DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, July 21, 2008

့် အာဇာနည်နေ့ ကျင်းပ ရန် ဇူလိုင် (၁၈) ရက်မှ အနီးကပ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ အခမ်းအနားကျင်းပရန်စီစဉ်ရ

မြန်မာ့သမိုင်းတွင် မည်သို့မျှဖျောက်ဖျက်ပြစ်ရန်မလွယ်ကူသည့် မြန်မာ့နိုင်ငံလွတ်လပ်ရေးရရှိရန် ဆောင်ရွက်ခဲ့သူ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မြန်မာ့နိုင်ငံရေးခေါင်းဆောင်အများအပြား လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည့် အာဇာနည်နေ့အခမ်အခမ်းအနားကို လုပ်ကြံခံရသည့် ၁၉၄၇ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့သော်လည်း ယခုနှစ် ၂၀၀၈ ခုနှစ် (၅၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကိုမူ အခမ်းအနားနှင့် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့ သည်ကို တွေ့ရသည်။အာဇာနည်နေ့ကျင်းပရေးနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများ၏ ညွှန်ကြားချက် တစ်စုံတစ်ရာ ရောက်ရှိလာခြင်းမရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကာ ဇူလိုင်လ (၁၈) ရက်နေ့ ရောက်မှ အခမ်း အနား ကျင်းပရန် အပူတပြင်းစီးစဉ်ခဲ့ရကြောင်းသိရသည်။ညနေရှစ်နာရီ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော သတင်းများတွင်မူ မြန်မာလူမျိုးတို့အတွက် အရေးကြီးလှသည့် အာဇာနည်နေ့ အခမ်းအနားသတင်းလုံးဝ ပါဝင်ခြင်းမရှိခဲ့ပဲ ကာကွယ်ရေး ၀န်ကြီး ဌာန၀န်ကြီး ဗိုလ်ချုပ်ကိုကို၏ ဧရာဝတီတိုင်း လေဘေးပြန်လည်ထူထောင်ရေး လှည့်လည်စစ်ဆေးမှုသတင်း၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်အောင်သောင်း၏ သတင်း၊ သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်အုန်းမြင့်၏သတင်း၊ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်တို့၏ သတင်းများနှင့်အတူ နအဖတိုင်းမှူးများ၏သတင်းများ၊ ကြံဖွံ့အသင်းဝင်များ ၏ သတင်းများကိုသာ မိနစ်သုံးဆယ်ကြာမှ ထုတ်လွှင့်သွားခဲ့သည်။ ရုပ်မြင်သံကြားကြည့် ပြည်သူများအနေဖြင့်မူ အာဇာနည်နေ့သို့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ကျဆုံးသွားခဲ့သည့် အာဇာနည်များပုဂ္ဂိုလ်များ၏ မိသားစုများ တက်ရောက်ဂုဏ်ပြုပုံသတင်းများကိုပင် ယခင်နှစ်များကဲ့သို့ ကြည့်ရှု့ခွင့်မရခဲ့ကြကြောင်းသိရသည်။နေပြည်တော်ရှိ နအဖဗိုလ်ချုပ်များမှ အာဇာနည်နေ့အခမ်းအနားကျင်းပရန် မေ့ချင်ယောင်ဟန်ဆောင်နေကြပေမယ့် အာဇာနည်နေ့မတိုင်မှီ ဇူလိုင် (၁၈) ရက်နေ့ ညဦးပိုင်း များမှာတော့ လက်နက်အပြည့်အစုံနှင့် လူထုအုံကြွမှု အထူးဖြိုခွင်းရေး စစ်ဆင်မှုများကို ရန်ကုန်မြို့ရှိ အချက် အခြာမြို့နယ် များတွင် နအဖအာဏာပိုင်များဖြစ်ကြသည့် ရဲနှင့် စစ်တပ်တို့ အတူပူးပေါင်းပြုလုပ်သွားကြောင်းသိရသည်။ ထိုသို့ပြုလုပ်ရာ တွင် ဒိုင်း၊ မျက်ရည်ယိုဗုံး၊ သေနက်၊ လောက်လေးဂွစသည့် အကြမ်းဖက်နှိုမ်နင်းရေး လက်နက်အပြည့်အစုံကို ကိုင်ဆောင်ထားသော ရဲသားအယောက်နှစ်ဆယ်ပါ မော်တော်ယဉ်အစီးခြောက်ဆယ်ဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အနှံသို့ လှည့်လည်ကာ အင်အားပြသခဲ့ကြပြီး မော်တော်ယဉ်တစ်စီးလျှင် အယောက် ငါးဆယ်ပါ စစ်ကားများကို လှည်းတန်း၊ မြေနီကုန်း၊ ရွှေကုန်တိုင်၊ တာမွေအ၀ိုင်း၊ သမိုင်းလမ်းစုံ၊ လှိုင်သာလမ်းစုံစသည့်နေရာများတွင် ညဆယ့်တစ်နာရီအချိန်မှ မိုးလင်းသည်ထိ လုံခြုံရေးချထားခဲ့ ကြောင်း မျက်မြင်သက်သေများမှ MHT သို့ဆိုသည်။ထိုကိစနှင့်ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ၀ါရင့်နိုင်ငံရေးသမားတစ်ဦးမှ MHT သို့ဆိုရာတွင် နအဖဗိုလ်ချုပ်တွေအနေနဲ့ ပြည်သူတွေကို လမ်းမပေါ်ထွက် မလာအောင် လုပ်တဲ့နည်း လမ်း တွေအများကြီးရှိတဲ့ထဲက သူရဲ့ စိတ်ဓာတ်က တိရစာန် စိတ်ဓာတ်ဖြစ်နေတော့ တိရစာန်ကျင့် တိရစာန်ကြံကြံကြတာပဲလေ။ သူတို့ကသာ ပြည်သူကို စေတနာမေတ္တာအပြည့်အ၀နဲ့ အုပ်ချုပ်နေကြရင် ဘယ်ပြည်သူမှ လမ်းမပေါ်ကို ရောက်လာနိုင်စရာ အကြောင်း မရှိဘူး။ အခုကိစကလည်း နိုင်ငံသမိုင်းနဲ့ဆိုင်တဲ့ကိစ ဒီကိစကြောင့် ပြည်သူတွေလမ်းမပေါ်ရောက်လာတယ်ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့ သူတိုင်းအတွက် ဂုဏ်ယူစရာပါ။ အခုဟာက ဒီလိုလမ်းမပေါ်ထွက်လာမှဆိုးတာကြောင့် ညကြီးအချိန်မတော် တစ်မြို့လုံး ပတ်ပြီး အင်အားပြတယ်။ ပြည်သူတွေက ကြောက်စိတ်အရသာ ငြိမ်ခံနေကြပေမယ့် ပြည်သူတိုင်းရဲ့ စိတ်ဓာတ်တွေထဲမှာတော့ ယမ်း အပြည့်နဲ့ အချိန်မရွေးပေါက်ကွဲသွားစေနိုင်တဲ့ စိတ်ခံစားချက်တွေ အပြည့်ပဲဆိုတာ သူတို့မေ့နေကြတယ်။ ဒါကို ဟန်ဆောင်ပြီး မေ့ထား ချင်ကြတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အချိန်အခါနဲ့ အခြေအနေကိုလိုက်ပြီး ကိုယ်စိတ်ထဲမှာရှိနေတဲ့ ယမ်းအိုးကြီးကို ဖောက်ခွဲပစ်ကြဖို့ ကျွန်တော်က MHT ကတဆင့် တိုက်တွန်းချင်ပါတယ်။ ဟု ဆိုသည်။

Read More...

အာဇာနည်နေ့ကို မုန်တိုင်ဒဏ်ကြောင့် အကျဉ်းချုံကျင်းပခဲ့သော်လည်း ဆိုကရေးတီးပြိုင်ပွဲကိုမူ အစဉ်အလာမပျက်ကျင်းပရန် စစ်အစိုးရစီစဉ်

ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော အာဇာနည်နေ့ကိုမူ မုန်တိုင်းဒဏ်ကြောင့်ဟု အကျဉ်းချုံ ကျင်းပသွားခဲ့သော်လည်း န၀တလက်ထက်မှစတင်ကာ ကျင်းပလာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီး ပြိုင်ပွဲကိုမူ အစဉ်အလာမပျက် နေပြည်တော် ကြက်ပြေးတွင် ကျင်းပနိုင်စေရန် လုပ်ငန်းစဉ်ညှိနှိုင်း အစည်းအဝေးများခေါ်ယူကာ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ ကျင်းပနိုင်ရန်အတွက် ပြိုင်ပွဲဝင် အဆို၊ အက၊ အတီး၊ အရေးပညာရှင်များကို ပြည်နယ်နှင့်တိုင်းအလိုက် အဆင့်ဆင့်ရွေးချယ်ကြမည်ဖြစ်ရာ မုန်တိုင်ဒဏ်သင့်ဒေသများမှလည်း ထိုပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်စေရန် အထက်မှ ညွှန်ကြားထားသည့် အတွက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဒေသပိုင်အာဏာပိုင်များအနေဖြင့် မုန်တိုင်းအတွင်း အသက်ရှင် ကျန်ရစ်သူ အနုပညာရှင်များကို လိုက်လံရှာဖွေစုဆောင်းနေရကြောင်း MHT မှ သတင်းများရရှိသည်။

Read More...

Wednesday, July 16, 2008

မြန်မာ့လွတ်မြောက်ရေးအတွက်လိုအပ်သောသဘောထား နှင့် ပွင့်လင်းရိုးသားမှု့ကိုတည်ဆောက်ခြင်း

ဦးစွာအနေနှင့်စကားလုံးအသုံးအနှုံးနဲ့ပတ်သက်၍ရှင်းလင်းတင်ပြလိုတာကတော့၊ ကျွန်တော်တို့အားလုံး ယ္ခုလိုစစ်အာဏာရှင်များ လက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုများသည်၊ ဒီမိုကရေစီအရေးအတွက်ဆိုတာထက်၊ မြန်မာပြည်ဒုတိယ လွတ် မြောက်ရေးကြိုးပမ်းမှုများဟု သတ်မှတ်မည်ဆိုလျှင် ပို၍သင့်လျှော်လိမ့်မည်ဟု ထင်ပါသည်။ မြန်မာပြည်ဒုတိယ လွတ်မြောက်ရေး အတွက်ကြိုးပမ်ကြရာတွင်၊ အောက်ပါအချက် နှစ်ချက်ကိုမဖြစ်မနေမွေးမြူရမည်ဟုထင်ပါသည်။ အဲဒါတွေကတော့……….

(၁) စစ်မှန်သော (သို့) စံနမူနာပြုလောက်သောသဘောထား (the right attitude)
(၂) ရိုးသားပွင့်လင်းမှု့ (transparency) တို့သာလျှင်ဖြစ်သည်။

စစ်မှန်သောသဘောထားသည်၊ ဘက်လိုက်မှုမရှိဘဲ အတ္တကင်းစင်ပြီး အမှန်တကယ်အပြောင်းအလဲဖြစ်လိုသော ဆန္ဒနှင့်အတူ ထားရှိသောသဘောထားဖြစ်သည်။ ဒီသဘောထားဟာ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူတဦးတယောက်အား၊ သန့်ရှင်းသော အတွေးအခေါ်နှင့်လုပ်ဟန်များကို ဖေါ်ထုတ်ပေးပြီး၊ လူအများစု၏ထောက်ခံမှုကို ထိမ်းသိမ်းပေးနိုင်ပေလိမ့်မည်။ စစ်မှန်သောသဘောထားကို မွေးမြူနိုင်ဖို့ရန်အတွက်၊ အခြေခံလိုအပ်ချက်မှာတော့၊ လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံအတွင်း အခြေအနေများကို၊ ကိုယ်ချင်းစာခံစားကြည့်ပြီး ဘက်စုံထောက်စုံမှကျယ်ပြန့်သောအမြင်ဖြင့် ရှုမြင်ခြင်းသာလျှင်ဖြစ်သည်။ သို့မဟုတ်လျှင်၊ မိမိ၏ wishful thinking များဖြင့်ရောယှက်နေသော၊ အခြေအနေကိုရှု့မြင်ခြင်းသည်၊ စစ်မှန်၍ စံနမူနာပြုလောက်သော သဘောထားမဖြစ်နိုင်တော့ပေ။စစ်မှန်သောသဘောထား ကိန်းအောင်းနိုင်ရန် အဓိကလိုအပ်ချက်များ ကတော့…….(၁)မိမိတို့သည်မြန်မာလူမျိုးများဖြစ်ြကသည်၊ (၂)မြန်မာပြည်ကြီးကမ္ဘာ့အလယ်တွင်နလန်မထူနိုင်အောင်အဖက်ဖက်မှဆုတ်ယုတ်ကျဆင်းလာနေသည်။
(၃)မြန်မာလူမျိုးများကမ္ဘာ့နိုင်ငံအသီးသီးတွင်အောက်ကျနောက်ကျစွာလုပ်ကိုင်စားသောက်နေရသည်၊
(အထူးသဖြင့်အာရှနိုင်ငံများတွင်သက်ဆိုင်ရာအဏာပိုင်များ၏တရားဝင်နှောက်ယှက်ခြင်းများခံနေရသည်)
(၄) မြန်မာပြည်ကိုအဓမ္မအုပ်စိုးနေသောအသိဥာဏ်ခေါင်းပါးသောစစ်အာဏာရှင်တစုတို့သည်၊ လူစိတ်ကင်းမဲ့ကာ၊ လူမျိုးတူခြင်းဖက်ဆစ်ဆန်ဆန်အုပ်ချုပ်နေခဲ့သည်။
(၅) မြန်မာပြည်တွင်ဗုဒ္ဓဘာသာကိုအထွတ်အမြတ်ထားသောနိုင်ငံ၌၊ ဘာသာ၊သာသနာကိုညှိုးမှိန်အောင်ပြုလုပ်ခဲ့သည့်အပြင်၊ ဘာသာ၏အထွတ်အမြတ်ထားရာဘုန်းတော်ကြီးများကိုပင်သတ်ဖြတ်၊ ညှင်းဆဲ၊ထောင်ချခြင်းများပြုလုပ်ခံနေရသည်။
(၆) မြန်မာတမျိုးသားလုံးလွတ်မြောက်ရေးအတွက်စွမ်းစွမ်းတမန်လုပ်ဆောင်နေကြသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများဖမ်းဆီးထောင်ချခံထားရပြီး၊ မြန်မာပြည်အနှံ့ရှိအကျဉ်းထောင်များတွင်၊ ရက်ရက်စက်စက် နှိပ်စက်ညှင်းပမ်း ခံနေရသည်။
(၇) ထိုနည်းတူစွာမြန်မာ့ဒီမိုကရေစီအရေးအတွက်၊ ဆက်လက်ထွက်ပေါ်လာနေသော လူငယ်ခေါင်းဆောင်များသည်လည်း မတရားသဖြင့်၊ ဥပဒေမဲ့စွာ အဖမ်းအဆီးခံနေရသည်။
(၈) ယခုနောက်ဆုံးလတ်လတ်ဆတ်ဆတ်၊ သဘာဝဘေးအန္တရာယ်ဖြစ်သောနာဂစ်မုန်တိုင်းကြောင့်ဒုက္ခကြီးစွာတွေ့ ကြုံခံစားနေရသော မြန်မာလူမျိုးများ၊လူသားများကဲ့သို့အသိဥာဏ်မရှိသောစစ်အာဏာရှင်များ၏ ရက်စက်မှု့ကြောင့် နှစ်ခါပြန်ဒုက္ခများကို ခံစားနေရပြီး အကူ အညီမဲ့ဖြစ်နေကြသည်။
(၉) တနိုင်ငံလုံးအတိုင်းအတာဆောင်သောမြန်မာများ၏ဘ၀များမှာ၊ ဆင်းရဲသထက်ဆင်းရဲ၊ တနေ့ထက်တနေ့ ပိုမိုတိုးပွါးလာသော ဒုက္ခများကိုသာ ရင်ဆိုင်နေရပြီး၊ အနာဂတ်ကိုမြော်ကြည့်လိုက်သည့်အခါဝယ်၊ စားဝတ်နေရေးဖူလုံအောင် ပင်စွမ်းဆောင်နိုင်ဖို့ မဆိုထား နှင့် ဒုက္ခမျိုးစုံကသာလျှင်ဆီးကြိုနေသည်။
အထက်ပါအချက်(9)ချက်ကိုနှလုံးသွင်းနိုင်လျှင်လိုအပ်သောသဘောထားတစုံကိုလုံးဝရရှိခံစားနိုင်ပေမည်။ လိုအပ်သော သဘောထား နှင့် ပတ်သက်၍ တိုက်ရိုက်ပြောရမည်ဆိုလျှင်တော့၊ ဒေါ်အောင်ဆန်းစုကြည်၊မင်းကိုနိုင်နှင့် (၈၈)ကျောင်းသားခေါင်းဆောင် များ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော သဘောထားများသည် စံနမူနာယူထိုက်သည်သာမ က၊ မိမိတို့တဦးချင်းစီ၌လည်း၊ အလားတူ သဘောထားများ မတည်ဆောက်နိုင်ခဲ့လျှင်၊ ကျွန်တော်တို့တွေရဲ့ဘ၀များသည်၊ စစ်အာဏာရှင်များ၏ တရားမဲ့လူမ ဆန်သော ဖိနှိပ်ခံရမှုများကိုဆက်လက်ခံနေရပေဦးမည်။

Transparency ခေါ်ရိုးသားပွင့်လင်းမှု့

၁၉၈၈ ခုနှစ်မှဘဲရေတွက်မည်ဆိုလျှင်၊ ကျွန်တော်တို့၏မြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲသည်၊ အနှစ် (၂၀)ရှိခဲ့ပေပြီ။ ဤဆယ်စုနှစ်(၂)ခုသည် ကျွန်တော်တို့အားလုံးအတွက် တဦးကိုတဦးနားလည်မှု့တစုံတရာရအောင်အတွက် တည်ဆောက်ရာတွင် လုံလောက်သောအချိန်ကာလတခုဖြစ်သည်။ အနှစ် နှစ်ဆယ်ကာလအတွင်း ဖြစ်ပေါ်ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အခြေအနေအရ၊ ဒီနေ့ဒီအချိန်သည်တိုက်ပွဲ၏ တဆင့်မြင့်သောအခြေအနေသို့ ရောက်ရှိနေသင့်သောာအခြေအနေများဖန်တီး ပေးခဲ့ပြီးပြီဖြစ်သည်။ အနီးစပ်ဆုံးဥပမာအနေနှင့်ပြရလျှင်စက် တင်ဘာရွှေဝါရောင်တော်လှန်ရေးနှင့် နာဂစ်မုန်တိုင်းဖြစ်စဉ်များက ညွှန်းဆိုခဲ့ပြီးဖြစ်သည်။ ဒီနေရာတွင်မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်ချက် တခုကတော့၊ ကျွန်တော်တို့အားလုံး ရိုးသား ပွင့်လင်းစွာနှင့် တူညီသောရည်ရွယ်ချက်များကို ၀ိုင်ဝန်းအကောင်အထည်ဖေါ်ကြခြင်းပင်ဖြစ်သည်။

Transparency ကိုညွှန်းဆိုရာမှာ၊ စကားအရ။ စာအရပြောရာတွင်အလွန်လွယ်ကူပေမယ့်၊ အမှန်တကယ် ကျင့်သုံးကြည့်ကြ ရာတွင်၊ အတော်လေးခက်ခဲသည်ကို တွေ့မြင်ရပေမည်။ အကြောင်းမူကား၊ စစ်မှန်သော၊ "တစ်ဦးကိုတစ်ဦး ရိုးသားပွင့် လင်းမှု့ရှိခြင်း"ကိုမကျင့်သုံးနိုင်ခဲ့သေးသောကြောင့်ဖြစ်သည်။ Transparency အဖြင့်ရောက်ရှိအောင် ဆက်စပ်နေသော စကားလုံးများဖြစ်သော openness, communication and accountablity တို့၏သဘောအရ၊ ချက်ချင်းလုပ်ယူ၍မရပေ။ တလှေတည်းစီးတခရီးတည်းသွားများဖြစ်ကြပြီး၊ ဘ၀တူတွေဖြစ်သည်ဆိုတာကို၊ နှစ်နှစ်ကာကာခံယူနိုင်ပြီးသည့်အခါမှသာလျှင်၊ တဦးနှင့်တဦးပွင့်လင်းရင်းနှီးစွာ ဆက်ဆံပြုမူနိုင်ကြပေလိမ့်မည်။ ထို့ကြောင့်ပထမဦးဆုံးနှင့် အခြေခံကျသော၊ မြန်မာ့ဒုတိယ လွတ်မြောက်ရေးအတွက်၊ ကျွန်တော်တို့အားလုံးတွင်၊ ရှေ့တန်းမတင်ဖို့လိုအပ်သည်မှာ၊ လူမျိုး (Ethnic Origin) နှင့်ဘာသာ တို့သည်အခရာဖြစ်သည်။ ဒိအပြင်ဆက်စပ်နေသော ရှေ့တန်းမတင်ရန် ကိစ္စများရှိပါသော်လည်း၊ ပြောပလောက် အောင်အရေးမပါပေ။ ဒီနေ့အောင်ပွဲရနိုင်ဖို့အတွက် မရှိမဖြင့်လိုအပ်ချက်ဖြစ်သည့်၊ ကျွန်တော်တို့တဦးခြင်းစီအလိုက် တာဝန်ရှိသည်ဆိုတာကိုသိမြင်ခြင်းနှင့်အတူ၊ အားကြိုးမာန်တက် စုစုစည်းစည်းလုပ်ဆောင်ကြဖို့ လိုအပ်သည်ဆိုသော အချက် အပေါ်၊ စစ်မှန်သောရိုးသားပွင့်လင်းမှုကို ပေါင်းစပ်ရမည်ဖြစ်ပေသည်။ ကျွန်တော်တို့တဦးကိုတဦး ညီအကိုမောင်နှမများကဲ့သို့ ပြုမူဆက်ဆံကြဖို့ လိုအပ်နေပြီ။ တဦးကိုတဦးပွင့်ပွင့်လင်းလင်း မထိန်မချန်ဆက်ဆံရေးရှိကိုရှိရတော့မည်။ ကျွန်တော်တို့ တဦးချင်းစီအလိုက်၊ ဒီနေ့ဘာတွေလုပ်ဖို့လိုအပ်သည်၊ မနက်ဖန်မှာဘာကိုလုပ်ဆောင်မည်ဆိုတာကို နှစ်ယောက်ရှိ လျှင်၊ နှစ်ယောက်လုံးသိနေဖို့ လိုအပ်သည်။ တယောက်နှင့်တယောက် သံသယရှိခြင်းဟာအတားအဆီးဖြစ်စေသည် ဆိုသည့်အပေါ်၊ ဒီသံသယတံတိုင်းကို တိုက်ဖျက်ပစ်ဖို့ လိုအပ် သည်။ ဒါကိုတိုက်ဖျက်ပစ်နိုင်သော တခုတည်းသောလက်နက်ကတော့၊ ပွင့်ပွင့်လင်း လင်း ပြောဆို၊ ပြုမူခြင်းသာလျှင်ဖြစ်သည်။ တယောက်နှင့်တယောက် ဖေးဖေးမမ၊ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ရှိသွားဖို့လိုအပ်နေပြီ။ လူဆိုတာအမှားနှင့်မကင်းသည့် သတ္တ၀ါများ ဖြစ်ကြသည်ဆိုတာကို သိခြင်းနှင့်အတူ၊ တဦးကိုတဦး အပြုသဘောဆောင်သော ဝေဖန်ထောက်ပြခြင်းကို ကျင့်သုံးဖို့လိုအပ်နေပြီ။ တယောက်ယောက်က ရည်ရွယ်ချက်နှင့်သွေဖီပြီး အမှားအယွင်းတချို့ကိုပြုလုပ် နေသည်ဟု ထင်ရလျှင်၊ ချက်ချင်းထောက်ပြ ပြောဆိုဖို့ ကိုလည်း လုပ်ကိုလုပ်ရမည်။ ဒီလိုထောက်ပြပြောဆိုခြင်းကိုပြုလုပ်ရာတွင်၊ ယခင်ကလုပ်လေ့လုပ်ထမရှိခဲ့လျှင် အထစ်အငေါ့တစုံတရာ ရှိနိုင်သည်။ ဒါပေမယ့်အဓိကနှင့်သာမညကိုခွဲခြားပြီး၊ ဒီလိုမျိုး အခက်အခဲများကိုဖြတ်ကိုဖြတ်ကျော်ရမည်ဆိုသည့်အသိကိုမွေးမြူနိုင်လျှင် transparency သည်ကျွန်တေိာတို့ကို ကောင်းမွန် သော ရလဒ်များဝေငှပေးလိမ့်မည်။

အချုပ်အားဖြင့်ဆိုလျှင်တော့ ကျွန်တော်တို့တွေအားလုံးတပြိုင်နက်တည်း ကြွေးကြော်ကြဖို့လိုအပ်တာက "Enough is enough" သာလျှင်ဖြစ်ပါသည်။ က္ဈန်တော်တို့တွေအားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြဖို့လိုအပ်နေပေပြီ။ လက်ရှိအ ခြေအနေ ကို မှန်မှန်ကန်ကန်သုံးသပ်ပြီး၊ ရှိသင့်သော Attitude နှင့် transparency ကိုလက်တွေ့ကျကျ ကျင့်သုံးသွားမှသာလျှင်၊ က္ဈန်တော်တို့၏အောင်ပွဲခံမဲ့နေ့ကို အတိအကျပြောနိုင်ပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "IF" ကဗျာထဲမှာပါသလို "တိုတောင်း လှတဲ့ တမိနစ်ကို၊ စက္ကန့်ခြောက်ဆယ်အဖြစ်အသုံးချနိုင်မယ်ဆိုလျှင်" ဆိုတဲ့အတိုင်း ဒီနေ့မှစ၍ လိုအပ်တာများကို စတင်လုပ်ဆောင် နိုင်လျှင်၊ က္ဈန်တော်တို့ရဲ့အောင်ပွဲကိုတရက်စောရောက်မှာကျိန်းသေပင်ဖြစ်ပါတော့သည်။
မှတ်ချက်။ ။စာရေးသူကိုမသိသဖြင့် မဖော်ပြထားပါ။ သိပါက ပြန်လည်ဖော်ပြပေးပါမည်။

Read More...

Friday, July 11, 2008

အွန်လိုင်းစွယ်စုံကျမ်း မြန်မာစာဖြင့်ကြည့်နိုင်ပြီ

အွန်လိုင်းစွယ်စုံကျမ်း ၀ီကီပီးဒီး ယားကို မြန်မာဘာသာဖြင့် ဖတ်ရှု လေ့လာ၍ ရနေပြီဖြစ်ကြောင်းနှင့် စိတ်ပါဝင်စား သူများကိုယ်တိုင်ပါဝင်၍ အချက်အလက်များ ဖြည့်စွက်ရေးသားနိုင်ကြောင်း မြန်မာအွန်လိုင်း စွယ်စုံကျမ်း အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းနေသူတို့ထံမှ သိရသည်။
ထိုစွယ်စုံကျမ်း၌ သမိုင်း၊ ပထ၀ီ၊ အတ္ထုပ္ပတ္တိ၊ လူမှုရေး၊ နိုင်ငံရေး၊ နေ့စဉ် ဖြစ်ပျက်နေသည့် သတင်းများ စသဖြင့် ကဏ္ဍစုံပါဝင်ပြီး လတ်တလော မြန်မာနိုင်ငံအကြောင်း၊ တိုင်းရင်းသား လူမျိုးအချို့အကြောင်းနှင့် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းများ အပါအ၀င်အကြောင်းအရာ (၂၅၀) ကျော် ရေးသား ထားပြီးဖြစ်သည်။

Read More...

ကြို့ပင်ကောက်ရဲစခန်းမှ သက်သေခံကျွဲနှစ်ကောင် အစာငတ်ရေငတ်နှင့် သေဆုံးဖွယ်အခြေအနေရှိနေ

ပဲခူးတိုင်း၊ အနောက်ပိုင်းတိုင်းခွဲ၊ ကြိုပင်ကောက်မြို့နယ် ရဲစခန်းမှ သက်သေခံပစည်းအဖြစ် ထိန်းသိမ်းထားသော ခိုင်းကျွဲနှစ်ကောင်သည် အစာငတ်ရေငတ်နှင့် သေဆုံးဖွယ်အခြေအနေရှိနေကြာင်း ရဲစခန်းအ၀န်းအ၀ိုင်းမှ သိရသည်။
အဆိုပါခိုင်းကျွဲနှစ်ကောင်သည် ကြို့ပင်ကောက်မြို့နယ် ဘိသလွန်ရွာမှ တစ်ကောင်စပါး (၇၀) နှင့် စွယ်တော်ဂွေး ချောင်းရွာသား ဦးလှိုင်ဝင်းမှ ငှားရမ်းလုပ်ကိုင်ခဲ့ကြောင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကျွဲနွားပျောက်ဆုံးမှုများ မကြာခဏဖြစ်ပွားလျှက်ရှိရာ ဦးလှိုင်ဝင်း၏ ကျွဲနှစ်ကောင်သည် ဇွန်လလယ်ခန့်က အခိုးခံ့ခဲ့ရကြောင်း၊ ကျွဲနွားပြန် ပေးဂိုဏ်းမှ ဦးလှိုင်ဝင်းအား ကျွဲတစ်ကောင် သုံးသိန်းနှင့် ပြန်လည်ရွေးယူရန် ကြားလူတစ်ဦးနှင့် ဆက်သွယ်ခဲ့ ကြောင်း၊ ဦးလှိုင်ဝင်းမှ ကျွဲတစ်ကောင် တစ်သိန်းခွဲပေးသည်ကို ပြန်ပေးဂိုဏ်မှ လက်မခံခဲ့သည့်အတွက် ဦးလှိုင် ၀င်းမှ ရဲကိုအကြောင်းကြာကာ ကြားလူကို ဖမ်းဆီးလိုက်ကြောင်း၊ ကွင်းဆက်အရ ဂိုဏ်ဝင်အချို့ကိုလည်း ဖမ်းဆီး မိနေပြီဖြစ်ကြောင်း၊ ရဲမှ သက်သေခံကျွဲနှစ်ကောင်ကို ပြန်ရလိုလျှင် ငွေပေးရမည်ဆိုသည်ကြောင့် ရှစ်သောင်း၊ တစ်သိန်း၊ တစ်သိန်းနှင့် သုံးရစ် နှစ်သိန်းရှစ်သောင်းကို ကြို့ပင်ကောက်စခန်း ရဲများသို့ ပေးအပ်ပြီးဖြစ်ကြောင်း၊ ယခုအခါ ဇွန်လ (၂၅) ရက်ကတည်းက သက်သေခံပစည်း ကျွဲနှစ်ကောင်မှာ အစာရေစာ ကျွေးသူမဲ့ဖြစ်နေခြင်း ကြောင့် ကျန်းမာရေးချို့တဲ့လာပြီဖြစ်ကြောင်း၊ ကျွဲပိုင်ရှင် ဦးလှိုင်ဝင်းအနေဖြင့်လည်း ယနေ့အထိ သူ၏ကျွဲများပြန် မရသေးသဖြင့် ယခုလို ဆန်စပါးစိုက်ပျိုးချိန်တွင် ခိုင်းကျွဲအခက်အခဲဖြစ်နေကြောင်း၊ ရဲသို့ ငွေပေးပြီး မိမိကျွဲများ ရယူလိုကြောင်း တင်ပြသော်လည်း ယခုလို နှစ်ပတ်ကျော်သည်အထိ ထူးခြားမှုမရှိသည့်အတွက် လူတကာအား လိုက်လံအကူအညီတောင်းခံနေကြောင်း စွယ်တော်-ဂွေချောင်းရွာသားတို့ထံမှ သတင်းရရှိသည်။

Read More...

ကော့မှူးနယ်မှ လေဘေးသင့် မျက်စိဝေဒနာရှင်များ မျက်ကပ်မှန်တန်ဖိုးအပြင် သဘောတူကြောင်း လက်မှတ်ပါ ထိုးပေးနေရ

နာဂစ်လေဘေးဒဏ်ခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံတကာဆေးဝန်ထမ်းများမှ လိုအပ်သလို ခွဲစိတ်ကုသပေးရာ မျက်စိအထူးကု အင်ဒိုနီးရှားဆေးအဖွဲ့နှင့် ရန်ကုန်မျက်စိကုဆေးရုံကြီးမှ အထူးကုဆရာဝန် ကြီးများ ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်သို့ ဇွန်လအတွင်းက သွားရောက်ကုသပေးခဲ့ကြသည်။
အင်ဒိုနီးရှားဆရာဝန်ကြီးများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်၍ ပြန်ခါနီးရက်တွင် သွားရောက်ကုသကြ သော ကော့မှူးမြို့နယ်၊ ဒေသခံတောင်သူတို့အား ရန်ကုန်မျက်စိကုဆေးရုံကြီးသို့ ညွှန်ကြားကာ ဆေးဝါးကုသမှု ခံယူစေခဲ့သည်။
ရန်ကုန်မျက်စိကုဆေးရုံကြီးသို့ တက်ရောက်ကုသရန်သွားသည့် ကော့မှူးမြို့နယ် ဒေသခံ့တို့အား လမ်းစရိတ်နှင့် ရန်ကုန်တွင် စားစရိတ်သာ ကုန်ကျမည်ဟု မှာကြားလွှတ်လိုက်သော်လည်း "မျက်ကပ်မှန်ဝယ်မယ့်သူကို ဆရာဝန်ကြီးတွေ ခွဲစိတ်လိမ့်မယ်။ မ၀ယ်နိုင်တဲ့သူတွေကို ဆေးကျောင်းသားတွေသာ ခွဲလိမ့်မယ်။" ဟု တာဝန်ကျ အပြာဝတ်ဆရာမတစ်ဦးက ပြောလာသည်ကြောင့် မျက်စိဝေဒနာရှင်နှင့် မိသားစုတို့ စိတ်အနှောင့် အယှက်ဖြစ် နေကြ ကြောင်းသိရသည်။
"လေဘေးဒုက္ဃနဲ့လာပြီး ရန်ကုန်မှ မျက်စိလာကုတာ မျက်ကပ်မှန်တန်ဖိုးပေးရတယ်လို့ ဖြစ်မှာစိုးလို့ ကိုယ့်သ ဘောနဲ့ကိုယ် ၀ယ်ယူတာဖြစ်ကြောင်း လတ်မှတ်ထိုးပေးပါ။" ဟုတာဝန်ကျ သူနာပြုမှ ပြောလသည်ကြောင့် လူနာရှင်တို့မှာ ကိုယ့်ပိုက်ဆံနှင့် ကုသနေရသည့်အပြင် လက်မှတ်ပါ ထိုးပေးခဲ့ရကြောင်း သတင်းရရှိသည်။
မျက်ကပ်မှန်တန်ဖိုးမှာ တစ်လုံး လေးသောင်း၊ ခြောက်သောင်းနှင့် ရှစ်သောင်းအသီးသီးရှိပြီး ငွေကြေးမတတ်နိုင် သူများ ဒေသခံအာဏာပိုင်ထောက်ခံချက်ဖြင့် အခမဲ့ကုသမှုခံယူနိုင်သည်ဟုဆိုသော်လည်း ကျောင်းသားများ ခွဲစိတ်ကုသမည်ဟု ဆိုလာသည်ကြောင့် မျက်စိဝေဒနာရှင်တို့အနေဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

Read More...

နာဂစ်လေဘေးအကြောင်းပြကာ လယ်တစ်ဧက ၅၀၀ ကျပ်အဓမ္မကောက်ခံမှု ဇွန်လကုန်က ၃၀၀ ကျပ်ပြန်ပေး

နာဂစ်လေဘေးသင့်ပြည်သူတို့အား ထောက်ပံ့ကူညီရန်ဟုဆိုကာ ပဲခူးတိုင်း အနောက်ပိုင်းတိုင်းခွဲ မြို့အသီးသီး၏ ဒေသခံတို့ထံမှ လယ်တစ်ဧက ၅၀၀ ကျပ်နှုန်း ဒေသအာဏာပိုင်တို့က ဇွန်လအတွင်းကောက်ခံခဲ့ကြောင်း၊ ယခုအခါ ဒေသခံတို့မှ တိုင်တန်းကြသည်ဟုဆိုကာ အဆိုပါ ၅၀၀ ကျပ်မှ ကြက်ဆူစေ့ဖိုး ၂၀၀ ကျပ်နုတ်ယူပြီး ၃၀၀ ကျပ် ကိုဇွန်လကုန်ပိုင်းက ပြန်ပေးနေကြောင်း၊ အဆိုပါ ကောက်ခံမှုအပြီး အိမ်ထောင်တစ်စု ၀ါးတစ်လုံး ထောက်ပံ့ရမည်ဟု ဆိုကာ ၂၀၀ ကျပ်ကောက်ခံသွားသည်ကိုတော့ ပြန်မပေးကြောင်း၊ လေဘေးသင့်ပြည်သူ တို့အား စေတနာနှင့် ပေးကမ်းလှူဒါန်းသင့်သည်ကို ကျေးလတ်တောင်သူတို့ နားလည်ပြီးဖြစ် သော်လည်း ယခုလို အဓမ္မနည်းဖြင့် အတင်းအကြပ်ကောက်ခံခြင်းကိုတော့ မည်သူမျှမလို လားကြောင်း ဒေသခံအများက ဆိုကြသည်။

Read More...

နိုင်ငံတကာအကူအညီငွေများကို ပြည်တွင်း NGOs များမှ အလွဲသုံးစားမှုအချို့ရှိနေ

နာဂစ်လေဘေးဒဏ်သင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပြီး နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ IGOs နှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ INGOs များမှ သက်ဆိုင်ရာ ပြည်တွင်းအစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ NOGs များနှင့် လူပုဂ္ဂိုလ်များထံသို့ နည်းလမ်းမျိုးစုံဖြင့် အလှူငွေများပေးအပ်လျှက်ရှိရာ အလှူငွေလက်ခံရာ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများအတွင်း အလှူငွေအလွဲသုံးစားမှုများ ရှိနေကြောင်း ပြည်တွင်း NGOs တစ်ခုတွင် အလုပ်လုပ်ကိုင်နေ ၀န်ထမ်းတစ်ဦးမှ MHT သို့ ဆိုသည်။

"လူမှုရေးလုပ်ငန်းလုပ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ နည်းမျိုးနဲ့ အလှူငွေတွေကို အလွဲသုံးစား လုပ်နေကြ တာတွေရှိတယ်ဗျ။ နာဂစ်မဖြစ်ခင်တုန်းကလည်း ပြည်တွင်း NGOs တွေကြားမှာ အလှူငွေရဖို့ အချင်းချင်း တိုက်ခိုက်ကြ တာတွေရှိခဲ့ဘူးတယ်။ အခုနာဂစ်ဖြစ်တော့လည်း အချင်းချင်းတိုက်ခိုက်ကြတာတွေ အသံပိုကျယ် ကျယ်ကြားလာရပါ တယ်။ ပြီးတော့ လူမှုရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကြားထဲမှာ ဘယ်လိုဖြစ်နေလဲဆိုရင်။ မြန်မာနိုင်ငံသားတွေကို တစ်စုံတစ်ခုလှူလိုက်တယ်ဆိုရင် သယ်ဆောင်စာရိတ်တွေမရှိပဲ။ အပြည့်အ၀ လှူဒါန်းပေးရမယ်ဆိုတာမျိုးတွေ ရှိတယ်လေ။ အဲ နိုင်ငံခြားသားဆိုရင်တော့ သူတို့နေထိုင်စာရိတ်ကအစ လုပ်ခလစာအဆုံးအထိ မြန်မာငွေနဲ့တွက်လိုက် ရင် သူဌေးဖြစ်နိုင်လောက်တဲ့အထိ ပေးထားကြတာတွေရှိတယ်။ ဒါအပြင် NGOs တွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေဆိုရင် ဘယ်မြန်မာနိုင်ငံသားမှ မရနိုင်တဲ့ လုပ်ခ လစာတွေရထားကြတယ်လေ။ သူတို့ယူထားတဲ့ လစာတွေက မုန်တိုင်းသင့်ကျေးရွာတစ်ခုကို မြို့ဖြစ်သွားအောင်တောင် ဖန်တီးယူလို့ရမယ့်ငွေပမာဏမျိုးပါဗျာ။ အခုမြန်မာပြည်မှာက ဘယ်လိုဖြစ်နေလဲဆိုရင် အလှူငွေပေး တယ်ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အဆမတန်ရထားတဲ့ အလှူငွေတွေထဲက မပြောပလောက်တဲ့ ပမာဏကို လှူဒါန်းတယ်။ ဒါတွေကို စီမံခန့်ခွဲဖို့အတွက်ဆိုပြီး နိုင်ငံခြားသားတွေနဲ့ ပညာတက်ဝန်ထမ်းတွေကို နိုင်ငံတကာလုပ်ခလစာတွေနဲ့ပေးထားပြီး ခန့်ထားကြတယ်။ အဲ့ဒီမှာတင် အလှူငွေတွေရဲ့ ငါးပုံသုံးပုံလောက်က ကုန်သွားပြီလေ။ ပြည်သူတွေဆီကို အမှန်တကယ်ရောက်တာက ငါးပုံနှစ်ပုံလောက်ပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောပြရရင် လုပ်စားကြတယ်ပေါ့ဗျာ။ အစိုးရဆိုတာကတော့ ပြောမနေပါနဲ့တော့။" ဟု ခံစားချက်များကို ထုတ်ဖော်ပြောကြားသည်။

အစိုးရမှ နိုင်ငံခြားငွေစာရင်းများဖွင့်လှစ်လျှက် အလှူငွေလက်ခံနေမှုနှင့်ပတ်သက်ပြီး အခြား NGOs ၀န်ထမ်း တစ်ဦးမှ သုံးသပ်ပြောကြားရာမှာတော့ "သူတို့ကတော့ အလှူငွေကို အပြည့်အ၀ပေးတယ်ဆိုပြီး စာရင်းမျိုးစုံ တင်ပြပြီး လုပ်နေကြတာပဲဗျ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတယ်ဆိုတဲ့ ကုပ္မဏီတွေကလည်း သူတို့အစိုးရအသိုင်းအ၀ိုင်းနဲ့ တစ်နည်းမဟုတ်နည်း ပတ်သက်ဆက်နွယ်နေတဲ့ သူတွေကြည့် ရယ်ပဲလေ။ သူတို့ကတော့ နာဂစ်မုန်တိုင်းကြီးကျတာကိုတောင် ပျော်နေကြဦးမယ်။ လုပ်ကွက်သစ်တွေရပြီ။ အကြောင်းပြချက်တွေပေးပြီး လုပ်ငန်းသစ်တွေ တောင်းလို့ရပြီဆိုပြီးတော့လေ။" ဟု ဆိုသည်။

မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှ ငွေမည်မျှကို လှူဒါန်းနေသည်မဆို ဒုက္ခကိုခါးစည်းခံစားနေကြရသည့် ပြည်သူများအတွက် ပြည့်ပြည့်၀၀အကူအညီရရှိနေခြင်းမရှိသည်ကို မြန်မာပြည်သူများအနေဖြင့် သက်သေပြရန် လက်ရှိဖြစ်ပေါ်လျှက်ရှိသော ပြည်သူများ၏ လူနေမှုအဆင့်အတန်းတစ်ခုတည်းသာ ရှိနေပြီဖြစ်ကြောင်း ၀ါရင့်စာနယ်ဇင်းဆရာတစ်ဦးက ဆိုသည်။

Read More...

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂအဖွဲ့ချုပ်လူငယ်များ လေးဆယ့်ခြောက်နှစ်မြောက် လက်ကမ်းစာစောင်ထုတ်ဝေ


၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ နံနက် (၅) နာရီအချိန်တွင် စစ်အာဏာရှင်ဗိုလ်နေ၀င်းနှင့် စစ်အစိုးရ၏ ဗုံးခွဲဖျက်စီးခြင်းကို ခံလိုက်ရသည့် ရန်ကုန်တကသိုလ်ကျောင်းဝင်းအတွင်းရှိ သမိုင်းဝင်ကျောင်းသားသမဂ အဆောက်အဦးကြီး၏ (၄၆) နှစ်မြောက် နှစ်ပတ်လည်အဖြစ် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့နှင့် ဧရာဝတီတိုင်းအတွင်း ဟင်္သာတမြို့နယ်များရှိ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မျိုးဆက်သစ်လူငယ်များမှ လေးဆယ့်ခြောက်နှစ်မြောက် နှစ်ပတ်လည် လက်ကမ်းစာစောင်ကို အဖွဲ့ဝင်လူငယ်များအတွင်း ထုတ်ဝေဖြန်ချိလျှက်ရှိကြောင်း သိရသည်။

ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး ဗုံးခွဲဖျက်စီးခံရပြီးနောက်ပိုင်း ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် မြေအောက်အဖွဲ့အစည်းတစ်ခု အဖြစ်သို့ ရောက်ရှိသွားခဲ့ရသော ကျောင်းသားသမဂအဖွဲ့ကြီး၏ မျိုးဆက်သစ်လူငယ်များမှ ကမကထပြုကာ လက်ကမ်းစာစောင်အဖြစ် ထုတ်ဝေခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူအပေါင်းသို့ ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်။ ကျောင်းသားထု အခွင့်အရေးကို ကာကွယ်မြင့်တင်ကြ။ သမဂ္ဂစိတ်ဖြင့် တိုက်ပွဲဝင်၊ ခွပ်ဒေါင်းအလံအား အမြင့်မားဆုံး လွှင့်ထူကြ။ စသည့် နှိုးဆော်ချက်များပါဝင်ထားသည်။

မျိုးဆက်သစ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များအနေဖြင့် စစ်အစိုးရ၏ အာဏာရှင်အုပ်ချုပ်မှုလက်အောက်တွင် မြေအောက် အဖွဲ့အစည်း တစ်ခုအနေဖြင့် ရပ်တည်လှုပ်ရှားနေကြရပြီး အဖွဲ့ဝင်ကျောင်းသားလူငယ်များအနေဖြင့် စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်စွာ ဖမ်းစီးနှိုပ် စက်ခြင်းများကို အစဉ်အမြဲခံစားနေကြရသူများဖြစ်သလို။ ယခုထုတ်ဝေ ဖြန့်ဖြူးလျှက်ရှိသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂအမှတ်တရလက်ကမ်းစာစောင်ကိုလည်း အဖွဲ့ဝင်များ၏ လံခြုံရေးအရ လက်သိပ်ထိုးဖြန့်ဖြူးနေကြရကြောင်း သိရသည်။ ထိုလေးဆယ့်ခြောက်နှစ်ပြည့် နှစ်ပတ်လည် လက်ကမ်းစာစောင်ကို ဇူလိုင်လ (၇) ရက်နေ့စတင်ကာ ဖြန့်ဖြူးခဲ့ခြင်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးတွင် မျိုးဆက်သစ်ကျောင်းသားများအနေဖြင့် လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မျိုးဆက်သစ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် လူငယ်များထံမှ သိရသည်။

Read More...

Tuesday, July 8, 2008

ကညွတ်ကွင်းမြို့ရှိတပ်ရင်း(၃၄၉)မှ အရာရှိနှင့်တပ်သားအချို့ လက်နက်များယူဆောင်ကာ တောခို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းပါဝင်လျှက်ရှိသော ကညွတ်ကွင်းမြို့တွင် တပ်ဆွဲလျှက်ရှိသော ခလရ (၃၄၉) မှ အရာနှင့် တပ်သားအချို့ လက်နက်များယူကာ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက တော်ခိုသွားကြောင်း ကညွတ်ကွင်းမှလာသော သတင်းတရပ်အရသိရသည်။
ထိုတောခိုသွားတော့ တပ်သားများမှ ကရင်ပြည်နယ်နှင့် ယိုးဒယားနိုင်ငံ နယ်စပ်အကြား ယခုဖြစ်ပွားလျှက်ရှိသော KNU နှင့် DKBA တို့၏ တိုက်ပွဲများတွင် နောက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပေးနေသော တပ်ရင်းဖြစ်ပြီး ရှေ့တန်းမှ တပ်ရင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် တပ်ရင်းမှူးအပါအ၀င် အရာရှိများ၏ ဆူပူကြိမ်းမောင်းမှုများကြောင့် လည်းကောင်းတို့၏ လက်နက်များယူဆောင်ကာ ပဲခူးရိုးမအား ဖြတ်ကျော်လက် ကရင်ပြည်နည်အတွင်းသို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သတင်းများအရသိရသည်။တောခိုသွားသော တပ်မတော် သားများတွင် ဗိုလ်ကြီးအဆင့် အရာရှိတစ်ယောက်၊ အကြပ်တပ်သားလေးဦးခန့် ပါဝင်သွားကာ ၄င်းတို့ကိုင်ဆောင်လျှက်ရှိသော လက် နက်ကြီး လက်နက်ငယ်များကိုပါ တပါတည်း ယူဆောင်သွားခြင်းဖြစ်ကြောင်းသိရသည်။ ကညွတ်ကွင်းမြို့သည် မြန်မာပြည် ကွန်မြူနစ် ထွန်းကားစဉ်အချိန်က ကြော်ကြားခဲ့သော သခင်သန်းထွန်း၏ ဇာတိမြို့ဖြစ်သလို ကရင်ပြည်နယ်နှင့် နယ်မြေချင်းထိစပ်လျှက်ရှိနေသဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ရန် အတွက် ကရင်လူမျိုးများ အများဆုံး ၀င်ထွက်သွားလာရာမြို့တစ်မြို့လည်းဖြစ်သည်။ ကရင်လူမျိုးများ အပါအ၀င် ဒေသခံပြည်သူများအနေဖြင့် စစ်တပ်မှ အာဏာအလွဲသုံးစားမှုများနှင့် အနိုင်ကျင့်ဗိုလ်ကျမှုများကို စဉ်ဆက်မပြတ် ခံစားနေကြရသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

Read More...

Friday, July 4, 2008

စည်းလုံးခြင်းသည်အင်အား

ကျွန်တော်တတ်လို့ ရေးတာတော့မဟုတ်ပါဘူး။ ကျွန်တော့်အမြင်ကို တတ်သလောက် ရေးတာပါ။ ကျွန်တော့်အမြင်ပြောရရင် “ မြန်မာပြည်သူ ပြည်သားတွေ လွတ်မြောက်ဖို့အတွက် ကြိုးစားနေကြပါတယ်” ဆိုတဲ့ တော်လှန်ရေးနယ်မြေမှာ စည်းလုံးခြင်းကို အခုအချိန် ထိ မတည်ဆောက်နိုင်သေးဘူးလို့ ကျွန်တော်မြင်ပါတယ်။ အခုအချိန်မှာ အားလုံးဟာ စည်း လုံးဖို့ အချိန်တန်ပါပြီ။ လေလိုင်းထဲမှာ၊ အွန်လိုင်းထဲမှာ တစ်ယောက်မကောင်း ကြောင်းတွေ ကို တစ်ယောက်ပြောနေမယ့်အစား နအဖကို ဘယ်လိုတိုက်ရမလဲဆိုတာပဲ ပြော စေချင်ပါ တယ်။ ကျွန်တော်အရင်က နိုင်ငံရေးကိုစိတ်မ၀င်စားခဲ့ပါဘူး။ နိုင်ငံရေးဆိုတာ ဘာမှန်း လဲမသိ ပါဘူး။နိုင်ငံရေးဆိုတာ ကျွန်တော်တို့လူငယ်တွေနဲ့လည်း ဘာမှမဆိုင်ဘူးလို့ ထင်ခဲ့ တာပါ။ ကျွန်တော်တို့သင်ခဲ့တဲ့ ပညာရေးစနစ်မကောင်းခဲ့တာ၊ လူနေမှုအဆင့် နိမ့်နေ တာတွေဟာ ကံကြောင့်ပဲလို့ထင်ခဲ့တာပါ။ အခုမှဒါတွေဟာ အစိုးရမကောင်းလို့ဖြစ်တာလို့ တဖြည်းဖြည်း သိလာတာပါ။ စစ်တပ်ကရွာတွေကိုမီးရှို့တာ ဒုက္ခသည်ပေါင်းများစွာ ထိုင်းနယ်စပ် ဒုက္ခ သည်စခန်းကို ထွက်ပြေးလာရတာ။ ဒါတွေကို နောက်မှတဖြည်းဖြည်းသိရတာပါ။ အဲဒီတော့မှပဲ ကျွန်တော်တို့နိုင်ငံကိုပြောင်းလဲချင်စိတ် ပေါက်လာတာပါ။ ဒီလိုနောက်ကျမှသိလာရတဲ့ အတွက် ကိုယ့်ကိုကိုယ်လည်းရှက်မိပါတယ်။ဒီနောင်တတွေအတွက် ပေးဆပ်ချင်တဲ့ ကျွန်တော့်လို လူငယ်တွေလဲ အများကြီးရှိကြဦးမှာပါ၊ ကျွန်တော်မသိတာတွေကို အင်တာနက်က တဆင့် လေ့လာရမယ်လို့ယူဆပါတယ်။ ဒီအချိန်မှာ ကျွန်တော်ဖတ်ရတဲ့စာတွေက ဘယ်သူတွေ က တော်လှန်ရေးကို အကြောင်းပြုပြီး ဘယ်လိုလုပ်စားသွားတာ၊ ဘယ်သူတွေက ဘယ်လိုဖြစ် တာ။ ဒီစာမျိုးတွေကို ကျွန်တော်တွေ့ရပါတယ်။ကျွန်တော်လို ဘာမှမသိသေးတဲ့ သူတစ် ယောက်က ဒီလိုစာတွေဖတ်ပြီး Negative အမြင်မျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ဘာမှမ သိတဲ့အတွက် အဖြူရောင်ပေါ်မှာ အရောင်တင်ရင်တော့ တင်တဲ့အရောင်က ကျန်ခဲ့မှာပါပဲ။ တင်တဲ့အရောင်က မကောင်းတဲ့အရောင်ဖြစ်နေမယ်ဆိုရင် တော်လှန်ရေးအတွက် အားယုတ် ပါတယ်။ ကျွန်တော်တို့လိုလူငယ်မျိုး အများကြီးဖတ်မိရင် အများကြီးအားယုတ်ပါတယ်။ ကျွန် တော်တို့လို တက်သစ်စလူငယ်မျိုးတွေကို မသိတာတွေ မတတ်တာတွေ နည်လမ်းကောင်း တွေ လမ်းပြပေးမယ့် စာမျိုးတွေကိုပဲရေးကြစေချင်ပါတယ်။ကျွန်တော်တို့လိုလူငယ်မျိုးကို လူကြီးတွေက လက်တွဲခေါ်ပေး စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်အမြင်ပြောရရင် တော်လှန်နေကြတဲ့လူတွေ တော်တော်များများဟာ အယူအဆပိုင်းဆိုင်ရာမှာ သူတို့မှ သူတို့ ဖြစ်နေကြတယ်၊ ဆိုလိုသည်မှာ ခေတ်အနေထားခြင်း အယူအဆခြင်းတွေကို balance ဖြစ်အောင် တွေးခေါ်ယူဆပေးကြစေချင်ပါတယ်၊ ဒါမှလဲ ကျွန်တော်တို့ လူငယ်တွေအတွက် ပူးပေါင်းခွင့်ရမှာဖြစ်ပါတယ် မင်းတို့က ဘာတတ်လို့လဲလို့ ပြောမယ့်အစား တတ်အောင်သင်ပေးစေချင်ပါတယ်။ လူငယ် တွေကလည်း စည်းလုံးဖို့လိုပါတယ်။ ဒီအချိန်မှာ ပြောချင်တာတစ်ခုက လူမျိုးအစွဲတွေ၊ အဖွဲ့အစည်းအစွဲ၊မူအစွဲတွေကို မေ့ဖျောက်ထားဖို့ပါ။ ကျွန်တော်တို့အားလုံးမှာ စစ်အစိုးရဖြုတ်ချရေး ဆိုတဲ့ တူညီတဲ့ရည်ရွယ်ချက်တစ်ခုထဲနဲ့ အားလုံးလက်တွဲပြီး အလုပ်လုပ်သွားလို့ရပါတယ်။ ဒီအချိန်ဟာ စည်လုံးဖို့အချိန်တန်ပါပြီး။ အင်အားကိုခွဲဖြာနေမယ့်အစား စုစည်းပြီးအားကောင်း တဲ့ တော်လှန်ရေးကြီးကို ဆင်နွဲကြပါစို့လို့ အကြံပြုချင်ပါတယ်၊

Dream Angel

Read More...

လမင်းရဲ့ အတ္ထုပ္ပတ္တိ


လဆန်းသော် သူလင်း
လောက မြင်ကွင်း သူဆောင်
သူမလင်းသော် လောကအလှ
သုညဘ၀ အမှောင်
လင်းချိန်မှာ ပြည်သူရွှင်ပြုံး
ဂုဏ်ယူမဆုံးပါတဲ့ လမင်း စန္ဒာ
............
တောသား မြို့သား
သူတော်ကောင်း လူယောင်ဆောင်
ပညာရှင် သူတောင်းစား
အာဏာရှင်နဲ့ ဘက်တော်သား ဒီမို
လူကုန်ထံ လူ့ငမွဲ
မင်း စန္ဒာ သူမခွဲ
ပလွှား၍လည်း သူမဆက်ဆံ
...................
လောကသားအားလုံး
လင်းစေ မြင်စေ အေးချမ်းစေ
ဖြန့်ဝေနေ သူ့အလင်း
ဥယျဉ်ထဲလဲ သူဆင်း
ဆင်းရဲတွင်းလဲ သူဝင်
မေတ္တာရေစဉ် သူဖန်ဆင်း
ရုန်းကန်ခြင်းမို့ သူမပြို
..................
အခွန်ခလည်း သူမလို
မီတာခလည်း သူမရေး
အခမဲ့ဝေပေးနေသူမို့
တချို့ကစန္ဒာ
တချို့က လမင်း
တချို့က သော်တာ
တချို့ တေးသီချင်း
တချို့က ကဗျာ
ဂုဏ်ပြုလွှာ စည်ကာပြ
တသသ မည်ကာခေါ်
မြင်ပါစေ အလင်းရောင်ပေးသူမို့
မင်း စန္ဒာရယ်
ထာဝစဉ်လင်းနော်
......................
ရှမ်းနောင်

Read More...

