DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, November 1, 2010

၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေး ဆန္ဒပြပွဲ ဖိတ်ကြားလွှာ

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး

အခွန်ရုံး (သံရုံး) ရှေ့ ကန့်ကွက်ဆန္ဒပြပွဲ

မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ကမ္ဘာ့ အဆိုးဝါးဆုံး အာဏာရှင် အာဏာရူးတို့က

လာမည့် နိုဝင်ဘာ (၇) ရက်၌ ကျင်းပတော့မည်။

မြန်မာပြည်သူများ၏ အနာဂတ်ကံကြမ္မာသည် အဆိုးဝါးဆုံး ဖန်တီးခံရတော့မည်မှာ

လက်တကမ်းသာ လိုတော့သည်။

အမျိုး၊ ဘာသာ၊ သာသနာကိုလည်း လူဆိုးလူမိုက်တို့က တရားဝင် ဖျက်ဆီးကြတော့မည်။

ဒေါ်အောင်ဆန်းစုကြည်က Use your liberty to promote ours ဟု ပြောထားသည်။ ကျွန်ုပ်တို့ ပြည်ပမှနေ၍ လွတ်လပ်တက်ကြွစွာ စနစ်တကျ စုစည်း လုပ်ဆောင်နိုင်သမျှသော မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုများသည် တနည်းတလမ်းအားဖြင့် အထောက်အကူ ဖြစ်စေသည်မှာ ငြင်းဆိုဖွယ်ရာ မရှိ။

ကျွန်ုပ်တို့ တိုင်းပြည်နှင့် လူမျိုးအတွက် အရေးကြီးဆုံး၊ အစိုးရိမ်ရဆုံး အချိန်ကား ရောက်လျက်ရှိနေပြီ။

ဂျပန်ရောက် မြန်မာတိုင်း အတက်ကြွဆုံး အားမာန်၊ အပြင်းထန်ဆုံး စိတ်ဓါတ်ဖြင့် အခွန်ရုံး (မြန်မာသံရုံး) ရှေ့မှာ အကြီးကျယ်ဆုံး ကန့်ကွက်ဆန္ဒပြကြမည်။ တတပ်တအား ပူးပေါင်း ပါဝင်ကြလော့။

၆-၁၁-၂ဝ၁ဝ (စနေနေ့)

မွန်းလွဲ (၂) နာရီမှ ညနေ (၄) နာရီထိ

၇-၁၁-၂ဝ၁ဝ (တနင်္ဂနွေနေ့)

နံနက် (၁ဝ) နာရီမှ ညနေ (၄) နာရီထိ

နေရာ - အခွန်ရုံး (မြန်မာသံရုံး) ရှေ့ Shinagawa, Tokyo, Japan

မြန်မာနှင့် ဂျပန် မီဒီယာများမှ ပါဝင်အားဖြည့် ကူညီပေးကြမည် ဖြစ်သည့်အပြင် BCJP မှလည်း တိုက်ရိုက် ရုပ်သံလွှင့်ပေးမည် ဖြစ်သည်။

ပြန်ကြားရေး

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

၁-၁၁-၂ဝ၁ဝ

Read More...