DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, August 13, 2008

အလင်းအိမ်စာစောင်မှ ကူးယူတင်ပြသည်၊

အနာဂတ်

ဒီလိုနဲ့
သံမဏိဓါးသွားစိတ်ဓါတ်များ
ယုံကြည်ချက်မီးနဲ့ဆေးပြီး
သက္ကရာဇ်များကို စားသုံးရင်း
ငါတို့စောင့်ဆိုင်းနေကြ........။

အသက်အရွယ်များ
အိုမင်းရင့်ရော်သွားလည်း
လန်းဆန်းနုပျို
စိတ်ဓါတ်တွေမအိုခဲ့ဘူး။
ယုံကြည်ချက်များ
ကြိုးကြာငှက်တို့ရဲ့
မိုင်ထောင်ချီခရီးစဉ်လို
အရှိန်အဟုန်နဲ့ ပျံသန်း
တောက်ပတဲ့
အနာဂတ်လမ်းများဆီကို.......။

မမေးနဲ့........
ဤခရီးနီးသလား
မီးရထားကမလာသေး
ခလေးအတွေးများလွင့်ပစ်ခဲ့ပြီး
ကိုယ်တိုင်စိုက်ပျိုးလို့
ကိုယ်တိုင်ရိတ်သိမ်းရဦးမယ်.......။

ဒီလိုနဲ့
သံမဏိဓါးသွားစိတ်ဓါတ်များ
ယုံကြည်ချက်မီးနဲ့ဆေးပြီး
သက္ကရာဇ်များကို စားသုံးရင်း
ငါတို့စောင့်ဆိုင်းနေကြရတယ်.....။

မိတ်ဆွေတို့ရေ
အနာဂတ်နိုင်ငံတော်သစ်အတွက်
ရောက်လေရာအရပ်မှာ
စဉ်းစားတွေးခေါ်ကြံဆ
လေ့လာဆည်းပူးကြရင်း
ပြည်တွင်းပြည်ပမှာ
အားမွေးကြ
ဓါးသွေးကြ.....
စိတ်ဓါတ်များလည်း
“နိုးထားကြ”
“နိုးကြားကြ”
“ရိုးသားကြ”
ကြိုးစားမှ
ငါတို့ခေတ်မှာ အဆုံးအဖြတ်
စစ်အာဏာရှင်စနစ်
အဆုံးသတ်စေရမယ်။

ရဲရင့်သက်ဇွဲ

No comments: