DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, August 28, 2008

နေထိုင်ရေး

စက်ဝိုင်းနဲ့စတုဂံဟာ
အံဝင်ခွင်ကျဖြစ်ပါ့မလား။
လေကောင်းလေသန့်ရှူပါ
ပျင်းရိသောအခါ သန်းဝေပါ
ဖြစ်ချင်တာတွေမေ့ထားပါ
ဖြစ်သင့်တာတွေလည်း မေ့လိုက်ပါ
ခေတ်ကြီးကိုလည်း မေ့ပစ်ပါ။
အိပ်ပျော်ချင်နေတာ
နှစ်ပေါင်း ၂၀။
အိပ်မပျော်နိုင်တာလဲ
နှစ်ပေါင်း ၂၀။
ကိုယ့်ကိုယ်ကို ချည်း
အပြစ်တင်နေလို့ ဖြစ်ပါ့မလား။

ညီမွန်
(ချယ်ရီမဂ္ဂဇင်း)

No comments: