DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, September 26, 2008

သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် တွေ့ဆုံခြင်း


မေး။ ။ ပထမဦးဆုံး မေးခွန်းအနေနဲ့ပေါ့နော် … ဆရာကြီးကို အခုလို ဘာကြောင့်လွှတ်ပေးလိုက်တယ်လို့ ဆရာကြီး ထင်ပါသလဲ။
ဖြေ။ ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တယောက်တည်း ဖြစ်တာကိုပြောတာနော် … တခြားလူတွေတော့ ကျနော်မသိဘူး။ ကျနော်တယောက်တည်းနဲ့ ပတ်သက် လို့တော့ ဒါမရိုးမသားလုပ်တာ … လိမ်တာပဲဗျ။ ဘာလို့ လိမ်တာလဲဆိုတော့ ကျနော် က ထောင်အနှစ် ၂၀ ကျတယ်ဗျာ။ ထောင်ရဲ့ထုံးစံက တနှစ်မှာ လျှော့ ရက်ဆိုတာ သုံးလကိုရှိတယ်ဗျ။ အဲတော့ အနှစ် ၂၀ ကျတဲ့လူက ၁၅ နှစ် ၁၆ နှစ်လောက်လျှော့ပေးရင် ဘယ်လောက်လောက် ရလဲဆိုတော့ တနှစ်ကိုဗျာ ၃ လ၊ ၁၆ နှစ် ဆို တော့ ၄၈ လ၊ ၄ နှစ်တောင်ရတယ်။ ၁၆ နှစ်ကျော်ကျော်ဆိုရင် လွတ်တယ်ဗျ။ ကျနော်က လွတ်ရမယ့်ဟာ အဲဒီဟာကို ကျနော့်ကို လွတ်တဲ့အထဲမထည့်ဘဲနဲ့ ကျနော့်ကို 401 ထဲမှာ အမှုထည့်တယ်။ အဲဒါကို လက်မခံဘူးဆိုတော့ ကျနော် နဲ့ စကားများတယ်။ နောက်ကြောင်းလေး ပြန်ပြောရရင် ကျနော် ဒီ 401 ဆိုတဲ့ လက်မှတ်ထိုးတာ သို့မဟုတ် ပြစ်ဒဏ်ကို လျှော့ပြီးတော့ လွှတ်ပေးတာ သို့မဟုတ်လည်း ဆလံပေးထွက်တာ၊ ဒူးထောက်ထွက်တာ မလုပ်ဘူး ဆိုပြီးတော့ ၉၀ ခုနှစ် ကတည်းက ငြင်းခဲ့တယ်။
ကျနော့်ကို ပထမ ထောင် ၃ နှစ်ချတယ်။ ၈၉ မှာထောင်ချတယ်။ ၉၁ ခုနှစ်မှာ ကျနော့်ကို ထပ်ထုတ်ပြီးတော့ ထမင်းတွေ ဘာတွေကျွေး လုပ်သေးတယ်။ အဲဒါကို 401 နဲ့ လွှတ်မယ်လို့ ပြောတယ်။ ကျနော် ငြင်းခဲ့တယ်။ နောက်တခါ ကျနော့်ကို ၉၅ မှာ ဦးကြည်မောင်တို့ ဦးတင်ဦးတို့ လွတ်တဲ့အချိန်မှာ ကျနော့်ကို ခေါ်ပြီးတော့ 401 နဲ့ ထွက်ဖို့ပြောတယ်။ ကျနော် ငြင်းခဲ့ တယ်။ နောက်တခါ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ ကျနော် ဆေးရုံတက်နေတုန်းမှာ ကျနော့်ကို လာပြီးတော့ 401 နဲ့ လက်မှတ်ထိုးပြီးထွက်ဖို့ လာပြောတယ်။ ကျနော် ငြင်းခဲ့တယ်။ အဲဒီလို အကြိမ်ကြိမ် ငြင်းခဲ့တဲ့ 401 နဲ့ ကျနော့်ကို ထည့် တယ်။ တကယ်က ကျနော်က လွတ်ရက်စေ့တဲ့လူအနေနဲ့ လွှတ်ကိုလွှတ်ရမယ် … ဒါပဲ။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီး တော့ အစိုးရဟာ ကျနော့်ကို လိမ်တာ၊ ညာတာ၊ စစ်အစိုးရဟာ ဒီအုတ်ရောရော ကျောက်ရောရောထဲမှာ ကျနော့်ကို ရောထည့်တာ။ ပြဿနာတွေ အကုန်လုံးကို ရေရောပစ်တာ … ကျနော် အဲဒီ သဘော ပြောတာ။

မေး။ ။ နောက်မေးခွန်းတခုက ၁၉ နှစ်ကျော်ကျော်ကြာ ဆရာ ထောင်ထဲမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့တာက ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျနော့်မှာလည်း တခါတလေကျတော့ စိတ်ပျက်တာ အားငယ်တာ စိတ်ဆင်းရဲတာ စိတ်ညစ်တာ မခံနိုင် တော့အောင်ဖြစ်တာ ရှိတာပေါ့ … လူပဲဗျာ။ ကျနော်လည်း သံနဲ့ထုထားတဲ့ လူမဟုတ်ဘူး။ ကျနော် ဘာဖြစ်လို့ နေနိုင်လဲ ဆိုတာ ကျနော် တွက်တဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ ကျနော် အမြဲတမ်း တလျှောက်လုံး လမ်းစဉ် (စုလွှတ်တွေ့) ဆိုတဲ့ လမ်းစဉ်ပဲ။ စုဆိုရင် ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ လွှတ်ဆိုတာက လွှတ်တော်ခေါ်ယူ ကျင်းပရေး၊ နောက်ဆုံးက တွေ့ဆိုတဲ့ဟာ တွေ့ဆုံဆွေးနွေးရေး။ ဒီသုံးခုကို ကျနော် apply လုပ်ပြီးတော့ နေတာပဲဗျ။ ဘယ်ပြဿနာ ပေါ်လာလာ ကျနော်က ဒီသုံးခုနဲ့ apply လုပ်တယ်။ apply လုပ်တယ်ဆိုတာ ဥပမာ ထောင်ထဲမှာ အကျဉ်းသားအခွင့်အရေးကို တောင်းဆိုတယ်။ နိုင်ငံရေး သဘောထားမေးလာရင် ကျနော်က လွှတ်တော် ခေါ်ယူရေးနဲ့ ပြောတယ်။ တွေ့ဆုံဆွေးနွေးရေး ကျနော် ပြောတယ်။ ဥပမာဆိုရင်တော့ ခေါင်းဆောင် ကြီးများနဲ့ တွေ့တဲ့ ဟာမျိုး မလုပ်နိုင်ရင်တောင်မှ ကျနော်တို့က ထောင်အာဏာပိုင်တွေနဲ့ တိုက်ရိုက်တွေ့ချင်တယ် အဲဒီလိုမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးလိုင်းကို တလျှောက်လုံး ကျနော်ကိုင်လာတယ်။
နောက်တခု ကျနော်ကိုင်တဲ့ဟာတခုက ရံသုံးရံပဲ။ အန်အယ်လ်ဒီ နိုင်ငံရေး မြင့်သွားတာရှိတယ် နိမ့်သွားတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျနော် အန်အယ်လ်ဒီကို ဝန်းရံထားမယ်။ ဒါ ကျနော်တို့ အဖွဲ့အစည်းပဲ။ ဒီအဖွဲ့အစည်းနဲ့ ကျနော်တို့ရှိနေ တယ်။ ဒီမိုကရေစီ ဆိုလို့ရှိရင် အဖွဲ့အစည်းဆိုတာ ရှိရမယ်။ ဒီအဖွဲ့ပျက်သွားရင် သူတို့က ကြိုက်မှာပေါ့။ ကောင်းတာ မကောင်းတာ ရှိလားဆိုတော့ မကောင်းတာကို ကောင်းတဲ့အနေအထားနဲ့ ရှိအောင်နေရမယ်။ အဲဒါကြောင့် အန်အယ်လ်ဒီ ကို ဝန်းရံကြရမယ်။ နောက်တခုက ကျနော်တို့ လွှတ်တော်ကို ဝန်းရံရမယ်။ လွှတ်တော်ဆိုတာ ရှင်းရှင်းပြောရင် ပြည်သူရဲ့ Mandate ကို လွှတ်တော်ကနေ ရထားတာ။ ကျနော်တို့ အန်အယ်လ်ဒီတင် ရတာမဟုတ်ဘူး။ နိုင်ငံရေးအရ ပြောတာ။ အခြားသောပါတီတွေရော၊ ဒါကြောင့်မို့ လွှတ်တော်ကို ဝန်းရံကြရမယ်။ နောက်တခုက ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို ဝန်းရံရ မယ်။
ရှင်းရှင်းပြောရရင် ဒီတိုက်ပွဲကြီး တခုလုံးထဲမှာ ဒေါ်စုဟာ အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်ဆိုတော့။ ဒေါ်စုမှာ ချို့ယွင်းချက် ရှိချင်ရှိမယ်။ ဒေါ်စုကို ကျနော် ပုဂ္ဂိုလ်ရေးကိုးကွယ်တာ မဟုတ်ဘူး။ ဒေါ်စုရဲ့ အခန်းကဏ္ဍ ဒေါ်စုရဲ့လုပ်ဆောင်ချက်သည် ဒီနှစ် ၂၀ ကာလမှာ အလွန်အရေးကြီးတယ်။ အဲလောက်ကို အလွန်အရေးကြီးတဲ့ အနေအထားမှာရှိတဲ့အတွက် ဒေါ်စု ခေါင်းဆောင်မှုကို ဘယ်လိုမှ သေးသိမ်အောင် လုပ်လို့မရဘူး … လျော့ပေါ့အောင် လုပ်လို့မရဘူး။ ဒါကြောင့် ကျနော်တို့ ဒေါ်စုခေါင်းဆောင်မှုကို ဝန်းရံကြပါ။
အဲဒီ ကြွေးကြော်သံ သုံးရပ်၊ တောင်းဆိုချက်သုံးရပ် အဲဒါနဲ့ ကိုင်ရှင်းပြီးတော့ ကျနော်နေတဲ့အတွက် ဒီလောက်ခံနိုင် တယ်လို့ ကျနော်တော့ထင်တယ်။ သို့သော် ခုနပြောသလို လူပဲဗျာ … သံနဲ့ထုထားတာမှမဟုတ်ဘဲ။ စိတ်ညစ်တာတွေ ကျန်းမာရေးချို့ယွင်းတာတွေလည်းရှိမယ်။ ကျနော် အမြဲတမ်း နိုင်ငံရေးနဲ့ပတ်သက်ပြီး မျက်ခြည်မပြတ်နေနိုင်တာ၊ စိတ်ဓာတ်အင်အားတွေ တောင့်ခံနိုင်တဲ့ဟာ၊ အဲဒီ ကြွေးကြော်သံ သုံးရပ်၊ တောင်းဆိုချက် သုံးရပ်ကြောင့်လို့ထင်တယ်။

မေး။ ။ စစ်အစိုးရက ဒေါ်စုနဲ့လည်း တွေ့နေပြီလို့ပြောတယ်ဆရာ။ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ ကျင်းပ မယ်လို့ပြောနေတယ်။ ဒီရွေးကောက်ပွဲ ကျင်းပရေး လမ်းကြောင်းကသာ Pragmatic ဖြစ်တယ်ဆိုပြီးတော့ အခုဆိုလို့ရှိရင် ဆရာမောင်စူးစမ်းတို့ကပါ ပြောလာတာရှိတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းကိုရော ဆရာ ဘယ်လိုထင်လဲ။
ဖြေ။ ။ ကျနော်က အဲဒါနဲ့ ပတ်သက်လို့တော့ ဒိုင်ယာလော့နဲ့ပဲ တတွဲတည်းတွဲပြီးတော့ စဉ်းစားရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် စစ်အစိုးရဟာ လမ်းကြောင်းကို ပိတ်ထားတယ်။ လမ်းတားလိုက်တာ။ ရှေ့အတွက် လမ်းပိတ် နေပြီ။ လမ်းပိတ်ဖို့အတွက် ပေါ်လာပြီ။ ကွန်စတီကျူးရှင်း ဆိုတာ ပေါ်လာပြီ။ အဲဒီ ကွန်စတီကျူးရှင်း ထဲက ထွက်လာမယ့် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ ဒါတွေလည်း စပေါ်လာပြီ။ အဲဒီတော့ လမ်းပိတ်သွားပြီ။ အဲဒီတော့ ကိုစူးစမ်းတို့က ဒိုင်ယာလော့က အဆင်တန်ဆာ ဖြစ်သွားပြီလို့ပြောနေတယ်။ ကျနော်လက်မခံ ဘူး။ ဒါ အညံ့ခံလိုင်းပဲ။ ဟုတ်တယ် လမ်းပိတ်မနေဘူးလား … ပိတ်တာပေါ့။ ပိတ်နေတာကို အခုမှ လမ်းပိတ်တာလို့ ထအော်ရင် အဲဒီလူဟာ တော်တော်ညံ့ တာပဲ။ ပိတ်နေတာ ရှင်းရှင်းပြောရရင် ၁၉၉၂ National Convention ခေါ် ကတည်းက သူတို့က ဒီဟာကို ကြံခဲ့ပြီးသား။ ကျနော်တို့ ဒါကြောင့် အမြဲတမ်းပြောနေတယ်။ သူတို့ကို legitimacy မပေးနိုင်ဘူး။
NC နဲ့ ပတ်သက်ပြီး ကျနော်တို့ သပိတ်မှောက်ရမယ်ဆိုတာက ၉၃ တုန်းက ကျနော် ပြောခဲ့ပြီးပြီ။ ဒါ အားလုံးရှေ့မှာ။ အမေရိကားက Mr. Bill Richardson လာတွေ့တယ်။ ထောက်လှမ်းရေးတွေရော ဘာတွေရော ထောင်အာဏာပိုင်တွေ ရော သတင်းထောက်တွေရော။ အဲဒီမှာ ကျနော်ပြောခဲ့တယ်။ ကျနော်လက်မခံဘူး။ ဒါ Sham ၊ ဒါ အတုအယောင်ပဲ။ အဲဒါကို သပိတ်မှောက်ရမယ်။ ခင်ဗျားတို့ ကျနော်တို့ အားလုံးအတွက်ဆိုရင်တော့ အနည်းဆုံးတော့ သပိတ်မှောက်ရမယ်။ ဆိုလိုတာက ဒီတခါးကြီး ပိတ်တော့မယ်ဆိုတာ သူတို့က ၉၂ လောက်ကတည်းက ကြံရွယ်ပြီးသားပဲ။ အဲဒါအခုမှ ကျနော်တို့ ပြောနေတာ မဟုတ်ဘူး။ ကျနော်က ၉၂ လောက်တုန်းက သူတို့လုပ်တာလည်း အမြဲတမ်း ကန့်ကွက်ခဲ့တယ်။
ကျနော်တို့က ဒီမိုကရေစီနည်းကျ တွေ့ဆုံဆွေးနွေး ဖြေရှင်းမယ်ဆိုတာ စိတ်ထဲမှာ ရှိတယ်။ ကျနော်တို့က တွေ့ဆုံဆွေးနွေး ရေးကို ၉၂ မတိုင်ခင်က ၈၈ အောက်တိုဘာလကတည်းက အန်အယ်လ်ဒီက ကိုင်စွဲခဲ့တဲ့ လိုင်းဖြစ်တယ်။ ဒီလိုင်းက ဒေါ်စု ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ န၀တ ကို ပို့ခဲ့တဲ့လိုင်း။ အောက်တိုဘာ လကတည်းက။ ဒီဒိုင်ယာလော့လိုင်းက တလျှောက် လုံးရှိနေတာ၊ အဲဒီထဲမှာ သူတို့က NC လိုင်းတွေတင်လာတယ်၊ အခုတခါ နောက်ဆုံးပိတ် ဖွဲ့စည်းပုံလိုင်း။ လမ်းပိတ်နေတယ်၊ အဲဒီ ပိတ်နေတာကို ကျနော်တို့ နဂိုကတည်းက မြင်နေတာပဲ၊ အဲဒါကို ဒိုင်ယာလော့ နည်းနဲ့ ဖြေရှင်း မယ်။ ဒိုင်ယာလော့နည်းနဲ့ ကျနော်တို့ ဟာတွေကို တင်ပြမယ်၊ ဒိုင်ယာလော့နည်းနဲ့ သူတို့ ခြေလှမ်းတွေကို ဖျက်မယ် ဆိုပြီးတော့ ကျနော်တို့ ကိုင်စွဲခဲ့တာပဲ။
ဒီနေ့ ကျနော်တို့ လမ်းပိတ်နေတာကို မြင်နေသော်ငြားလည်း လမ်းပိတ်သွားတဲ့ အထိတော့ ကျနော်တို့က ဒိုင်ယာလော့ကို တောင်းဆိုနေမှာပဲ။ လမ်းမပိတ်အောင်ပြောနေမှာပဲ။ ဒိုင်ယာလော့က ဒါပဲ။ အဲဒါကို ဒိုင်ယာလော့က အဆင်တန်ဆာပဲ ဆိုတာ ကျနော်လက်မခံဘူး။ ဒါ အညံ့ခံတဲ့လိုင်းပဲ။ ရှင်းရှင်းပြောရင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုလို့ရတယ်။ အနည်းဆုံးတော့ ခင်ဗျားတို့ ဒါတွေခဏ ဆိုင်းထားပါဦး။ တွေ့ဖြစ်အောင်တွေ့ရမယ်။ လမ်းပိတ်တာတွေ မပိတ်နဲ့ဗျာလို့ ပြောလို့ရရမယ်။ ဒါတွေပြင်ပါလို့ ဘာဖြစ်လို့ မပြောနိုင်ရမှာလဲ ။ပြီး ပြီး ရောသွားလို့မရဘူး။ ကျနော်က အဲလိုပဲ ယူဆတယ်။

မေး။ ။ ဟုတ်ကဲ့ ဆရာ၊ နောက်မေးခွန်းတခုက ဆရာ အခုအနေနဲ့ ဆရာ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ တွေ့ခွင့်ရ မယ်ဆိုရင်၊ ဆရာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေများ အကြံဥာဏ်ပေးနိုင်မလဲ၊ ဆရာ ဘာတွေ ပြောမလဲ ဆရာ။
ဖြေ။ ။ အမှန်တိုင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပဲဗျ။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလည်း ခံယူတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအားဖြင့်ရော၊ စိတ်ဓာတ် အားဖြင့်ရော စွန့်လွတ်မှု၊ အနစ်နာခံမှု အားလုံးက ကျနော်တို့ထက် အများကြီးကို စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်။ အခုမှမဟုတ်ဘူး၊ ဟိုတုန်းက လည်း ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထက်မြက်မှု၊ စိတ်ဓာတ် ခိုင်မာမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Commit ဖြစ်မှု စွဲမြဲမှု ဒါတွေ ကျနော် အကုန်လုံးလက်ခံခဲ့တယ်။
ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ခင်ဗျားစိတ်ကူး ဘာတွေရှိသလဲ။ အဲဒါတွေ ကျနော်ဘာလုပ်ပေးနိုင်မလဲ။ ဒီမေးခွန်းပဲ ကျနော်မေးမယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ရှိပြီးသားဖြစ်တယ်လို့ ကျနော်ယုံတယ်၊ ဒါ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနဲ့ ပြောနေတာမဟုတ်ဘူး၊ ကျနော်ဘာပြောမလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားဘာအကြံရပြီလဲ။ ခင်ဗျားဘာတွေများတွေးပြီးပြီလဲ၊ ခင်ဗျားဘာတွေများ မြင်ပြီးပြီလဲ။ ဘာတွေများလုပ်ဖို့ ကျန်သေးလဲ။ ဒေါ်အောင်ဆန်းစုကြည်က ထူးထူးချွန်ချွန်ကို တော်တယ်လို့ ကျနော်ယူဆတယ်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းထဲက ထွက်လာတဲ့ အကြံဥာဏ်တွေဟာ ပြင်စရာ မရှိလောက်အောင်ကို ကောင်းတယ်၊ အဲဒါတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကျနော် အချိန်ပြည့်လုပ်တယ်၊ ဒါပဲ။ ကျနော်က တယောက်တည်း သမားဆိုတော့ သူများထက်ပိုအလုပ်လုပ်နိုင် တယ်၊ အရင်ကတည်း က တနေ့ကို ၁၅ နာရီ ၁၆ နာရီ အလုပ်လုပ်တာ၊ ကြေးမုံသတင်းစာ လုပ်တုန်းကလည်း ဒီလိုပဲ။

မေး။ ။ နောက်တခုက ဝေဖန်ရေးလုပ်တဲ့ သူတွေက ဒေါ်အောင်ဆန်းစုကြည်မရှိရင် အန်အယ်လ်ဒီက သေသွားပြီတို့ ဘာတို့ပြောကြတာရှိတယ်၊ အခုဟာကလည်း ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်နဲ့ နေရတဲ့ အတွင်းမှာ တချို့ ဝေဖန်ရေးလုပ်တဲ့လူတွေက ပြောတာပေါ့၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်အောင် လက် ရှိ အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုက အားပျော့တယ်တို့ ကောင်းပြီအဲဒါဆိုရင် ကျနော်လုပ်နိုင်တဲ့ဟာတွေ သုံညပဲဖြစ်ဖြစ် သုံညထက်နည်းနည်းကျော်တဲ့ ၁ ပဲ ဖြစ်ဖြစ်၊ ဒါတွေကျနော်လုပ်ပေးမယ်။ ကျနော်လုပ်နိုင်တဲ့ဘက်က ၀င်လုပ်ပေးမယ်။
ကျနော် နိုင်ငံရေးလုပ်တာ ၉ လ ပဲ ကြာတယ်၊ အခုထောင်ထဲမှာ ၁၉ နှစ်နေလာရတာ၊ အဲဒီတော့ နိုင်ငံရေးမှာ မအူမလယ် ဆိုတာ ထင်ရှားနေတာပဲ၊ ကျနော်က အလုပ်လုပ်တာ၊ ကျနော့်ကို အမျိုးမျိုးပြောကြတာပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနိုင်တယ်တို့ ဘာတို့၊ အဲဒါတွေကို ကျနော်ငြင်းတယ်၊ ကျနော့်ကိုယ် ကျနော် နှိမ်ပြီးပြောတာလည်း မဟုတ်ဘူး၊ ဝေဖန်နေသလို၊ နိုင်ငံရေး အပြောင်းအလဲကို အန်အယ်လ်ဒီ က လုပ်မပေးနိုင်ဘူးလို့ စွပ်စွဲတဲ့ လူတွေ လည်း ရှိတယ်၊ အဲဒါ အခု လက်ရှိ အန်အယ်လ်ဒီ ဦးဆောင်မှုအပိုင်းကိုရော ဆရာ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ။ ။ ခင်ဗျားမေးခွန်းက ၂ ပိုင်းဗျာ၊ စိတ်ဝင်စားစရာကောင်းလို့ ကျနော် ပထမပိုင်းကို အရင်ပြောချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းပြောရင် သူဟာ အလွန်တော်တဲ့ပုဂ္ဂိုလ်၊ အလွန်ချီးကျူးစရာကောင်းတဲ့ ပုဂ္ဂိုလ် ဆိုတာမှန်တယ်။ သို့သော် အဖွဲ့အစည်းတခုက ဒေါ်အောင်ဆန်းစုကြည်မရှိရင်လည်း ဖြစ်ရမှာပဲဗျ။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် မပါလည်း ဖြစ်နေမယ်လို့ပြောတာဟာ ဒေါ်အောင်ဆန်းစုကြည် အရေးမပါဘူးလို့ ပြောတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဆိုသော ခေါင်းဆောင်တယောက်ဆိုတဲ့ဟာက မပျောက်ဘူးဗျ။
ဗိုလ်ချုပ် အောင်ဆန်းဗျာ သေသွားတယ်၊ သတ်ပစ်လို့သေသွားတယ်ဗျာ၊ အောင်ဆန်း Spirit ဆိုတာက ကျန်တဲ့အခါကြ တော့ ဖဆပလ က အများကြီး ဆက်ပြီးတော့ အဒွန့် ရှည်နေတယ်၊ အောင်ဆန်းသေတာနဲ့ ဖဆပလ ပျက်သလား။ မပျက်ဘူးဗျ။ အလားတူဘဲ ဒေါ်အောင်ဆန်းစုကြည် သေတာနဲ့၊ ဒေါ်အောင်းဆန်း စုကြည် မရှိတာနဲ့ အန်အယ်လ်ဒီက ပျက်မယ်ဆိုတာ ကျနော် မယုံဘူး၊ အနည်းဆုံး အောင်ဆန်းစုကြည် Spirit ဆိုတဲ့ အောင်ဆန်းစုကြည် စိတ်ဓာတ်ဆိုတာ ရှင်သန်နေဦးမှာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် သေသွားလို့ပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် မလုပ်လို့ဘဲ ဖြစ်ဖြစ် နရင် အဖွဲ့အစည်းဟာ ရှင်သန်နိုင်မယ်လို့ ကဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံတဲ့ဟာ စံနမှုနာယူ စိတ်ဓာတ် အနေနဲ့ ကျန်နေမှာပဲ။
ဒီစိတ်ဓာတ်တွေက အန်အယ်လ်ဒီမှာ ကိန်းကောင်းနေတဲ့ကာလပတ်လုံး၊ ကိန်းအောင်း အောင် လုပ်နိုင်သမျှ ကာလ ပတ်လုံး ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီးတယောက်၊ လူ တယောက်အနေနဲ့ ရှိခြင်း၊ မရှိခြင်း၊ ရပ်တည်ခြင်း၊ မရပ်တည်ခြင်းနဲ့ သိပ်တော့မဆိုင်တော့ဘူး၊ အောင်ဆန်းစုကြည် စိတ်ဓာတ်ဆိုတဲ့ဟာကြီးက ရှျိေနော် ယူဆတယ်။
ဒုတိယ အချက်က လက်ရှိခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့။ ဒါတွေက လူတွေပဲဗျ၊ လူတွေဘဲ၊ ဟုတ်လား။ ဥပမာ ကျနော့်ကို မနေ့တုန်း က မိတ်ဆွေတယောက်က သိပ်ပြီးတော့ emotional မဖြစ်ပါနဲ့တဲ့။ ဟုတ်ပါတယ်၊ ကျေးဇူးတင် ပါတယ်။ ဒါပေမယ့် ကျနော် emotional ဖြစ်တာမဟုတ်ဘူး၊ dynamism ကို ဖော်နေတာ။ ကျနော့်ကို ဒီလူကြီးက ဘာတွေ ပြောမှန်းလဲ မသိဘူးပေါ့၊ Out of date တွေ၊ ဒီလူကြီး နားမလည်တာတွေ အများကြီး ရှိတယ်။ မှန်တယ်၊ မရှိတာလည်း ဖြစ်နိုင်တယ်။
ကျနော်က အဲဒီလိုဟာတွေပါ ထည့်တွက်တယ်၊ ကျနော်က ဖြန့်ဖြူးနေတာ၊ အခု အင်တာဗျူးတာတွေ လုပ်နေတာ၊ ကျနော်အများကြီး သိတာပေါ့။ ကိုယ့်ကိုယ်ကိုယ်၊ ချို့ယွင်းချက်တွေ အများကြီး။ ကျနော် ထောင်ထဲမှာ အနှစ် (၂၀) လောက်နေလာတာ၊ စာလည်း မနေ့တနေ့ကမှ ဖတ်ရတာ၊ ရရာ ဖတ်ရတာ။ အဲတော့ အဲဒီဟာတွေကို ကျနော်က ဘာလို့ dynamic ဖြစ်အောင် ကျနော်လုပ်နေတာလဲ၊ နိုးကြားခြင်း၊ ထကြွခြင်း၊ တက်ကြွ ခြင်း၊ ရှင်သန်ခြင်း ဆိုတဲ့ dynamism ကိုဖြန့် နေတာ၊ dynamism မရှိရင် ကျနော်တို့ ဘာမှ လုပ်စရာ မရှိဘူးဗျာ။
ကျနော် ပြောလို့ ရတာပေါ့ဗျာ၊ တရားထိုင်ရဦးမယ်ဗျာ၊ ကျနော် စီးပွားရေးမကောင်းဘူးဗျာ၊ ပြောလို့ရတာပဲ၊ ဟုတ်လား။ ဘာလို့ သည်းခံပြီးတော့ ကျနော် ပြောနေလဲ၊ dynamism ကို ကျနော် ရှိချင်တယ်။ ကျနော် အခု ဘယ်လောက်မှားလဲ မှန်တယ်ဆိုတာ ကျနော့်ဟာ ကျနော် နားထောင်ဖို့ အချိန်မရဘူး။ ကျနော် တမနက်လုံး စကားပြောနေတာ၊ တနေ့တုန်း ကလည်း မနက်လင်း (၆) နာရီကတည်းက စပြောလိုက်တာ ညနေ(၄) နာရီမှာ ထောင်ကထွက်လာ၊ (၄) နာရီကစပြီးတော့ စကား ပြောလိုက်တာ ည (၁၁) နာရီ (၁၂) နာရီထိ၊ ဘာဖြစ်လို့ ကျနော်လုပ်နေတာလဲ။
ဒီဟာ dynamism ဖြန့် နေတာ။ ဒီထဲမှာ အညံ့တွေ၊ အဖျင်းတွေ၊ မဟုတ်တာတွေ ပါမယ်၊ ချော်တာတွေ ပါမယ်။ ကျနော့်ကို အပြစ်တင်ရင် ကျနော် ခံမယ်၊ ကိစ္စမရှိဘူး။ ဒါပေမယ့် dynamism တော့ အပြစ်မမြင်နဲ့၊ အဲဒီ dynamism တော့ ပေါ်စေချင် တယ်။ ဒါက လူနော်။
အလားတူပဲ လက်ရှိ ရှိနေတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်များဟာဆိုလို့ရှိရင် သူတို့လုပ်နိုင်တာ သူတို့လုပ်နေတာပဲလို့ ကျနော်ထင်တယ်။ သူတို့ dynamism လျော့ရင် လျော့ မယ်၊ နည်းနည်းလေး လျော့မယ်၊ သဘောက နည်းနည်းလေး တွန်းပေးရမယ်။ သူတို့မှာ နည်းနည်းလေး ချော်တာ ရှိမယ်၊ ဖြောင့်ပေးရမယ်။ ဟုတ်လား။ ဒီခေါင်းဆောင်မှုတခုကို အကြောင်းရာ တခုအပေါ်မှာ အခြေအနေ တခုအပေါ်မှာ အတိမ်းအစောင်းရှိတာတောင် ဘယ့်နယ် သည်းညည်းမခံနိုင်လို့ မရဘူး။ ဒီခေါင်းဆောင်မှုကို ကျနော်တို့ ပြင်ရမှာပဲ၊ မှားရင် ဝေဖန်ရမှာပဲ၊ ဒါ အဖွဲ့အစည်းပဲ။ အဖွဲ့အစည်းထဲမှာ ပြောရမယ်၊ အဖွဲ့အစည်းထဲမှာ ဆွေးနွေးရမယ်၊ ဒါပဲဗျ။ အဲတော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်၊ မရှုတ်ချချင်ဘူး။ ဘ၀င်မကျတာတွေရှိတာ ပြောမယ်၊ ပဲ့ပြင်ကြမယ်၊ ထိန်းကျောင်းကြမယ်၊ ၀န်းရံ ကြမယ်၊ ၀ိုင်းဝန်းကြမယ်။ ဒါကို ကျနော် လုပ်ချင်တာ၊ မှားတာ မှန်တာတော့ မသိဘူး။ ဆိုတော့ ဒီခေါင်းဆောင်မှုဘက်ကနေ လိုက်တာလည်း မရှိဘူး၊ ရှုတ်ချ တာလည်း မရှိဘူး။ ခေါင်းဆောင်မှု ကလည်း သူတို့ လုပ်နိုင်သမျှ လုပ်နေတာပဲ၊ မှန်နိုင်သမျှလည်း မှန်နေတာလည်း ရှိပါတယ်။ မှားတာရှိရင် ပြင်ကြမယ်။ ကျနော်တို့ကို ဆက်ခံမယ့် အင်အားတွေ ဘယ်လို တိုးချဲ့မလဲ။ ဒါကို ကျနော်တို့ သိကြရမယ်၊ ကျနော် အဲဒီလိုပဲ သဘောထားပါတယ်၊

မေး။ ။ အခု ဆရာ (၁၉) နှစ်ကြာ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေပြီးတော့ အခုလိုမျိုး ပြန်အဆက် အသွယ် ရတဲ့အခါကြတော့ ဆရာ့ အနေနဲ့ ဘာတွေလုပ်ဖို့ အစီအစဉ်တွေ ရှိပါသလဲ ဆရာ၊
ဖြေ။ ။ ကျနော် ဒီမိုကရေစီ နိုင်ငံရေးကို လုပ်မယ်။ ကျနော် အခု အသက် (၇၉ ) နှစ်ရှိပြီ၊ အမှန်အတိုင်းက သိပ်ပြီးနိုင်ငံ ရေးကို ကျနော် ကျွမ်းကျွမ်းကျင်ကျင် ရှိတာမဟုတ်ဘူး။ ကျနော် နိုင်ငံရေး လုပ်ဖူးတာ ကိုးလ လောက်ဘဲ လုပ်ဖူးတာ၊ ထောင်ထဲက အတွေ့ အကြုံကို နိုင်ငံရေးလို့တွက်ရင်တော့ သိပ်ကြာတာပေါ့ဗျာ။ ထောင်ထဲမှာလည်း ကျနော်တယောက် တည်းလို နေရတဲ့အခါကြတော့ ဆွေးနွေးခြင်း၊ ပြောဆိုခြင်း၊ ညှိနှိုင်းခြင်း၊ ငြင်းခုံခြင်း၊ ရည်မှန်းချက်ချခြင်းတွေ သိပ်ကို မလုပ် နိုင်ဘူး။ တယောက်တည်း ဖြစ်နေတာ၊ အဲဒီအတွက် အဲဒီလိုဖြစ်နေတဲ့ အခါကြတော့ အန်အယ်လ်ဒီ ဘယ်လိုပဲ ဖြစ်နေပါစေ၊ စစ်မှန်တဲ့ ဒီမိုကရေစီ ကျနော်ရဲ့ နိုင်ငံရေး အတွေ့အကြုံက အများကြီးနည်းပါတယ်။ သို့သော် ကျနော့်မှာ အကြောင်းတွေ အများကြီး ရှိပါတယ်၊ အကြောင်းတွေ အများကြီးရှိတယ်ဆိုတာ အန်အယ်လ်ဒီကို စတင်တည်ထောင်သူများထဲမှာ ကျနော် တယောက် အပါအ၀င် ဖြစ်တယ်။ လှုပ်ရှားမှုအတွက် ဦးတည်တဲ့အတွက် အဲဒီ ဘက်ကနေ ရပ်ခြင်းအားဖြင့် ဒါ ကျနော် ဆက်ပြီးတော့ နိုင်ငံရေးကိုလုပ်လို့ရမယ်လို့ ယူဆတယ်၊ လုပ်ဖို့လိုတယ်။ အဲဒါကြောင့် ကျနော် ဒီမိုကရေစီ နိုင်ငံရေး ကို ဆက်ပြီးတော့ လုပ်မယ်လို့ ပြောချင်ပါတယ်၊ ဒါ အတိုဆုံး ပြောတာပါ။

မေး။ ။ နောက်ဆုံးမေးခွန်း ဆရာရယ်၊ အခုလိုမျိုး ဆရာ့ လွတ်မြောက်ရေး လုပ်ရှားတဲ့ လူတွေ၊ မိတ်ဆွေတွေ၊ နောက်ပြီး မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ လူတွေအတွက်ကို ဆရာက ဧရာဝတီကနေ တဆင့် ဘာများ ပြောစရာ ရှိပါသလဲ။
ဖြေ။ ။ သိပ်ကျေးဇူးတင်တယ်၊ သိပ်အားတက်တယ်ဗျာ၊ သိပ်အဖိုးတန်တယ်လို့ပြောစရာမှ တခြား မရှိဘူး။ ဘာဖြစ်လို့ လည်း ဆိုတော့ သိပ်ကျေးဇူးတင်တယ် ဆိုတာက ကျနော်တို့ထောင်ထဲမှာ နေရတော့ စားရေး၊ သောက်ရေး၊ မိဘနဲ့ မတွေ့ တာ၊ ဆွေမျိုးနဲ့ မတွေ့တာ၊ မိသားစုနဲ့ မတွေ့တာ၊ အချင်းချင်းနဲ့ မတွေ့တာက အစ အကုန်လုံး အခက်ခဲတွေ အများကြီးရှိ တယ်။ အဲဒီလို အခြေအနေမျိုးမှာ တယောက်ယောက်ကနေပြီးတော့ အားပေးတယ်၊ ၀ိုင်းဝန်းတယ်၊ ၀န်းရံတယ်၊ ပံ့ပိုးတယ် ဆိုတဲ့ အခါကြတော့ ကျနော် သိပ်ကျေးဇူးတင်တယ်၊ ဒါပြောစရာ မလိုဘူး၊ ကျနော်တင် မဟုတ်ဘူး၊ အားလုံးကနေပြီးတော့ ဒါ ကျေးဇူးတင်ကြမှာ၊ ဒါကို ကျေးဇူးတင်တယ်လို့ ကျနော် ပြောတာပါ။
နောက်ပြီးတော့ ဒါတွေအတွက် ကျနော် သိပ်ပြီးတော့ အားတက်တယ်။ သိပ်အားတက်တယ်လို့ ပြောချင်တဲ့ အကြောင်းက ဘာဖြစ်လို့လဲ ဆိုတော့ ရှင်းရှင်းလေး ပြောရရင် နိုင်ငံရေးတို့ ကျနော်တို့တတွေက ထကြွနေတယ်။ လုပ်ရှားနေမယ်၊ တက်ကြွနေမယ်၊ နိုးကြား နေမယ်၊ အဲဒါကြောင့် ဘာတို့လုပ်တယ်ဆိုတာ အားတက်မှုနဲ့ လုပ်ရတာ။အားတက်မှု မရှိဘဲနဲ့ စာအုပ်ကြီးနဲ့ ထိုင်ပြီးတော့ စာအုပ်နဲ့ စဉ်းစားပြီးတော့ စာအုပ်ကြီး လမ်းစဉ်နဲ့ဘဲ လုပ်နေရင် မရဘူးဗျ။ အားတက်မှု နဲ့ စုစည်းရတာ၊ အားတက်မှုနဲ့ လှုပ်ရှားရတာ၊ အားတက်မှု နဲ့ ထကြွရတာပဲ။ အဲဒါကြောင့် ကျနော် အားတက်တယ်၊ ကျနော်တို့ ထောင်ထဲမှာပဲ နေနေ၊ အပြင်မှာ နေနေ၊ အဲဒါ ၀ိုင်းဝန်းတဲ့ အလေ့ကို ပြတာ၊ ၀ိုင်းဝန်းတယ်ဆိုတာ ပြည်တွင်း ရော၊ ပြည်ပရောပေါ့ဗျာ။ ဒီလူတွေ ၀ိုင်းဝန်း ကြလို့ ဒီလူတွေ အားပေး ကြလို့ ကျနော်တို့က သိပ်ပြီးတော့ အားရပါတယ် ဆိုတဲ့ဟာကို ကျနော်ပြောချင်ပါတယ်။
နောက်တခုပြော ချင်တာက သေဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေ၊ မလုပ်တော့တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးနဲ့ ကွာသွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်။ အဲဒီလူတွေလုပ်ခဲ့တာ မနည်းဘူး။ ဥပမာ ဆိုလို့ရှိရင် ကျနော်တို့ အန်အယ်လ်ဒီက ခေါင်းဆောင်တွေ၊ စာရေးဆရာ မောင်သော်က တို့ ၊ ဦးတင်မောင်ဝင်းတို့၊ ဦးတင်ရွှေတို့။ နောက် အခြားသောပါတီက ဦးခင်မောင်မြင့်တို့ စတဲ့ ပုဂ္ဂိုလ်တွေ။ ဒီလူတွေ အကုန်လုံးက ထောင်ထဲမှာ သေကြ ရ တယ်၊ သေသွားတယ်။ နောက်တမျိုးက ထောင်ထဲ ကြောင့်၊ ထောင်ထဲမှာ အမျိုးမျိုး အအိပ်ပျက်၊ အစားပျက်၊ စီးပွားပျက်၊ လုပ်ငန်းပျက်၊ အကုန်လုံး ဘ၀ပျက်သွားတဲ့ လူတွေကို အများကြီးရှိတယ်။ ကျနော့်ကိုဆိုရင် အခုဝိုင်းဝန်းပြီးတော့ ဟိုကမေး၊ ဒီကမေး ဘာညာလုပ်နေတယ်။ ကျနော်တို့ ထက် အများကြီး စွန့်လွတ်ပြီးတော့ အများကြီးအနစ်နာခံပြီးတော့ လုပ်သွားတဲ့ လူတွေ အများကြီး ရှိတယ်။ အဲဒီပုဂ္ဂိုလ်များရဲ့ ကျေးဇူးဟာလည်း ရှိသေးတယ်။ ကျနော်တို့မှာ အများကြီး ကျနော် ကျနော်တို့ အမြဲတမ်း ပြန်ဖေါ်ထုတ်ဖို့၊ ပြောချင်ပါတယ်၊ ဒါကိုလည်း ကျနော်မေ့လို့ မရဘူး။ ကျနော်တို့က လက်ရှိ ရှိနေတဲ့သူတွေကို ကျေးဇူးတင်သလို ဒီလူတွေရဲ့ ကျေးဇူးကိုလည်း မမေ့ဖို့ သိပ်လိုပါတယ်။
ဒါ့ အပြင် အပြင်မှာ အကြောင်းကြောင်းကြောင့် မလုပ်နိုင်တဲ့ ဘေးရောက်နေတဲ့ သူတွေ ရှိပါတယ်။ ဒီပုဂ္ဂိုလ်များရဲ့လုပ်ကိုင် ခဲ့တာတွေကိုလည်း ကျနော်တို့က အသိမှတ် ပြုရလိမ့်မယ်၊ ဒီလို ပုဂ္ဂိုလ်များရဲ့ စွန့်လွတ်မှုတွေကိုလည်း ကျနော်တို့ နားလည်ရလိမ့်မယ်၊ တန်ဖိုးထားရလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။
အဲဒါကို ကျနော် အပိုင်းချုံ့လိုက်ရင် နှစ်ပိုင်းပြောချင်ပါတယ်၊ တပိုင်းက ဘာလဲဆိုတော့ ပြည်တွင်းရော၊ ပြည်ပရော ကျနော်တို့ကို ၀န်းရံတဲ့ သူတွေ၊ ပုဂ္ဂိုလ်တွေအတွက် ကျနော်တို့မှာ အများကြီး ကျေးဇူး ရှိပါတယ်။ အများကြီး လည်း ကျနော်တို့ကို အားပေးရာ ရောက်ပါတယ်။ အလားတူပဲ ကျနော်တို့ဟာ နှစ်ပေါင်း ၂၀ ကာလ အတွင်း မှာ အများကြီး စွန့်လွတ်ခဲ့တဲ့လူတွေ၊ ဘ၀ပျက်ခဲ့တဲ့ လူတွေ ၊ သေခဲ့တဲ့ လူတွေ၊ ကြေခဲ့တဲ့လူတွေ၊ အဲဒီလူတွေ အားလုံးကို ကျနော်တို့ မမေ့ဖို့နဲ့ ဒီလူတွေကို ကျနော်တို့ အမြဲတမ်း တန်ဖိုးထားနေဖို့ ဒီလူတွေရဲ့ စွမ်းဆောင်မှုတွေ၊ လုပ်ဆောင်မှုတွေကို သတိရဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်၊ အဲဒါပါပဲ။

Read More...

အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဝင်များ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ ချီတက်သွား

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ စက်တင်ဘာလ 26 2008 10:11 - မြန်မာစံတော်ချိန်


အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ဝင် ၃၅ ယောက်တို့သည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် နေအိမ်အကျယ်ချုပ် ကျခံနေရသော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဘက်သို့ စတင်သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်အစိုးရက ကုက္ကိုင်းလမ်း ပိတ်လိုက်သော်လည်း ချီတက်သွားကြသူများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းထဲကို ၀င်ရောက် သွားနိုင်ခဲ့ကြောင်း အစောပိုင်း သတင်းများအရ သိရသည်။ လူငယ် အယောက် ၂၀ နှင့် လူကြီး ၁၅ ယောက် ဖြစ်သည်ဟု သိရသည်။

Read More...

Thursday, September 25, 2008

ဗန္ဓုလပန်းခြံအနီး ပေါက်ကွဲမှုဖြစ်။

ရန်ကုန်မြို့လယ် ဗန္ဓုလပန်းခြံအနီး ပေါက်ကွဲမှုတခု မြန်မာစံတော်ချိန် နံနက် (၁၀း၄၀) နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲမှုဖြစ်သည်ဟု ယုံကြည်ရပြီး လူ (၄) ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနားက ကားစောင့်ဖို့ထားတဲ့ ခုံတန်းတစ်ခုမှာ ပေါက်တာ ဖြစ်ကြောင်း သိရှိရပါတယ်။လူနှစ်ဦး ထမ်းစင်နဲ့ သယ်သွားတာ တွေ့လိုက်တယ်လို့ တွေ့မြင်ခဲ့သူတစ်ဦး က ပြောပါတယ်။







Read More...

Wednesday, September 24, 2008

Dear all,

This morning SPDC released a few political prisoners including U Win Tin. We cautiously welcome the news. However, we believe SPDC is playing game because of our UN unseat campaign. They may even talk to Daw Su to show the world "political progress" has been made.

We have to continue with our campaign. We only have 24 hours left. Please send petition e-mails. Share this information with your friends.

regard
Aye Min

Read More...

Alarm

Read More...

Tuesday, September 23, 2008

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွှန့် ပြောကြားချက်

ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့ ကျနော်အမှုသည်၊ ကျနော် လိုက်ခဲ့တာပါ။ သူတို့ လွတ်လာပြီဆိုတော့ ကျနော် အရမ်း ဝမ်းသာပါတယ်၊ ကျနော် ရှေ့နေအဖြစ် နှစ်ခု ပြောချင်တယ်။ သူတို့ ဘယ်အကြောင်းနဲ့ပဲ လွတ်လာ၊ လွတ်လာ ကျန်တဲ့ နိုင်ငံသားတွေ ထောင်ချ၊ အချုပ်မှာ ရှိနေတဲ့ လူတွေကိုရော လွတ်လာတာကိုရော မြင်ချင်ပါတယ်။ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသမားတွေ အပါအဝင် လွတ်လာတယ်ဆိုတော့ ဘာဘဲ ပြောပြောဗျာ၊ အမျိုးသာ ပြန်လည် သင့်မြတ်ရေးအတွက် ကောင်းတဲ့ဟြာ ဖစ်ပါစေဗျာ။ ကျနော် ဒီလောက်ပဲ ပြောချင်တယ်။

Read More...

ဦးဝင်းတင်၏ မိတ်ဆွေကြီး ဦးမောင်မောင်ခင် ပြောကြားချက်

လွှတ်တော့ မလွှတ်သေးဘူးဗျ။ ထောင်ဗူးဝတော့ ရောက်နေပြီ။ မြင်ခဲ့တဲ့ လူတွေကတော့ သေချာပြောတာဘဲ။ ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့၊ နိုင်ငံရေးသမားကြီးတွေပေါ့ဗျာ။ နှစ်တွေ ထပ်ထပ် တိုးနေတဲ့ သူတွေကိုပေါ့ဗျာ။

ကျနော် ကြားတာကတော့ ၁၂း၃ဝ နာရီခွဲ ၁ ချက်တီးလောက်မှာ လူကြီးတွေက မိန့်ခွန်းချွေပြီး လွှတ်မယ်လို့ ပြောမယ်။ သတင်းတွေ လိုက်ပြီး စုစည်း လိုက်တဲ့အခါကျတော့ သေချာဘို့ တော်တော် နီးစပ်ပါတယ်။

ကျနော်တို့ကတော့ လွှတ်ပြီဆိုမှ လွတ်ပြီလို့ ကျနော်တို့ ယုံရမှာပေါ့နော်။

၂ဝ ရက်နေ့က ကျနော် သူ့ကို သွားတွေ့တယ်။ သူသိတယ်။ သူတို့ ထောင်သားတွေကို လွှတ်လိမ့်မယ်ကွ၊ အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတဲ့။ အသက်ကြီးတဲ့ သူတွေ၊ နာမကျန်းတဲ့ သူတွေ။ ငါတော့ အဲဒါကို ငြင်းထားတယ်။ ငါ့ကို နိုင်ငံရေးအရ ဖမ်းရင်တော့ နိုင်ငံရေးအရ လွှတ်ရမယ်လို့ ကျနော် ပြောထားတယ်တဲ့။

သူ့ကို နိုင်ငံရေးအရ လွှတ်ရင်တော့ သူထွက်လာမှာပါ။

၂ဝဝ၅ ခုနှစ်ကလည်း မိန့်ခွန်းတွေ ပါတွေချွေ၊ သူ့အကြောင်းတွေ ပါတွေပြော၊ ထမင်းတွေ ဘာတွေ ကျွေးပြီးတော့ အထဲ ပြန်ခေါ်သွားတာ။

ကျနော်က ဒီမှာ တယ်လီဖုန်းတွေ စောင့်နေတာ။ လွှတ်လာရင် အစိုးဘက်က လူကြီးတွေ ကျနော့်အိမ်ကိုဘဲ လာပို့ပေးမှာပါ။ ကျနော့်အိမ်က ထောင်နဲ့ မျက်နှာချင်းဆိုင်မှာဘဲလေ။ ဒီမှာလည်း စောင့်နေကြတာ။

Read More...

ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 12:49 - မြန်မာစံတော်ချိန်

စစ်အစိုးရက ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၃ ဦး ပါရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

အသက် ၇၈ နှစ် အရွယ်ရှိပြီဖြစ်သော ဦးဝင်းတင်သည် အင်းစိန်ထောင်အတွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရပြီးနောက် လွတ်မြောက်လာခြင်း ဖြစ်သည်။ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဦးဝင်းတင်ကို ပုံမှန် ထောင်ဝင်စာ သွားရောက် တွေ့ဆုံလေ့ရှိသူ မိတ်ဆွေကြီး ဦးမောင်မောင်ခင်ကတော့ အင်းစိန်ထောင်ဗူးဝတွင် စောင့်ဆိုင်းလျှက် ရှိကြောင်း မဇ္ဈိမသို့ ပြောပြသည်။

တချိန်တည်းမှာပင် သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်းသည် ကလေးအကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

Read More...

Sunday, September 21, 2008

Generation Wave လှုပ်ရှားမှုဓါတ်ပုံ

ညီအကိုမောင်နှမ သူငယ်ချင်းများခင်ဗျား


အောက်မှာ ၀ရမ်းပြေးတယောက်ရဲ့ပုံတွေဖြစ်ပါတယ်။
GW အဖွဲ့ဝင်တွေက ဒီပုံတွေကို
လှည်းတန်းက MacBugger
လှည်းတန်းဈေး အိမ်သာ
ဆင်မလိုက်ဈေး အိမ်သာ
ကမ်းနားဈေး အိမ်သာ
ညဈေး အိမ်သာ
ထီးတန်းအိမ်ယာ
သီရီမင်္ဂလာဈေး
၃၂ သာကေတ လိုင်းကား
၂၁၆ တညင် လိုင်းကား
ဘူတာရုံလမ်း မြကန်သာအိမ်ယာ
စတဲ့နေရာတွေအပါအ၀င် ရန်ကုန်မြို့တွင်းနေရာအတော်များများမှာကပ်ပြီးကြော်ငြာထားပါတယ်။
တွေ့ရင်ဖမ်းပေးကြပါဗျို့။





Read More...

WANTED "THAN SHWE"

Read More...

Friday, September 19, 2008

""" စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်မယ် မင်း ပါမလား...................""""""

မိတ်ဆွေတို့ တော်လှန်ရေးလုပ်ဖို့အချိန်တန်ပါပြီး။
စစ် အာဏာရှင်စနစ်အောက်မှာ ဒီအတိုင်းဘဲ နေနေမလား။
တော်လှန်ရင်းနဲ့ အောင်မြင်မှုကို ရယူမလား.......
သေချာတာတစ်ခုက ငါတို့မကြိုက်ရင် ငါတို့ကိုယ်တိုင်တိုက်ယူမှရမယ်။။
သူများကို အားကိုးလို့မရဘူး။
မင်းလည်းလုပ်ရမယ်။ ငါလည်းလုပ်ရမယ်။
ငါတို့အောင်မြင်အောင် တိုက်ဖို့လိုမယ်။ ဒီအတိုင်းကြီးထိုင်ကြည့်နေလို့ကတော့ ငါတို့အသက်ကြီးသွားမယ်။
ဆင်းရဲနိမ့်ကျမှု့နဲ့ သေဆုံးသွားမယ်။ ငါတို့နောက်မျိုးဆက်လည်း ဒီထက် ပိုခံစားရမယ်။

ဒါကြောင့် . . . . .
ဒီအချိန်မှာဘဲ စစ်အာဏာရှင် စနစ်ဆိုးကြီးကို

အပြီးသတ်ချေမှုန်းလိုက်ကြရအောင်.....
အတူတကွပါဝင် ဆင်နွဲကြလိုက်ရအောင်

Read More...

ပုဂ္ဂလိက မီဒီယာတွေကို ဌာနဆိုင်ရာက သတင်းမပေး

19 September 2008
အစိုးရ၀န်ကြီးဌာနနဲ့ သက်ဆိုင်တဲ့သတင်းတွေကို ပုဂ္ဂလိက သတင်းစာနယ်ဇင်းတွေမှာဖော်ပြရေးသားဖို့ ပြည်တွင်းသတင်းမီဒီယာ သမား တွေ အခက်တွေ့နေတယ်လို့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။ သတင်းထောက်တွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက သတင်းထုတ်ပြန်ပေးဖို့ ငြင်းဆိုသလို စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်မရဘဲထုတ်ဝေတဲ့ သတင်းစာနယ်ဇင်းတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ စာပေစိစစ်ရေးက သတင်းဂျာနယ်တိုက်တွေကို စာပို့ခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိကတင်ပြပေးထားပါတယ်။

အစိုးရ၀န်ကြီးဌာနဆိုင်ရာ သတင်းတွေကို ဂျာနယ်တွေက အဓိကထားပြီး ရေးနေရပါတယ်။ အထူးသဖြင့် ပို့ဆောင်ရေး၊ စီးပွားကူး သန်းရောင်းဝယ် ရေးနဲ့ စက်မှုဝန်ကြီးဌာနက သတင်းတွေကို အများအပြား ပုဂ္ဂလိက ဂျာနယ်တွေက အားထားရေးနေရပါတယ်။

အခုတော့ လွန်ခဲ့တဲ့တပတ်လောက်ကစလို့ ၀န်ကြီးဌာနတွေမှာ သတင်းသွားယူတဲ့အခါခွင့်ပြုချက်မရလို့ သတင်းမပေးတော့ပါဘူးဆိုပြီး ပြောတဲ့အတွက် ဂျာနယ်သတင်းထောက်တွေ အခက်တွေ့နေတယ်လို့ ပြည်တွင်းသတင်းသမားတဦးက ပြောပါ တယ်။"သူ တို့ အခုနောက်ပိုင်း နည်းနည်း ပြန်တင်းကျပ်လာတဲ့သဘော ရှိပါတယ်။ သတင်းဌာနတွေကို စကားမပြောတော့ဘူး ဆိုပြီး ၀န်ကြီးဌာနတွေက စာထုတ်တာတွေ ရှိတယ်။သတင်းထောက်တွေက သူတို့သတင်းထုတ်ပြန်ချက်တွေ လိုချင်ရင် မရတော့တာ၊အရင်လိုမျိုး မပေးတော့တာတွေ ရှိတယ်။ ဥပမာ ကျနော်တို့က တခုခုကြားတယ်ဆိုရင်သွားပြီး Confirm လုပ်တယ်၊ အဲဒီမှာ သူတို့က ပြန်ပြီး အတည်မပြုတာမျိုး၊ တရားဝင်မထုတ်ပြန်တော့ဘူး။ အဲတော့ ကျနော်တို့က ရေးဖို့ တော်တော်လေး ခက်လာတဲ့သဘောရှိတယ်။"၀န်ကြီးဌာနဆိုင်ရာ သတင်းတွေကို အစိုးရပိုင် သတင်းစာမျက်နှာတွေပေါ်မှာသာတွေ့ရဖို့များနေတယ်လို့လည်း သူက ခန့်မှန်းပါတယ်။ အခုလို ပုဂ္ဂလိကဂျာနယ်တွေကဒီသတင်းတွေ မရေးရတော့ဘူးဆိုရင် ဘယ်လိုထိခိုက်မှုမျိုးတွေ ရှိနိုင်ပါလဲလို့မေးကြည့်တော့ …"သတင်းမထုတ်ပြန်တဲ့အခါကျတော့ ကျနော်တို့က ဒီဘက်မှာ မြန်မာပြည် အခြေအနေအရ ၀န်ကြီးဌာနတွေရဲ့ သတင်းတွေကိုပဲ အများဆုံး ဖော်ပြရတာ။ အခုလို သူတို့သတင်းထုတ်ပြန်ချက်တွေ မရတော့ဘူးဆိုတော့ ကျနော်တို့က အရပ်သတင်း၊ ဈေးသတင်းကိုလည်း လိုက်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရပ်သတင်း၊ ဈေးသတင်းကလည်းအကုန်လုံးက ဆင်းရဲဒုက္ခရောက်တယ်၊ ကျပ်တည်းနေတယ်၊ အဲဒီသတင်းတွေကိုလည်းကျနော်တို့က ရေးသားဖော်ပြလို့မရဘူး။ စာပေစိစစ်ရေးကလည်း အဲလိုသတင်းမျိုးတွေပေးမှာမဟုတ်ဘူး။"အဲတော့ ကျနော်တို့က အလုပ်ဖြစ်ရုံလေး ၀န်ကြီးဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်တွေအပေါ်မှာ ပြန်ရေးရတဲ့ အနေအထားမျိုးတွေရှိတယ်။ အခု သူတို့က မပေးတော့ဘူး၊သတင်းမထုတ်ပြန်တော့ဘူး ဆိုတဲ့အခါကျတော့ ကျနော်တို့ လုပ်ရကိုင်ရတာကျပ်တည်းလာပါတယ်။ ဘာပဲပြောပြော ကျနော်တို့ ပြည်တွင်းအနေအထားနဲ့ သတင်းဂျာနယ်တွေက သူတို့ရဲ့ထုတ်ပြန်ချက်တွေကို အားကိုးပြီး ရပ်တည်နေရတဲ့သဘောမျိုးရှိတာကိုး။"ဒါ့အပြင် ဒီရက်ပိုင်းတွေထဲ စာပေစိစစ်ရေးက မဂ္ဂဇင်း၊ သတင်းဂျာနယ်တွေကို သူတို့ရဲ့ခွင့်ပြုချက်မရတဲ့စာမူတွေ ထုတ်ဝေဖြန့်ချိတာ လုပ်ခဲ့မယ်ဆိုရင် ထိထိရောက်ရောက်အရေးယူမယ်ဆိုတဲ့စာတွေ ပို့နေတယ်လို့လည်း ပြောပြပါတယ်။"စာပို့တယ်။ သူတို့ညွှန်ကြားထားတဲ့အတိုင်း မလိုက်နာရင် ဆောင်းပါးတွေ၊ သတင်းတွေကို မူလတင်တဲ့အတိုင်း၊ မူကြမ်းတင်တဲ့အတိုင်း သူတို့ဖြုတ်ခိုင်းတဲ့ဟာတွေ မဖြုတ်ဘူး၊သူတို့ထည့်ခိုင်းတဲ့ဟာတွေ မထည့်ဘူးဆိုရင် သူတို့က အဲဒီဂျာနယ်တွေကို ထိထိရောက်ရောက် အရေးယူမယ်ဆိုတဲ့သဘောမျိုး စာထုတ်ထားတယ်လို့ ကြားရပါတယ်။အဓိကကတော့ ပြည်တွင်း မီဒီယာသမားတွေ၊ သတင်းသမားတွေ ကို ပိုပြီးတော့ လုပ်ရကိုင်ရ ခက်ခဲလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့ပဲ ထင်ပါတယ်။" လူငယ်သတင်း ထောက်တဦး က မြန်မာပြည်တွင်းက အခြေအနေတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

Read More...

ပြည်ပ မြန်မာမီဒီယာ အင်တာနက်များ အတိုက်ခံရ

19 September 2008
သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်တဲ့ နှစ်ပတ်လည်အချိန်မှာ ပြည်ပက မြန်မာသတင်းမီဒီယာတွေ အတိုက်အခိုက် ခံနေရပါတယ်။

ဒီဗွီဘီခေါ် ဒီမိုကရက်တစ် မြန်မာ့အသံ၊ ဧရာဝတီမဂ္ဂဇင်း၊ ခေတ်ပြိုင်ဂျာနယ်ရဲ့အင်တာနက်စာမျက်နှာတွေ အနှောင့်အယှက် ပေးခံနေရပါတယ်။မြန်မာစစ်အစိုးရက လေ့ကျင့်ပေးထားတဲ့ ရုရှားနိုင်ငံရောက် စစ်ဗိုလ်တွေက တိုက်ခိုက်တာလို့ သံသယဖြစ်နေကြပါတယ်။

Read More...

Thursday, September 18, 2008

Virus Alarm ! ! !

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အကြောင်းကြားချက်နဲ့ Email စာတစ်စောင်တစ်စောင် ၀င်လာရင် Email မှာ ပါလာတဲ့ Attached File ကို လုံးဝ(လုံးဝ) မဖွင့်မိဖို့ Sophos အမည်ရှိ ကွန်ပြူတာလုံခြုံရေး နည်း ပညာကုမ္ပဏီတစ်ခုက သတိပေးထားပါတယ်။ အဲဒီ Email မှာ မြန်မာစစ်အစိုးရရဲ့ အကြမ်းဖက် ဖမ်းဆီးနှိပ် ကွပ်မှုတွေကို ခံနေရတဲ့ ရဟန်းသံဃာတော်များနဲ့ ပြည်သူလူထုကို ထောက်ပံ့ကူညီဖို့ ဘုန်းတော်ကြီး ဒလိုင်း လားမားက မေတ္တာရပ်ခံထားပြီး ဒလိုင်းလားမားရဲ့ မူရင်းစာကို Attached File မှာ ဖွင့်ကြည့်ဖို့ ညွှန်ကြား ထားပါတယ်။

အဲဒီဖိုင်ကို ဖွင့်လိုက်ရင် ထရိုဂျန်အမျိုးအစား ဗိုင်းရပ်စ်တစ်မျိုးဟာ ကိုယ့်ရဲ့ ကွန်ပြူတာအတွင်း ၀င်ရောက်လာ ပြီး ကိုယ့်ရဲ့ စကားဝှက်တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဘဏ်စာရင်း နံပါတ်တွေကို ယူသွား လိမ့်မယ်လို့ သတိပေးထားပါတယ်။ ဗိုင်းရပ်စ်ပါဝင်တဲ့ Attached File ရဲ့ အမည်ကတော့ ddhl burma_001.dot ဖြစ်ပါတယ်။ (Source: DVB)

သုံးသပ်ချက် ။ ။ ဒီဗိုင်းရပ်စ်ကို နအဖက ငှားရမ်းထားတဲ့ ရုရှက ကွန်ပြူတာဟက်ကာများက ဖြန့်ဝေတယ်လို့ ယူဆပါတယ်။ မကြာသေးခင်ကဘဲ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ချို့ သူတို့ရဲ့ Email ကို ၀င်ကြည့်ခံရတယ်လို့ သတိပေးပါတယ်။ ဒါဟာ မြန်မာဘလော့ဂါတွေကို အစီအစဉ်ကျကျနဲ့ ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ် ဆောင်နေတာ သိသာထင်ရှားပါတယ်။ ဒီသတင်းကို နီးစပ်ရာ ဘလော့ဂါတွေနဲ့ မျိုးချစ်မြန်မာလူငယ်များကို လက်ဆင့်ကမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

Best Regards,
Dream Angel

Read More...

Wednesday, September 17, 2008

စစ်အစိုးရစွပ်စွဲချက်ကို (KNU) ငြင်းဆို

ရိုးမ ၃။ စက်တင်ဘာ ၁၆၊ ၂၀၀၈
စက်တင်ဘာလ(၁၁) ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့တွင် ဗုံးဖောက်ခွဲခဲ့သူ တရားခံ မှာ (KNU)အဖွဲ့မှ ဖြစ်သည်ဆိုသည့် စွပ်စွဲ ချက်ကို အဆိုပါအဖွဲ့မှ ငြင်းဆိုလိုက်သည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကျောက်ကြီးမြို့ သိန်းတန်ရပ်ကွက် ဗွီဒီယိရုံအတွင်း ဗုံးဖောက်ခွဲခဲ့သည့်တရားခံအား ဖမ်းဆီး ရမိထားကြောင်း ဖော်ပြထားသည့်အပေါ် (KNU) ယာယီ တွဲဘက်အထွေထွေအတွင်းရေးမှူးက တုန့်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒါတွေက (KNU)က ဗုံးခွဲတာတို့အရပ်သားတွေ မတော်တဆထိခိုက်တာတို့ မလုပ်ရဘူး ဆိုတာ ကျနော်တို့ ပေါ်လစီအရ ချထားတာ တွေရှိပါတယ်၊ ဒီအဖြစ်အပျက်တွေဟာ နအဖ ဘဲ မတရားလုပ်ပြီး ကျနော်တို့ကို စွပ်စွဲတာပါ၊ သူတို့အနေနဲ့က (NLD)အပါအဝင် အားလုံး ကို လက်ညှိုးထိုး နိုင်အောင်လို့လုပ်နေတာ၊ ဖောက်ခွဲတာက နအဖဘဲဖောက်ခွဲတာ”ဟု (KNU) ယာယီတွဲဘက် အထွေထွေအတွင်းရေးမှူး ဒေးဗစ်တာကဘောက ပြောသည်။

စောယာကို(ခ) စောရန်ကုန်သည် (KNU) တပ်ရင်း(၂၀)တွင် လေးနှစ်ခန့်တာဝန်ထမ်း ဆောင် ခဲ့သူဖြစ်ပြီး ၂၀၀၈ ခုသြဂုတ်လအတွင်းက (KNU) တပ်ရင်း(၈)အတွက် ရိက္ခာတာ ဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်သည်ဟု စစ်အစိုးရထုတ်သတင်းစာက ဖော်ပြထား သည်။

အဆိုပါဖော်ပြချက်နှင့်ပတ်သက်၍ ဖဒိုဒေးဗစ်တာကဘောက “အဲလိုလုပ်တာ နအဖက ဖက်ဆစ်ဆိုတော့ ကလိမ်ဉာဏ်တွေသိပ်များတာ၊ အဲလိုပြည်သူလူထုကြားထဲမှာ နား လည်မှုအမှားတွေ ဖြစ်အောင်၊ နောက်နိုင်ငံတကာမှာလဲ အမြင်မရှင်းအောင် အဲလိုတွေ လုပ်နေတာပါ” ဟု ပြောသည်။

အခြားကိစ္စများဖြင့် (KNU)အဖွဲ့ဝင်များခရီးသွားစဉ် ဖမ်းမိသူများ၊ ယခင်လက်နက်ချသွား သည့် သူများကို ပြန်လည်ထုတ်ပြပြီး ယခုကဲ့သို့ စွပ်စွဲခြင်းများလည်းရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။ (KNU) ၊ (ABSDF) နှင့် စွမ်းအားမြှင့်ကျောင်းသားစစ်သည်တော်များအဖွဲ့ (VBSW) အဖွဲ့များ ပူးပေါင်း၍ ပြည်တွင်း ဖောက်ခွဲမှုများပြုလုပ်ရန် ယခုလ(၁၀)ရက်နေ့တွင် ဖောက်ခွဲရေး သမား(၅)ဦး စေလွှတ်ထား သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

Read More...

WARNING !

အကိုအမ များ သူငယ်ချင်းများခင်ဗျား



ဒီလင့်ကိုလုံးဝအသုံးမပြုကြပါနဲ့ခင်ဗျာ။အထူးသဖြင့်ကိုယ့်ရဲ့ e-mail account နဲ့ login မလုပ်မဖို့ အရေးကြီး ပါတယ်။it technician ညီလေး တယောက် သတိပေးတာပါ။ဒီလင့်ကိုသုံးမိရင် ကိုယ်မသိပဲကိုယ့်ရဲ့ password ကိုခိုးယူပြီးအခြားသူတွေဆီကိုမေးလ်တွေအလိုလိုပို့တတ်ပါတယ်။ နောက်ပြီးကိုယ့်ရဲ့ အချက်အလက်တွေ ကိုလည်း ခိုးယူတတ်ပါတယ်။ စုံစမ်းလို့ရသလောက်ဆိုရင် နအဖ ဘက်က အစီစဉ်တကျ လုပ်ဆောင်နေတယ် လို့ ယူဆရပါတယ်။ လက် လှမ်းမီသလောက်လည်းဖြန့်ဝေပေးကြပါ။ ၀င်လာတဲ့မေးလ်တွေကိုလည်း သေချာ စိစစ်ပြီးမှ အကြောင်းပြန် တာမျိုး လက်ခံတာမျိုးလုပ်သင့်ပါတယ်။

- http://gtalkbomber.mail2customer.com !! Dangerous site... who know they steal your password and get mail from inbox.. to look for something that government wants...





regards
Dream Angel

Read More...

Tuesday, September 16, 2008

လတ်တလော ကိုယ့်ရဲ့အကြိုက်။ ဆန္ဒ။ ခံယူချက်။ ဖြစ်တည်မူ....

ညီမလေး ယုန်ကလေးက လာ TAG ထားတော့ ပြန်ဖြေရတော့မှာပေါ့။
ကိုယ့်အကြောင်းတွေကို ရေးရမယ်ဆိုတော့ နဲနဲတော့ ရှက်သလိုလိုပဲ....ဟီး
ကဲ ယုန်ကလေးရေ
ခဏခဏမေးလွန်းလို့
ပြန်ဖြေလိုက်ပြီနော် ..

ကိုယ့်ရဲ့အမည်......... နတ်သမီး
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်..........မီးမီး
ကိုယ်ဒီမှာနေတယ်......ကမ္ဘာထောင့်စွန်းတစ်နေရာ
ကိုယ့်ဆီဖုန်းဆက်ချင်ရင်........ 007

ကိုယ့်ရဲ့အကြိုက်ဆုံးက
အရောင်ဆိုရင်........အဖြူ ။ အမဲ
အ၀တ်အစားဆိုရင်........Rock Style
အစားအစာဆိုရင်........ပင်လယ်စာ
ပစ္စည်းဆိုရင်.........ဓါး
သီချင်းဆိုရင်.......Rock နဲ့ဆက်နွယ်တဲ့ music အားလုံး
စာရေးဆရာ.........ဆရာဖေမြင့်
စာအုပ်ဆိုရင်.......တော်တော်များများကိုကြိုက်ပါတယ်
Life Style....... မိသားစု စုံစုံလင်လင်နဲ့နေချင်တယ်
ကိုယ့်ရဲ့ဝါသနာ.........သီချင်းနားထောင်တာ
အလိုချင်ဆုံးလက်ဆောင်.......ဓါးမြောင်လှလှလေး
ကိုယ့်ရဲ့အချစ်ဆုံးသူက.......ပါးပါး(My Dad)
ကိုယ့်၇ဲ့အလေးစားဆုံးသူက.........Jesus
ကိုယ့်ရဲ့အခင်ဆုံးသူက.......ပြောဘူး။သတ်ရင်သတ်။ ပြောရင် ရန်ဖြစ်ကြမှာ
ကိုယ့်ရဲ့အမုန်းဆုံးက....ဘယ်သူရှိရမလဲ...သူပေါ့ မုန်းစရာကြီး
ရင်အခုန်ဆုံးအချိန်.......ပြောပြဘူး
အကြောက်ဆုံးအချိန်......ညာနေရတဲ့အချိန်
အမှတ်တရနေ့.........အများကြီးပဲ
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းတဲ့ဆု.......မြန်မြန်ဒီမိုကရေစီရပါစေ
အချစ်ဆိုတာ.......ဘုရားကပေးတဲ့ဆုလာဒ်
အမုန်းဆိုတာ.......လောင်စာမီး
အလွမ်းဆိုတာ......မရှိတော့တဲ့အချိန်မှတမ်းတခြင်း
သံယောဇဉ်ဆိုတာ....နောင်ကြိုး
ဘ၀ဆိုတာ......မာယာ
သူငယ်ချင်းဆိုတာ......ဆိုးတူကောင်းဖက်အဖော်
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်........လမ်းမယူတဲ့ကောင်မလေး
ကိုယ်ရဲ့လက်စွဲဆောင်ပုဒ်က.........လူတွေအကြောင်းပိုသိလေလေ..ခွေးကိုပိုချစ်လေလေ
အပြောချင်ဆုံးစကားတခွန်း.........Never Give Up!

ကဲ....ကျန်တဲ့သူငယ်ချင်းတွေကိုပြန် TAG လိုက်ပါတယ်
စံလင်းထက်
ကိုစေတနာ
ကိုဝဏ္ဏ
ကြယ်ဇင်သွေး

Read More...

ပုဂံဆိုက်ဒ်ဘာကိုဆက်သွယ်ရေးဝန်ကြီးဠာနလက်အောက်သို့ ပြောင်းရွှေမည်။

ပုဂံဆိုက်ဒ်ဘာကိုဆက်သွယ်ရေးဝန်ကြီးဠာနလက်အောက်သို့ထားရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အခုဆို ရင် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပစ္စည်းများနှင့် ပေါင်းနေချိန်ဖြစ်တဲ့ အတွက် အင်တာနက်ဆိုင်တွေမှာ Connection ကျနေတာဖြစ်တယ်လို့သိရပါတယ်။ ယခုလို ဆက်သွယ်ရေးဝန်ကြီးဠာန လက်အောက်ကို ရောက်သွားတဲ့အခါမှာ အခွန်အခတွေပိုပြီး မြင့်တက်လာနိုင်မယ်လို့ကျွမ်းကျင်သူတွေကဆိုပါတယ်။“သုံးစွဲသူတွေအနေနဲ့လည်း လွတ်လပ်ခွင့်တွေကိုပိတ်ပင်လာနိုင်ပါတယ်၊ ကိုယ်ကြိုက် သလိုလွတ်လွတ်လပ်လပ် မရှိရင် သုံးရတာအဆင်ပြေတော့မှာမဟုတ်ဘူး၊ အခုတောင် ပြည်ပ မီဒီယာတွေကိုအီးမေးပို့ရင် အဲဒီအကောင့်ကို လိုက်ပြီဆွဲစိနေတာ ဆက်သွယ်ရေးအောက်ကို ရောက်သွားရင်ပိုဆိုးလာမှာသေချာတယ်၊ အဲဒီလုပ်လာရင်တော့ ဘလော့သမားတွေ ပိုပြီးသတိထားလာရတော့မယ်၊ ဘလော့တစ်ခုကို လူကြိုက်များလာပြီး များများဝင်ကြည့် လာပြီဆိုရင်တောင် ပုဂံကပိတ်ပိတ်ပြစ်တာဆိုတော့ ဆက်သွယ်ရေးကဆိုရင် စဉ်းစားတာကြည့်ပေတော့” လို့အိုင်တီပညာရှင်အချို့ကဆိုပါတယ်။

လူမျိုးနဲ့ပြည်သူတွေကိုအကျိုးရှိအောင်လုပ်နေကြတဲ့ ဘလောခ်ဂါတွေ မဆုံးရှုံးစေဖို့ အထူးလိုအပ်ပါတယ်။ မြန်မာဘလောဂါတွေဟာ ကိုယ်ကျိုးမငဲ့ပဲ စွန့်လွတ်မှုများစွာနဲ့ ပြည်သူတွေကို အကျိုးရှိအောင် မိမိတို့ တက်နိုင်သလောက်လုပ်နေကြခြင်းဖြစ်တဲ့အတွက် ဘလော့ခ်ဂါများ ဆုံးရှုံးသွားရင် မြန်မာ့ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်များ ဆုံးရှုံးသလို ပင်ဖြစ်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

Read More...

