DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, August 28, 2008

စိတ္တဇ

ကြိုးတစ်စဆွဲထုတ်ဖို့
ချည်တစ်ထွေး ဖြည်ရလိမ့်။
အမိုးပေါက်က အလင်းစူးစူးကိုလည်း
ထိတ်လန့်၊
ကိုင်းခြောက်ပေါ်က ကျီးကန်းလည်း
ဂနာမငြိမ်၊
တိမ်တစ်စလည်း ရည်ရွယ်ရာမဲ့
လွင့်လို့။
ငါခေါင်းထဲက ပိုးအိမ်တွေ
ရှင်းထုတ်ပစ်ရမယ်
အခြေအနေက
သေဖို့လွယ်တယ်
ရှင်ဖို့ခက်တယ်။

ညီမွန်
(ပိတောက်မြေမဂ္ဂဇင်း)

No comments: