DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, June 30, 2008

သေမည့်ရက်ကိုစောင့်မျှော်နေသူများ


ခုခေတ်ခုခါ မြန်ပြည်မှာ
တမာကချို သကာကခါး
ဆိုးဝါးသူအသက်ရှည်။
ရိုးသားသူအသက်ပျောက်။
မှောက်မှောက်မှားမှား
ဖေါက်ဖေါက်ပြားပြား
ကြောက်သလားမမေးနဲ့
ခဲမှန်ဖူးတဲ့ စာကလေးသဖွယ်
ခဲရွယ်ရင်ကြောက်
စားသောက်ဖို့ရေး စိတ်မအေး
ပြေးစရာလည်းမြေမရှိ
ပေးစရာလည်းငွေမရှိ
လုပ်စားတော့မိုးခေါင်
ခိုးစားတော့ ခွေးဟောင်
အမောင်တောင်မှန်းမြောက်မှန်းမသိ
သက်ရှိလူသေမခြားပေ
အတူနေရေးသေလာဝေး
ဒုကဘေးအမျိုးမျိုး
အသေဆိုးသေမဲ့ရက်သာ
ဘ0သွေမကွာ ဒုကဗလေဗွာနဲ့
ဗုဓတပြီးနေရရှာပါပြီး။

ကိုကိုအောင် (ဆန်ဖရန်စစ်စကို) ဖေဖော်ဝါရီ ၈ရက် ၂၀၀၈။

Read More...

Friday, June 27, 2008

" အပြုသဘောဆောင်သော ယုံကြည်ခြင်းများမှ မြန်မာပြည်၏ သာယာဝပြောသော ပကတိအရင်းခံ ငြိမ်းချမ်းရေးဆီသို့ "

၂၃ရက် ၅လ ၂၀၀၈ မုန်တိုင်းတိုက်ခတ်အပြီး ရက်၂၀အကြာမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဆီက နိုင်ငံအကာ အကူအညီတွေကို လက်ခံတော့မယ်ဆိုတဲ့ ၀မ်းမြောက်စရာစကားကို မစ္စတာဘန်ကီမွန်းက ကြေညာနိုင်ခဲ့ပြီး ကုလသမဂ္ဂနဲ့ သူ့ ရဲ့ အရေးပါတဲ့အခန်းကဏ္ဍကိုပြသနိုင်ခဲ့ပါပြီ။ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်အဖြစ် ကျွန်တော်တို့ ယူဆသင့်တယ်လို့ ထင်ပါတယ်။ ပြည်သူတယောက်အနေနဲလည်း ကြိုဆိုပါ တယ်။ အလားတူပဲ ဆယ်စုနှစ်ပေါင်းများစွာ တစ်ဖက်နဲ့ တစ်ဖက်ငြင်းခုံ၊ အယူအဆကွဲလွဲ ကာ၊ အဖြေရှာမရ ထွက် ပေါက်မဲ့နေတဲ့မြန်မာနိုင်ငံအတွက် အမှန်တကယ်၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်ခြင်း နှင့်အတူ ငြိမ်းချမ်းရေးကို ပြန် လည်ရှာဖွေတည်ဆောက်ဖို့ လမ်းကြောင်းသစ်တခု ပေါ်ပေါက်လာအောင် လက်တွေ့ ကြိုးစားသင့်တဲ့ အချိန်ဖြစ်ပြီး၊ တွေ့ ဆုံဆွေးနွေးညှိနိင်းအဖြေရှာရေးဆိုသော ရလဒ်ကောင်းတခု ပေါ်ပေါက်လာဖို့ 
ဝိုင်းဝန်းကြိုးစားနိုင်ကြမယ်လို့ လည်း ယုံကြည်မျှော်လင့်မိကြောင်းတင်ပြလိုပါတယ်။ လက်ရှိအာဏာပိုင် ဗိုလ်ချုပ်ကြီးတွေအနေနဲ့  ဒီအခြေအနေပေါ်ကနေ တိုင်းပြည်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြန်တည် ဆောက်မလဲဆိုတာ စဉ်းစားသင့်ပါပြီ။ နိုင်ငံသား တယောက်အနေနဲ့ ဆန္ဒအမှန်နဲ့ အဖြစ်သင့်ဆုံးကိုပြောရရင် အာဏာပိုင်များဟာယခုနိုင်ငံတကာကို ယုံကြည်လက်ခံမှုပေးသလိုမျိုး၊ ကိုယ့်ပြည်တွင်းကလူတွေနဲ့ ဆက်ဆံရေး မှာလည်း ယုံကြည်မှုပေးဖို့ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေကို ညှိနိုင်းကာ ပြောင်းလဲပြင်ဆင်ပေးဖို တာဝန် လည်းရှိပြီး၊ ထိုသို့ သော ပြောင်းလဲရမယ့်တာဝန်ကိုအလျှင်အမြန် ဆောင်ရွက်ဖို့  အလိုအပ်ဆုံးနဲ့ အကောင်းဆုံး အချိန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ထိုအတွက်ကြောင့် နိုင်ငံသား၊တိုင်းရင်းသားပြည်သူတစ်ယောက်အနေနဲ့  မြင်မိတာ၊ သိမိတာကတရားဥပဒေကြောင်းအရ လွတ်မြောက်ရတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက် လက် တိုးမြှင့်ထိမ်းချုပ်ခြင်းမှရုပ်သိမ်းပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လက်တွဲကာအမျိုးသားရေး ကိစ္စ ဖြစ်တဲ့ မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးကို အတူစတင် လုပ်ဆောင်ရင်းမှ နိုင်ငံအရေးအဆင့် ပူး ပေါင်းလုပ်ဆောင်ခြင်းထိ တဆင့်ခြင်း လျှင်မြန်စွာ တက်လှမ်းလုပ်ဆောင်သွားနိုင်လျှင် အကောင်းမွန်ဆုံး ဖြစ်လိမ့် မယ်လို့ မျှော်လင့်မိ ပါတယ်။ ထိုအတူကျန်တဲ့နိုင်ငံရေးအကျဉ်းသားများကိုလည်း အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို အတူတကွဆောင်ရွက်ကြခြင်းဖြင့် တဦးနဲ့ တဦး ယုံကြည်မှုကို တည် ဆောက် ကာ၊ လက်ရှိအာဏာပိုင်များအနေနဲ့ နိုင်ငံကောင်းကျိုးကို မည်မျှ ပြင်းပြစွာဆန္ဒ ရှိကြောင်း မြန်မာသိ၊ ကမ္ဘာသိဖြစ်အောင်ပြသသင့်ပါတယ်။ ထိုအကြောင်းရာမှာ လက်ရှိအာဏာပိုင်များက လုပ်ဆောင်ရမည့် အပိုင်း ဖြစ်သလို၊ သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့ အစည်းများကလည်း မိမိတို့ ရဲ့ တိုင်းပြည်ပေါ်တွင်ထားသော စိတ်ရင်း စိတ်ခံကို ညီအစ်ကိုမောင်နှမသဖွယ် ပြသသင့်တဲ့ အချိန်လို့ မြင်ပါတယ်။ဒီနေရာမှာအငြင်းပွားမှုတွေ အဆင်မ ပြေမှုတွေကိုခဏမေ့ထားပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ တရားဝင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးကို အဓိကတောင်းဆိုကြဖို့ လိုပါတယ်။ ဒီလိုလက်တွဲလုပ်ကြည့်ရင်းနဲ့  ညီညွတ်မှုတခုကို တည် ဆောက်ယူပြီး အဲဒီကမှတဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီပေါ်ပေါက်ရေးဆိုတဲ့ အဆင့်တွေ ကို တက်လှမ်းသွားသင့် ကြောင်း အကြံပြုတင်ပြချင်ပါတယ်။ ကမ္ဘာကြီးကနေ့ စဉ်နှင့်အမျှ ပြောင်းလဲနေပါတယ်။ ဒီနေ့ ကမ္ဘာကြီးမှာ လူသားထုတရပ်လုံးကို အဓိကခြိမ်းခြောက်နေတာ နိုင်ငံရေးပြဿနာတွေ မဟုတ်တော့ပါဘူး၊ ဖြစ်လည်းမဖြစ်သင့်တော့ပါဘူးသဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုရဲ့ ဆိုးဝါးပြင်းထန်လွန်းတဲ့အန္တရာယ်တွေပါ။ ၁ရက်တည်းနဲ့  လူအသက် သိန်းပေါင်းများစွာ၊သန်းပေါင်းများစွာကို မကြေငြာတဲ့စစ်နဲ ဗြောင်ကျကျ သွေးအေး အေး သတ်ဖြတ်ပစ်နိုင်တာ၊ထောင်စုနှစ်တွေချီနေပြီဖြစ်တဲ့လူ့  ယဉ်ကျေးမှုသမိုင်းကို စက္ကူစုတ်တစလို ခြေမွ ပစ်နိုင်တာ ရာသီဥတုဖောက်ပြန်မှုကဖြစ်ပေါ်လာတဲ့ သဘာဝဘေးဆိုးကြီးတွေပဲရှိပါတယ်။ ထို့ အတူဒီနေ့ ခေတ် ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ တိမ်းညွတ်မှု၊ ဦးစားပေးဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေဟာလည်း ပြောင်းလဲ ခဲ့ပြီဆိုတာ W.L Gore ကနိုဘယ်ဆုပိုက်ပြီး သက်သေပြခဲ့ပါပြီ။ ဒီအချိန်မှာကျွန်တော်တို့ မြန်မာနိုင်ငံက ခေါင်း ဆောင်တွေက လွန်ခဲ့တဲ့ရာစုတွေကလို အငြင်းပွားရင်း အချင်းများနေကြဦးမလား။ ဒါမှမဟုတ် နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုး၊ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အကျိုးလူသား မျိုးနွယ်တခုလုံးနဲ့ လူ့ ယဉ်ကျေးမှုရဲ့  အကျိုးကို လူ ပီသစွာ ရှေးရှုပြီး အတူတူလက်တွဲအဖြေရှာကာဆောင်ရွက်ခြင်းဖြင့် ကမ္ဘာမှာမြန်မာဟေ့လို့ စာမျက်နှာသစ် ဖွင့်သမိုင်းသစ်ကို ရေးကြ မလားဆိုတာကို လူပီသတဲ့လူသားတိုင်း မြန်မာပြည်ကို တကယ်ချစ်တဲ့ မြန်မာလူမျိုး၊ မြန်မာနိုင်ငံသားတိုင်း လေးလေးနက်နက် စဉ်းစားကြိုးပမ်းစေလိုကြောင်း ရင်ထဲကအရိုးခံကာ လေးနက် တည် ကြည်စွာ မေတ္တာရပ်ခံလိုက်ပါရစေလားဗျာ။

မြန်မာနိုင်ငံသားအားလုံးရဲ့ ပြန်လည်ချစ်ကြည်ရင်းနှီးမှုများ ငြိမ်းချမ်းမှုများဖြင့် ရွှေရောင်တောက်ပသောအနာဂတ်သစ်ကိုမျှော်လင့်လျက်…..


မိုဃ်းသွေး

Generation Wave

Read More...

Wednesday, June 25, 2008

မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းဆီခံ အနုပညာသည်များကို ရုံးတင်စစ်ဆေးမည်

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေးမှုကို ခံယူနေကြရသော အနုပညာရှင် (၁၇) ဦးကို မနက်ဖြန် ဇွန်လ (25) ရက်နေ့တွင်၊ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဗဟိုတရားရုံးချုပ်တွင် ရုံတင်စစ်ဆေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ မူးယစ်ဆေးမှုဖြင့် အဖမ်းဆီးခံ အနုပညာသည်များနှင့် ပတ်သက်ပြီး အင်းစိန်အကျဉ်း ထောင်မှ ပြန်လာသူ ရန်ကုန်မြို့ခံတစ်ဦးမှ ဆိုရာတွင် ထောင်ထဲက ၀န်ထမ်းတွေပြောတာကတော့ အမျိုးသား (၁၀) ယောက်နဲ့ အမျိုးသမီး (၁၇) ယောက်ရှိပြီး သူတို့အားလုံးကို သီးသန့်ဆောင်တွေမှာ ချုပ်ထားတယ်လို့ သိရ တယ် ဟု ဆိုသည်။ အဆိုပါ မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းဆီးခံနေရသူ အနုပညာသည်များအတွင်း ဒါရိုက်တာ မောင်မျိုးမင်း၊ အဆိုတော ဆုန်သင်းပါရ်၊ သင်ဇာဝင့်ကျော်၊ နန်းစုရတီစိုး၊ ဖိုးကျော်၊ န၀၇တ်နှင့် ဗိုလ်ချုပ်ရဲမြင့်၏ သားဖြစ်သူတို့အပါအ၀င် ရန်ကုန်မြို့ရှိ နာမည်နိုက်ကလပ်တစ်ခုဖြစ်သော ပိုင်အိုးနီးယားကလပ်မှ မန်နေဂျာ ကိုဖြိုးတို့ ပါဝင်နေကြောင်း အတည်ပြုရန် ခက်ခဲလျှက်ရှိတဲ့ သတင်းများအရ သိရသည်။

Read More...

ဖြိုးကြီးနဲ့ စိုးမြတ်နန္ဒာတကယ်ကွဲကြတာလား


ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက ကြီးကျယ်ခမ်းနားစွာဖြင့် မင်္ဂလာဧည့်ခံပွဲဆင်နွဲ လက်ထပ်ခဲ့ကြသော အနုပညာ ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ဖြိုးကြီးနှင့်စိုးမြတ်နန္ဒာတို့ ကွာရှင်းပြတ်ဆဲလိုက်ပြီဖြစ်ကြောင်း ပြီးခဲသည့် ရက်အနည်းငယ်အတွင်းက နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာအဖြစ် သရုပ်ဆောင်စိုးမြတ်နန္ဒာမှ ထည့်သွင်း ဖော်ပြလာသည်ကို တွေ့ရသည်။ နောက်တစ်နေ့တွင်မူ တေးသံရှင်ဖြိုးကြီးမှ ကွားရှင်းပြတ်ဆဲခြင်းကို သဘောမတူနိုင်ကြောင်း ထပ်မံဖော်ပြပါရှိသည်။ ထိုကိစများနှင့် ပတ်သက်ပြီး မြန်မာပြည်သူများအတွင်း ထင်ကြေးမျိုးစုံဖြင့် စိတ်ဝင်စားနေကြသည်ဟုသိရသည်။

ဝါရင့်အနုပညာ စာနယ်ဇင်းဆရာတစ်ဦးကမူ ထိုကိစနှင့်ပတ်သက်ပြီး "သူတို့ တကယ်ကွဲကြတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနုပညာရှင် တော်တော်များများက သူတို့နာမည်ကျလာပြီဆိုရင် နည်းမျိုးစုံသုံးပြီး နာမည်ပြန်တက်လာအောင် လုပ်တက်ကြတဲ့သဘော သဘာဝရှိတယ်လေ။ ဒီလိုများဖြစ်နေမလားတော့ မသိဘူး" ဟု ဆိုသည်။

ဖြိုးကြီး စိုးမြတ်နန္ဒာတို့ ဇနီးမောင်နှံနှင့် ပြီးခဲ့သည့် လအနည်းငယ်အတွင်းက တွေ့ဆုံအင်တာဗျူး ပြုလုပ်ခဲ့သူ လူငယ်အနုပညာ စာနယ်ဇင်းဆရာမတစ်ဦးမှ ဆိုရာမှာတော့ "ကျွန်မနဲ့ အင်တာဗျူးဆုံကြတုန်းက နှစ်စလုံး သူတို့လောက် ချစ်နေကြတာမရှိဘူးရှင်။ ကလေးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်မကို ရွှန်းရွှန်းဝေနေအောင် ပြောပြခဲ့ကြသေးတာ။ ကျွန်မလည်း တကယ်ပဲထင်နေခဲ့တာ။ မကြာဘူး။ ကျွန်မရေးပြီးလို အခုစာအုပ်က ထွက်နေရော သူတို့ကထပြီး ကွာရှင်းလိုက်ကြတယ်ဆိုတော့ ကျွန်မလည်း သွားရော။" ဟု ဖြိုးကြီး စိုးမြတ် နန္ဒာတို့နှင့် အင်တာဗျူးပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းဆရာမက MHT သို့ဆိုသည်။

ထို့အပြင် သူတို့နှစ်ဦးကွာရှင်းပြတ်ဆဲခြင်းနှင့်ပတ်သက်ပြီး ရှေ့နေတစ်ဦးမှဆိုရာတွင် "လင်မယားအမှုဖြစ်လို့ ကွာချင်တယ်။ မကွာချင်းဘူးကိစတွေက ဒီလို ဒီနေ့ကြော်ညာထည့် မနင်ဖြန် တုန့်ပြန်စာထည့်လိုရတာ မဟုတ်ဘူးဗျ။ အနည်းဆုံးတော့ တစ်ပတ်လောက်အချိန်ယူရတယ်။ သူတို့က ချက်ချင်းကြီးဆိုတော့ သိပ်တော့ မဖြစ်နိုင်ဘူး " ဟု ဆိုသည်။

ထို့အပြင် လတ်တလောဖြစ်ပေါ်နေသော အနုပညာရှင်များ ပါဝင်ပတ်သက်နေသည့် မူးယစ်ဆေးဝါးမှုတွင်လည်း လည်းကောင်းတို့ ပါဝင်ပတ်သက်နေရ်ျသာ ယခုလို တစ်ယောက်နှင့် တစ်ယောက် ကွဲရှင်းပြတ်ဆဲခြင်းများကို ပြုလုပ်လိုက်ကြသည်လား ဆိုသည်များမှာ အချိန်ကသာ ဖြေကြားပေးနိုင်မယ့် အမှန်တရားများပင်ဖြစ်သည်။

Read More...

ကိုင်းတောကျေးရွာသို့ သဲများသယ်ဆောင်လာသည့် လေဆင်နှာမောင်းတစ်ခု ဇွန်လ (၁၉) ရက်က ၀င်ရောက် တိုက်ခိုက်

ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်နေ့က ဧရာဝတီတိုင်း၊ ပြင်စလူမြို့နယ်ရှိ ကိုင်းတောကျေးရွာသို သဲများသယ် ဆောင်လာသည့် လေဆင်နှာမောင်းတစ်ခု ၀င်ရောက်တိုက်ခက်ခဲ့တယ်လို့ ပြည်ပမီဒီယာ သတင်းဌာန တစ်ခုဖြစ်တဲ့ ဗွီအိုအေရဲ့ သတင်းတစ်ရပ်အရ သိရသည်။ သတင်းအရ ထိုကိုင်တော ကျေးရွာမှာ အိမ်ခြေ (၁၀၀၀) မှ (၂၀၀၀) အကြားရှိပြီး လူဦးရေ (၇၀၀၀) ကျော် နေထိုင်တဲ့ ကျေးရွာကြီး တစ်ခုဖြစ်ကြောင်း သိရ သည်။ လေဆင်နာမောင်းမှ သယ်ဆောင်လာသော သဲများကြောင့် ကျေးရွာရှိ အိမ်များအားလုံး သဲလွှမ်းသွားပြီး ကျေးရွာနေ ပြည်သူအားလုံးနီးပါး သေဆုံးကုန်ကြောင်း အတည်မပြုနိုင်သည့် သတင်းများအရသိရသည်။ အသက်ရှင်လျှက် ကျန်နေသူ ကျေးရွာပြည်သူများဟာ နီးစပ်ရာ ကျေးရွာကြီးများသို့ ထွက်ပြေးလာနေကြ ကြောင်း သတင်းများအရသိရသည်။ ယခုကြုံကြိုက်ခဲ့ရသော သဘာဝကပ်ဘေးဖြစ်တဲ့ သဲလေဆင်နှာမောင်း ဟာ နာဂစ်မုန်တိုင်းထက်စာလျှင် ပိုမိုဆိုးရွားကြောင်း မုန်းတိုင်းအတွင်းကဆိုလျှင် လေတိုက်ပြီး ရေကြီးသော် လည်း ရေအတွင်း ရေကူးပြေးလွှားနိုင်သေးသဖြင့် တော်သေးကြောင်း ယခုသဲလေဆင်နှာမောင်းမှာမူ ပြေးချိန် ပင် မရကြောင်း သုံးသပ်ပြောဆိုနေကြသည်။

Read More...

Tuesday, June 24, 2008

စစ်တကသိုလ်ဗိုလ်လောင်းသင်တန်း သင်တန်းသားသစ်များခေါ်ယူ

ယနေ့ထုတ်ဝေသော နိုင်ငံပိုင်သတင်းစာများအတွင်း စစ်တကသိုလ်ဗိုလ်လောင်း၊ အင်ဂျင်နီယာနှင့် စစ်ဆေး တကသိုလ်ဗိုလ်သင်တန်းများအတွက် သင်တန်းလျှောက်လွှာများ ထည့်သွင်းကာ ခေါ်ယူလာသည်ကို တွေ့ရ သည်။ ထိုတကသိုလ်ဝင်ခွင့်များနှင့်ပတ်သက်ပြီး အမှတ်တစ်စုံတစ်ရာ ကန့်သတ်ထားခြင်းမရှိပဲ တကသိုလ် ၀င်တန်း အောင်မြင်ထားသူ မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ကြောင်း ဖော်ပြပါရှိသည်။ တကသိုလ် ၀င်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာပြီး မကြာခင်တွင်ပင် ထိုသို့ စစ်တကသိုလ်အသီးသီးတွင် တက်ရောက်ပညာသင်ကြားရန် စစ်ဗိုလ်များစုဆောင်းနေသည်မှာ စစ်အစိုးရအုပ်ချုပ်နေသည့် ဆယ်စုနှစ် နှစ်ခု အတွင်း ပုံမှန်ပင်ဖြစ်သည်။ အခြား တကသိုလ်ဝင်ခွင့်များထက် စောဆီးစွာခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ကျောင်း ဆရာတစ်ဦးမှ MHT သို့ ဆိုရာတွင် "သူတို့က အခုလို အစောကြီးခေါ်တယ်ဆိုတာ။ ဆယ်တန်းမှာ အမှတ်ကောင်းကောင်းနဲ့ အောင်တဲ့ကျောင်းသားတွေကို သူတို့ စစ်တပ်ထဲကို ရောက်အောင်လို့ ခေါင်းခေါက်ပြီး ရွေးတဲ့အနေနဲ့ အစောဆုံးခေါ်တာဗျ။ ဗိုလ်သင်တန်း လျှောက်ဖို့အတွက်ဆိုရင် အခြားကျောင်းသားတွေနဲ့တောင် မတူဘူး။ အမှတ်စာရင်းကို အစောဆုံးထုတ်လို့ရတာတို့ ဘာတို့လို အထူးအခွင့်အရေးတွေ ပေးထားသေးတယ်။ ဘာပဲ ပြောပြောပေါဗျာ။ အစိုးရအနေနဲ့က အခြားတကသိုလ်တွေရဲ့ ၀င်ခွင့်တွေနဲ့အတူတူ သူတို့ရဲ့ စစ် တကသိုလ်ဝင်ခွင့် ကိုလည်း အတူတူခေါ်သင့်တယ်။ ဒါမှ တရားမျှတမှုရှိမှာပေါ့။" ဟု ဆိုသည်။

Read More...

Monday, June 23, 2008

မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်များ တာဝန်မှ အနားယူ သွားသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းဆို

မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားသည်ဟု စစ်တပ် အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့်ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးနေရာတွင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေအား အစားထိုးခန့်အပ်ခဲ့သည် ဟု အမည်မဖော်လိုသည့် စစ်ဖက် အရာရှိတဦးက ပြောသည်။

"တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့သဘောပဲ၊ (နယက)ကောင်စီမှာ တော့ ဆက်ရှိနေ မယ်၊ အရင် (ကစထ)မှူးတွေလည်း အနားယူတယ်ဆိုပေမဲ့ အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ"ဟု အဆိုပါ တပ်မတော်အရာရှိတဦးက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုးခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်အများအပြား အပြောင်းအလဲပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။

ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် မုံရွာခရိုင်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ် ရာပြည့် တို့ ပြောင်းလဲရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

"ဒါက တပ်တွင်းနေရာအပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာ ဆိုပြီးတော့ ထွက်လာမှာမဟုတ်ဘူး၊ အရင် (ကစထ)မှူးဟောင်းတွေ နားတယ် ဆိုပေမဲ့ နိုင်ငံတော်ကောင်စီ ထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ"ဟု ပြောသည်။

တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်းတပ်မ ဗျူဟာမှူးများ အဖြစ် အပြောင်းအလဲများရှိမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယခုအပြောင်းအလဲများနှင့်ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာအများအပြား အပြောင်း အရွှေ့များ ဖြစ်ပေါ်လာသည့်အတွက် ရှေ့အလားအလာကို ခန့်မှန်းရခက်နေသေးပြီး အာဏာအရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်းအချို့ အတွက် စဉ်းစားစရာဖြစ်နေသည်ဟု အဆိုပါစစ်ဘက်အရာရှိက ပြောဆိုသွားခဲ့သည်။

Read More...

Sunday, June 22, 2008

ရန်ကုန်မြို့အနှံ့ လုံခြုံရေးများ အထူးများပြား

ယနေ့ မေလ (၂၁) ရက်နေ့တွင် ရန်ကုန်မြို့အနှံ့ လုံခြုံရေးများ အထူးများပြားလျှက်ရှိသည်ကို တွေ့ရသည်။ ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားသော ရဲများသည် Police စာတမ်းပါ။ နက်ပြာရောင်ကားများပေါ်တွင် သေနက်၊ ဒိုင်းကာ၊ ဒုတ်များကို အပြည့်တင်ဆောင်ကာ ရန်ကုန်မြို့အနှံ့လှည့်ပတ်နေခြင်းဖြစ်ပြီး မြေနီကုန်း မီးပွိုင့်၊ ရွှေကုန်တိုင်မီးပွိုင့်တို့တွင် ကားလမ်းမများပေါ်တွင် ရပ်တန့်ထားကာ လုံခြုံရေး ဆောင့်ဆိုင်း လျှက်ရှိသည်။

ထိုလုံခြုံရေးများသည် မည်သည်အတွက် ကင်းစောင့်ဆိုင်းနေသည်ကို မသိရှိရသော်လည်း လူထုအုံကြွမှု ဖြစ်ပေါ်လာလျှင် အကြမ်းဖက်အရေးမှုများ ဆောင်ရွက်နိုင်အောင် အသင့်စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ခံတစ်ဦးကဆိုသည်။ ညဦးပိုင်း (၁၀း၀၀) ကျော်မှ စတင်ကာ လည်းကောင်း လုံခြုံရေးများသည် ဘတ်စ်ကားများအား ရပ်တန့်စစ်ဆေးခြင်းများပြုလုပ်လျှက် အပြစ်မဲ့ လုပ်သား ပြည်သူများကို မသင်္ကာမှုနှင့် ဖမ်းဆီးအရေးယူ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။ ထို့ကြောင့် ၀ါရင့်နိုင်ငံရေးသမားတစ်ဦးမှဆိုရာမှာတော့ "အစိုးရကနာဂစ်မုန်တိုင်းရဲ့ နောက်ဆက်တွဲ သတင်းမှန်တွေနဲ့ သူတို့ရေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကို ပြည်တွင်းကရှိတဲ့ Blog မီဒီယာသမားတွေက ဆောင်ရွက် နေကြတာဖြစ်တဲ့အ တွက် ဒါတွေကို အချိန်မှီဖမ်းဆီးနိုင်အောင် လုံခြုံရေးကို တိုးမြှင့်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ကိုယ်ကျိုး စွန့်ပြီး သတင်းမှန်စီးဆင်းရေးအတွက် ဆောင်ရွက်နေကြ သူများအနေနဲ့ မိမိတို့ လုံခြုံရေးကို မိမိတို့ အထူး သတိပြုသင့်ပါတယ်။" ဟု MHT သို့ဆိုသည်။

Read More...

နာဂစ်မုန်တိုင်းအပြီး ရန်ကုန်မြို့တွင် စားသောက်ကုန်ဈေးနှုန်းများ အစမတန်ကြီးမြင့်လျှက်ရှိ

နာဂစ်မုန်တိုင်းအပြီးမှစတင်ကာ ခုန်ပျံတက်သွားသော စားသောက်ကုန်ဈေးနှုန်းများမှာ မုန်တိုင်းပြီးဆုံးသွား ချိန်မှာ များစွာကြာမြင့်သွားပြီဖြစ်သော်လည်း ပြန်လည်ကျဆင်းခြင်းမရှိသေးပဲ တရွှေ့ရွှေ့နှင့် ပြန်တက်လာ သည်မှာ မုန်တိုင်းပြီးစ ကုန်ဈေးနှုန်းများသို့ပင် ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံများမှဆိုသည်။ လတ်တလော ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းများနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးမှ MHT သို့ဆိုရာတွင် "အခု ဆန်တစ်ပြည်ကို တစ်ထောင်ကျော်ပေးဝယ်ရနေပြီ။ ဒါက ရိုးရိုးစားလို့ဖြစ်တဲ့ဆန်ပါ။ ပေါ်ဆန်းမွှေးလို ဆန်မျိုးဆိုရင် (၁၆၀၀) ကနေ (၁၈၀၀) လောက်အထိရှိနေပြီ။ ပေါ်ကျွဲက (၁၃၀၀) ကနေ (၁၄၀၀) လောက်ရှိနေပါတယ်။ အခုရက်ပိုင်းမှာတော့ နာဂစ်ဆိုတဲ့ ဆန်တစ်မျိုး အသစ်ပေါ်လာတယ်။ သူက နည်းနည်းဝါတယ်။ မုန်တိုင်းမိ ရေစိုထားတဲ့ဆန်တွေပါ။ အဲ့ဒီဆန်ကတော့ တစ်ပြည်ကို (၈၀၀) ကနေ (၉၀၀) လောက်အထိရှိတယ်။ ဒီဆန်ကိုပဲ ကျွန်မတို့ အများသောအားဖြင့်စားရတယ်။ ဒီဆန်တွေက ချက်လိုက်ပြီးရင် ဒံပေါက်လိုအရောင်မျိုးတွေ ထွက်လာတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မညွတ်တော့ ကျွန်မတို့မသိဘူး။ ဈေးချိုတာ ကို ကျွန်မတို့ရွေးစားနေရတယ်။ အခုဟာက ရန်ကုန်မှာမိသားစုတစ်ခုအနေနဲ့ တစ်နေကို ဆန်ဆီအပါအ၀င် ဈေးဖိုးက တစ်ရက်ကို (၂၅၀၀) ကနေ (၃၀၀၀) အတွင်းမှာကုန်နေတယ်လေ။ သာမန်အစိုးရ၀န်ထမ်း တစ် ယောက် ရဲ့လစာက တစ်လမှ (၃၅၀၀၀) ကနေ (၅၀၀၀၀) အထိပဲရကြတာလေ။ ဈေးဖိုးကတစ်ရက်ကို သုံး ထောင်ဆိုရင် တစ်လကို မိသားစုတစ်ခုရဲ့ စားသောက်ရေး ကုန်ကျစာရိတ်က (၉၀၀၀၀) နဲ့ (၁၀၀၀၀၀) ကြားထဲမှာ ရှိနေတယ်။ ဒါ အိမ်လခတို့ မီတာခတို့မပါသေးဘူး။ ဘတ်စကားခ မပါသေးဘူးရှင့်။ ဒါကို အစိုးရ သူတို့ ပေးထားတဲ့လစာတွေ တော်တော်များလှပြီလိုများ ထင်နေကြလားမသိဘူး။ ကြာရင် ၀န်ထမ်းတွေအနေနဲ့ အငတ်ဘေးတွေ့ရတော့မှာ။ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် လက်ပေးလက်ယူတွေ များလာတယ်။ နိုင့်ထက် စီးနှင်းမှုတွေ များလာတယ်။ အာဏာအသုံးပြု ခေါင်းပုံဖြတ်မှုတွေများလာတယ်။" ဟု သူမ၏ ခံစားချက်များကို ပြောပြသည်။

Read More...

