DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, September 26, 2010

သားဂျာနယ်ကျော်မှာတမ်း

ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် တစ်ဘ၀ခန္ဓာကိုစွန့်ပစ်၍ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သည်။ ဆရာမိုးဟိန်း၏ ရုပ်ခန္ဓာအားရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)ုမှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က သွားရောက် သယ်ဆောင်ပေးခဲ့ပါသည်။
ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ဖခင် ဂျာနယ်ကျော် ဦးချစ်မောင် + ဂျာနယ်ကျော် မမလေးတို့၏ သားကဗျာဆရာ၊ စာရေးဆရာတစ်ဦးဖြစ်သည့်အပြင် မြင်းခြံမြို့ မဟာပရိတ္တစေတီတော်မြတ်တည်ထားရာတွင် အလှူရှင်များနှင့် ပူးပေါင်းဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ထို့အပြင် မေမြို့စည်သာရပ်၌လည်း ဒဟတ်စံပြပရဟိတပျိုးခင်းကိုလည်း တည်ထောင်ထားသောပရဟိတလုပ်ငန်းကိုဦးဆောင်မျိုးစေ့ချပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။ ရန်ကုန်မြို့ ကမ္ဘာအေးကုန် မြေရှိပရိယတ္တိသာသနာ့ တက္ကသိုလ်တွင်လည်းသံဃာတော်များအားအင်္ဂလိပ်စာကိုပညာဒါနအဖြစ် သင်ကြားပေးခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ထိုသို့သောစာပေ၊ ပညာဒါန၊ ပရဟိတလုပ်ငန်း၊ သာသနာ ပြုလုပ်ငန်းများလုပ်ဆောင်ပေးဆပ်ခဲ့သူတစ်ဦးအနေနှင့် မရဏမင်းအားစိန်ခေါ်ခဲ့ပြီးကမ္ဘာမြေပြင်ပေါ် တွင်ကျန်ရစ်ခဲ့သောလူသားများအား “မှာပါရစေ … ပြောပါရစေ” ဟုမှာတမ်းခြွေကာမရဏမင်းဆီပျော်ပျော်ကြီးလိုက်သွားပြီ ဖြစ်တော့သည်။

“ မှာပါရစေ … ပြောပါရစေ ”
(၁)

ကိုယ်သေရင် မငိုနဲ့၊ပါးစိုရုံရှိမှာပေါ့။

သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့၊ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့မရဏမင်းဆီပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ -

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကိုဆက်လုပ်ဖို့၊

ဟောဒီချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ

လူသာဆုံးတာကျန်တာမရှုံးဘူး။

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။



မိုးဟိန်း (သားဂျာနယ်ကျော်)



ယနေ့ ၂၅.၉.၂၀၁၀ (စနေ) နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာအသင်းသူ/သားများတို့မှ မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကိုကျင်းပပေးခဲ့ပါသည်။ ယင်းအခမ်းအနားတွင် ကျန်ရစ်သူ မိသားစုဝင်များနှင့် အတူ နိုင်ငံရေးလောကမှ လူပုဂ္ဂိုလ်များ။

Read More...

Friday, September 3, 2010

RFA မှသတင်း မှားယွင်းကြောင်း ကျော်သူဖြေရှင်း

3.8.2010 ရက်နေ့ ကRFAသတင်းဌာနမှ..အနုပညာသည်လေး
ဦးအားရုပ်ရှင်ရိုက်ကူးခွင့်များပိတ်ပင်လိုက်သည်ဟုကိုကျော်သူမှပြောကြားသည်ဆိုသည်မှာမှားယွင်းနေပါသည်။
အမှန်မှာ...နာရေးကူညီမှုအသင်း(ရန်ကုန်)အားသွားရောက်လုပ်အားပေးသင်တန်းပေးခြင်းများကိုပိတ်ပင်ခြင်းဖြစ်ပါကြောင်း.....လေးစားစွာဖြင့်...ကျော်သူ
ရုပ်ရှင်သရုပ်ဆောင်များလူမှုရေးလုပ်လိုပါကရုပ်ရှင်အစည်းအရုံးမှသဘောတူထောက်ခံချက်ရပါမှလုပ်ရမည့်သဘောပင်ဖြစ်တော့သည်။( ရုပ်ရှင်သည်ပြည်သူ့ အတွက်....တဲ့ဗျာ။)
အောက်မှာ အာအက်ဖ်အေ ရဲ့ သတင်းပါ
ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ၄ ဦးကို အနုပညာလုပ်ငန်းပိတ်ပင်
2010-09-02

လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်ဖွင့်လှစ်တဲ့ သရုပ်ဆောင်သင်တန်းမှာ သွားရောက် အကူအညီ ပေးခဲ့တဲ့အတွက် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ၄ ဦးကို မြန်မာစစ်အစိုးရ လက်အောက်ခံ ရုပ်ရှင် အစည်းအရုံးက ရုပ်ရှင် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

(Photo Courtesy of myanmarcelebrity.com)

ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်သူ (ယာအစွန်) ဦးဆောင် ဖွင့်လှစ်ထားသော သရုပ်ဆောင် သင်တန်းတွင် ပါဝင် အကူအညီပေးနေသည့် (ဝဲ မှ ယာ) ညီဂျော်၊ ဂွမ်းပုံနှင့် သန်းသန်းစိုးတို့ ဖြစ်ပါသည်။ (Photo Courtesy of myanmarcelebrity.com)

အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးကတော့ ဟာသသရုပ်ဆောင် ညီဂျော်၊ အမျိုးသမီး သရုပ်ဆောင် သန်းသန်းစိုး၊ ဂွမ်းပုံနဲ့ ဆုရွှန်းလဲ့တို့ ဖြစ်တယ်လို့ ရန်ကုန် အနုပညာ အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

ဒါပေမဲ့ တားမြစ်ပိတ်ပင်တဲ့ အချိန်ကာလ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အခမဲ့ သရုပ်ဆောင်သင်တန်း ဖွင့်လှစ်ထားတဲ့ ရန်ကုန် နာရေးကူညီမှုအသင်းက ဦးကျော်သူကတော့ အခုလို လူမှုရေးလုပ်တဲ့ အနုပညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှင်တွေရဲ့ လူမှုရေးစိတ်ဓာတ်ကို ဖျက်ဆီးရာရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက် လိုက်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။

Read More...