DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, August 21, 2009

ပြည်သူ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားနေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချမှတ်

......... ......... ပြည်သူ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားနေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချမှတ် ခြင်းကို စစ်အစိုးရရဲ့ လက်အောက်ခံ မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်လွှင့်ခဲ့တာပါ။သူတို့ အပြောအရတော့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတာကြောင့်သက်ညှာစွာစဉ်းစားပေးပါတယ်တဲ့။ဒါပေမဲ့ စစ်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေကို ထမင်းမစားဘဲ မြက်စားပြီးအသက်ရှင်နေတဲ့သူ တွေလို့ များထင်နေလို့ ဒီလိုကြေငြာချက်မျိုးကိုအရှက်မရှိထုတ်ပြန်ခဲ့တာပါ။

Read More...

Monday, August 17, 2009

အဖြူရောင်လှုပ်ရှားမှု စတင်

RFA - 2009-08-15

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး အပြစ်ပေးတဲ့အပေါ် ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေ ဦးဆောင်ပြီး အဖြူရောင်လှုပ်ရှားမှုကို စတင် လှုပ်ရှားနေပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့ က လူငယ်တွေဟာ ဆိုင်ကယ် အစီး ၂ဝ လောက်နဲ့ အဖြူရောင်တွေ ဝတ်ဆင်လှုပ်ရှားခဲ့ပုံကို လှုပ်ရှားမှု မှာ ပါဝင်တဲ့ လူငယ်တဦးက အာအက်ဖ်အေကို ပြောပြပါတယ်။

လူငယ်တဦး။ ။'ဦးထုပ်အဖြူကို ခေါင်းမှာဆောင်းထားတယ် နောက်တခါ အင်္ကျီကိုလည်း အဖြူဝတ်တယ်။ အဲလိုဝတ်ထားတဲ့ အယောက် ၂ဝ ကျော်ကနေ ဆိုင်ကယ်နဲ့ မြို့ထဲကို ပတ်တယ်။ ပတ်ပြီးတော့ ကျနော်တို့က ဗောဓိတထောင်မှာသွားပြီး ဝတ်ြပု ဆုတောင်းပွဲလုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ပါစေ ဆိုတဲ့ ဆုတောင်းမှုမျိုးကို ကျနော်တို့ လုပ်ပါတယ် ခင်ဗျ။ ကျနော်တို့ ယုံကြည်ချက် ကတော့ နိုင်ငံရေးဆိုတာ နိုးကြားတက်ကြွ နေရမှာဖြစ်တဲ့အတွက် ကျနော်တို့က နိုင်ငံရေး အသွင်သဏ္ဍာန်ကို ဥပဒေ ဘောင် အတွင်းကနေ လှုပ်ရှားနေခြင်း ဖြစ်ပါတယ်'

မကွေးတိုင်း ရေနံချောင်းမြို့က အန်အယ်လ်ဒီပါတီဝင်တွေ အားလုံးနီးပါးကလည်း အဖြူရောင်တွေ ဝတ်ပြီး လူစည်ကားတဲ့ နေရာတွေမှာသွားပြီး လူထုကိုပါ စည်းရုံးခဲ့ပုံကို စည်းအဖွဲ့ဝင် ဦးသန်းအောင်က ပြောပြပါတယ်။

ဦးသန်းအောင်။ ။'အကုန်လုံးကတော့ ကျနော်တို့ အဖြူရောင်တွေ ဝတ်ကြတယ်ပေါ့ဗျာ၊ ဆိုင်ကယ်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို သွားတာရှိတယ်၊ တချို့ ဈေးထဲသွားတာရှိတယ်။ လက်ဖက်ရည်ဆိုင်မှာ သူတို့ စိတ်ဝင်တစား မေးကြတာ ရှိတယ်။ ကျနော်တို့ပြောပြတော့ သူတို့လည်း နောက်နေ့တွေ ဝတ်ပါ့မယ် ပြောကြတာတွေလည်း ရှိတယ်။ စိတ်ဝင်စားကြပါတယ်၊ ဒါက ဘာမှလည်း ဘေးအန္တရာယ် ရှိနိုင်တဲ့ အလုပ် မဟုတ်ဘူးလေ။ ကိုယ့်ဟာကိုယ် အဖြူရောင် အဝတ်အထည်လေးတွေ ဝတ်တာတို့၊ အဖြူရောင် အသုံး အဆောင်လေးတွေ သုံးတာတို့၊ နောက်တခါ အဖြူရောင်ပန်းတွေ ဘာတွေ လှူတာတို့ ဆိုတာက ဒါက ဥပဒေပြင်ပ မှာ ရောက်တဲ့ကိစ္စလည်း မဟုတ်ဘူးလေ။ အဓိက ကတော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်ရေး အတွက် ဆောင်ရွက်တာဆိုတာလည်း လူတိုင်းက သိနေတယ်၊ အဲဒီတော့ လူတိုင်းကလည်း ပါဝင်ကြမှာပါ'

ဆက်လက်ပြီး ဦးသန်းအောင်က ဒီလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်တင်မဟုတ်ပဲ ပြည်သူအားလုံးအတွက် ဖြစ်တဲ့အတွက် လူထုအနေနဲ့ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းသွားပါတယ်။

ဦးသန်းအောင်။ ။'တရားဥပဒေ စိုးမိုးရေး တရားဥပဒေ စိုးမိုးရေး လို့ပြောနေတယ် ဒါပေမယ့်လို့ လုပ်ရပ်တွေက ကျတော့ ဘယ်လိုမှ တရားမျှတတဲ့ လုပ်ရပ်တွေကို ကျနော်တို့ မတွေ့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုတင်မဟုတ် ဘူး၊ လူတိုင်းလူတိုင်းကိုလည်း အနိုင်ကျင့်တာတွေ နှိပ်စက်တာတွေ ခံနေရတယ်ဆိုတာ အားလုံးသိနေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ကိုယ့်တရားဥပဒေနဲ့အညီ လွတ်လပ်ခွင့်တွေ ရဖို့ လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့ တရားသဖြင့်သော ရပိုင်ခွင့်အတွက်တော့ ကိုယ်ထူကိုယ်ထနဲ့ ပါဝင်လုပ်ကိုင်ကြမှသာလျှင် တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံ ဖြစ်လာမယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့က လူထုကိုလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အဖြူ ရောင် လှုပ်ရှားမှုမှသည် မိမိကိုယ်တိုင် လွတ်မြောက်ရေးပေါ့နော်၊ အဲဒီအထိ ကျနော်တို့က စဉ်းစားလာစေချင်တယ်။ ဒီလိုပဲ ပါဝင်ကြပါလို့ ကျနော်တို့ကတော့ မေတ္တာရပ်ခံချင်တယ်ပေါ့ဗျာ'

မိတ္ထီလာ အန်အယ်လ်ဒီအဖွဲ့ဝင်တွေကလည်း ဈေးထဲမှာ အဖြူရောင်တွေဝတ်ပြီး လူထု ပူးပေါင်းပါဝင်ဖို့ လိုက်လံ စည်းရုံးခဲ့ကြပါတယ်။ ဒီ လှုပ်ရှားမှုတွေကို မန္တလေးတိုင်းအတွင်းက သာစည်၊ ဝမ်းတွင်းမြို့နယ် တဲစုရွာ၊ သဲတော၊ မေမြို့၊ မိုးကုတ်၊ သပိတ်ကျင်းနဲ့ ညောင်ဦး စတဲ့ မြို့တွေမှာလည်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Read More...

Friday, August 14, 2009

ic live in japan 2009

......... .........

Read More...