ်၍ တကယ်ဆန္ဒပြနေပါက တိုင်းပြည်နှင့်ပြည်သူလူထုကို အသိပေးရမည်ဖြစ်ကြောင်း၊ အကျဉ်းသားဖြစ်၍ မပြောနိုင်ပါက မိခင်အဖွဲ့အစည်းမှတဆင့် တိုင်းပြည်နှင့် ကမ္ဘာကိုအသိပေးသင့်သည်ဟု ဦးအုန်းမောင်က ပြောသည်။မတရား တားဆီးချုပ်နှောင်ခံထားမှုကို ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြမှုအပါအ၀င် ဘက်ပေါင်း စုံမှ ပြန်လည် တုံ့ပြန်မှုသည် ဥပဒေကြောင်းအရ အခွင့်အရေးရှိသည်ဟု မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ပြောသည်။၎င်းက “ဒေါ်အောင်ဆန်းစုကြည်တင်မကဘူး နိုင်ငံရေးအကျဉ်းသားတိုင်းနဲ့ ဆိုင်တယ်။ Fair Trial Rights တရားမျှတသောဥပဒေဆိုင်ရာ အခွင့်အရေးကို ကမ္ဘာကအသိအမှတ်ပြုထားတယ်။ အဲဒီ အခွင့်အရေးက မိသားစုနဲ့ တွေ့ခွင့်ရှိရမယ်။ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့် ရှိရမယ်။ သတင်းအချက် အလက်တွေ ရယူခွင့်ရှိရမယ်။ အထောက်အပံ့ စားနပ်ရိက္ခာရယူခွင့်ရှိရမယ်။ ကျန်းမာရေးအရဆေးဝါးကုသခံယူခွင့်ရှိရမယ်၊ အဲဒါတွေအားလုံး ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သံသယနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဘယ်ပုဂ္ဂိုလ်မဆို ခံစား ခွင့်ရှိတယ်” ဟု ပြောသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံမှု၌ ပြစ်မှုကျူးလွန်သူ မဟုတ်ဘဲ ပြစ်မှုကျူးလွန်ခံရသူဖြစ်၍ ဥပဒေကြောင်းအရ စဖမ်းကတည်းက လွဲမှားနေကြောင်း၊ ဖမ်းဆီးခံ ထားရသည့် (၅) နှစ်ကာလအတွင်း တိုင်းပြည်ငြိမ်းချမ်းမှုကို ထိပါးအောင်လုပ်သည်ဆိုသည့် အထောက်အထားကို နအဖက လုံးဝမတင်ပြနိုင်ခြင်း၊ တရားရုံးမတင်နိုင်ခြင်းနှင့် ဥပဒေအရ ဖမ်းဆီးခွင့်သက်တမ်း (၅) နှစ်ကျော်နေခြင်း တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရမည်ဟု ဦးအောင်ထူးကပြောသည်။ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြသည့် သတင်းထွက်ပေါ်နေသဖြင့် သူမ၏ ကျန်းမာရေး အတွက် စိုးရိမ်ပူပန်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် တခုခုဖြစ်ခဲ့ပါက ဖြစ်ပေါ်လာသည့် ဆိုးကျိုးများသည် ဥပဒေမဲ့ မတရားဖမ်းဆီးထားသည့် စစ်အုပ်စုအပေါ်တွင်သာ အဓိက တာဝန်ရှိ ကြောင်း ထိုင်း- မြန်မာနယ်စပ်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ယမန် နေ့က ထုတ်ပြန်ကြေညာသည်။ ။NEJ

Read More...

ဗမာတနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂနေ့ (သြဂုတ်လ ၂၈ရက်)

28/08/2008

Read More...

Wednesday, August 27, 2008

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ထုတ်ပြန်ချက်

27/08/2008

Read More...

ကြည့်သောသူ မြင်၏

27/08/2008
အခုလောလောဆယ် ရက်ပိုင်းလေးမှာပဲ မြန်မာနိုင်ငံအတွင်းကို ကုလသမဂ္ဂ အရာရှိနှစ်ဦး ရောက်ရှိ သွား ခဲ့ပါတယ်။ အခုချိန်မှာတော့ သူတို့ရဲ့ တာဝန်တွေကို နိုင်သလောက် ထမ်းဆောင်ပြီးပြန် သွားကြပါပြီ။
မြန်မာပြည်သူတွေအတွက် မည်သည့်အကျိုးရလာဒ်တွေ ရလိုက်ပါသနည်း။ ကုန်ဈေးနှုန်းတွေ ကျသွားပါသလား။ လောင်စာဆီဈေးနှုန်းတွေ ကျဆင်းသွားပါသလား။ စာဝတ်နေရေး အတွက် အလုပ် အကိုင် အခွင့်အလမ်းတွေ ဖြစ်ထွန်းခဲ့သလား။
အထက်ပါမေးခွန်းတွေ တစ်ခုမှ မဖြစ်ပေါ်ခဲ့ပါဘူး။ ဒါဆိုရင် ဒီကုလသမဂ္ဂအရာရှိနှစ်ဦး ဘာလာလုပ်တာလဲလို့ ကျွန်တော်တို့ ပြည်သူတွေက မေးကြပါလိမ့်မယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Ibrahim Gambari မလာခင် သူ့ရဲ့ ရှေ့မှာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကျွန်တော်တို့ မြန်မာနိုင်ငံကို လာရောက်သွားခဲ့ပါတယ်။


အဲဒီ T.O.Q ရဲ့ အဓိက တာဝန်က မြန်မာနိုင်ငံမှာ အာဏာကို မတရားရယူထားတဲ့ လက်ရှိစစ်အုပ်စုရဲ့ ပြည်သူတွေ အပေါ်မှာ ထားတဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ပဲ ဖြစ်ပါတယ်။
အဲဒီ T.O.Q ဆိုတဲ့ပုဂ္ဂိုလ်ဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေထဲကနေပြီး သူလုပ်ဆောင်နိုင်သလောက် ကိုလေ့လာသွားခဲ့ပါတယ်။ လုပ်ဆောင်သွားခဲ့ပါတယ်။
နောက်တစ်ယောက်ဖြစ်တဲ့ IG ကတော့ 1990 ရွှေးကောက်ပွဲမတိုင်ခင် ရွှေးကောက်ပွဲဝင်ဖို့ တရားဝင်ပါတီတွေ ဖွဲ့စည်းခွင့်ပေးခဲ့တဲ့အချိန်တုန်းက တရားဝင် ဖွဲ့စည်းခွင့်ရခဲ့ပြီး။ တကယ်တမ်း ရွှေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အခါမှာလဲ ကမ္ဘာပေါ်မှာ မရှိဘူးလောက်တဲ့ စံချိန်တင် မဲအရေ အတွက်တွေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို တခဲနက်ရရှိခဲ့တဲ့ တရားဝင် ပါတီကြီးနဲ့ အာဏာကို မတရားရယူထားတဲ့ လက်ရှိ စစ်အုပ်စုတို့ အကြား စေ့စပ်ညှိနှိုင်းဆွေးနွေးပေးဖို့ တာဝန်ပဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာပြည်သူတွေ အနေနဲ့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တွေကို မျက်ခြေ မပြတ်သင့်ပါဘူး။ အမြဲတစေ လေ့လာနေသင့်ပါတယ်။ သတင်းတွေ ဆိုရင်လဲ ပြည်တွင်းက သတင်းတွေကို သာမက ပြည်ပက သတင်းတွေကိုလဲ နားထောင်သင့်ပါတယ်။ နားထောင်ပြီးတော့လဲ ချိန်ထိုးပြီး လေ့လာသင့်ပါတယ်။
တကယ်တော့ ကြည့်သောသူမြင်၏ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးချင်တာက အထက်ပါ အကြောင်းအရာတွေ မဟုတ်ပါဘူး။
ကျွန်တော့အမြင်အရ ပြောရမယ်ဆိုရင် အထက်က ပြောခဲ့တဲ့ ကုလသမဂ္ဂအရာရှိနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကျွန်တော်တို့နိုင်ငံကို လာရောက်ခဲ့တဲ့အတွက် ကျွန်တော်တို့ ပြည်သူ တွေ အတွက် စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ထွန်းမှု ကုန်ဈေးနှုန်း ကျဆင်းရေး။ လောင်စာဆီဈေးနှုန်းကျဆင်းမှု စသည်တွေထက် အဆပေါင်းများစွာ သာလွန်တဲ့ အကျိုး ရလာဒ်တွေ ပေါ်ထွက်ခဲ့ပါတယ်။
တကယ်တော့ စားဝတ်နေရေး အစရှိတဲ့ အရေးကိစ္စတွေကို ဒီကုလသမဂ္ဂ အရာရှိနှစ်ယောက် က လုပ်ပေးလို့ မရပါဘူး။ တိုင်းပြည်အုပ်ချုပ်တဲ့ သူတွေက ဖန်းတီးပေးရမှာ၊ လုပ်ဆောင်ပေးရမှာပါ။
အခု ကျွန်တော်မြင်လိုက်တဲ့ တွေ့လိုက်တဲ့ ပြည်သူတွေ အတွက် အကျိုးရလာဒ်တွေကတော့ ပြီးခဲ့တဲ့ 2007 စက်တင်ဘာမှာ ကြံ့ခိုင်ရေး၊ စွမ်းအားရှင်ဆိုတဲ့ သိုးရေခြုံထားတဲ့ မြေခွေးတွေကို ပြည်သူ တွေ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသလိုမျိုး အခုတစ်ခါ ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးတွေ၊ သိုးရေခြုံထားတဲ့ မြေခွေးတွေ၊ ဘီးလူးခေါင်းဆောင်းထားတဲ့ မင်းသားတွေ ကို ကျွန်တော်တို့ ပြည်သူ တွေ မြင်တွေ့မိမယ်လို့ထင်ပါတယ်။
အဲဒါတွေကတော့ ဒေါက်တာစိုးလင်း ဆိုတဲ့ သိုရေးခြုံထားတဲ့ ခွေးတွေ၊ 88 အမည်နာမကို အလွဲသုံးစားလုပ်တဲ့ အေးလွင် တို့လို ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးကန်းတွေ ကိုကျွန်တော်တို့ ပြည်သူတွေ ထင်ထင်မြင်မြင်တွေ့မြင်ရမှာဖြစ်ပါတယ်။
ဝံသာနုNLD ဆိုပြီးတော့ ရှေးတုန်းက ၀ံသာနုစိတ်ဓါတ်ကို သူကိုယ်တိုင်ပဲ ၀ံသာနုစိတ်ဓါတ် ရှိသယောင် ပုံမှားရိုက်ဖို့ ကြိုးစားထားတာကို တွေ့ရမှာပါ။ နောက်ပြီး NLD ဆိုတဲ့ တိုင်းပြည်ရဲ့ အဓိက ပါတီကြီး ဖြစ်တဲ့ NLD ရဲ့ နာမည်ကိုယူလို့ အသိအမြင် မရှိလှတဲ့သူတို့ကို ပဲ NLD လိုလို ဘာလိုလိုနဲ့ ပြည်သူတွေကို အထင်မှားအမြင်မှားဖြစ်အောင် ကြိုးစားနေသူသာဖြစ်ပါတယ်။
88 ကျောင်းသားများအဖွဲ့ ဆိုပြီးတော့လဲ အေးလွင်တို့က ဒေါင်းယောင်းဆောင်ဖို့ တစ်စခန်းထ လာပြန်ပါတယ်။ သူကလဲ 88 ကျောင်းသားများ ဆိုတဲ့ အမည်ကို အလွဲသုံးစားလုပ်ဖို့ ကြိုးစားနေတာပါ။ ယုတ်မာနေတာပါ။ တကယ်တမ်းပြည်သူတွေက လေးစားတဲ့၊ ကျောင်းသားတွေက လေးစားတဲ့ 88 ကျောင်းသားတွေဆိုတာက အပြင်မှာရှိသူနည်းပါတယ်။ အားလုံးက ထောင်ထဲမှာချည်း ဖြစ်ပါတယ်။ ထောင်းထဲမှာရောက်နေတဲ့ 88ကျောင်းသားတွေအပေါ်မှာ ပြည်သူတွေ ထားတဲ့ ယုံကြည်မှုတွေ လေးစားမှုတွေကို အေးလွင်တို့ အဖွဲ့က မသမာတဲ့နည်းတွေနဲ့ ခိုးယူ အမြတ်ထုတ်ဖို့ ကြိုးစားနေတာပါ။
ကုလသမဂ္ဂ အရာရှိနှစ်ဦးစလုံး အဲဒီ အယောင်ဆောင်တွေနဲ့ တွေ့ခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော် တို့ ဒေါက်တာ စိုးလင်းနဲ့ ကိုအေးလွင်တို့ကို မေးခွန်းလေးတွေ မေးရင်း စဉ်းစားကြည့်ကြရအောင်
ဒေါက်တာစိုးလင်းနဲ့ ကိုအေးလွင်တို့ ခင်ဗျာ…….
ခင်ဗျားတို့ အခုလို ကုလသမဂ္ဂ အရာရှိနှစ်ဦးစလုံးနဲ့ တွေ့ခွင့်ရလောက်အောင် ခင်ဗျားတို့က လက်ရှိမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး အဖွဲ့အစည်းဟုတ်ပါသလား။
ဒါမှမဟုတ်
အထူးအခွင့်အရေးရ ပုဂ္ဂိုလ်တွေလား။
နအဖ အနေနဲ့ ခင်ဗျားတို့ကို ချကျွေးလိုက်တာလို့ကော ခင်ဗျားတို့ မခံယူမိဘူးလား။
ဒါမှမဟုတ်
ငါတို့ဟာ မြန်မာ့နိုင်ငံရေးမှာ အတော့်ကို အရေးပါ အရာရောက်နေပြီ၊ အချိန်တိုအတော အတွင်းမှာ ကုလသမဂ္ဂ အရာရှိ နှစ်ဦးနဲ့ တွေ့ခွင့်ရလိုက်ပြီ၊ နောက်ထပ် ဘန်ကီမွန်း လာတဲ့အခါလဲ တွေ့ရဦးမယ် ဆိုပြီး သွေးနားထင်ရောက်နေပြီလား။
အခု ခင်းဗျားတို့ အဖွဲ့အစည်းနှစ်ခု တရားဝင်အသင်းအဖွဲ့မဟုတ်သေးပါပဲနဲ့ တရားဝင် အသင်း အဖွဲ့ပုံစံ လှုပ်ရှားနေနိုင်တာဟာ ခင်ဗျားတို့ရဲ့ အရည်အချင်းလား။
နအဖရဲ့ ဥပဒေကို လုပ်ချင်သလို လုပ်နေတဲ့ အနေအထားလား။
ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ နည်းတူ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ ကိုမင်းကိုနိုင် တို့လို့ ပြည်သူချစ်တဲ့ ကျောင်းသားခေါင်းဆောင်တွေကိုရော လွပ်လွပ်လတ်လတ်လုပ်ခွင့်ပေးဘို့ ကောင်းတယ်၊ လုပ်ခွင့်ရ သင့်တယ်လို့ ခင်ဗျားတို့ မထင်မိဘူးလား။
နအဖ ဆီမှာကော တောင်းဆိုပေး ဘို့ စဉ်းစားဘူးပါသလား။
သို့တည်းမဟုတ်
အဖွဲ့ချုပ်ကလူတွေနဲ့ ကိုမင်းကိုနိုင်တို့လိုခေါင်းဆောင်တွေကို ဒီလိုပဲ အချုပ်ထဲမှာထားတာ၊ ထောင်ထဲမှာထည့်ထားတာ ကောင်းတယ်။ မဟုတ်ရင် ငါတို့ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးသွားလိမ့်မယ်။ အဲဒီလိုကောတွေးမိနေပါသလား။
အခုအခါမှာ ခင်ဗျားတို့ဟာ ၀င်ချင်ထွက်ချင်တဲ့နေရာတွေကို အပိတ်အပင်အတားအဆီးမရှိ ၀င်နိုင်ထွက်နိုင်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။
အဲဒီလို
အပိတ်အပင်အတားအဆီးမရှိ ၀င်နိုင်ထွက်နိုင်နေတာဟာ တရားမျှတမှု ရှိပါသလား။
အခုအချိန်မှာ နအဖက ခင်ဗျားတို့ကို ဘယ်ပုံစံနဲ့ ဆက်ဆံပါသလဲ။
ခင်ဗျားတို့ ကိုယ်တိုင်က နအဖကို ချဉ်းကပ်နေတာလား။
နအဖက ခင်ဗျားတို့ကို ချဉ်းကပ်နေတာလား။
ခင်းဗျားတို့က ခင်ဗျားတို့ ကိုယ်ကျိုးအတွက် နအဖကို အသုံးချနေတာလား။
နအဖက သူ့တို့ အကျိုးစီးပွားအတွက် ခင်ဗျားတို့ကို အသုံးချနေတာလား။
အခုလောလောဆယ်ဆယ်မှာ
ခင်ဗျားတို့ နအဖနဲ့ ဆက်နွယ်ပြီး မည့်သည့်စီးပွားရေး အကျိုးအမြတ်တွေကိုမှ ကျွန်တော်တို့ လက်မခံခဲ့ပါဘူး၊ မယူခဲ့ပါဘူးလို့ လိပ်ပြာသန့်စွာ ပြောရဲ ပါသလား။
ကြံ့ခိုင်ရေး အသင်းရဲ့အပေါ်မှာ ဟိုအရင်က ထားရှိခဲ့တဲ့ အမြင်တွေနဲ့ အခုလောလောဆယ် အနေအထားမှာ မြင်နေတဲ့ အမြင်က ဘယ်လိုကွဲပြားခဲ့ပါသလဲ။
ကြံ့ခိုင်ရေး အသင်းကို လူမှုရေး အသင်းလို့ မြင်ပါသလား၊
ဒါမှမဟုတ် အနာဂါတ်နိုင်ငံတော်အတွက် အားကောင်းတဲ့ နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်ဖြစ် တယ်လို့ မြင်ပါသလား။
ဒါမှ မဟုတ် ကြံ့ခိုင်ရေး အသင်းဟာ အနာဂါတ်နိုင်ငံတော်သစ်မှာ ပြည်သူ့တွေအတွက် တကယ့်အန္တရယ်လို့မြင်မိပါသလား။
နအဖ ရဲ့ ပြီးစီးသွားခဲ့တဲ့ အခြေခံဥပဒေဟာ တရားမျှတမှု ရှိခဲ့ပါသလား။
ရှိခဲ့တယ် ဆိုရင် ဘယ်အချက်တွေကို ထောက်ပြီး ပြောဆိုပါသလဲ။
တရားမျှတသည်ဖြစ်စေ ၊မမျှတသည်ဖြစ်စေ ငါတို့နဲ့ မဆိုင်ဘူး၊ ငါတို့ အခုအနေထား နဲ့ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့ရင် အမတ်တစ်နေရာစာအတွက်လောက်တော့ အနိုင်ရနိုင်တယ် လို့ အဲဒီလိုပဲ စဉ်းစားနေပါသလား။


နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။
ဒေါင်းယောင်ဆောင် ဒေါက်တာ စိုးလင်းခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ကိုအေးလွင်ခေါင်းဆောင်တဲ့ အဖွဲ့နှစ်ဖွဲ့။ ဒီအဖွဲ့အစည်းနှစ်ခုဟာ ပြည်သူတွေနဲ့ အတိုက်အခံတွေ သတိထားရမဲ့ အဖွဲ့အစည်းနှစ်ခုပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ ထင်သာမြင်သာတဲ့ အတိုက်အခံအဖွဲ့အစည်း အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ်။ ကိုမင်းကိုနိုင် အစရှိတဲ့ 88 ကျောင်းသားခေါင်းဆောင်များအဖွဲ့ရယ်ပဲရှိပါတယ်။ အဲဒီတော့ ဒေါက်တာ စိုးလင်း နဲ့ ကိုအေး လွင် တို့ အဖွဲ့အစည်းရဲ့ အမည်နာမတွေဟာလဲ ကျွန်တော်တို့ အားကိုးအားထားပြုနေတဲ့ အဖွဲ့ချုပ်နဲ့ ကိုမင်းကိုနိုင် အစရှိတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်များရဲ့ အရေတွေကို ခြုံဖို့ ကြိုးစားနေတယ်လို့ မြင်မိပါတယ်။
ဒါကို ပြည်သူတွေအနေနဲ့ ခွဲခွဲခြားခြားသိမြင် ရမှာပါ။ သူတို့ရဲ့ အရေခွံလေးတွေကိုသာ မြင်မနေကြပါနဲ့။ အတွင်းက ခွေးစွယ်ကိုလဲ မြင်အောင်သတိထားပြီး ကြည့်ကြပါ။
အန္တရာယ်ဟာ လက်တစ်ကမ်းမှာပါ။ အမေရိကန်မှာ မဟုတ်ပါဘူး။ ရိုးမတောထဲမှာလဲ မရှိပါဘူး။ ကျွန်တော်တို့ ပြည်သူတွေ ကြားထဲမှာပဲဖြစ်ပါတယ်။
အားလုံးသတိရှိရှိနဲ့ ကာကွယ်ကြပါ။

ကြည့်သောသူမြင်ပါလိမ့်မယ်။ မြင်အောင်ကြည့်ကြပါ။


ကြည့်မြင်သူ




Read More...

Saturday, August 23, 2008

this photos (in front of city hall) is current statement in YGN.



>

Read More...

Wednesday, August 20, 2008

Statement


Read More...

ကျွန်တော်တို့ Generation Wave မှ ၈.၈.၀၈ အထိမ်းအမှတ် အနီရောင်လှုပ်ရှားမှုကိုဆက်လက်လုပ်ဆောင်နေပါသည်။



Read More...

အတားအဆီးတွေဘယ်လောက်များများ နောက်တွန့်သွားစရာလုံးဝမရှိ



ကျွန်တော်တို့ Generation Wave မှ ၈.၈.၀၈ အထိမ်းအမှတ် အနီရောင်လှုပ်ရှားမှုကိုဆက်လက်လုပ်ဆောင်နေပါသည်။
ညီအကိုမောင်နှမအင်အားစုများလည်းပူးပေါင်းပါဝင်ကြပါလို့နှိုးဆော်ပါရစေ။

၁၆ရက်၊ ၈လ၊ ၂၀၀၈ နေ့က ရန်ကုန်မြို့ထဲ(၃၆)
လမ်း၊သိမ်ကြီးဈေး၊ပန်းဆိုးတန်း၊ပုံစံ(၁၉)ရုံးရှေ့၊အထက(၂)စမ်းချောင်း၊မဟာမြိုင်ကားဂိတ်၊စံရိပ်ငြိမ်ကားဂိတ်၊(၇)မိုင်ကားဂိတ်၊(၆)မိုင်ခွဲကားဂိတ်နှင့်အခြားမြင်သာထင်သာရှိသောနေရာများတွင်ဆေးနီကပ်ဖြန်းခြင်းကိုပြုလုပ်ခဲ့ပါတယ်။ရွှေဂုံတိုင်က ဇီဝိတဒါန ဆေးရုံဘေးမှာလည်းပြုလုပ်ခဲ့ပါတယ်။


Read More...

Monday, August 18, 2008

ကားခတိုးမြှင့်ပေးရန် ဆန္ဒပြသည့် ကား (၉) စီး လိုင်စင်အသိမ်းခံထားရ

ဗထူး။ သြဂုတ် ၁၈၊ ၂၀၀၈

သတ်မှတ်ထားသည့် ကားခများ တိုးမြှင့်ပေးရန်နှင့် ဓါတ်ဆီလုံလောက်စွာ ထုတ်ပေးရန် အေးချမ်းစွာ ဆန္ဒပြသည့် ကား (၉) စီးကို (မထသ)မှ လိုင်စင်များသိမ်းဆည်းလိုက်သည်။

ရန်ကုန်တိုင်း၊ ဒလနှင့် တွံတေးသို့ ပြေးဆွဲနေသည့် မှန်လုံကား (၉) စီးမှာ ပြီးခဲ့သည့်လ (၁၉) ရက်နေ့မှ စတင်ကာ ဒလကားဝင်းအတွင်း ရပ်နားဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“(မထသ)ကထုတ်ပေးတဲ့ ဓါတ်ဆီဂါလံနဲ့ ထုတ်ဈေးက ခရီးသည်တွေဆီကပြန်ရတဲ့ ငွေနဲ့မကိုက် ဘူး၊ နောက်တခါ ဓါတ်ဆီပြန်ထုတ်ဖို့ ရတဲ့ငွေနဲ့မလောက်တော့တာကြောင့် ကားခ ၂၀၀ ကျပ်ကို တိုးပေးဖို့ တင်ပြထားတာ (မထသ)က ဘာမှအကြောင်းမပြန်လို့ လိုင်းမဆွဲဘဲ အဲ့ဒီကားတွေ ကားဝင်းထဲမှာပဲ ထိုးတာတာ”ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ထ/၇၃၈၅၊ ည/၆၀၉၄၊ ထ/၄၅၀၆၊ အ/၃၅၈၅ အစရှိသည့် ကား (၉) စီးမှ ဒရိုင်ဘာနှင့် စပယ်ယာ များက ဒလဝင်းအတွင်း ကားများကို ထိုးရပ်ထားကာ ဘောလုံးကန်နေခြင်းဖြင့် ဆန္ဒပြခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ထွက်မဲ့ကားတွေမရှိတော့ ခရီးသည်တွေများလာပြီး ပြဿနာဖြစ်မဲ့အနေအထား ရောက်လာ တော့ စစ်တပ်၊ ရဲနဲ့ (မထသ)ကအရာရှိတွေ ရောက်လာပြီး ဖြေရှင်းကြတာပဲ၊ ဒါပေမဲ့ ဒီနေ့အထိ အဲ့ဒီကားတွေ အခု တလရှိပြီ ရပ်ထားခံရတာ၊ ကားတွေထုတ်လို့လည်း မရဘူး၊ ဖြေလည်း မဖြေရှင်းပေးဘူး၊ ဒီတိုင်းပဲ ခုထိရှိနေတယ်”ဟု မျက်မြင်တဦးက ပြောဆိုသည်။

ယခင်က အဆိုပါကဲ့သို့ ကားနှစ်စီးခန့်ပြုလုပ်ခဲ့သော်လည်း (မထသ)ဂိတ်မှူးမှ ညှိနှိုင်းပေးခဲ့ပြီး ယခုအခါ အထက်မှညွှန်ကြားချက်ဟုဆိုကာ ဒရိုင်ဘာနှင့် စပယ်ယာများမှာ လိုင်စင်များသိမ်းယူ ခံထားရသဖြင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံတဦးက ပြောဆိုသည်။

Read More...

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ရဲ သွေးလှူဒါဏ်းပွဲ ဖိတ်စာ


Read More...

နအဖ လက်ကိုင်ဒုတ်များပါဝင်ဖွဲ့စည်းပြုလုပ်သော သွေးလှူဒါဏ်းပွဲဖိတ်စာ



Read More...

နအဖစီစဉ်သော သွေးလှူပွဲနှင့် အပြိုင် “လူထုတရပ်လုံးအတွက် စတေးခံ မြေသြဇာအဖွဲ“့ မှလည်း ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ တစ်ရက်တည်း သွေးလှူပွဲကျင်းပပြုလုပ်ခဲ












ရွှေ တိဂုံဘုရားမှာ ဘာသာရေးအသင်းအဖွဲ့ တွေရဲ့  ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို တင်းကြပ်ချူပ်ချယ်ထားတာလွန်ခဲ့သော (၅) လ (၆) လလောက်ကတည်းကနေ စပြီး၊ တဖြည်းဖြည်း ချူပ်ချယ်လာတာပါ။

ယခုဆိုလျှင် ဘာသာရေးဝတ်ပြုအသင်းတွေကိုတောင် သက်ဆိုင်ရာဘာသာရေးအသင်းအဖွဲ့  ဆိုင်းဘုတ်တွေကို မထောင်ခိုင်းတော့ ကြောင်း သိရှိရပါတယ်။

ထို့ အပြင် ရွှေတိဂုံဘုရား အထက်ပစ္စယံကိုလည်း ယခင်က နံနက် (၇) နာ ရီမှနေ နံနက် (၉) နာရီအထိ လက်မှတ်နဲ့ တက်ရောက် ၀တ်ပြုခွင့်ရ ပေ မယ့်  ယခုအခါတွင် ပိတ်ပင်တားဆီးထားကြောင်း သိရှိရပါတယ်။

ယခင်က ရေချမ်းစင်အသင်း၊ တံမျက်လှည်းအသင်း အစရှိသော ဘာသာရေးအသင်းများအား ရွှေ တိဂုံဘုရားပေါ်ရှိ ဇရပ်များတွေမှာ ဆိုင်းဘုတ်တွေ ချိတ်ခွင့်ရရှိခဲ့ပေမယ့် ယခုအခါမှည မည်သည့်အသင်းအဖွဲ့ ဆိုင်းဘုတ်မှ ချိတ်ခွင့်မပေးတော့ကြောင်း သိရှိရပါတယ်။

ယခုလို ဘာသာရေးပိုင်းဆိုင်ရာ နေ့ စဉ် ပုံမှန် ကုသိုလ်ယူ ဆောင်ရွက်နေကြတဲ့  ဘာသာရေးအသင်းအဖွဲ့ တွေကို နအဖအလိုကျ ဘုရားဂေါပကအဖွဲ့ လူကြီးတွေက နည်းလမ်းမမှန်စွာနဲ့  ထိန်းချူပ်ကန့် သတ်မှုတွေ ပြုလုပ်နေပေမယ့်၊ ၄င်းတို့  နာမည်ရယူရေး နအဖရဲ့  ၀ါဒဖြန့် ချီရေးအတွက်ကြတော့ နေ့ ကြီးရက်ကြီးတွေမှာ ဘာသာရေးအခမ်းအနားတွေ ဟန်ပြ စီစဉ်လုပ်ပြ၊ ပြီးတော့ နအဖရဲ့  သတင်းစာတွေထဲမှာ ထည့်သွင်းဖေါ်ပြ လုပ်နေတာတွေက သိသာလွန်းပါတယ်။
တကယ့်ဘာသာရေးကို ယုံကြည်ကိုးကွယ်ပြီး ကုသိုလ်ရေး ဘာသာသာသနာတိုးတက် ပြန့် ပွားရေးအတွက် စေတနာဖြူစင်စွာ၊ သန့် ရှင်းရိုးသားစွာ၊ ရိုသေကိုင်းရှိုင်းစွာနဲ့  စစ်စစ်မှန်မှန် လုပ်ဆောင်တာမျိုး မရှိဘဲ နအဖလူကြိးတွေအလိုကျ၊ ကိုယ်ကျိုးစီးပွား အတ္တရှေ့ ထားပြီး လုပ်ဆောင်နေကြတဲ့ ရွှေတိဂုံဘုရားဘုရားလူကြီး ဂေါပကအဖွဲ့ ရဲ့  လုပ်ရပ်တွေကတော့ ရွ့ံရှာဖွယ်ကောင်းလှပါတယ်။

ဘုရားကို လာရောက်ကုသိုလ်ယူပြီး ငြိမ်းချမ်းစွာ ပူဇော်ရှိခိုး ဆုတောင်းမေတ္တာပို့ ကြတဲ့ ပြည်သူတွေကိုကြတော့ မတရားစည်းမျည်းစည်ကမ်းတွေထုတ်ပြန်၊ စစ်ဆေးမေးမြန်းရှာဖွေ၊ အတင်းအဓမ္မဖမ်းဆီး၊ ဘုရားရင်ပြင်တော်ပေါ်တက်ပြီး ခါးကြားမှာ သေနတ်တကားကားနဲ့  သီလသမာဓိမရှိ၊ ဘာသာသာသနာကို အရေခြုံပြီး ခုတုံးလုပ်ကာ သူတော်စင်ယောင်ဆောင်နေကြတဲ့ လူသတ်သမားကြီေးတွကိုတော့ ဘုရားဂေါပကလူကြီးတွေကိုယ်တိုင်က ပူဇော်ပသနေတာ ပါးစပ်က ဘုရား ဘုရား လက်ကတော့ ကားယား ကားယားဆိုတဲ့ သူတွေမို့ လို့  ဘုရားဂေါပက မဖြစ်ထိုက်ဘဲ နအဖဂေါပကလို့ သာ ခေါ်ယူကြရတော့မှာ ဖြစ်ပါတယ်။

ဒီ ဘုရားဂေါပကလူကြီး (ခ) နအဖဂေါပကလူကြီးတွေက ဦးစီးပြီး မနေ့  သြဂုတ်လ (၁၆) ရက်နေ့ က စီစဉ်ကျင်းပခဲ့တဲ့  ရွှေတိဂုံဘုရားဘုရားရင်ပြင်တော်ပေါ်က ၀ါခေါင်လပြည့်နေ့  ပန်းပူဇော်ပွဲနဲ့  မေတ္တာအခါတော်နေ့ အခမ်းအနားမှာ တတိယအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီ နအဖလက်ကိုင်တုတ် ရွှေတိဂုံဘုရားဂေါပကလူကြီးတွေ ကျင်းပတဲ့ပွဲကို ဆန့် ကျင်ပြိုင်ဆိုင်တဲ့ အနေနဲ့  “လူထုတရပ်လုံးအတွက် စတေးခံ မြေသြဇာအဖွဲ“့ မှလည်း ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ တစ်ရက်တည်း တစ်ချိန်တည်း တစ်ပြိုင်တည်း သွေးလှူဒါန်းတာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“လူထုတရပ်လုံးအတွက် စတေးခံ မြေသြဇာအဖွဲ“့ မှ ယခုလို အပြိုင်သွေးလှူဒါန်းခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းနှင့် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများကို ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ထို့ အပြင် “လူထုတရပ်လုံးအတွက် စတေးခံ မြေသြဇာအဖွဲ“့ မှ ထပ်မံပြောကြားချက်ကတော့ - နအဖလက်ကိုင်တုတ် ရွှေတိဂုံဘုရားဂေါပကလူကြီးတွေသာ၊ စစ်အစိုးရနှင့် ပနာတင့်သူများသာ ၄င်းတို့ သာလျှင် စီစဉ်ကျင်းပပြုလုပ်လို့ ရပြီး၊ အခြားသော ဘာသာရေးအသင်းများ၊ ပြည်သူများမှ သာမန်ဘာသာရေးလုပ်ငန်းများမှ အစ လွတ်လွတ်လပ်လပ်ပြုလုပ်ခွင့် မရဘဲ တားမြစ်ပိတ်ပင်ချူပ်ချယ်ခံရခြင်းသည် ဘာသာရေးလှုပ်ရှားမှုများအား ခွဲခြားဆက်ဆံခြင်း၊ ဘာသာရေးလွတ်လပ်ခွင့်ကို တားဆီးခြင်း ဖြစ်တယ်ဆိုတာ ပေါ်လွင်ကြောင်း သိရှိစေလိုပါတယ်။

ဒါကြောင့် “လူထုတရပ်လုံးအတွက် စတေးခံ မြေသြဇာအဖွဲ့ “ မှ အပြိုင်လုပ်ခဲ့တဲ့ ဒီသွေးလှူဒါန်းပွဲဟာ - စစ်အစိုးရနှင့် ပနာတင့်သူများသာ ပြုလုပ်လို့ရလျှင် အခြေခံလူအခွင့်အရေးသည် တတိုင်းပြည်လုံးရှိ ပြည်သူအားလုံးတွင်လည်းရှိရမည်။ ဒါကြောင့် သူတို့လုပ်တော့မဖမ်းဘူး သူတို့ကို အလိုမရှိသူ များလုပ်တော့ ဖမ်းတယ်။ ဒါလုံးဝမဖြစ်သင့်တဲ့ ပြသနာဖြစ်တယ်။ အဲဒီလိုလုပ်တိုင်း ကျနော်တို့ကြောက်ပြီး မလုပ်ရင် ပိုဆိုးမယ်။ အဲဒိတော့ သူတို့ဘယ်လိုလုပ်လဲ ရတယ်။ ကျနော်တို့လဲ သူတို့နဲ့ရည်ရွယ်ချက်ကွာမယ် လုပ်လို့ရတယ်။ ဒါကြောင့် ကျနော်တို့ မြေသြဇာ အဖွဲ့  အနေနဲ့ အဖွဲ့ ဝင် (၁၃) ယောက်ကနေ သွေးလှူဒါန်းပွဲကို ဦးစီးပြီးတော့ ဖိတ်စာဝေတယ် စိတ်ဝင်စားသူတွေအနေနဲ့ မည်သည့်ဆေးရုံတွင်မဆို လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြတယ်ပေါ့ဗျာ - ဟု ရည်ရွယ်ချက်အား ရှင်းလင်းပြောဆိုပြသခဲ့ပါတယ်။
“လူထုတရပ်လုံးအတွက် စတေးခံ မြေသြဇာအဖွဲ့ “ သွေးလှူဒါန်းပွဲ အပြိုင်ပြုလုပ်ခဲ့ရာတွင် အကျိုးသက်ရောက်မှုများ ရရှိခဲ့ကြောင်း ယခုလို ရှင်းပြပြောဆိုခဲ့ပါတယ် - ဒီလို ကျနော်တို့ ဖိတ်စာနဲ့ပတ်သတ်ပြိး လူထုအပါအ၀င် နအဖလက်ကိုင်တုတ် ရွှေတိ၈ုံဘုရားဂေါပကအဖွဲ့ က လူကြီးတယောက်ရဲ့ သမီး (နအဖစစ်အုပ်စုကို အတိုက်အခံလုပ်နေကြတဲ့သူတွေ ဘာလုပ်တယ်ဆိုတာကို စောင့်ကြည့်ခိုင်းထားခံရသူ) ကိုယ်တိုင်က ကျွန်တော်တို့ ဝေခဲ့တဲ့ ဖိတ်စာတွေကို ယူဆောင်ဖတ်ရှူသွားပြီး သိမ်းဆည်းထားကြတာကို တွေ့ ရပါတယ်။


ယနေ့  ရွှေတိ၈ုံဘုရားပေါ်ကို တက်ရောက်လာသူတွေကတော့ အယောက် (၁၀၀၀) ကျော်လောက်ရှိပါတယ်။ ကျနော်တို့ရဲ့ “လူထုတရပ်လုံးအတွက် စတေးခံ မြေသြဇာအဖွဲ့ “ ရဲ့  စည်းရုံးမှု့နဲ့တက်လာသူများကတော့ အယောက် (၇၀) ကျော်ရှိပါတယ်။ ကျနော်တို့ရဲ့  ဖိတ်စာကို အခက်အခဲအမျိုးမျိုးကြောင့် စောင်ရေ (၂၀၀)သာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းအသီးသီးမှလည်း နောင်အခါ ဆက်လက်ပြုလုပ်မယ့် ယခုကဲ့သို့သော လူထုစည်းရုံးလှုပ်ရှားမှု များမှာ ကျွန်တော်တို့ နဲ့  ပူးပေါင်းဆောင်ရွက်ကြဖို့  ပြောကြားလိုပါတယ်။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့ ။

Read More...

Sunday, August 17, 2008

University student killed by police in upper Burma

Mizzima News
Saturday, 16 August 2008 19:32

New Delhi — Authorities have heightened security in Monywa University in Sagaing Division of upper Burma, after a university student was killed in a fight on Thursday night.

Eyewitnesses said, at least seven police vans are seen parked in the University campus in Monywa City, after a student named Aung Kyaw Soe Win was killed during a fight near the university campus on Thursday night.

In an interview with a person, who claimed to have witness the fight on Thursday, said Aung Kyaw Soe Win, a second year Bachelor of Arts student in Monywa University, was killed while four of his friends were arrested after they were attacked by local policemen following an argument near the university campus on Thursday evening.

The five students were returning to the University after singing in front of a girl's hostel when they were stopped by about 10 policemen, who asked them to come with them to the police station, the eyewitness said.

"The police told the students that since they had been singing political songs, they must come to the police station. The police threatened them that they will be beaten up if they do not go to the policestation," the eyewitness told Mizzima.

"But the students refused to go and said 'we will not follow you, do what you want with us.' Then the policemen charged at the students," said the eyewitness, who requested not to be named for fear of reprisal.

Reportedly, Aung Kyaw Soe Win (19), and his friend Tun Min were beaten up severely and were pushed into a police van, where Aung Kyaw Soe Win died even before he could be admitted to hospital.

Though the other three students fled, they were later arrested by the police and are currently in custody with Tun Min at the police station, he added.

But on the contrary, a Buddhist monk, who resides near the university campus and claimed to have heard of the incident said, the fight was not between the students and policemen but was between student rivals.

The No (2) Monywa Police station, when contacted by Mizzima, said they have a case of brawl between students filed in the office but decline to further elaborate on the case.

A classmate of Aung Kyaw Soe Win in Monywa University, when contacted by Mizzima, said while he was not aware of Aung Kyaw Soe Win's death, "he has not come for class and I called out absent on his behalf."

He said police have filled up the university campus and have tightened security, though he is not aware of the police's apprehensions.

Aung Kyaw Soe Win's friend, who claimed to have seen his death body, however, said, "He was badly injured on his head and his skull was smashed. Their families covered his face with a handkerchief."

Aung Kyaw Soe Win and his friends on Thursday had sung political songs in front of a girl's hostel, his friend told Mizzima in an email interview.

Though he was not in the group with Aung Kyaw Soe Win, he said, he heard them sing the Burmese 'National Anthem' and other political songs that are dedicated to Burma's Independence Hero - General Aung San.

In Burma, youngsters love to sing on the roadside at night, and University campuses are frequently filled with groups of young students roaming, with guitars and other light musical equipments, and singing at door-step of girl's hostels.

In a country, with little space for legal entertainment for young people, the practice of singing in front of girl's hostels or on roadsides has not been considered illegal or criminal.

Meanwhile, Aung Kyaw Soe Win's friend said, the police have reportedly told his elder brother that he was under the influence of alcohol and died in a fight between students and warned him not to spread about the case.

Augn Kyaw Soe Win's friend said his body will be buried on Sunday.

Aung Kyaw Soe Win, who had come from 'Minn Tine Pinn' village in west of Monywa city, and was staying in Nandawun ward of Chan Mya Tharsi Township in Monywa, was pursuing his degree course in Law, according to his friend.

Reporting by Mizzima correspondent; writing by Mungpi.

Read More...

Thursday, August 14, 2008

နေထိုင်ကောင်းအောင်သာနေပါ

လက်ကိုင်ဖုန်းတွေရှိတယ်
ဖုန်းထဲမှာ ပိုက်ဆံမရှိဘူး...။

သွားစရာမြေရှိတယ်
သွားစရာနေထိုင်ခွင့် လက်မှတ်မရှိဘူး။

ဒေါနတောင်တန်းတွေ လှမ်းမြင်နေတယ်
ပြန်စရာတိုင်းပြည်မရှိဘူး။

အနော်ရထာလမ်းမပေါ်မှာလည်း ကျီးကန်းတောင်းမှောက်
မဲဆောက်လမ်းတွေပေါ် ရောက်တော့လည်း

ကျီးကန်းတောင်းမှောက်
အသက်ရှူမဖြောင့်ခဲ့ကြပုံများပြောပါတယ်...။

သြော်ရွှေပဲကျင်ရမလို
ကြမ်းပိုးပဲရှာရမလို
လူ့အဖြစ်များ....

ကိုယ့်အခန်းကမိုးမလုံ
ကမ္ဘာမြေပုံပေါ်မှာလည်း လုံခြုံရာကို ရှာမတွေ့တော့
ကိုယ့်နားထင်ကိုယ် သေနတ်နဲ့တော့ကာ

ချိုးကူသံကို တမ်းတရင်း ငှက်ဆိုးသံတွေနဲ့
မိုးစင်စင်လင်းရတဲ့
လူ့အဖြစ်များ....။

သစ်ကောင်းအိမ်

Read More...

Wednesday, August 13, 2008

အလင်းအိမ်စာစောင်မှ ကူးယူတင်ပြသည်၊

အနာဂတ်

ဒီလိုနဲ့
သံမဏိဓါးသွားစိတ်ဓါတ်များ
ယုံကြည်ချက်မီးနဲ့ဆေးပြီး
သက္ကရာဇ်များကို စားသုံးရင်း
ငါတို့စောင့်ဆိုင်းနေကြ........။

အသက်အရွယ်များ
အိုမင်းရင့်ရော်သွားလည်း
လန်းဆန်းနုပျို
စိတ်ဓါတ်တွေမအိုခဲ့ဘူး။
ယုံကြည်ချက်များ
ကြိုးကြာငှက်တို့ရဲ့
မိုင်ထောင်ချီခရီးစဉ်လို
အရှိန်အဟုန်နဲ့ ပျံသန်း
တောက်ပတဲ့
အနာဂတ်လမ်းများဆီကို.......။

မမေးနဲ့........
ဤခရီးနီးသလား
မီးရထားကမလာသေး
ခလေးအတွေးများလွင့်ပစ်ခဲ့ပြီး
ကိုယ်တိုင်စိုက်ပျိုးလို့
ကိုယ်တိုင်ရိတ်သိမ်းရဦးမယ်.......။

ဒီလိုနဲ့
သံမဏိဓါးသွားစိတ်ဓါတ်များ
ယုံကြည်ချက်မီးနဲ့ဆေးပြီး
သက္ကရာဇ်များကို စားသုံးရင်း
ငါတို့စောင့်ဆိုင်းနေကြရတယ်.....။

မိတ်ဆွေတို့ရေ
အနာဂတ်နိုင်ငံတော်သစ်အတွက်
ရောက်လေရာအရပ်မှာ
စဉ်းစားတွေးခေါ်ကြံဆ
လေ့လာဆည်းပူးကြရင်း
ပြည်တွင်းပြည်ပမှာ
အားမွေးကြ
ဓါးသွေးကြ.....
စိတ်ဓါတ်များလည်း
“နိုးထားကြ”
“နိုးကြားကြ”
“ရိုးသားကြ”
ကြိုးစားမှ
ငါတို့ခေတ်မှာ အဆုံးအဖြတ်
စစ်အာဏာရှင်စနစ်
အဆုံးသတ်စေရမယ်။

ရဲရင့်သက်ဇွဲ

Read More...

လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာ ၏ ၈၈၈၈ အနီရောင် လှုပ်ရှားမှု့(Red Campaign)






Read More...







Read More...







Read More...

Tuesday, August 12, 2008

အလင်းအိမ်စာစောင်မှ ကူးယူတင်ပြသည်၊

စိမ်းဆိုမှစိမ်း


တိရစ္ဆာန်တွေကို ကြိုးနဲ့ချည်
တုတ်နဲ့နာနာရိုက်ကြည့်လိုက်
ပြန်မကိုက်တော့ ပြန်ပြောချင်သလိုပြော
ရုန်းမရလို့သာနေ အရှုံးဘ၀နဲ့တော့အသေမခံ
တော်လှန်မှာအမှန်မို့ တပါတီစနစ်ဖြိုဖျက်ပစ်ဖို့
တို့တတွေလက်တွဲ အတူနွဲခဲ့တဲ့
ခရစ်သက္ကရာဇ် ရှစ်ဆယ်ရှစ်
ရုန်းထွက်လို့နိုးကြား တပါတီစနစ် ပျက်လို့သွား.....။

ဒါပေမယ့် ရောင်းရင်းရေ (သူငယ်ချင်းရေ)
အခုငါ့တိုင်းပြည် ငါပြန်ကြည့် မျက်မှန်စိမ်းတလက်
တပ်မိသလို
တောတောင်တွေတင် စိမ်းနေတာမဟုတ်
အရုပ်ကောင်အစိမ်း သရုပ်ဆောင်အပလိန်းတွေနဲ့
တတိုင်းပြည်လုံး စိမ်းလို့ပါပဲ
ပျက်စီးသွားတဲ့ တပါတီနေရာ
အရှက်တရားမဲ့ ပလာပလီတွေသာ
အခက်သားကွယ့် မြန်မာပြည်သူတွေခင်မျာ
အဖြေထွက်တော့ ဘယ်ဆီဘယ်မှာ
နေနှင့်ဦးပေါ့ စစ်အာဏာရှင်တွေရာ.....။

လေးလေးအို
ဥသာမြေ



Read More...

Read More...

Monday, August 11, 2008

အသိပေးအကြောင်းကြားခြင်း






အတုအယောင်အဖွဲ့အစည်းများရှိနေပါသဖြင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေဖြင့်သတိထားသင့်ကြောင်း အသိပေးအပ်ပါသည်။

Read More...

အမြင် (၁)

စာရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူး။ အခုမှပဲရေးဖြစ်တော့တယ်။ ရေးချင်တာတော့ အများကြီးပါပဲ။ တကယ်တမ်းရေးတော့မယ်ဆိုတော့ ဘယ်ကစရေးရမှန်းမသိတော့ဘူး။ အင်း… ဘာလိုလိုနဲ့ နှစ် ၂၀ တောင်ပြည့်သွားပြီနော်။ သြဂုတ်လ ၈ရက်နေ့က ၈၈၈၈ အခမ်းအနားကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဦးပဇင်းတစ်ပါးပြောခဲ့တဲ့စကားကို သဘောကျလို့ ပြန်လည်ဝေငှချင်ပါတယ်။
သူပြောတာက ၈၈၈၈ စိတ်ဓါတ်ဟာ မင်းဆက်သုံးဆက်ကို ဖြုတ်ချနိုင်ခဲ့တယ်။ အဲဒီတုန်းက အဖွဲ့အစည်းတွေဘာတွေလည်းမရှိပါဘူး။ အခုအချိန်မှာ အဖွဲ့အစည်းတွေအများကြီး ဖွဲ့စည်းနိုင်ပြီး ဘာဖြစ်လို့ နအဖကို မတိုက်နိုင်တာလဲ…တဲ့။ ဒီမေးခွန်းဟာတော်တော်ကောင်းတဲ့မေးခွန်းပါ။ ဘာကြောင့်မတိုက်နိုင်ရမှာလဲ။ အားလုံး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြဖို့ လိုပါတယ်။ အားလုံး စည်းလုံးကြဖို့အော်နေကြပြီး တကယ်ပဲ စည်းလုံးဖို့ကို ကိုယ်ကစပြီး အကောင်အထည်ဖော်တာရှိလား။ အကောင်အထည်ဖော်ဖို့ တကယ်ပဲ ခက်ခဲနေလား။ ချမှတ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေကိုရော ဘယ်နှစ်ခု အကောင်အထည် ဖော်ဆောင်ခဲ့ပြီးပြီလဲ။ စာရွက်ပေါ်မှာပဲကျန်ခဲ့သလား။ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဆိုတဲ့ စိတ်ဓါတ်မရှိပေမယ့် တော်လှန်ရေးကြီးကြာလည်း နေသာပါတယ်ဆိုတဲ့ လူစားမျိုးထဲမှာ ပါနေပြီလား။

ဒီမေးခွန်းတွေကို ပြန်မေးကြဖို့လိုပါတယ်။ သူများတွေကိုမေးမယ့်အစား ကိုယ့်ကိုယ်ကိုပြန်မေးတာ အကောင်းဆုံးပါပဲ။ ငါက ဘာလုပ်နေတာ ညာလုပ်နေတာထက် ငါဘာလုပ်ပြီးသွားပြီ ညာလုပ်ပြီးသွားပြီးဆိုတာက ပိုကောင်းတယ်လို့မြင်ပါတယ်။ လုပ်နေတာထက် လုပ်ဆောင်ပြီးသွားပြီဆိုတာမျိုးဖြစ်သင့်တယ်လို့မြင်ပါတယ်။ ဒီနေရာမှာငါမကျွမ်းကျင်ရင် ကျွမ်းကျင်တဲ့သူကို နေရာပေးသင့်ပါတယ်။ ငါပဲလုပ်မယ်ဆိုတဲ့ စိတ်ဓါတ်မရှိသင့်ပါဘူး။ အဓိက က ပြီးမြောက်အောင်မြင်သွားဖို့ပါ ။ အဓိကနဲ့ သာမည ကွဲပြားဖို့အချိန်တန်ပါပြီ။ ညှိနှိုင်းအစည်းအဝေးတွေမှာ ချမှတ်လိုက်တဲ့ လုပ်ငန်းစဉ်တွေက စာရွက်ပေါ်မှာပဲ ကျန်ခဲ့တာ နှစ်ပေါင်း ၂၀ရှိပါပြီ။ ဒီတော်လှန်ရေးကြီးက တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့တော့ အောင်မြင်မှာမဟုတ်ပါဘူး။ လက်တွဲခေါ်ကြပါ။ နေရာပေးကြပါ။ကိုယ်တတ်ကျွမ်းတဲ့အပိုင်းကို ကိုယ်ယူပြီး ကိုယ်မတတ်ကျွမ်းတဲ့အပိုင်းကို တတ်ကျွမ်းတဲ့သူကို နေရာပေးပါ။ ကိုယ်မတတ်ကျွမ်းတဲ့အပိုင်းကို ငါပဲလုပ်မယ်ဆိုပြီး သွားလုပ်လည်း အောင်မြင်မှာမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ အသုံးချတတ်ဖို့လိုပါတယ်။

ဒီမှာ ကျတော်မြင်တာကတော့ ချမှတ်လိုက်ကြတဲ့ ပေါ်လစီတွေ ပေါ်လစီတွေ။ ပြီးတော့ ကိုယ့်ပေါ်လစီကိုယ်မနိုင်ကြဘူး။ နအဖကို ကျတော်တို့အတုယူရမှာတစ်ခုရှိပါတယ်။ အဲဒါကတော့ နအဖဟာ လူသာပြောင်းပေမယ့် မူမပြောင်းပါဘူး။ သူချထားတဲ့ပေါ်လစီအတိုင်း သူဖြစ်အောင်လုပ်သွားတာပါပဲ။ ဒီလိုပြောလို့ နအဖလူလို့တော့ မထင်လိုက်ပါနဲ့။ အခုအချိန်က စကားနဲနဲမှားတာနဲ့ နအဖလူလို့ပြောနေကြတယ်ဆိုတော့…။ အထူးသဖြင့် အင်တာနက်စာမျက်နှာမှာရေးရင် ပိုပြီးသတိထားရတယ်။ ရေးသာရေးရတယ်။ ကျတော်လည်း ဘယ်နေ့အဆဲခံရမလဲတော့မသိဘူး ကျတော့်အမြင်ကတော့ ဒါပဲဗျာ။ အားလုံး…ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ကြစေချင်ပါတယ်၊

ဆက်ရန်….

Dream angel

Read More...

Friday, August 8, 2008

ဒီမိုကရေစီတော်လှန်ရေး၏ အကောင်းဘက်ခြမ်း (တင်အေး | သြဂုတ် ၈၊ ၂၀၀၈)

မာယာကော့ဖ်စကီးလိုတော့ တော်လှန်ရေးဘယ်တော့ပြီးမလဲ နိမိတ်မဖတ်နိုင်ပါ။ ဒါပေမယ့် ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေကတော့ တကယ်ဖြစ်ခဲ့ပြီ။

တို့ပိုင်တဲ့အနှစ် ၂၀။

အဲဒီအနှစ် ၂၀ ကာလရဲ့…..။

၁၉၈၈ ခုနှစ် သြဂုတ်လ ၃ ရက်နေ့။

“ကိုတင်အေး ဒါ ကိုပေါ်ဦးထွန်း၊ ကိုမင်းကိုနိုင်ပေါ့။ ကိုပေါ်ဦး ဒါ ကိုတင်အေး”

မိတ်ဆက်ပေးသူက ကိုညိုထွန်း။ မိတ်ဆက်ပေးတဲ့နေရာက ရန်ကုန်မြို့ရဲ့ အနက်ရောင် ပြည်လမ်းမကြီးအလယ် မှာ၊ မိတ်ဆက် နေကြပုံက ခပ်သော့သော့အပြေးသွားနေရင်း။ ဘေးမှာ ဘေးမှာ လူတွေအပြည့်။ ပြီးတော့ ကြွေး ကြော်သံတွေ အပြည့်။

“သပိတ်၊ သပိတ် မှောက် မှောက်”
“ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး”

မိတ်ဆက်ပေးခံရသူချင်း ပြောဖြစ်ကြသည့် ပဋိသန္ဓာရစကားက ...

“ အေးဗျ။ ကိုညိုထွန်းပြောဖူးပါတယ်။ ကိုတင်အေး ကျနော်တို့ ဒီအတိုင်းဆက်သွားရင်မြေနီကုန်းဘက်မဟုတ်ဘူး။ ကျနော် တို့ဒီနေ့က အကြိုလုပ်တာ”

“ဟုတ်တယ် ကိုပေါ်ဦး။ ၈ ရက်နေ့မှ ဒိတ်ပေးထားတာပဲ။ ခင်ဗျားမောနေလား”

“အေးဗျ။ ကျနော် ရင်ကြပ်တတ်တယ်”

လူအုပ်ကြီးနဲ့အတူ ရန်ကုန်မြို့ လမ်းမတွေပေါ် ချီတက်လာရတော့ ရင်ကြပ်အခံရှိသူအတွက် မောသံပါနေသည်။

“ခင်ဗျား သိပ်မောနေရင် နေခဲ့ပါလား။ ကျနော်တို့ ၈ ရက်နေ့မှ အတည်ထွက်ကြမှာပဲ”

“ရတယ်ဗျာ။ ကျနော် အစအဆုံး လိုက်မယ်”

“တော်လှန်ရေးဆိုတာ အစအဆုံး လုပ်ရတယ်ကွ . . . ” ကျနော် ထောင်ထဲနေခဲ့စဉ်ကာလက ကျနော်တို့ မမွေးခင် ကတည်းက နိုင်ငံရေးလုပ်နေခဲ့သူ ကျနော်တို့ ရှေ့မျိုးဆက် နိုင်ငံရေးလူကြီးသူမတဦးက ထိုသို့ပြောခဲ့ဖူးသည်။ ကျနော် မှတ်သားထားမိသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ အလျှိုအလျှို စခဲ့ကြသည်။ ဘယ်နေရာက ခွပ်ဒေါင်းအလံစထောင်ပြီး ကြွေးကြော် သံတွေအော်ပြီး စလိုက်သည်။ ကမ်းနားမှာ မနက်ကတည်းက အလုပ်သမားတွေက စနေပြီ။ မြေနီကုန်းမှာ။ ဆူးလေမှာ … စသည်ဖြင့် …။ထိုနေ့တွင် ရန်ကုန်တမြို့တည်းမှမဟုတ် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုကြီးတရပ်လုံးသည် မဆလခေတ် တလျှောက်လုံး ခံစားနေကြရသော အထွေထွေ မကျေနပ်မှုကို နီးရာဒေါသဖြင့် ပေါက်ကွဲ၍ ရှစ်လေးလုံး အရေးတော်ပုံကြီး၏ သမိုင်းစာမျက်နှာကို စတင်ရေးခဲ့ကြသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဗမာ့နိုင်ငံရေးသမိုင်းတွင် ၁၃၀၀ ပြည့် အရေး တော်ပုံနောက်ပိုင်း အနှစ် ၅၀ ကြာသောအခါ နိုင်ငံရေးအနှစ်သာရ အနက်ရှိုင်းဆုံး ပြန်ပေါ်လာသော အရေးတော်ပုံကြီး ဖြစ်သည်။

ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကို ပြောကြဆိုလျင် ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ချန်ထားခဲ့၍မရ။ ဒီအချက်သည်ပင် ဗမာ့သမိုင်းတွင် ထူးခြားချက်လို့် ဆိုရမည်လားမသိ။

၁၉၀၆ ၀န်းကျင်တွင် အမျိုး၊ ဘာသာ၊ သာသနာခေါင်းစဉ်ဖြင့် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု ပြန်လည်နိုးကြားလာခဲ့ သည်။ ထို့နောက် တနိုင်ငံလုံးအတိုင်းအတာနှင့် လှုပ်ခတ်သွားစေခဲ့သည့် လှုပ်ရှားမှု၊ အမျိုးသားကျောင်းများ ပေါ် ထွန်းလာသည် အထိ ရိုက်ခတ်ခဲ့သော ယနေ့အထိ အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပနေရသည့် ပထမ ကျောင်းသားသပိတ်လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည်။

ထိုမှတလျှောက်လုံး ဒီနေ့အထိပင် ဗမာပြည်သမိုင်းသည် ကျောင်းသားလှုပ်ရှားမှုနှင့် ကင်းကင်းရှင်းရှင်းနေ၍ မရတော့။ ဗမာပြည်နိုင်ငံရေးသမိုင်းပြောလျင် ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ထည့်ပြောရသလို၊ ကျောင်းသား လှုပ်ရှားမှု သမိုင်းကို ပြောလျင်လည်း ဗမာပြည်နိုင်ငံရေးသမိုင်းနှင့် ဆက်စပ်ပြောကြရသည်။

၁၉၇၄-၇၅-၇၆ ခုနှစ် သပိတ်များအပြီး နိုင်ငံရေးမျိုးဆက်ဖြတ်ခံထားရသည့် အခြေအနေမှ ၁၉၈၇ ခုနှစ်တွင် ငွေ စက္ကူ အရေး အခင်းဖြင့် ပြန်လည်နိုးကြားလာကြသည်။ ထို့နောက် ၁၉၈၈ ခုနှစ် ဖုန်းမော်အရေးအခင်းနှင့် ဖုန်း မော် ၃ လပြည့် ဇွန်လ ကျောင်းသားလှုပ်ရှားမှုများ ပြီးသောအခါ ပြန်လည်နိုးကြားလာသော ကျောင်းသား လှုပ် ရှားမှုများကို ဖြတ်သန်းလာသည့် ကျောင်းသူ ကျောင်းသားများသည် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကာ ကိုယ့်အုပ်စုလိုက် အုပ်စုလိုက် ဆက်စပ်ဖို့ ကြိုးစားလာကြသည်။ ကျောင်းသားထုကြားတွင် ကျောင်းသားသမဂ္ဂစိတ်ဓာတ်များလည်း ပြန်လည်ထွန်းကား လာကြသည်။

ဆက်စပ်မိလာသူများ တစတစ များပြားလာသည့်အခါ ၈ လေးလုံးအရေးတော်ပုံကာလ မှတ်မှတ်ရရ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ပေါ်ရှိ အိမ်တစ်အိမ်မှာ စုဝေးကြသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကို ကိုယ့်ဘာသာကိုယ် တရားဝင်ထူထောင်ရပ်တည်ဖို့ ဆုံးဖြတ်ကြသည်။ သြဂုတ် ၂၆ ရက်နေ့ တွင် ဘားလမ်းထဲရှိ အိမ်တစ်အိမ် မှာ ကျောင်းသူကျောင်းသားများ ထပ်မံစုစည်းပြီး ကျောင်းသားသမဂ္ဂ ဖွဲ့စည်း ရေး ရွေးချယ်ကြသည်။

ဥက္ကဌ ကိုမင်းကိုနိုင်။ အဖွဲ့အမည်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တရားဝင် ဖြစ်မြောက် ရေး ဗဟို ကော်မတီ။ ကျောင်းသားထုအစည်းအဝေး တခုဖြင့် အတည်ပြုရန် ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ မှာ ရန်ကုန် တက္ကသိုလ်ထဲရှိ ကျောင်းသားသမဂ္ဂမြက်ခင်းတွင် ကျင်းပမည်။ ဤသို့ စီစဉ်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တရားဝင် ဖြစ်မြောက်ရေးဗဟိုကော်မတီမှ ဦးစီးပြီး ကျင်း ပခဲ့သည့် ကျောင်းသားညီလာခံတရပ်။ ထိုညီလာခံစင်မြင့်တွင် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင် ရေးခေတ်အဆက်ဆက် ပါဝင်ဖြတ်သန်းလာခဲ့သည့် ကျောင်းသားရဲဘော်ဟောင်းကြီးများက မိန့်ခွန်းပြောကြ သည်။ ကျောင်းသားသမိုင်းမျိုးဆက် လက်ဆင့်ကမ်းကြသည်။

ထိုအချိန်က ကျောင်းသူ ကျောင်းသားများက လက်ဆင့်ကမ်းယူခဲ့ကြသည်။ သမိုင်းသည် ကွင်းဆက်နှင့် ဖြစ်ပေါ် ရသည် မဟုတ်လား။

ရှစ်လေးလုံး လူထုလှုပ်ရှားမှုအားကောင်းလာပြီး ပိုမိုကျယ်ပြန့်သော ကျောင်းသူ ကျောင်သားများ စုစည်းမိလာ သည့် အခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တရားဝင်ဖြစ်မြောက်ရေး ဗဟိုကော်မတီမှ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖြစ် ကျောင်းသားထုအကျိုး၊ ပြည်သူလူထုအကျိုးအတွက် ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး လွှင့်ထူခဲ့ကြသည်။

ထိုအချိန်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကို တာဝန်ယူဆောင်ရွက်ခဲ့ကြသော ကျောင်း သူ ကျောင်းသားများသည် ယနေ့ ဒီမိုကရေစီတိုက်ပွဲထဲမှာ ရှိနေကြဆဲ။ လွန်ခဲ့သော အနှစ် ၂၀ ကအတိုင်း ထောင် ကျခံရန် အသင့်၊ တိုက်ပွဲဝင်ရန်အသင့်။ ယခုလည်း ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်တွေ ဒီမိုကရေစီ တိုက်ပွဲ ထဲမှာ၊ အကျဉ်း ထောင်တွေ ထဲမှာ။

သမိုင်းသဘောအရ မျိုးဆက်ဆိုသည်မှာ ကိုယ်ကမွေးသော သားသမီးကိုခေါ်သည်မဟုတ်။ သမိုင်းတာဝန်ကို ဆက်ခံသူသာ။ မပြီးဆုံးသေးသော ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ မပြီးဆုံးသေးသော ဒီမိုကရေစီ ရေး သမိုင်းတာဝန်ကို ဆက်ခံသူသာ ဒီမိုကရေစီမျိုးဆက်ဖြစ်ပေလိမ့်မည်။ ၈ လေးလုံး မျိုးဆက်ပေါ်ထွန်းလာခဲ့ သည်။

ဗမာ့နိုင်ငံရေးသမိုင်းမှာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဆိုသည့် စနစ်ဆိုးကြီး စတင်ကျရောက်သည့် အချိန်မှ စတွက်လျင် ၄၆ နှစ်၊ ၈ လေးလုံးအရေးတော်ပုံမှ ရေတွက်လျှင် ယနေ့ အနှစ် ၂၀။

အနှစ် ၂၀ ကာလအထိ ဒီမိုကရေစီအောင်ပွဲမရသေးသည့်အပေါ် ပြန်လည်သုံးသပ်လာကြသည်။ ဗိုလ်မှူးချစ် ကောင်း ရေးခဲ့ဖူး သလို နိုင်ငံရေးလုပ်ပြီး အနှစ် ၂၀ ကြာလာတဲ့အခါ မိမိကိုယ်မိမိ ပြန်ကြည့်သော် ကြိုးတိုက်ထဲ ရောက်နေသည်ကို တွေ့ရသည် ... တဲ့။

ဒီမိုကရေစီတော်လှန်ရေးကား ကြိုးတိုက်ထဲရောက်နေပြီလား။ ရှိပါသည်။ ဒီမိုကရေစီတော်လှန်ရေး ကာလတ လျှောက် အားနည်းချက်များ၊ အနိဌာရုံများ၊ စိတ်ပျက်စရာများ ရှိပါသည်။ ဘာပဲဖြစ်ဖြစ် ဆန်ရင်းနာနာဖွပ်နိုင်ဖို့ လိုသည်။ သို့သော် ဆန်ရင်းနာနာဖွတ်ရာမှ တော်လှန်ရေးကတော့ အောင်ပွဲရမှာ မဟုတ်တော့ပါဘူးကွာဆိုလျင် ဘက်တဘက်တည်းကို မြင်ရာကျတော့မည်။ အခြေအနေကို ပကတိအတိုင်း ကြည့်မြင်ဖို့ အားထုတ်တာ ပိုသင့် လျှော်ပေလိမ့်မည်။

ဒီမိုကရေစီလှုပ်ရှားမှုကြီး အနှစ်(၂၀)ကြာခဲ့သော်လည်း ဒီမိုကရေစီရေစီးကြောင်းက မပျောက်

ကမ္ဘာမှာလည်း အားကောင်းနေဆဲ။ ဗမာပြည်မှာလည်း စီးဆင်းနေဆဲ။ စစ်အစိုးရက ဘယ်လိုမဟာဗျူဟာတွေ၊ နည်းဗျူဟာ တွေချမှတ် ချမှတ်။ သူ့ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီရေစီးကြောင်းကြီးထဲမှာ ခုခံနေရတာ ဖြစ်နေ သည်။ ရေရှည်မှာ ရေစီးကြောင်းကို ခုခံဖို့မဖြစ်၊ အလွန်ဆုံးဖြစ်နိုင်လျင် တချို့ ရေစီးကြောင်း နဲ့အတူ စီးမျောလိုက်ပါပြီး တချို့နစ်မြုပ်သွားလိမ့်မည်။

နောက် ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုအပြီး ပေါ်ထွက်လာသော ဒီမိုကရေစီတပ်သားသစ်များ။ တချို့ ရှစ်လေး လုံး အရေး တော်ပုံကြီးဖြစ်နေသည့်ကာလတွင် မွေးပင်မမွေးသေး။ အများစုမှာ ရှစ်လေးလုံးဝန်းကျင်ကာလတွင်မှ လူ့ပြည်ရောက်လာ ကြသူများ။

၂၀၀၇ ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း မီဒီယာမှ ကြားလိုက်ရ သည်။ ၂၀၀၇ စက်တင်ဘာ လူထုလှုပ်ရှားမှုအပြီး လူငယ် ကျောင်းသားအဖွဲ့များ ဟိုတဖွဲ့ ဒီတဖွဲ့ ပေါ်လာကြ သည်။

ယခုသူတို့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ မပြီးဆုံးသေးသော တော်လှန်ရေးတာဝန်ကို ဆက်ထမ်း နေကြသည်။

ထိုအကြောင်းနှစ်ချက်သည် ဒီမိုကရေစီအရေးတော်ပုံကြီး၏ အလင်းတန်းနှစ်ခု။ သမိုင်းကို ဆန့်ကြည့်ဖို့တော့ လို ပေလိမ့်မည်။

တချို့အတွက် အနှစ်၂၀ ကြာလာသောအခါ ဒီမိုကရေစီ အညောင်းမိကောင်း မိနိုင်သည်။ သူတို့အတွက် ဒီမိုက ရေစီနိုင်ငံ ရေးကား ဒီနေ့မှစပါသည်။

ဧရာဝတီ website မှ ကူးယူတင်ပြသည်။

Read More...

Thursday, August 7, 2008

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် လျှပ်စစ်ဝါယာကြိုးရှော့ခ်ဖြစ် ကျောင်းသူအချို့ ဒဏ်ရာရရှိ

ရန်ကုန်အရှေ့ပိုင်းတကသိုလ် တညင်တွင် (5-7-200 ) နေ့ နေ့လယ် (23း0) အချိန်က လျှပ်စစ်ဝါယာကြိုးရှော့ခ်ဖြစ်ကာ အဆောင်များ အတွင်း ပေါက်ကွဲမှုအချို့ရှိခဲ့ကာ ကျောင်းသူအချို့လည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။
ဝါယာရှော့ခ်ဖြစ်ပုံနှင့်ပတ်သက်ပြီး ဆရာမတစ်ဦးမှ MHT သို့ဆိုရာတွင် "နေ့လယ် (2း15) လောက်မှာ မီးပျက်သွားတယ်။ နောက်မီးပြန် လာပြီး သိပ်မကြာဘူး။ ဖောင်းဖောင်းဆိုပြီး အခန်းထဲမှာရှိတဲ့ မီးသီးတွေ၊ ဖန်ချောင်းတွေ အကုန်ကွဲထွက်ကုန်တယ်။ နောက်ပြီးတော့ အဆောင်ထဲက ရရှိသမျှ ၀ါယာကြိုးအကုန်လုံးလည်း ပေါက်ထွက်ကုန်တယ်။ စာသင်နေကြတဲ့အချိန်ဆိုတော့ ကျောင်းသူကျောင်းသား တွေနဲ့ ဆရာ၊ ဆရာမတွေလည်း ကြောက်အားလန့်အားနဲ့ ထွက်ပြေးကြတယ်။ အပြင်ရောက်တော့လည်း လျှပ်စစ် ဓာတ်တိုင်တွေက ဓာတ် ကြိုးတွေ ပေါက်ထွက်နေတယ်။ မီးလုံးတွေထွက်တာတောင် ကျွန်မမြင်လိုက်ရတယ်။ အဆောင်အပေါ်ကနေ တစ်ချို့ကျောင်းသူတွေ ခုန်ချတော့ ခြေထောက်ကြိုးသွားတာရှိတယ်လို့ တောင် သိရတယ်။" ဟု သူမရဲ့ အတွေ့အကြုံကိုပြောပါတယ်။ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် တက္ကသိုလ်အတွင်းရှိ စာသင်ဆောင်လေးဆောင်အတွင်းမှ လျှပ်စစ်ဝါယာကြိုးလိုင်းအားလုံးပျက်ဆီးသွားပြီး လျှပ်စစ် ပစ္စည်းများ ဖြစ်သည့် ကွန်ပျူတာ၊ ပရင်တာနှင့် အခြားအသုံးအဆောင်ပစည်းများလည်း ပျက်ဆီးဆုံးရှုံးသွားကြောင်း သိရသည်။ ယခုလို လျှပ်စစ်ဝါယာကြိုးရှော့ခ်မှာ နာဂစ်ဆိုက်ကလုန်းမုန်အတွင်းက ပျက်ဆီးသွားခဲ့သော ကျောင်းဝင်းအတွင်းရှိ ဓာတ်တိုင်များ ပြင် ဆင်ပြီး မကြာမီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုလျှပ်စစ်ဓာတ်တိုင်များ ပြင်ဆင်ရန်အတွက် ကျောင်းရံပုံမှ ငွေကျပ်သိန်းခြောက်ဆယ်ကျော် အကုန်အကျခံ ပြင်ဆင်ခဲ့ပြီး တစ်လကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုကိစနှင့်ပတ်သက်ပြီး အရှေ့ပိုင်းတကသိုလ်ရှိ ပါမောက္ခချုပ်၊ မော်ကွန်းထိန်းများနှင့် ဒေသခံ လျှပ်စစ်ဖြန့်ဖြူးရေးရုံးများသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း မည်သည့် သတင်း ထုတ်ပြန်ချက်မှ မသိရှိရပေ။ ထို့ကြောင့် ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမများ၏ ပြောကြား ချက်များဖြင့်သာ ဆက်လက်ပြီး သတင်းရေးသားသွားမည်ဖြစ်သည်။

Read More...

၈၈ နှစ် နှစ်ဆယ်ပြည့်အထိန်းအမှတ် ဆွမ်းကျွေး မျိုးဆက်သစ်ကျောင်းသားလူငယ်များ လျှို့ဝှက်ကျင်းပမည်။

မြန်မာနိုင်ငံရေးတွင် ဒုတိယလွတ်လပ်ရေးတိုက်ပွဲဟုပင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တင်စားပြောကြား ခဲ့သော 1988 ခုနှစ်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း ကျဆုံးခဲ့ကြရသော အာဇာနည်များကို ဂုဏ်ပြုသော အားဖြင့် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗကသမှ ဂုဏ်ပြုဆွမ်းကျွေးပွဲကို နှစ်ပတ်လည်နေ့ရက်ဖြစ်သော 8-8-2008 အစား ရှေ့တစ်ရက်တိုးပြီး 7-8-2008 နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဖွဲ့ဝင်လူငယ်များမှ သိရသည်။
ဂုဏ်ပြုပွဲနှင့်ပတ်သက်ပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ပြုလုပ်မည်ဆိုသည်ကို အဖွဲ့ဝင်လူငယ်များ အချင်းချင်းပင်မသိရှိသေးပဲ မနက်ဖြန် 7-8-2008 နေ့နံနက်မှပင် ဖုန်းဖြင့် ဆက်သွယ် အသိပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိမြန်မာ့နိုင်ရေးအခြေအနေတွင် မြေအောက်အဖွဲ့အစည်းအဖြစ်ဖြင့်လှုပ်ရှားနေကြရသော ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များအနေဖြင့် အချိန်၊ နေရာတို့ကို ထုတ်ဖော်ပြောကြားကာ လုပ်ဆောင်မည်ဆိုပါက အခက်အခဲများစွာကို တွေ့ကြုံရနိုင်သည့်အပြင် မြန်မာနိုင်ငံရေးအင်အားစုအတွင်း အင်အားနည်း ပါးလာ လျှက်ရှိသော အဖွဲ့ဝင်များ ပိုမိုစတေးခံကြရမည်ကို စိုးရိမ်သောကြောင့် ယခုလို လျှို့ဝှက်စီစဉ်ကျင်းပ ရခြင်းဖြစ်ကြောင်း သိရသည်။
အဖွဲ့ဝင်လူငယ်များမှ အထိမ်းအမှတ်ပွဲကျင်းပရန် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် လျှောက်ထား ကြရာတွင်လည်း ဆရာတော်များမှ လက်မခံရဲဘဲရှိနေကြသဖြင့် တစ်ရက်ကြိုပြီး ဘုန်းတော်ကြီး သို့မဟုတ် တစ်စုံတစ်ဦး၏နေအိမ်တွင်ပင် အထိမ်းအမှတ်ပွဲကို ကျင်းပသွားမှာဖြစ်ကြောင်းသိရသည်။

Read More...

Wednesday, August 6, 2008

Credential Challenge Campaign at United Nations

Read More...

