DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, November 14, 2011

Dr.KYAW THU


မြန်မာနိုင်ငံတစ်ခွင် ဘုရားသခင်၏ သာသနာတော်အလင်းတွင် လူမျိုးမရွေး၊ ဂိုဏ်းကဏမရွေး တပည့်တော်အချင်းချင်းကူညီထောက်ပံ့အားပေးရန်၊ သာယာရွှင်လန်းစွာ ၀တ်ပြုနိုင်ရေးကိုရည်ရွယ်လျက် မြန်မာအစီအစဉ်ကိုဧမာနွေလနှစ်ခြင်းအသင်းတော်၌ စတင်ခဲ့ရာယနေ့ ၁၃.၁၁.၂၀၁၁ ရက်နေ့တွင် (၂၁) နှစ်မြောက် နေ့ကောင်းနေ့မြတ် တစ်ရက်ဖြစ်သည်။ ထို (၂၁)နှစ်မြောက် မဟာဓမ္မသဘင်ပွဲကိုအမှတ် (၄၁၁)၊ မဟာဗန္ဓုလလမ်း၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာဧည့်ပရိသတ်ပေါင်းများစွာဖြင့် ဧမာနွေလနှစ်ခြင်းအသင်းတော် အဆောက်အဦးတစ်ခုလုံး ပြည့်လျှံသွားတော့သည်။



ယင်းအခမ်းအနားတွင် Doctor of Divinity (D.D) ဘွဲ့အားSayamagyiDaw May MayKhin, Doctor of Humane Social Services (D.H.S.S) ဘွဲ့အားU Kyaw Thu @ Kyaw Win (Free Funeral Service Society – Yangon), Master of Humane Social Services (M.H.S.S) ဘွဲ့အားDaw Peggy Gyaw၊ Daw Maw Maw @ La Min Aein (ဆရာချစ်စံဝင်း၏ ဇနီး),Daw Rowena Hein, DawMyintMyintKhinPe @ Shwe Zee Kwet တို့အားသိက္ခာတော်ရသင်းအုပ်ဆရာတော်ကြီးRev.Dr.Paul F. Johns မှ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဧမာနွေလနှစ်ခြင်းအသင်းတော်ကြီး၏ သိက္ခာတော်ရဆရာတော်ကြီးဦးပေါလ်အက်(ဖ်)ဂျွန်(စ်)သည် ဦးကျော်သူအားဒေါက်တာဘွဲ့ (D.H.S.S – Doctor of Humane Social Services)ဘွဲ့ချီးမြှင့်ရခြင်းအကြောင်းရင်းအား “ဦးကျော်သူကိုဖာသာတို့ကဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် ရတဲ့ အကြောင်းရင်းကဘာလဲဆိုရင် ဦးကျော်သူကလူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကိုပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာဘုရားသခင်ကလူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့ မျက်ရည်ကိုသုတ်ပေးတဲ့လူတွေ အကုန်လုံးကဘုရားသခင်ရဲ့ အလုပ်ကိုလုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရားတွေ့မှဘဲလူတွေကမျက်ရည်ကျတာများတယ်လေ။ ဦးကျော်သူကအဲဒီလိုလူတွေကိုမျက်ရည်သုတ်ပေးတာကတစ်ကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့ အလုပ်ကိုကျော်သူကလုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရဒီဘွဲ့ကိုချီးမြှင့်ပေးခြင်း ဖြစ်တယ်။” ဟူ၍၄င်း၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား (M.H.S.S – Master of Humane Social Services)ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ “ခင်ပွန်းဖြစ်သူနှင့်အတူလူမှုရေးလုပ်ငန်းများကိုမောင်တစ်ထမ်းမယ်တစ်ရွက် တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်။” ဟူ၍ ပြောကြားခဲ့ပြီးနောက် ဘွဲ့များအားအသီးသီးချီးမြှင့်ပေးခဲ့သည်။



ဦးကျော်သူမှ ဘွဲ့ချီးမြှင့်ခံရပြီးသည့်နောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာမိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲမိမိတို့နှင့် ဘာသာမတူသောခရစ်ယာန်အဖွဲ့မှချီးမြှင့်ပေးသည့်အတွက် အံသြရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိဤဘွဲ့အားရရှိခြင်းမှာမိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်မှုကြောင်း၊ နိုင်ငံတော်အစိုးရအားမိမိတို့ တစ်ဖက်တစ်လမ်းလူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ၊ နယ်စပ် ဒေသများရှိ စစ်ပွဲများကိုလည်းအမြန်ဆုံးရပ်ဆိုင်းခွင့်ရရှိကာယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံးလွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြားသွားခဲ့သည်။ ထိုအတူဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှလည်း “ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါကြောင်း၊ မိမိတို့လိုဘာသာခြားကိုမုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျွန်မကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသောတိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများကွဲပြားနေခြင်းကိုအမြန်ဆုံးစည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်။” ဟူ၍ ပြောကြားခဲ့သည်။ ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီးများမှ ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင်နှင့် မွေးနေ့အထူးဖယောင်းတိုင်များထွန်းငြိ၍ ဆုတောင်းခြင်း၊ ပရိသတ်များမှ ဓမ္မသီချင်းများသီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့မှ ဓမ္မတေးများသီဆိုဖျော်ဖြေခဲ့ကြကာအခမ်းအနားအားအောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။



အထက်ဖော်ပြပါ ဘွဲ့များကို IMMANUEL THEOLOGICAL INSTITUTE (ပင်မကျောင်းတော်ကြီး)၊ UNION BIBLICAL SEMINARY (ရန်ကုန်)၊ INTERNATIONAL SCHOOL OF THEOLOGY (ဘန်ကောက်)၊ ONLINE BIBLE COLLEGE INTERNATIONAL (သြစတြေးလျ)တို့မှ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုဆောင်ပုဒ်အတိုင်းလူမျိုးဘာသာမခြားဆင်းရဲချမ်းသာမရွေးတို့အားပေးဆပ်မှုများ ပြုလုပ်ပေးခဲ့သည်နှင့်အညီဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တော် မူသော “ကိုယ်ပြုသောကံပဲ့တင်သံကိုယ့်ထံပြန်လာမည်” ဟူသောစကားအတိုင်းယခုကဲ့သို့လူမျိုးဘာသာကွဲတို့၏ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းကိုခံရခြင်းဖြစ်သည်ဟုယုံကြည်မိပါတော့သည်။ ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုးဘာသာကွဲများ၏ လူသားချင်းစာနာထောက်ထားမှု၊ ပေးဆပ်မှု၊ ဂုဏ်ပြုမှု၊ ချီးမြှင့်မှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ရှေးရှုသော ပြယုဒ်တစ်ခုပင် ဖြစ်တော့သည်။

Read More...

Monday, May 2, 2011

sunami

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 



..................
Posted by Picasa

Read More...

Monday, April 11, 2011

အရောင်းဆိုင်များ ငွေအကြွေပြန်မအမ်းဘဲ ကူပွန်အမ်းပါက ဥပဒေအရ အရေးယူမည်

ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချရာ ဌာနများဖြစ်သည့် စတိုးဆိုင်များ အပါအဝင် စားသောက်ဆိုင်များ၊ ဆေးဆိုင်များ၊ အင်တာနက်ဆိုင်များ စသည့် ဆိုင်များသည် ဝယ်ယူသုံးစွဲသူများကို ငွေအကြွေမအမ်းဘဲ အကြွေတန်ဖိုးနှင့် ညီမျှသော ဆိုင်တံဆိပ်များပါ ကူပွန်စာရွက်များ ပြန်ပေးခြင်း ပြုလုပ်ပါက အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။ အဆိုပါ ဆိုင်များမှ ငွေစက္ကူအစား ပြန်အမ်းလိုက်သည့် ကူပွန်စာရွက်များမှာ ယင်းသို့ ပြန်အမ်းလိုက်သည့် ဆိုင်တွင် အမြဲသွားရောက် ဝယ်ယူလေ့ရှိသူများအတွက် အခက်အခဲသိပ်မရှိလှသော်လည်း တစ်ခါတရံမှသာ ဝယ်ယူလေ့ရှိသူအများစု အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ၎င်းကူပွန်စာရွက်မှာ နိုင်ငံတော်အစိုးရက ထုတ်ဝေသည့် ငွေစက္ကူ မဟုတ်သဖြင့် ဆိုင်တစ်ဆိုင်မှ ပေးလိုက်သော ကူပွန်စာရွက်ကို အခြားဆိုင်များက လက်မခံသဖြင့် ဝယ်ယူသူများမှ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့ရကြောင်း သိရသည်။ “ဒီကူပွန်အမ်းတဲ့ စနစ်ကို အရင်ဆုံးလုပ်ခဲ့တာက နာမည်ကြီး အရောင်းဆိုင်တွေက စလုပ်ခဲ့တာ။ နောက်ပိုင်းမှာ တခြားဆိုင်တွေကပါ လိုက်လုပ်လာကြတာ” ဟုဝယ်ယူကြုံတွေ့ရသူတစ်ဦးက ပြောသည်။ ဝယ်ယူသူကို ငွေအကြွေပြန်မအမ်းဘဲ ကူပွန်ပြန်ပေးသည့် အရောင်းအဝယ် ဌာနများကို သက်ဆိုင်ရာမြို့နယ် အာဏာပိုင် အဖွဲ့အစည်းများက ဧပြီ ပထမပတ်နှင့် ဒုတိယပတ်များအတွင်း ကွင်းဆင်းစိစစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသော အရောင်းဌာနများကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဧပြီ ၁၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
သတင်း - ခေတ်လူငယ်

Read More...

Friday, March 18, 2011

မိုးမခ မှ မောင်ရစ် ၏ သတင်းပေါင်းချုပ် 2011 mar 17

news on Mar 17

Read More...

Monday, March 14, 2011

နာရေးကူညီမှုအသင်း၏ လူမှုရေးကူညီမှုများ ၁၀ နှစ်ပြည့်ပြီ

နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေး၊ (၇) ရက်သားသမီးတို့၏ နာရေးကိစ္စအ၀၀တို့ကို မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထား၍ (အခမဲ့) ကုသိုလ်ဖြစ် အအေးခန်းထားပေးခြင်း၊ မီးသင်္ဂြိုလ်ပေးခြင်းတို့ကို အလူမီနီယမ်ခေါင်း၊ မှန်ခေါင်း၊ ရဟန်းသံဃာတော် များအား စတီးလ်ကရ၀ိတ်ဖောင်၊ မှန်စီရွှေချခေါင်းများဖြင့် ကုသိုလ်ပြုလုပ်ငန်းများကို ပေးဆပ်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ဆယ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယခု ၂၀၁၁ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့အထိ နာရေးကူညီမှုပေါင်း (၉၉၆၄၄) ဦးတို့ကို (အခမဲ့) ကူညီခဲ့ပြီး ဖြစ်ပါသည်။ ယခုလာမည့် မတ်လ (၂၀/၂၁) ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းဦးရေ ပြည့်တော့မည်ဖြစ်သည်။



၂၀၀၇ ခုနှစ်မှစ၍ အသင်း၏ အထူးအစီအစဉ်တစ်ရပ်ဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော ဆင်းရဲနွမ်းပါးလှသည့် နာရေးကိစ္စကို နိုင်ငံခြားမှတစ်ဆင့် လှူဒါန်းထားသော နိုင်ငံခြားဖြစ်အခေါင်းနှင့် မီးသင်္ဂြိုလ်ပေးခြင်း၊ ကျန်ရစ်သောနာရေးရှင် မိသားစုတို့အား ငွေလှူဒါန်းခြင်း (အသင်းသူ/သားများ၏ စုပေါင်းလှူဒါန်းငွေ) တစ်သိန်းအထက်နှင့် ရက်လည်ဆွမ်းကပ်အလှူဒါနအတွက် သင်္ကန်းပရိက္ခရာများ လှူဒါန်းပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်မှာ ယခုဆိုလျှင် (၅) ကြိမ်တိတိရှိပြီ ဖြစ်ပါသည်။



ယခု ၂၀၁၁ ခုနှစ်တွင် အသင်း၏ထူးခြားမှု၊ လှုပ်ရှားမှုတစ်ရပ်အဖြစ် “ဘ၀နိဂုံး အဆုံးပုံရိပ်” ဟူသော ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓါတ်ပုံပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ နာရေးကူညီ မှုအသင်း(ရန်ကုန်)သို့ လာရောက်၍ လုပ်အားပေးမည့် လူမှုရေးသမားများသည် နာရေးကူညီမှု၊ ဆေး ကူညီမှု၊ ပညာရေးစသည့် သင်တန်းများကိုတက်ရောက်ပြီးမှ လုပ်အားပေးခွင့်ကို ရရှိမည်ဖြစ်သည်။ ယင်း သင်တန်းများတွင် “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံသင်တန်းကိုလည်း ပို့ချခဲ့သည်။



ဓါတ်ပုံ အမှတ်စဉ် (၁ / ၂) ထည့်ရန်

ရည်ရွယ်ချက် -

၁။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်သယ်ဆောင် ကူညီပံ့ပိုးပေးသည့် နာရေးလမ်း ကြောင်းများ၏ ထူးခြားချက်များ ( ရေနစ်၊ ဆွဲကြိုးချ၊ ရထားကြိတ်၊ လမ်းဘေး သေဆုံးမှု စသည့်) အခြားအခြားသော ဖြစ်စဉ်များအတွက် ဓါတ်ပုံမှတ်တမ်းများ လိုအပ်ခြင်း။

၂။ အချို့သော နာရေးရှင်များမှ မိမိတို့၏ နာရေးကိစ္စမှတ်တမ်းပုံများကို အမှတ်တရတောင်းခံခြင်း။

၃။ အလှူရှင်တို့အား မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပေးခြင်း။

၎။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သမိုင်းကြောင်းရာဇ၀င်များကို မှတ်တမ်းတိတိကျကျ ဓါတ်ပုံ များနှင့်တကွ မှတ်တမ်းပြုထားလိုခြင်း စသည့် ရည်ရွယ်ချက်များကြောင့် အသင်းသူ/သားတိုင်း ဓါတ်ပုံရိုက်ကူးမှု အတတ်ပညာကို တတ်မြောက်ရမည်ဟူသော ခံယူချက်နှင့်အညီ ဓါတ်ပုံရိုက်သင်တန်း ကို သင်ကြားပေးခဲ့ပါသည်။



ယခင် ၂၀၀၉ ခုနှစ်အတွက် အသင်းမှ သင်္ဂြိုလ်ပေးမှုအလောင်း (၁၀၀၀၀) ပြည့်ကိုလည်း (၂၈.၉.၂၀၀၉) နေ့တွင် “ဘ၀နိဂုံး အဆုံးပုံရိပ်” ဟူသော မှတ်တမ်းတင်ဓါတ်ပုံပြိုင်ပွဲ ကျင်းပပေးခဲ့ရာ အသင်းသူ/သားများ တက်တက်ကြွကြွ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နာရေးရှင်တို့ကလည်း နောက်နေ့ တွင် သူတို့၏ နာရေးမှတ်တမ်းပုံများကို မှတ်မှတ်ရရ လာရောက်တောင်းခံခဲ့ကြသည်။



ဤသည်မှာ . . . မိမိတို့၏ ပီတိပင်ဖြစ်တော့သည်။

ဓါတ်ပုံဆုပေးရာတွင် အဓိက - နာရေးရှင်တို့၏ ပတ်ဝန်းကျင်အနေအထား၊

နာရေးရှင်တို့၏ ခံစားချက်အနေအထား၊

ဓါတ်ပုံပညာရပ်၏ ကျွမ်းကျင်မှုအနေအထား၊

ဓါတ်ပုံပညာရပ်၏ ထူးခြားသော ပုံဖော်မှုတို့ကို အဓိကထား ရွေးချယ် ဆုံးဖြတ်ကြသည်။

ဤတွင် . . . ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု တို့ဖြစ်ကြသည်။



ဓါတ်ပုံ အမှတ်စဉ် (၃ / ၄ / ၅) ထည့်ရန်

ယခု ၂၀၁၁ ခုနှစ်၊ မတ်လ (၂၀/၂၁) ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းပြည့်တော့မည့် နေ့ရက်တွင် အထူးခြားဆုံး အစီအစဉ်တစ်ရပ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဓါတ်ပုံသင်တန်းဆင်း အသင်းသူ/သားများအား ဓါတ်ပုံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့်မပြုဘဲ စိတ်ပါဝင်စားသော ပြင်ပဓါတ်ပုံပညာရှင်များသာ ပါဝင်ရိုက်ကူးယှဉ်ပြိုင် ကုသိုလ်ယူမည့်ပွဲ ဖြစ်သည်။ အသင်းသူ/သားများ ပါဝင်ရိုက်ကူးခွင့် မပြုခြင်းမှာ - နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးပို့ဆောင်မှု အင်အားလျော့ပါးခြင်း မရှိစေဘဲ စည်ကားသိုက်မြိုက်စွာ ဘ၀တစ်ပါးသို့ ပြောင်းလဲသွားသော လူသားတစ်ဦးအတွက် ထိရောက်စွာပေးဆပ်နိုင်ရန်အတွက် ဖြစ်သည်။ ထို့အပြင် ပြင်ပဓါတ်ပုံပညာရှင် များအနေဖြင့်လည်း မင်္ဂလာဆောင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများ၊ မွေးနေ့ပွဲများနှင့်သာ တင်းတိမ်ရောင့်ရဲမနေဘဲ လူသားတစ်ဦး၏ နောက်ဆုံးကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ပုံရိပ်လွှာများ အား ကုသိုလ်လည်းရကာ မိမိတို့၏ ဓါတ်ပုံပညာရပ်ကိုလည်း တင်ပြနိုင်ခွင့် ရစေမည်ဖြစ်သည်။



ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းပြည့် အစီအစဉ်အတွက် အထူးကျင်းပမည်ဖြစ်သော “ဘ၀နိဂုံး . . . အဆုံးပုံရိပ်” ဓါတ်ပုံပြိုင်ပွဲအား စိတ်ဝင်စားသော ဓါတ်ပုံပညာရှင်များသည် ယခု မတ်လ (၁၈/၁၉) ရက်နေ့များတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄၊ ၅၈၁၃၆၃၊ ၅၈၀၁၃၃ သို့၎င်း၊ တီဗီသက်မွန်နှင့်အဖွဲ့ အမှတ်(၁၂၆)၊ ၃၃ လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၉ ၅၀၄၄၄၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်း၍ ပြိုင်ပွဲဝင်လျှောက်လွှာများအား ထုတ်ယူဖြည့်စွက်ကာ တစ်သိန်းပြည့် ကုသိုလ်ယူပွဲ ကြီး၏ မှတ်တမ်းပုံများကို ပါဝင်ဆင်နွှဲကြပါရန် သတင်းပေးအပ်ပါသည်။

Read More...

Thursday, February 10, 2011

မသာလုခြင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဖွဲ့စည်းထားသော နာရေးကူညီမှု အသင်းက နာရေးတခုကို ကျပ် ၂၀၀၀၀ ပေးကာ အသုဘ မြေကျသည်အထိ အခမဲ့ လိုက်လံ ၀န်ဆောင်မှုပေးရန် ပါတီခေါင်းဆောင်များက ညွှန်ကြား ထားသည်ဟု သတင်းရရှိသည်။

Members-of-the-Union-Solidarity-and-Development-Party-USDP

ကြံ့ဖွံ့ပါတီဝင်များကို ၎င်းတို့ အစည်းအဝေးပွဲအပြီး စုဝေးနေစဉ် ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - AP)

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ကြံ့ဖွံ့ပါတီဝင်များက အခမဲ့ နာရေးကူညီမှုများ ဆောင်ရွက် လာသည့်အပြင် တခြားသော ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ရန် ညွှန်ကြား ထားကြောင်း မြို့နယ်ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌတဦး ပြောသည်။

“မြို့နယ်တိုင်းမှာတော့ မဟုတ်ဘူး။ တချို့မြို့နယ်တွေမှာ နာရေးကူညီမှု အသင်းဆိုပြီး စလုပ်နေတယ်။ ဒါကလည်း ညွှန်ကြားချက် ကြောင့်ပါ” ဟု သူက ဆိုသည်။

တောင်ဥက္ကလာပ မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံ ထားရသော ကြံ့ဖွံ့ပါတီမှ ဦးအောင်မိုးကျော်က ရပ်ကွက်အတွင်း နာရေးဖြစ်ပေါ်လာလျှင် ကြံ့ဖွံ့ပါတီက ဖွဲ့စည်းထားသော နာရေးကူညီမှုအသင်းကိုသာ အကြောင်းကြားစေလိုကြောင်း ပြောဆိုနေသည်ဟု တောင်ဥက္ကလာပ ဒေသခံများက ဆိုသည်။

ထိုသို့ ကြံ့ဖွံ့ပါတီက နာရေးကိစ္စ လိုက်လံ ဆောင်ရွက်လာခြင်းမှာ ဦးကျော်သူ ဦးဆောင်သော နာရေး ကူညီမှုအသင်း (ရန်ကုန်) ကို ယှဉ်ပြိုင်လာခြင်းသာဖြစ်ကြောင်း၊ နာရေးကူညီခြင်းများကို ကြံ့ဖွံ့ အသင်းဘဝကလည်း ဆောင်ရွက်ဖူးကြောင်း၊ သို့ရာတွင် စေတနာမပါသဖြင့် အောင်မြင်မှု မရရှိကြောင်း ရန်ကုန် ဒေသခံများက ပြောကြသည်။