နိုင်ငံတော်အစိုးရအနေဖြင့် သိသာထင်ရှားစေမည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်

ရန်ကုန်၊ မေလ (၂၁) ရက်၊ ၂၀၀၈ ခုနှစ်ပြည်သူ့အခွင့်အရေးထောက်ခံကာကွယ်သူ မြန်မာသံတော်ဆင့် အနေဖြင့် လတ်တလောဖြစ်ပေါ်လျှက်ရှိသော ပြည်တွင်းအခြေအနေများကို အတက်နိုင်ဆုံး အမှန်ကန်အထိရောက်ဆုံး တင်ပြလျှက်ရှိသည်။ အချို့မှာမူ နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့်အာဘော်ဖြင့်ရေးသားထား သော သတင်းများပါဝင်နေသကဲ့သို့ အချို့မှာမူ နိုင်ငံတော်အစိုးရသို့ အကြည်အညိုပျက်ပြားစေရေး မရည် ရွယ်ခဲ့သော်လည်း ထိုသို့ အဖြစ်မျိုး ဖော်ပြပါရှိခဲ့သည်ကို ၀န်ခံအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်များ MHT သည် ပြည်သူလူထု၏ အခွင့်အရေးကို ထောက်ခံကာကွယ်သူ သံတော်ဆင့်များအဖြစ် မိမိတို့ကိုယ် မိမိတို့ သတ်မှတ်ထားသောကြောင့်ပင်ဖြစ်သည်။ သတင်များတင်ပြနိုင်စေရေးအတွက် ကျွန်တော် များ MHT အဖွဲ့ဝင်များသည် ပြည်သူများအတွင်း နေထိုင်ကျင်လည်လျှက် အဖြစ်မှန်များကို သိရှိနိုင်စေရန် ကြိုးစားလျှက်ရှိရာ အာဏာပိုင်အဖွဲ့အစည်းအသီးသီး၏ ဥပဒေအလွဲသုံးစားပြုမှုများ၊ အာဏာအလွဲသုံးစား လုပ်မှုများကို မြင်တွေ့နေရသည်ဖြစ်သောကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် သူများမျက်ချေးကို လက်ညိုး မထိုးသင့်ပဲ ကိုယ့်မျက်ချေးကိုယ်မြင်ရန် အလွန်အရေးကြီးသဖြင့် မိမိအာဏာပိုင်အဖွဲ့အစည်း၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး တပ်မတော်အစိုးရ၏ စေတ္တနာမှန်များ ပေါ်လွင်အောင် ပြည်သူများရှေ့သို့ အလုပ်ဖြင့် သက်သေပြရန်လိုအပ်လျှက်ရှိသည်ဟု MHT အယ်ဒီတာအဖွဲ့မှ တိုက်တွန်းလိုက်ရသည်။

Read More...

မြန်မာနိုင်ငံတွင် တကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ

ပြီးခဲ့သည့် မတ်လအတွင်းက ဖြေဆိုကျင်းပပြီးစီးခဲ့သော တကသိုလ်ဝင်ထန်း စာမေးပွဲဖြေဆိုထားသော ကျောင်းသူကျောင်းသားများ၏ စာမေးပွဲ အကျ၊ အရှုံးစာရင်းကို ယနေ့ မေလ (၂၂) ရက်နေ့တွင် ပညာရေး ၀န်ကြီးဌာနမှ သက်ဆိုင်ရာ ပညာရေးမှုးရုံးများ၊ စာစစ်ဌာနများနှင့် အခြေခံပညာအထက်တန်းကျောင်း များတွင် အောင်စာရင်းကပ်ကာ ကြေညာပေးလိုက်ပြီဲဖြစ်သည်။ ဒါအပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲလျှက် ရှိနေ သေးတဲ့ ဒေသများမှ ကျောင်းသူကျောင်းသားများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံမှ ထုတ်ပြန် ကြေညာပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ MRTV ၏ ယနေ့နံနက်ပိုင်း သတင်းများ အရသိရသည်။ ရန်ကုန်တိုင်းအတွင်းဖြေဆိုထားသူကျောင်းသားကျောင်းသူများ၏ အဖြေစာရွက်များသည် နာဂစ်မုန်တိုင်းကျရောက်စဉ်က ရန်ကုန်တကသိုလ်အတွင်းရှိ စာသင်ဆောင်များအတွင်း ရှိခဲ့သည်ဖြစ်ရာ ပျက်ဆီးမှုများရှိခဲ့ကြောင်း၊ ထိုအဖြေလွှာပိုင်ရှင် ကျောင်းသားကျောင်းသူများအနေဖြင့် အောင်စာရင်းတွင် ဖော်ပြပါရှိသည်များနှင့် မိမိတို့ဖြေဆိုနိုင်ခဲ့သည်များ ကွဲလွဲချက်များရှိနေသဖြင့် များစွာ စိတ်ဆင်းရဲနေကြရ ကြောင်း ရန်ကုန်မြို့ခံ ကျောင်းသားမိဘတစ်ဦးကဆိုသည်။ ထိုအဖြေလွှာပိုင်ရှင် ကျောင်းသားများအနေဖြင့် စာမေးပွဲအောင်ရုံသာ အောင်ခဲ့ကြရသော်လည်း လည်းကောင်းတို့အနေဖြင့် စာမေးပွဲကို ဂုဏ်ထူးမှတ်အထိ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တကသိုလ်စာစစ်ဌာနများအနေဖြင့် လွဲချော်မှားယွင်းမှုများရှိခဲ့သဖြင့် ကျောင်းသားကျောင်းသူများအနေဖြင့် များစွာနစ်နာရကြောင်း သတင်းများရရှိသည်။

Read More...

Friday, June 20, 2008

မိုးကြိုးများပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လပွတ္တာမှ မော်တော်ယဉ်ဖြင့်သာ ပြန်ခဲ့ရ

နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး မေလ (၁၉) ရက်နေ့ ညနေပိုင်းက နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဘိုကလေးမှ လပွတ္တာမြို့သို့ တပ်မတော်ရဟက်ယဉ်ဖြင့် ရောက်ရှိလာကြောင်း၊ သူ ဆင်းသက်ပြီး မကြာမီပင် ကောင်းကင်သည် ကြည်လင်နေပါလျှက် မိုးကြိုးအချက်ပေါင်းများစွာ ပစ်ခတ်ကြောင်း (ရေတွက် ထားသူအချို့က နှစ်ဆယ့်နှစ်ချက်ဟု ပြောသည်) ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသည် တပ်မတော်လေယာဉ်ဖြင့် မပြန်ရဲတော့ဘဲ ဧရာရွှေဝါကုမ္ပဏီမှ ယာဉ်တန်းကြီးနှင့် ရန်ကုန်သို့ ပြန်ရကြောင်း ဒေသခံတို့၏ တစ်ညီတစ်ညွတ် တည်း ပြောကြားချက်များအရ သိရသည်။

Read More...

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်စဉ် အသက်ဆုံးရှုံးသူများရှိနေ

နာဂစ်မုန်တိုင်ဒဏ်ကြောင့် ပျက်ဆီးခဲ့ရသော အဆောက်အအုံများအား ပြန်လည်ပြင်ဆင်ရေး များကို ရန်ကုန်မြို့ အနှံ့ပြုလုပ်လျှက်ရှိရာ ပြုပြင်ရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် လုပ်ငန်းခွင်မကြွမ်းကျင်သော အလုပ်သမားအချို့ အသက်ဆုံးရှုံးလျှက်ရှိကြောင်း သိရသည်။ မှုခင်းများအနေနှင့် ပန်းဘဲတန်းမြို့နယ်နှင့် သင်္ကန်းမြို့နယ်များတွင် အသက်ဆုံးမှုများရှိခဲ့သည်ဟု ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော Weekly Eleven ၏ သတင်းတစ်ရပ်အရသိရသည်။ ထိုသို့ အသက်ဆုံးရှုံးရမှုများနှင့်ပတ်သက်ပြီး အင်ဂျင်နီယာ တစ်ဦးမှ ဆိုရာတွင် ရန်ကုန်တွင် လုပ်ငန်းခွင် ကျွမ်းကျင်သော လက်သမားများရှားပါးနေမှုနှင့် အစိုးရ၏ ပြည်ဝတဲ့ အကူအညီများ မရရှိမှုကြောင့်ဟုဆိုသည်။ ထိုသို့ အသက်ဆုံးရှုံးမှုများ ဖြစ်ပွားပါက ရယကနှင့် ရဲတပ်ဖွဲ့တို့မှ အိမ်ရှင်များအား အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် စစ်ဆေးအရေးယူမှုများရှိနေသည့်အပြင် အသက်ဆုံးရှုံးရသူများအား မည်သည့်အာမခံ ငွေကြေးတစ်စုံရာမှ ရရှိခြင်းမရှိကြောင်း သိရှိရသည်။

Read More...

ပြည်တွင်းဘလော့ဂါများ သတိထားကြရန်

ယခုရက်ပိုင်း ရန်ကုန်မြို့အတွင်းတွင် အာဏာပိုင်များ၏ လုံခြုံရေးတင်းကြပ်မှုများ အလွန်ပင်များပြား လျှက်ရှိနေပြီး ဘတ်စ်ကားများကို ရပ်တန့်စေပြီး ခရီးသည်များ၏ အိတ်နှင့် ကိုယ်ပိုင် ပစည်းများကို ဖွင့်လှစ်စေပြီး စာရွက်စာတန်းများမှအစ အားလုံးအား စစ်ဆေးလျှက်ရှိပါတယ်။ ထို့ကြောင့် မြန်မာဘလော့ဂါများ အနေဖြင့် မိမိကိုယ်အတွင်း သတင်းအချက်အလက်များ ရေးသားမှတ်ယူထားသည့် စာရွက်စာတမ်းများအား အတူတကွ မယူဆောင်သွားမိစေရန်နှင့် ကွန်ပျူတာဒေတာများကိုလည်း အသုံးပြုပြီးသည်နှင့် ချက်ချင်း ဖျက်ဆီး ပစ်ရန် အလွန်အရေးကြီးလျှက်ရှိသည်။ ယခုအခါတွင် စစ်အစိုးရသည် ဘလော့ဂါတိုက်ပျက်ရေး စစ်ဆင်ရေး တစ်ခုကို လျှို့ဝှက်ရေးသားနေပြီဖြစ်ပြီး ထိုစစ်ဆင်ရေးကို အိုင်စီတီပတ်နှင့် မြေပြင်အာဏာပိုင် အဖွဲ့အစည်း အသီးသီးမှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထိုကြောင့် စစ်အစိုးရအတိုက်အခံ မြန်မာ ဘလော့ဂါများအနေဖြင့် လုံခြုံရေး အထူးသတိပြုရန် လိုအပ်လျှက်ရှိသော အချိန်ဖြစ်ကြောင်း အတိုက်အခံ ဘဘော့ဂါများမှ ဆိုသည်။

Read More...

Wednesday, June 18, 2008

လောကကြီးကမာယာများတာလား
လူတွေကပဲမာယာများတာလားတော့မသိဘူး
လောကကြီးမှာ နေရတာ အဆင်မပြေဘူးကွာ....

Read More...