Tuesday, August 5, 2008

၈၈ နောက်ပိုင်း ဘုံပျောက်ခဲ့ရတဲ့ ဘ၀တွေအကြောင်း



ကဲ … တို့ ဘယ်ကိုသွားကြမလဲတဲ့၊၊

အိမ်တွေ ဖျက်ပေးရတော့မယ်လို့ သိလိုက်ရတဲ့ အချိန်မှာ အဖေ့ရဲ့ မျက်နှာဟာ ပြိုတော့မယ့် မိုးလိုပါပဲ၊၊ ပထမ ဦးစားပေးက ဒဂုံ၊ ဒုတိယက လှိုင်သာယာ၊ တတိယက ရွှေပြည်သာတဲ့၊၊ မြို့အားလုံးက အခုမှ မြို့သစ်ဖော် ကာစပဲ ရှိသေးတယ်တဲ့၊၊

ဒီမြေကွက်လေးကို အနှစ်နှစ်အလလ ၀န်ထမ်းလစာလေးတွေကိုစုပြီး ၀ယ်ခဲ့တဲ့အချိန် အဲ့ဒီတုန်းက အငယ်ဆုံး သမီးလေးဖြစ်တဲ့ သမီးကို ချီပြီးပြခဲ့တဲ့ အဖေ့ရဲ့ အပြုံးမျက်နှာကို သမီးသတိရနေတုန်းပါပဲ၊၊