“နာရေးဖြစ်လာတိုင်း ကျော်သူကို အကြောင်းကြားစရာမလိုဘူး၊ ကြံ့ခိုင်ရေးကို အကြောင်းကြားရင် ငွေလည်းပေးမယ်၊ နာရေးကိစ္စလည်း လုပ်ပေးမယ်ဆိုပြီးလိုက်ပြောတာ။ ကြံ့ခိုင်ရေးက ဦးကျော်သူကို လိုက်ပြီး ပြိုင်တဲ့ပုံစံရှိတယ်။ မသာ လုတာပေါ့” ဟု တောင်ဥက္ကလာပ ၇ ရပ်ကွက်မှ ဆွမ်းလောင်းအသင်းတာဝန်ခံ တဦးကဆိုသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အများစုသော နာရေးရှင်များက ကြံ့ဖွံ့ပါတီ၏ နာရေး အသင်းကို ဆက်သွယ်ခြင်း မရှိဘဲ ဦးကျော်သူ၏ နာရေးကူညီမှုအသင်းကိုသာ ဆက်သွယ်ပြီး ဈာပန ကိစ္စများကို ဆောင်ရွက်ကြကြောင်း သိရှိရသည်။

ကြံ့ဖွံ့ပါတီက အခမဲ့လိုက်ပါပို့ဆောင်သော နာရေးကိစ္စများကို ဗီဒီယို ကင်မရာများဖြင့် သေချာစွာ မှတ်တမ်းတင်၍ ပါတီခေါင်းဆောင်များဆီသို့ တင်ပြရကြောင်း သိရသည်။

“ကြံ့ခိုင်ရေးကို အကြောင်းကြားတဲ့ နာရေးကိစ္စဆိုရင် ဦးအောင်မိုးကျော်က ဗီဒီယို ကင်မရာကြီး တကားကားနဲ့ အသုဘ လိုက်ပို့တယ်။ အသုဘရှင်တွေက သာငိုနေတာ၊ ကြံ့ခိုင်ရေးတွေက ပျော်နေတဲ့ပုံပဲ။ အလောင်းကိုလည်း သေသေချာချာ ဗီဒီယို မှတ်တမ်းတင်တာ။ စေတနာ ပါလို့ လုပ်တဲ့ပုံစံမဟုတ်ဘဲ နာမည်ကောင်းလိုချင်လို့ လုပ်တဲ့ပုံစံမှန်း သိသာတယ်”
ဟု တောင်ဥက္ကလာ ၁၆ ရပ်ကွက် ရယက တဦးက ဆိုသည်။

နိုင်ငံရေးပါတီတခုမှ အလုပ်အမှုဆောင် တဦးက အာဏာရပါတီဖြစ်သော ကြံ့ဖွံ့ပါတီ၏ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကို ကြိုဆိုကြောင်း၊ သို့ရာတွင် လူမှုရေးလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် မဲဝယ်ခြင်း၊ ပါတီဝင် အင်အား စုဆောင်းခြင်းများမှာမူ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

“လူမှုရေးလုပ်တဲ့ နေရာမှာ တကယ် စေတနာပါဖို့ လိုပါတယ်။ စေတနာမပါဘဲ ၀တ်ကျေတန်းကျေ သူများလုပ်လို့ လိုက်လုပ်တာမျိုး၊ မဲဝယ်ဖို့၊ ပါတီဝင်ရဖို့ လုပ်တာမျိုးကတော့ ဘယ်တော့မှလည်း မအောင်မြင်ဘူး။ နာမည်ကောင်းလည်း ရမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

မရမ်းကုန်းမြို့နယ် ကြံ့ဖွံ့ပါတီက ဆောင်ရွက်လျက်ရှိသော နာရေးကူညီမှုအသင်းတွင် ရန်ပုံငွေများကို အလွဲသုံးစားမှု ဖြစ်ခဲ့ခြင်းကြောင့် ပါတီဝင်များအကြား ပြသနာတက်ခဲ့ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက လမ်းခင်းခြင်း၊ အသေးစားငွေချေးခြင်း၊ အခမဲ့ဆေးရုံ၊ ဆေးပေးခန်းများ ဖွင့်လှစ်ပေးခြင်း အပါအ၀င် လူမှုရေး လုပ်ငန်းများကို ပြည်သူပိုင် ဘဏ္ဍာများ အသုံးပြု၍ လုပ်ဆောင်ခြင်းဖြင့် ကြိုတင်မဲ စုဆောင်းခြင်း၊ ပါတီဝင် အမာခံအင်အား စုဆောင်းခြင်းများ ပြုလုပ်ခဲ့သည်။

Read More...