လူဆိုတာ

Read More...

လူမျက်နှာပျောက်တဲ့လူသား

လူအချင်းချင်း…..မီးထက်ပြင်းတဲ့ထိုးနှက်မှူတွေ
အချစ်ကိုဝယ်စားကြသူတွေနဲ့ အချစ်ကိုရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့မေတ္တာမဲ့တဲ့နှလုံးသားတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။

ငါတို့ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့အတ္တအတွက် တယောက်က
အခြားတယောက်ရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုး
အသွေးအသားတွေကိုဝါးမျို
အရိုးတွေနဲ့မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။

ငါတို့ခေတ်မှာ..ကမ္ဘာရဲ့သစာ
ပျောက်ဆုံးနေတဲ့လောကပါလ ဟာ..
ဘယ်မှာမှရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင်…..
ဟင်!
လူသားတွေဟာ လူမျက်နှာတွေပျောက်နေကြပြီ။ ။
ဇေယျာသော်
၂၇.၆.၀၈

Read More...

Thursday, July 3, 2008

ပခုကူမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အား လုပ်ငန်းရှင်များသို့ တစ်အုပ်လျှင်သုံးသောင်းကျပ်နှင့် မယူမနေရရောင်းချလျှက်ရှိ

ပြီးခဲ့သည့်စက်တင်ဘာလတွင်းက မြန်မာ့ဒီမိုကရေစီရေးအတွက် ရဟန်းသံဃာတော်များဦးဆောင်ကာ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေးစီရေး တောင်းဆိုခဲ့ကြသည့် လှုပ်ရှားမှုကိုစတင်သန္ဓေတည်စေရာ မြန်မာပြည်အလယ်ပိုင်းရှိ ပခုကူမြို့တွင်မူ ဒေသခံအာဏာပိုင်များနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ စစ်အစိုးရမှ လည်းကောင်းတို့အာဏာတည်မြဲရေးအတွက် ရှေးရှု့ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အား တစ်အုပ်လျှင်သုံးသောက်ကျပ်ဖြင့် လုပ်ငန်းရှင်များအား မယူမနေရစနစ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် လုပ်ငန်းလိုင်စင်သက်တမ်းတိုးနှင့် ရယကအဖွဲ့တို့၏ ထောက်ခံချက်များကို တောင်းခံသည့်အချိန်တွင် အာဏာပိုင်များမှ ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ အမှန်မှာ ထိုအခြေခံဥပဒေစာအုပ်သည် ထောက်ခံမဲပေးရမည့် အချိန်မတိုင်မီ နိုင်ငံသားတစ်ယောက်လျှင် တစ်အုပ်နှုန်း၊ သို့မဟုတ် မိသားစုတစ်စုလျှင် တစ်အုပ်နှုန်း အစိုးရမှ အခမဲ့ဖြန့်ဝေရမည်ဖြစ်သဖြင့် ယခုကဲ့သို့ အခြေခံဥပဒေအတည်ပြုပြီးမှ ထိုဥပဒေစာအုပ်အား မယူမနေရရောင်းချနေမှုကြောင့် ဒေသခံတို့အနေဖြင့် မကြေမနပ်ဖြစ်နေရကြောင်း MHT သို့ ဆိုသည်။

Read More...

ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးချိန် ပုဂလိကသတင်းများထုတ်ဝေခွင့်ပေးချိန်တွင် ကြံခိုင်ရေးအသင်းဝင်များကို သတင်းစာတိုက်များမှ လစာပေးခန့်အပ်ထားရမည်ဟု သတင်

စစ်အစိုးရရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးချိန် ပုဂလိသတင်းစာများထုတ်ဝေခွင့်ပေးအပ်သည့်အချိန်တွင် စာပေစီစစ်ရေးဝန်ထမ်းများနှင့် ကြံခိုင်ရေးအသင်းဝင်များကို သတင်းစာတိုက်များမှ လုပ်ခလစာများပေးအပ်ကာ ခေါ်ယူထားရမည်ဖြစ်ပြီး ၄င်းတို့မှ နိုင်ငံတော်မူဝါဒနှင့်ကိုက်ညီသည့်သတင်းများကို တိုက်တွင်း စီစစ်ဖြတ်တောက်မှုများပြုလုပ်ပြီ သတင်းများကိုသာ ဖော်ပြကြရမည်ဟုဆိုသည့် သတင်းများ ရန်ကုန်စာနယ်ဇင်းလောကတွင် ထွက်ပေါ်လျှက်ရှိသည်။ဝါရင့်စာနယ်ဇင်းဆရာတစ်ဦးမှ ထိုကိစနှင့်ပတ်သက်ပြီးဆိုရာတွင် "အခု သူတို့တို့လုပ်နေတဲ့ပုံစံက တရုတ်တို့၊ ဗီယက်နမ်တို့မှ လုပ်နေတဲ့ ပုံစံမျိုးကို ချိုးနေတာဗျ။ အဲ့ဒီနိုင်ငံတွေမှာ သက်ဆိုင်ရာကွန်မြူနစ်ပါတီဝင်တွေကို သတင်းစာတိုက်တွေမှာ ထည့်ထားပြီးတော့ အဲ့ဒီလူတွေက သူတို့ပါတီနဲ့ အမျိုးသားအကျိုးစီးပွားအတွက်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သတင်းစာဆရာတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို စိစစ်ထိန်းချုပ်တာမျိုးတွေရှိတယ်လေ။ အခုစစ်အစိုးရကလည်း ဒီလိုပုံစံမျိုးလုပ်မယ်လို့ ယူဆရတယ်။" ဟုဆိုသည်။
ထို့အပြင် ယခုအချိန်တွင် စစ်အစိုးရမှ တစ်ဖတ်သက်ရေးဆွဲအတည်ပြုပြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူများ၏ ထောက်ခံမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မြန်မာနိုင်ငံတွင် အားဓမကျင်းသုံးကြတော့မည်ဖြစ်သည့်အတွက် ပြည်သူပြည်သားများနှင့် ပြည်တွင်းမီဒီယာအသီးသီးမှ ထိုဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းပါရှိသော အကြောင်းအရာများအား ခရေစေ့တွင်းကျသိရှိရန်လိုအပ်ပြီး တည့်ကျစွာဖြင့် ဥပဒေအတိုင်း လိုက်နာ လုပ်ကိုင်နိုင်ရန် လွန်စွာအရေးကြီးနေသဖြင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိနိုင်အောင် ကြိုးစားသင့်ကြောင်း လည်းကောင်းမှ ဆက်လက်ပြောကြားသည်။

Read More...

ကုလပေးသည့် အလောင်းထည့်အိတ်သုံးသောင်း ပျောက်ဆုံးနေ

နာဂစ်မုန်တိုင်းအတွင်း အသက်ဆုံးရှုံးခဲ့ကြရသူများ၏ ရုပ်အလောင်းများအား ထည့်သွင်းပြီးသဂြိုလ်နိုင်စေရန် ကုလအဖွဲ့ဝင်နိုင်ငံများမှ ပေးအပ်လှူဒါန်းခဲ့သည့် အလောင်းထည့်အိတ်သုံးသောင်းမှာ မုန်တိုင်းသင့်ဒေသများသို့ရောက်ရှိခြင်းမရှိပဲ အလှူပစည်းလက်ခံရာ အာဏာပိုင်းလက်တွင်း ပျောက်ဆုံးနေလျှက်ရှိသည်ဟု သိရသည်။ အလောင့်ထည့်အိတ်များ အချိန်မှီရောက်ရှိလာခဲ့ခြင်းမရှိသည့်အတွက် မုန်တိုင်းဒဏ်ခံစားခဲ့ကြရသည့်ဒေသများတွင် သေဆုံးသူများ၏ ရုပ်အလောင်းများမှ ကဆင့်ကလျားဖြင့် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုများကိုဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် မြစ်ပြင်အတွင်း မျောလျှက်ရှိသော အလောင်းများအား မီးရှို့သဂြိုလ်ပေးခဲ့သူများအား အလောင်းများ ဖျက်ဆီးပြစ်မှုနှင့် ဖမ်းဆီအရေးယူဆောင်ရွက်မှုများရှိနေကြောင်း သတင်းများရရှိသည်။

Read More...

မုန်တိုင်းဒဏ်သင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် လာမည့်နွေရာသီတွင် သောက်သုံးရေ အထူးရှားပါးမည့်ပြသနာဖြစ်ပေါ်နိုင်

နာဂစ်မုန်တိုင်ဒဏ်ကို အပြင်ထန်ဆုံးခံစားခဲ့ရသည် ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသများတွင် သောက်သုံးရေ ရေကန်များ ပျက်ဆီးသွားသဖြင့် သောက်သုံးရေအခက်အခဲများစွာဖြစ်ပေါ်နေသည်ဟု သကယ်သောင်ကျေးရွာအုပ်မှ ရွာခံတစ်ဦးက MHT သို့ဆိုသည်။ "သကယ်သောင်နဲ့ အုန်းချောင်းနှစ်ရွာပေါင်းမှာ သောက်ရေကန် သုံးကန်ရှိတာ မုန်တိုင်းကျတော့ ဒီကန်သုံးကန်လုံးပျက်သွားတယ်။ လူသေအလောင်းတွေနဲ့ စားငန်ရေတွေ ၀င်ကုန်တာ ဘယ်လို့မှ သုံးလို့မရတော့ဘူး။ ဒီကန်သုံးကန်ကတော့ ဦးကျော်သောင်းကန်၊ လယ်တော်ကန်သာနဲ့ ကောင်စီကန်တို့ပါ။ အခုအချိန်ထိ ဘယ်အဖွဲ့အစည်းကမှလည်း သောက်သုံးရေကန်ပြုပြင်ဖို့ ရောက်မလာကြသေးဘူး။ ရွာခံလူထုတွေအနေနဲ့လည်း အဲ့ဒီကန်တွေကို ဆယ်ယူဖို့ အင်အားမရှိကြဘူးဖြစ် နေတယ်၊ အခုလောလောဆယ်တော့ ရွာနဲ့ စက်လှေ (၁) နာရီလောက်စီးသွားရတဲ့ သင်္ကန်းကုန်း၊ ထော်ပုဏ္ဏ၊ နကုန်းရွာက သောက်ရေကန်တွေဆီသွားပြီးခတ်နေကြရတယ်။" ဟုဆိုသည်။
သကယ်သောင်ကျေးရွာအုပ်စုတွင် သကယ်သောင်၊ အုန်းချောင်း၊ ဘိုညိုကုန်း၊ လယ်တော၊ စက်ကုန်း၊ သောင်းလေးစသည့် ကျေးရွာကြီးများ ပါဝင်လျှက်ရှိပြီး ထိုကျေးရွာအုပ်စုအတွင်း ဆားတွင်း၊ ပုဇွန်ကန်၊ ရေလယ်ခုံစတဲ့ ကျေးရွာလေးများလည်း ပါဝင်လျှက်ရှိပါတယ်။ ရေငန်ဒေသဖြစ်သည့်အပြင် မြေအောက်ကျောက်ဖျာတည်ရှိနေသည့်အတွက် အ၀ိစိရေတွင်း ထူးဖော်ရန်ခက်ခဲ့သဖြင့် မိုးရွာသီတွင် ရွာသွန်းသောမိုးရေများကို ခံကာ ကန်မများပြုလုပ်ပြီး သောက်သုံးရေအတွက်အသုံးပြုနေရပြီး ထိုကန်များရှိရေများသည် ရေသန့်မသန့်မသိရှိနိုင်ပဲ သုံးစွဲလျှက်ရှိကြပြီး ထိုသောက်ရေကန်များသည် နွေရာသီတွင် ခမ်းခြောက်သွားတက် သဖြင့် ယခုနှစ်နွေရာသီတွင် သကယ်သောင်ကျေးရွာတွင် သောက်ရေးအခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများမှ စိုးရိမ်လျှက်ရှိနေကြ ကြောင်း MHT မှ သိရသည်။

Read More...

ရေပေါ်ရေးသောစည်းကမ်းများ အဓိပတိယာဉ်လိုင်း ဒါရိုက်တာများထုတ်ပြန်

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ဗန္ဓုလသယ်ယူပို့ဆောင်ရေးပိုင်၊ အဓိပတိယဉ်လိုင်းမှ ၄င်းတို့ယာဉ်လိုင်း ၅ လိုင်းအား (၂၈ ရက်၊ ၆ လ၊ ၂၀၀၈ ခုနှစ်) နေ့စွဲဖြင့် သတင်းတစ်ရပ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။အဆိုပါသတင်းမှာ အဓိပတိယဉ်လိုင်း စီးနင်းသည့်ခရီးသည်များကို ထိုင်ခုံပြည့်အပြင် လူ (၂၀) ထထက်ပိုမိုတင်ဆောင်ပါက ယာဉ်မောင်း၊ ယဉ်နောက်လိုက်များ ဒဏ်ငွေ ငါးသောင်းပေးဆောင်ရမည်ဟု ပေါ်ပြပါရှိသည်။
ယဉ်မောင်းများအနေဖြင့်လည်း ခေါက်ကြေး ၇၅၀၀၀ ကျပ်၊ ၈ လုံးပါ CNG ၂ ခေါက်တန်ဖိုး ၂၆၀၀၀ ကျပ် ပြည့်မီအောင်ရှာဖွေနေရခြင်း ကြောင့် မကြာမြင့်မီအထက်ပါစည်းကမ်းများသည် ရေပေးရေးသော စည်းကမ်းများဖြစ်သွားမည်ဖြစ်ကြောင်း ယဉ်မောင်းအသီးသီးက ဟာသလုပ်ပြောဆိုနေကြကြောင်း သိရသည်။

Read More...

ကော့မှူးနယ် မျိုးစပါး တင်းတစရာ ခုနှစ်သိန်းဈေးပေးဝယ်နေရ

ိနာဂစ်လေဘေးဒဏ်ခံခဲ့ရသော လေဘေးသင့်လယ်သမားများအား မျိုးစပါးများကို အပြည့်အ၀နှင့် အချိန်မီပေးဝေနေသည်ဟု နိုင်ငံပိုင် မီဒီယာအသီးသီးတွင် ဖော်ပြနေသော်လည်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာ ဒေသစိုက်ခွံနီ၊ဘေးကြား စပါးမျိုးများကို နိုင်ငံတော်မှ ရောင်းချပေးနေရာ ပြင်ပဈေးနှင့် မခြား တစ်တင်း ၇၀၀ ၊ စပါးတင်းတစ်ရာ ၇ သိန်းဈေးနှင့် ရောင်းချပေးနေကြောင်း ဒေသခံတို့အဆိုအရသိရသည်။
အဆိုပါ ရွာစဉ်တစ်ကြောရှိ ကျေးရွာအုပ်စုတစ်စုလျှင် လက်တွန်းထွန်စက်ငယ်တစ်စီးကို သုံးနှစ်ခွဲဆပ်စနစ်ဖြင့်ချပေးရာ သက်ဆိုင်ရာ ကျေးရွာလူကြီးများနှင့် လက်သင့်ရာများကို တစ်ဧကစီအလကားထွန်ယက်ပေးခဲ့ရကြောင်း၊ လယ်မြေများ စိုက်ပျိုးထွန်ယက်ရန် နောက်ကျ မည်စိုးသည်ကြောင့် ဒေသခံများက ဆီစိုက်တစ်ဧက ၆၀၀၀ ကျပ်နှုန်းနှင့် ပုဂလိကလက်တွန်းထွန်စက်ငယ်များကိုသာ ငှားရမ်းသုံးစွဲနေရကြောင်း သတင်းရရှိသည်။

Read More...

ကျိုက်ထီးဆောင်းဆရာတော်ကြီး ကျိုက်မွန်ဘုရားထီးတော်ပြင်ဆင်

နာဂစ်လေဘေးဒဏ်ကြောင့် ထီးတော်ပြုတ်ကျကာ တန်းဆောင်းတစ်လျှောက် ပြိုကျပျက်စီးခဲ့သော ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာ၊ ကျိုက်မွန်ထို သမိုင်းဝင်စေတီတော်မြတ်ကြီး၏ ထီးတော်ပြင်ဆင်ခြင်းကို ဇွန်လ ၂၉ ရက်၊ နံနက်က ကျိုက်ထီးဆောင်း ဆရာတော်မှ အကြီးအမှူးပြုကာကျင်းပပြုလုပ်သွားကြောင်း၊ လှူဒါန်းငွေကို ဇေကမာဒေါက်တာခင်ရွှေမှ ကျခံသုံးစွဲသွားကြောင်း သိရသည်။



Read More...

CARE အဖွဲ့၏ လူတန်းစားခွဲခြား ပစ္စည်းပေးဝေမှု လက်ခိုက်ကျေးရွာ လက်မခံ

ဇွန်လ (၂၃) ရက်နေ့နံနက်က ရန်ကုန်မြို့အခြေစိုက် NGOs အဖွဲ့တစ်ခုဖြစ်သည့် CARE မှ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာလူကြီးများအား ခေါ်ခိုင်းကာ လက်ခိုက်ကျေးရွာအတွင်းရှိ အလုပ်လုပ်နိုင်သောသူ၊ အစိုးရ၀န်ထမ်း၊ သွပ်မိုး၊ တိုက်ခံ၊ ပျဉ်ထောင်၊ ကျွဲနွားရှိ-မရှိ စာရင်းကောက်ခိုင်းကြောင်း၊ ၄င်းတို့၏ အလှူပစည်းများကို လက်လုပ်လက်စားများကိုသာ ဦးစားပေး- ပေးဝေလိုကြောင်း ပြောကြားလာသည့်အတွက် လက်ခိုက်ကျေးရွာလူကြီးများက လူတန်းစားမခွဲနိုင်၊ တန်းတူဝေနိုင်မှ လာဝေပါဟု ပြောလွှတ်လိုက်ကြောင်း၊ ထို့အတွက် CARE အဖွဲ့မှ လက်ခိုက်ကျေးရွာတွင် ပစ္စည်းဝေကတ်ပြားများ ပေးဝေခဲ့သော်လည်း ယနေ့အထိပြန်မလာတော့ကြောင်း သတင်းရရှိသည်။

Read More...

နိုင်ငံတော်ပျိုးစပါး ကွမ်းခြံကုန်း၊ ကညင်ကုန်းအုပ်စု ရရှိခြင်းမရှိ

နာဂစ်လေဘေးဒဏ်ခံ ဒုကသည်မျးအား မျိုးစပါးများအားပေးဝေနေသည်ဟု နိုင်ငံပိုင်မီဒီယာအသီးသီးတွင် အကျယ်တ၀င့်ဖော်ပြနေသော် လည်း ၇န်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်း၊ ဆယ်အိမ်တန်း၊ အလယ်ရွာ၊ ကျေးရွာတို့တွင်မူ ဘေးကြားတစ်တင်း (၈၀၀၀) ကျပ် ဈေးဖြင့် ၀ယ်စိုက်နေရကြောင်း၊ အဆိုပါ ကညင်ကုန်းအုပ်စုပိုင် ကျေးရွာ လေးရာတွင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူ (၂၉) ဦး အသက်ဆုံး ရှုံးခဲ့ကာ ကျွဲနွားကောင်ရေ (၅၀၀) ကျော် သေဆုံးကြောင်း ဆယ်အိမ်တန်း အေးချမ်းဖြိုးအဖွဲ့ဝင်တစ်ဦးက MHT သို့ ဆိုသည်။

Read More...

Tuesday, July 1, 2008

NCUBs Motivation on Burmas heinous crimes

Read More...