အရင်က မီးခြစ်ဆံဘူးလောက်ရှိတဲ့ နှစ်ထပ်ခြေတံရှည်အိမ်ကြီးရဲ့ ဘေးခန်း ကျဉ်းကျဉ်းလေးမှာ အဖေ့စာအုပ် သေတ္တာတွေ ဆင့်ဆင့်ပြီး အပေါ်မှာ ကျွန်မတို့တွေ အိပ်ခဲ့ရတယ်၊၊ အစ်ကိုသုံးယောက်နဲ့ သမီးတို့ မောင်နှမတွေ ပြေးလွှားပြီး ဆော့ကြတုန်း အိမ်ရှင်အဖွားကြီးက ဆူပူအော်ငေါက်တဲ့အတွက် မျက်နှာမကောင်းတဲ့ အမေကို ကြည့်ပြီး အံကြိတ်သက်ပြင်းချခဲ့တဲ့ အဖေ၊ အခုတော့ ကိုယ်ပိုင်မြေကွက်လေး ရပြီဆိုတော့ ပျော်နေတဲ့ အဖေ့ မျက်နှာဟာ သမီးတွေ့ဖူးတဲ့ လမင်းကြီးလိုပါပဲ အဖေ၊၊သမီးတို့ရဲ့ မြေကွက်လေးက အတော်ကျယ်ဝန်းတယ်၊၊ ထူးထူးခြားခြား စီတန်းပြီး ပေါက်နေတဲ့ သရက်ပင်က ခြောက်ပင်၊၊ ခြံအ၀င်ဝမှာ ခြတောင်ပို့ အကြီးကြီး တစ်လုံးလည်း ရှိတယ်၊၊ အုန်းပင်က နှစ်ပင်၊၊ ခေါင်းရင်းဘက် မှာက ပိတောက်ပင် အမြင့်ကြီးတစ်ပင်ပါတယ်၊၊ နောက်ဖေးမှာက ၀ါးရုံအုပ်ကြီး၊၊ သူ့ဘေးမှာလည်း ကြောင် လျှာပင်က ရှိသေးတယ်၊၊ ခြံရဲ့ အလယ်လောက်မှာ မဆလာနံ့ရတဲ့ ကရဝေးပင် သေးသေးလေးလည်း ရှိတယ်၊၊ ကဲ … ဘယ်လောက် နေချင့်စဖွယ် နေရာလေးလဲ၊၊အဖေဆောက်ပေးတဲ့ သမီးတို့ အိမ်လေးက ဓနိဖက်လေးတွေနဲ့ မိုးထားတယ်၊၊ အိမ်ဘေးကာကလည်း ၀ါးထရံတစ်ဖက် ဓနိတစ်ဖက်ပေါ့၊၊ ကြမ်းခင်းကတော့ ၀ါးပိုးလုံး အကြီးကြီးတွေကိုခွဲပြီး ဖြန့်ခင်းထားတာပါ၊၊၊ သမီးတို့တွေ ထိုင်ရင် ရှမှာစိုးလို့ အမေက အပေါ်က သင်ဖြူးဖျာလေးတွေ ခင်းပေးတယ်၊၊ အိမ်ဘေးပတ် ပတ်လည်မှာ ရာသီအလိုက် ဟင်းသီးဟင်းရွက်တွေကို အဖေရုံးအားရင် သမီးရဲ့ အစ်ကိုတွေနဲ့ မြေကြီးတွေ ပေါက်ပြီး စိုက်ကြတာပေါ့၊၊ အိမ်ခေါင်းရင်းမှာရှိတဲ့ အဖေတူးပေးထားတဲ့ ရေကန်သေးသေးလေးထဲနေ ရေခပ်ပြီး မောင်နှစ်မတွေ တလှည့်စီ လောင်းရတယ်လေ၊၊ သမီးကတော့ ရေလောင်းတာက နည်းနည်း ရေဆော့ချင်တာ များများပေါ့၊၊ သမီးသူငယ်တန်း စတက်တော့ သမီးတို့ အောင်မင်္ဂလာလမ်းထိပ်မှာပဲ အလက(၅) ကျောင်း ရှိတယ်၊၊ ကျောင်းရဲ့ ဘယ်ဘက်မှာ ကျိုက်ဝိုင်းဘုရားရှိတယ်၊၊ ဘုရားပွဲရောက်ရင် အမေနဲ့အဖေကို လက်တစ်ဖက်စ်ီဆွဲပြီး လိုချင် တာ ပူဆာရတာ သမီး အရမ်းပျော်ခဲ့တယ်၊၊ ညာဘက်မှာ ကျိုက်ဝိုင်းဘုရားဈေးကြီး ရှိတယ်၊၊ ဈေးသွားတဲ့ အမေ့နောက်ကိုလိုက်ပြီး အင်ဖက်နဲ့ ထုတ်ထား တဲ့ ၁ ကျပ်တန် လက်သုတ်ထုပ်လေးတွေကို ကူဆွဲပေးရင်း စားချင်တာ ပူဆာရတယ်၊၊ သမီးကြိုက်တဲ့ ကောက်ညင်းပေါင်း ၅မူးဖိုးဆိုရင် ငှက်ပျောဖက်နဲ့ အကြီးကြီး တစ်ထုပ်ရတယ်၊၊ လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ ချိုင့်အကြီးကြီး ပေးထားခဲ့ပြီး ဈေးအပြန်ဝင်ယူ၊ အီကြာကွေးဖြစ်ဖြစ် နံပြားဖြစ်ဖြစ် ၀ယ်ပြီး အိမ်ရောက်တဲ့အခါ အမေက ရေနွေးရောပြီး မောင်နှမတွေ သောက်ကြရတာ သမီးဘယ်လိုမှ မေ့မရခဲ့ဘူး၊၊ကျောင်းပိတ်တာနဲ့ အစ်ကိုတွေနဲ့ လိုက်ဆော့ရတာ အမောပဲ၊၊ သူတို့က မခေါ်ချင်ရင်လည်း သမီးကတော့ လိုက်တာပဲ၊၊ အမေကို တိုင်ရတာ အမောပေါ့၊၊ အိမ်နားမှာ ရေကန်အကြီးကြီးမှာ အစ်ကိုတွေက ရေကူးတယ်၊၊ ငါးမျှားကြတယ်၊၊ သမီးတို့ကတော့ ရေစပ်မှာ ပေါက်နေတဲ့ ရေကနစိုသီးတွေ ခူးပြီး ဆော့ကြတာပေါ့၊၊ ပြီးရင် စွန်လွှတ်တယ်၊၊ ကုလားမခြေထောက် ပြိုင်ကြရင်း ခြေချော်ကျလို့ သမီးရဲ့ သွားနှစ်ချောင်း ကျွတ်ဖူးတယ်လေ၊၊ ဒီလိုပျော်စရာတွေဟာ ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်၊၊အဖေ အလုပ်နားတဲ့နေ့တွေဆို အိမ်ရှေ့ ၀ါးကွပ်ပျစ်လေးမှာ မိသားစုတွေ ၀ိုင်းထိုင်ရင်း အမေကျွေးတဲ့ လက်ဖက်သုပ်စား၊ ထန်းလျက်ခဲဝါးရင်း အဖေငှဲ့ပေးထားတဲ့ ရေနွေးပူပူလေးကို သောက်ရတာ အရသာရှိပုံများ ပြောမနေပါနဲ့တော့၊၊ ဒီခြံလေးရောက်မှ အမေက သမီးအတွက် ညီမလေးနဲ့ မောင်လေးတစ်ယောက် မွေးပေးတယ်၊၊ အဲ့ဒီတော့ သမီးတို့ မောင်နှမခြောက်ယောက်မှာ ကိုယ်ပိုင်သရက်ပင် တစ်ပင်စီရှိတယ်၊၊ အစ်ကိုလတ်က ဘယ်တော့မှ သမီးတို့နဲ့ အတူမနေဘူး၊၊ သူ့အပင်ပေါ်မှာ လင့်စင်ထိုးပြီး အဖေ့ပုဆိုးစုတ်လေး တွေ ခင်းပြီးကာပြီး နေတယ်၊၊ မုန့်စားချင်ရင် ကြိုးနဲ့ခိုပြီး ဆင်းလာတယ်၊၊ တစ်နေ့တော့ သူ့ကြိုးကို ရှဥ့်ကိုက် ထားလို့ ပြုတ်ကျမှ မှတ်သွားတယ်လေ၊၊ မမေ့စရာတွေ အများကြီးပေါ့၊၊သမီး ငါးတန်းနှစ်မှာပေါ့၊၊ မှတ်မှတ်ရရ ၁၉၈၈ ခုနှစ်၊၊ ဘာမှန်းမသိရတဲ့ အမေ့ရဲ့ စိုးရိမ်မူတွေ အဖေ့ ပူပင်သောကတွေ ယောက်ယက်ခတ်နေတဲ့ လူတွေ သမီးစိတ်ရှုပ်လိုက်တာ၊၊ သမီးတို့ကို ကျောင်းလာမတက် ရင် ကျောင်းထုတ်ခံရမယ်တဲ့။ အမေက မလွှတ်ချင်တော့ဘူး၊၊ နောက်ဆုံး မှတ်မိတာကတော့ ကျောင်းခန်းထဲ မှာ သမီးတို့ အငယ်တန်း လေးတွေကို ထည့်ပိတ်ထားတယ်၊၊ ဘယ်သူမှ အပြင်မထွက်ရဘူးတဲ့၊၊ ကျိုက်ဝိုင်းဘု ရားလမ်းမကြီးမှာလည်း လူတွေကို ဖွေးနေတာပဲ၊၊ ကျောင်းဝင်းကြီးကို ဆရာတွေက သော့ခတ်လိုက်တာ တွေ့ရတယ်၊၊ နောက် (၈)တန်းက အကိုကြီးတွေ အပြင်ကို ပြေးထွက်ပြီး ကျောင်းဝင်းတံခါးကို ဖြိုတော့ အားလုံးက ၀ိုင်းလက်ခုပ်တီးတော့ သမီးတို့တွေလည်း ဘာမှန်းမသိဘူး မြင်ရတာ ပျော်စရာကြီးမို့ လက်ခုပ်တီးလိုက်တာ သမီးလက်ဝါးတွေတောင် ကျိန်းစပ်သွားတာ ပဲ၊၊ ကျောင်းတံခါး ကြီးလည်း ၀ုန်းဆို ပြိုသွားရော လူတွေ ရဲတွေ ကျောင်းထဲ ပြေးဝင်လာကျတော့ သမီးတို့တွေ လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးကြ တာ ကျောင်းနောက်ဖေး အိမ်သာဘက်ပေါ့၊၊ အိမ်ပြန်ရောက်လို့ အမေ့ရင်ခွင်ထဲရောက်မှ ကြောက်စိတ်ပြယ်တယ်၊၊ အင်းစိန် အထက (၂) မှာ ကျောင်းတက်နေတဲ့ အစ်ကိုကြီး လည်း ပြန်မလာ၊ အိမ်ကို သမီးကို လာပြန်ပို့တဲ့ သမီးနဲ့ ကျောင်းတူတဲ့ အစ်ကိုနှစ်ယောက်လည်း ဘယ်ပြန် ထွက်သွားမှန်း မသိဘူး၊၊ အဖေက သူတို့ကို ထွက်ရှာ၊၊ သမီးတို့ ညီအမနှစ်ယောက်နဲ့ လသားလေးပဲ ရှိသေးတဲ့ မောင်လေးကို ဖက်ပြီး စိုးရိမ်ပူပန်သောကရောက်နေတဲ့ အမေကို ကြည့်ပြီး သမီးဗိုက်ဆာတာတောင် မပြော ရက်ခဲ့ဘူး၊၊ နောက်ပိုင်းမှာ အစ်ကိုတို့ လွယ်အိတ်ထဲမှာ အမွေးဖွားဖွားလေးတွေပါတဲ့ ဂျင်ဂလိလို့ခေါ်တဲ့ သံချွန်လေးတွေ ရှိလာတယ်၊၊ အစ်ကိုတွေကလည်း လစ်ရင်လစ်သလို ပျောက်သွားတတ်တယ်၊၊ သမီးတို့ အိမ်လေးမှာ စကားလုံးတွေ ပါးရှားလာတယ်၊၊ မိဘတွေရဲ့ သက်ပြင်းချသံတွေနဲ့အတူ သေနတ်သံတွေကြားရင် ညည သမီးတို့တွေ အိပ်မရကြတော့ဘူး၊၊ သမီးတို့မှာ စားစရာ ပြတ်မှာစိုးလို့ အဖွားလေးပေးမယ့် ဆန်ထုပ်ကို အဖေက ဟိုး … ကြည့်မြင်တိုင်ကနေ သမီးတို့နေတဲ့ သမိုင်းအထိ ခြေလျင် ထမ်းပိုးပြီး ပြန်လာတယ်၊၊ အမေ့မှာ အဖေပြန် မရောက်မချင်း ဘာမှမစားဘဲ အိမ်ရှေ့မှာ ထွက်စောင့်နေတယ်၊၊ ကျိုက်ဝိုင်းဘုရားလမ်းမကြီးမှာ ပဲအပုတ်နံ့တွေ လှိုင်လာတယ်၊၊ ဈေးထဲမှာ သမီးကြိုက်တဲ့ မုန့်တွေ မရောင်းတော့ဘူး၊၊ သမီးတို့ မမြင်ဖူးတဲ့ ပစ္စည်းတွေပုံပြီး ရောင်းနေကြတယ်၊၊ အဖေက အမေနဲ့ အစ်ကိုတွေကို အပြင်က ဘာမှ မယူလာဖို့ ဘာလာ ရောင်းရောင်း ဘာမှ မ၀ယ်ဖို့ မှာတယ်၊၊အားလုံးပြီးသွားတဲ့အခါ သမီးတို့ကျောင်းတွေ ပြန်ဖွင့်တယ်၊၊ စာမေးပွဲ လည်း ဖြေရတယ်၊၊ ဘာမှလည်း မသိဘဲနဲ့လေ၊၊ဒါပေမယ့် အိပ်ပျက်ညတွေ ပြီးဆုံးသွားပြီလို့ ထင်ခဲ့တာ တကယ်တော့ မဟုတ်ခဲ့ဘူး၊၊ အဲ့ဒီအချိန်ကျမှ သမီးတို့ မိသားစုတွေရဲ့ ဘ၀တွေဟာ အိမ်မက်ဆိုးတွေရဲ့အစနဲ့ ကြုံလာရမှန်း သိလိုက်ရတာ။သမီးတို့ နေရာလေး ဖျက်ပေးရမယ် တဲ့၊၊ အစိုးရစက်ရုံတွေနဲ့ ကိုက် ၁၀၀ လား၊ ၃၀၀ လား အကွာအထိ ဖျက်ပေးရမယ်တဲ့၊၊အိမ်ဖျက်ရတော့မယ်လို့ သိလိုက်တဲ့အချိန်မှာ အဖေ့မျက်နှာကို မြင်ရတာ ပြိုတော့မယ့် မိုးလိုပါ၊၊အဖေဟာ သမီးတို့ရဲ့ ကောင်းကင်ပါ၊၊ အဖေရဲ့ မျက်နှာညိုတော့ သမီးတို့ ဘာမှန်းမသိဘဲ ငိုချင်ခဲ့တယ်၊၊
တို့ဘယ်ကိုသွားမလဲ တဲ့၊၊အိမ်မပြောင်းခင် အပင်တွေကို ရောင်းခဲ့လို့ရတယ်ဆို တော့ အဖေက အပင်အရေအတွက်နဲ့ ရောင်းတော့ သမီးတို့ရဲ့ ကိုယ်ပိုင်အပင်လေးတွေကို လာခုတ်ကြတော့ အမေရိုက်တာတောင် မငိုခဲ့တဲ့ အစ်ကိုလတ်က ရှိုက်ကြီးတငင် ငိုခဲ့တယ်၊၊ သူ့လင့်စင်လေး ပျက်သွားတာကိုး၊၊ ပြောင်းရတော့မယ် တက်ကြတက်ကြဆိုပြီး စစ်ကား ရိန်းဂျားကားကြီးတွေ ဆိုက်လာတော့ အပြေးအလွှား တက်ကြတဲ့အခါ ကားထွက်ခါနီး သမီးရဲ့ အချစ်ဆုံး သူငယ်ချင်းက ပြေးလိုက်လာပြီး သစ်ခွအုံကြီး လိုက်ပေးတယ်၊၊ အဲ့ဒီသစ်ခွအုံကြီးက အရင်တုန်းက ပန်းပွင့်ရင် သမီးတို့ ခူးမှာစိုးလို့ တဟဲ့ဟဲ့နဲ့ အော်ဟစ်တားနေခဲ့တာ။ အခုတော့ သူ့အမေကြီးက ဒါတွေကို ဂရုမ စိုက်အားတော့ဘူး ထင်ပါရဲ့။ အကွေ့အကောက်တွေ လမ်းမကြီးတွေ တံတားကြီးတွေ ဖြတ်ပြီး နောက်ဆုံး မြစ်ကြီးတစ်စင်းကို ဖြတ်အပြီးမှာ ကွင်းပြင်ကျယ်ကြီးကို တွေ့ရတယ်၊၊ ဘာဆိုဘာမှ မရှိဘူး၊၊ အလံလိုလို အ၀တ်စလေးတွေ ထောင်ထားတဲ့ ကန္နားဖျင်းတဲလေးတွေ။ ကားဖြတ်သွားတော့ မျက်စိ အကြောင်သားလေးတွေနဲ့ ရပ်ကြည့်နေတဲ့ သမီးတို့အရွယ် ကလေးလေးတွေ၊၊ မီးခိုးလေးတွေ အူနေတဲ့ တဲလေးတွေ၊၊ ရေစည် လှည်းကို ကုန်းတွန်းနေတဲ့ ကျောကုန်းပြောင်နဲ့ လူတွေ၊၊ သမီးတို့တွေကတော့ တခါမှ မမြင်ဖူးတဲ့ မြင်ကွင်းကို ကြည့်ပြီး အရာရာ ဟာ ပါးစပ်အဟောင်းသား ဖြစ်ရတယ်၊၊ ဘာမှန်းမသိ ကြောက်စိတ်လည်း ၀င်လာလို့ အဖေရင်ခွင်ထဲဝင်ပြီး အဖေ့မျက်နှာကိုကြည့်တော့ အံကြိတ်ပြီး အေးစက်တင်းမာနေတဲ့ တစ်ခါဖူးမှ မမြင်ဖူးတဲ့ ပုံရိပ်ကို တွေ့ရတယ်၊၊ မောင်လေးကို ပွေ့ပြီးလိုက်လာတဲ့ အမေမျက်နှာက လည်း ခံစားချက်မဲ့နေသလို၊၊ဒါ … မင်းတို့ နေရမယ့်နေရာပဲ တဲ့၊၊ ဘာဆိုဘာမှ မရှိဘူး၊၊ အရိပ်ဆိုလို့ မြက်ပင်လေး တစ်ပင်တောင် မရှိတဲ့နေရာ၊၊ ဘုရားရေ … ဘယ်နေရာများပါလိမ့်၊၊ သောင်ပြင်လွှတ်ခံရတဲ့ သူတွေလိုပါလား၊၊တံလျပ်ရောင်တွေကလည်း တ၀င်းဝင်း၊၊ မြင်လေရာဟာ လေဟာနယ်ကြီး တစ်ခုလို၊၊လေတိုက်ပုံကလည်း အဖေ့လက်ကိုသာ ဆွဲမထားရင်း သမီးတို့ မောင်နှမတွေ လွင့်သွားမှာတောင် စိုးတယ်၊၊ မြင်ရတဲ့ မြေကြီးပတ်ကြားအက် အကွဲကြီးတွေက မြေပုံဆွဲထား သလို၊၊ကားကြီးပေါ်က ချပြီးတဲ့ ပစ္စည်းပုံတွေနဲ့ သမီးတို့ကို လက်ဆွဲပြီး မတ်မတ်ရပ်နေတဲ့ အဖေ့ မျက်နှာကို မကြည့်ဝံ့ တော့ဘူး၊၊ တရွေ့ရွေ့ဝေးသွားတဲ့ ဖုန်တထောင်းထောင်းနဲ့ ကျောခိုင်းထွက်သွားတဲ့ ကားကြီးကို ငေးကြည့်ရင်း သမီးတို့ရဲ့ အနာဂတ်ကို တွေးမိတော့ …၊၊အဖေနဲ့ အစ်ကိုတို့ ထိုးထားတဲ့ ကန္နားဖျင်း တဲလေးထဲမှာ မောင်လေးနဲ့ ညီမလေး ဘေးမှာနေရင်း မီးမွှေးနေတဲ့ အမေကို ငေးကြည့်မိတယ်၊၊ မောင်လေးက ရေဆာတယ်လို့ ပြောတာကို အမေကို ပြောတော့ သမီးတို့မှာ သောက်စရာရေတောင်မရှိတဲ့ အဖြစ်တွေအတွက် သမီးရင်ထဲမှာ နာကျင်ခဲ့တယ်၊၊ မိဘတွေဆို ဘယ်လိုနေခဲ့ မလဲလို့ မတွေးရဲတော့ဘူး၊၊မနက်တစ်ခေါက် ညနေတစ်ခေါက် ရေလာပေးတဲ့ ဘောက်ဆာကားကြီးကို မျှော်ရတဲ့အလုပ်၊၊ သားလေး ငါးလေးကို နီးရာရွာတွေက လာရောင်းမှ စားရတယ်၊၊ ညဘက်ဆို ပိန်းပိန်းမှောင်နေတဲ့ အမှောင်ထုကြီးကြား မှာ ညညဆို သူခိုးပူလွန်းလို့ ကိုယ့်လုံခြုံရေးအတွက် ကိုယ့်ဘာသာ အလှည်ကျ ကင်းစောင့်ရတဲ့ အစ်ကိုတွေ ဘေးမှာ ထိုင်ရင်း ခြောက် သွေ့သွားပြီဖြစ်တဲ့ သစ်ခွအုံလေးကိုငေးရင်း သမီးတို့ရဲ့ အိမ်ဟောင်းလေးကို လွမ်းတဲ့ စိတ်နဲ့ ငိုမိတယ်၊၊ ကျောင်းတက်ရတဲ့ ဘ၀ကတော့ တစ်သက်တာအတွက် ဘယ်လိုမှ မေ့လို့ရမယ် မထင်ဘူး၊၊ မြို့သစ်မှာ သမီးတို့အတွက် ကျောင်းမရှိဘူး ဆိုရင်ယုံမှာလား၊၊ မိုးသည်းသည်း လေထန်ထန်မှာ သမီးတို့မောင်နှမတွေ ငမိုးရိပ်ချောင်းကိုဖြတ်ပြီး ကျောင်းတက်ခဲ့ရတယ်လေ၊၊ ညီမလေးက ခေါင်မိုးပြည့်အောင် မမိုးရသေးတဲ့ မြို့သစ် ကျောင်းလေးမှာ တက်ရတယ်၊၊ သမီးတို့ မောင်နှမတွေ ကျောင်းသွားရင် မောင်လေးကိုပွေ့ရင်း စိတ်မချလွန်းလို့ မျက်စေ့တဆုံး ငေးကြည့်နေတဲ့ အမေကိုကြည့်ရင်း သမီးတို့မောင်နှမတွေ ၀မ်းနည်းစိတ်မ ကောင်းဖြစ် နောက်ကြောင်းမအေးသလို ခံစားခဲ့ရတယ်၊၊၊ အိမ်အပြန်မှာ လမ်းပျောက်ပျောက်သွားနေတဲ့ အဖေ့ကို မျှော်ကြရင်း သမီးတို့ ရင်မောခဲ့ရတယ်၊၊ဒီလိုမျိုး သမီးတို့ရဲ့ ဘ၀တွေ အားလုံးပြောင်းပြန်လှန်သလို နေရာတွေ ပြောင်းပေးခဲ့ ရတာတွေဟာ ဘာကြောင့် ဘယ်သူ့ကြောင့် ဘာတွေကြောင့်ဆိုတာ သမီးငယ်ငယ်တုန်းက မသိခဲ့တာ အမှန်ပါ၊၊ သမီးတို့ရဲ့ ဘ၀တွေကို အငြိုးမရှိဘဲ ပျက်စီးအောင် လုပ်ခဲ့သူတွေကို ဘာကြောင့်ဆိုတာ သိအောင်ကြိုးစားမယ်လို့ သမီးဆုံးဖြတ်ခဲ့ တယ်၊၊သိလိုက်တဲ့ အချိန်မှာ သမီးက သမီးတို့လို သိသွားတဲ့ သူတွေကို လုံခြုံအောင် ထိန်းသိမ်းထားတဲ့ နေရာတစ် ခုမှာ ရောက် နေပြီအဖေ၊၊ ဒါပေမယ့် သမီးသိချင်တာ တစ်ခုရှိတယ်။ သမီး အရိပ်လို အမြဲကြည့်ခဲ့တဲ့ အဖေရဲ့ မျက်နှာ အဲ့ဒီအချိန်မှာ ဘယ်လိုရှိနေမယ် ဆိုတာကိုပါ အဖေ …။(တိုင်းပြည်ရှိပြီး တိုင်းပြည်ပျောက်နေရတဲ့၊ နေရာရှိပြီး နေရာပျောက်နေရတဲ့၊ အိမ်ရှိပြီး အိမ်ပျောက်နေရတဲ့ ဘ၀တွေအတွက် …)

Read More...

Monday, August 4, 2008

888 Statement



Read More...

Red Campaign





Read More...