Monday, September 15, 2008

POST CARDS CAMPAIGN

SEPTEMBER ရွှေဝါရောင်တော်လှန်းရေးတစ်နှစ်ပြည့်နှစ်ပတ်လည် နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် နအဖစစ်အစိုးရဧ။် လူအခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်ဆန့်ကျင်သောအား ဖြင့် GENERATION WAVE မှ POSTERS နှင့် POST CARDS CAMPAIGN များစတင် လှုပ်ရှားနေပြီးဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Read More...

Saturday, September 6, 2008

"ဘွာမခတ်ကြေး"


ကျွန်တော်တို့Generation Wave မှဆက်လက်စုံစမ်းမှုများအရ စက်တင်ဘာလ၂ရက်၂၀၀၈ ညဘက်တွင်လည်း GW အဖွဲ့ဝင်တဦးဖြစ် သည့် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်နေ ကိုစောမောင် ကိုအာဏာပိုင်များကဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။


"ဘွာမခတ်ကြေး"

စိတ်နာတယ်…
စိတ်နာတယ်…….
စိတ်နာတယ်…….…..
ငါတို့စိတ်မှာ အနာတွေဗရပွ
အပေါက်အပြဲတွေက နက်ရှိုင်း ထင်ရှားလာ
အေး ! လိပ်ပြာငယ်သွားမယ်တော့မထင်လိုက်ကြပါလေနဲ့
လူငယ်ရှိရင် GW ရှိတယ်
GW ရှိရင်တော်လှန်ရေးရှိတယ် အသေအချာမှတ်
မင်းတို့ဘယ်လောက်ဖြတ်နိုင်မလဲ
မင်းတို့ဘယ်လောက်အကွက်ခိုင်မလဲ
မင်းတို့ဇာတ်မင်းတို့ဘယ်လောက်ပိုင်မလဲပေါ့ကွာ
ဒီမှာ မျိုးဆက်ကွ မျိုးဆက်လှိုင်းတွေ
ယုံကြည်ချက်နဲ့ သမိုင်းရေးနေတာ
အကြောက်တရားနဲ့ ဟောက်စားတတ်တဲ့ကောင်တွေမဟုတ်ဘူး
ခြောက်ခြားနေပြီတော့မထင်လေနဲ့ မှားမယ်
၁ယောက်နားရင် ၂ယောက်အဆင်သင့်
နောက်နားမှာလည်းစိတ်ထင့်မနေဘူး
ငါတို့အရမ်းရူးတာ ငါတို့သိတယ်
ငါတို့လွတ်မြောက်မှုဟာ ငါတို့ဦးတည်ရာ
ငါတို့ရင်ခုန်တာ ငါတို့နိုင်ငံသစ်
ငါတို့ချစ်မက်တာ ငါတို့ပြည်သူတွေ
ငါတို့ရည်ရွယ်နေတာ ငါတို့ငြိမ်းချမ်းမှု
နောက်တခုထပ်ပြောမယ်
မျိုးဆက်လှိုင်းရဲ့ သမိုင်းသစ်ဆိုတာ
မင်းတို့ခေါက်ချင်ခေါက် ဆန့်ချင်ဆန့်
မှောက်လိုက်ဖြန့်လိုက်လုပ်လို့ရတဲ့ စာရွက်စုတ်မဟုတ်ဘူး
စိန်ခေါ်ပြီးရင် ဘွာခတ်မပြေးကြေး
သမိုင်းကြွေးကြေအောင်ဆပ်ရမယ်……
သမိုင်းကြွေးကြေအောင်ဆပ်ပြမယ်……..
သမိုင်းကြွေးကြေအောင်ဆပ်ကြမယ်ဟေ့……..

ယုံကြည်ချက်ဖြင့်တိုက်ပွဲဝင်နေသော ကိုစောမောင်အတွက် အမှတ်တရဂုဏ်ပြုအပ်ပါသည်။


မိုဃ်းသွေး
Generation Wave

Read More...

Thursday, September 4, 2008

Special announcement by GW

Read More...

ရာစုသစ်ရဲ့ သူရဲကောင်းတွေကို ခွေးတွေဆွဲသွားပြီ

04/09/2008
ကျွန်တော်တို့ Generation Wave မှ အဖွဲ့ဝင်ရဲဘော်တဦးဒီနေ့မနက်မှာပဲအဖမ်းဆီးခံလိုက်ရတဲ့အကြောင်း
အသိပေးကြေငြာလိုက်ပါတယ်။ကျွန်တော်တို့ရဲ့တရားဝင်ကြေငြာချက်နဲ့၎င်းအဖွဲ့ဝင်ရဲ့ဓါတ်ပုံကိုလည်းပူးတွဲ
ဖြန့်ဝေလိုက်ပါတယ်။အသေးစိတ်သိလိုတာများရှိရင် ဖော်ပြထားတဲ့ e-mail လိပ်စာများမှတဆင့်မေးမြန်းစုံစမ်းနိုင်ပါတယ်။


သွေးကြောင်ပြီး ဘေးမရှောင်ဘူး
ခွေးဟောင်လို့လည်း ထွက်ပြေးမယ်မထင်နဲ့
ဆက်ရေးတယ် … ငါတို့သမိုင်းကို … ဆက်ရေးမယ်
အကွေးမခံဘူး အဆွေးမခံဘူး…
အာဏာရှင်ရဲ့ နားရွက် တံတွေးတက်ဆွတ်ဖို့မတွန့်ခဲ့ဘူး
ဒီလိုငါတို့ရူးသွပ်ပစ်ခဲ့
ငါတို့နေတဲ့ ငါတို့မြေအတွက်
ရူးသွပ်ခဲ့ ရူးသွပ်ပစ်ခဲ့…
လူ့ဘ၀စဉ်စစ်တွေအတွက်
အသက်ရှင်ခြင်းစစ်စစ်ကို ရူးသွပ်ခဲ့
ရူးသွပ်ခဲ့ ငါတို့ရူးသွပ်ခဲ့…
ငါတို့လွတ်မြောက်ဖို့အတွက်
ရူးရူးမူးမူးကို ရူးသွပ်ခဲ့ကြ
ငါတို့ဘ၀ကို ငါတို့ချစ်ခဲ့ကြပေတယ်
ငါတို့မြေအတွက် ငါတို့ ကြေမွပစေပေါ့
တို့ဘ၀တွေကို ဒီလိုရင်းပစ်လိုက်တယ်
လာကြစမ်း…..လာထားကြစမ်း…..
အကြောက်တရားကို ချောက်ကမ်းပါးထဲ ကန် ချ
ငါတို့သွေးကနီပါတယ်ကွ…
ကျည်ဆန်တွေလား ဟားဟား…ကျည်ဆန်တွေတဲ့လားကွာ
ရီသံနဲ့တင် အနိုင်ပိုင်းပြဖို့
ဒီမှာ ဒုန်းစိုင်းလို့ချီ လာကြပြီလေ…
မျိုးဆက်လှိုင်းတွေ…မျိုးဆက်လှိုင်းတံပိုးတွေ
အိပ်မက်ရိုင်းကို ရင်နဲ့ထမ်းပိုး
မိစ္ဆာတံတိုင်းကို ဖျက်ချိုးပစ်တော့မယ်…….

" စက်တင်ဘာလ၃ရက်၊ ၂၀၀၈မှာ အဖမ်းခံလိုက်ရတဲ့ ကျွန်တော်တို့ရဲ့အကိုကြီးကိုကျော်ဦးအတွက်အမှတ်တရ"

မိုဃ်းသွေး
Generation Wave

Read More...

Tuesday, September 2, 2008

ပြည်ပရောက်မြန်မာများ ထိုင်းဝန်ကြီးချုပ် စမတ် စွန်ဒရာဗေးကို ဆန္ဒပြ

02/09/2008
နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ ထိုင်းသံရုံး ရှေ့ တွင် ပြည်ပရောက် မြန်မာများ နက်ဖြန် စက်တင်ဘာ ၂ ရက်နေ့ တွင် ထိုင်းဝန်ကြီးချုပ် စမတ် စွန်ဒရာဗေး၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြောဆိုချက်ကို ဝေဖန်ရှုတ်ချသည့် အနေဖြင့် ဆန္ဒပြမည်ဖြစ်သည်။

ကျွန်ုပ်တို့ သည် ထိုင်းပြည်သူများ ယနေ့  ကြုံတွေ့ နေရသော ခံစားချက်အပေါ် စာနာသည့် အပြင် ထိုင်းတနိုင်ငံလုံးနှင့် ထပ်တူ မိမိတို့ လည်း အထွဋ်အထိပ်ထားသော ဘုရင်မင်းမြတ်သို့  လျှောက်ထားမည့် စာတစ်စောင် ပေးအပ်မည်ဖြစ်သည်။

ကျွန်ုပ်တို့ ၏ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဘေးထားပြီး မြန်မာ့အရေး ဆောင်ရွက်သင့်သည်ဟု ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီအား ပြောဆိုလိုက်သည့် ထိုင်းဝန်ကြီးချုပ်၏ တာဝန်မဲ့ စကားကို ကျွန်ုပ်တို့  အနေဖြင့် လုံးဝ ကန့် ကွက် ရှုတ်ချသည်။

ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် ဒီမိုကရေစီပန်းတိုင် ရောက်သည်အထိ တက်ကြွစွာ ရုန်းကန်လှုပ်ရှားသွားမည့် ကျွန်ုပ်တို့  အနေဖြင့် နက်ဖြန် ထိုင်းသံရုံးရှေ့  ဆန္ဒပြ ရာတွင် အဖွဲ့ အစည်းများ နှင့် မိဘပြည်သူများ အားလုံး အောက်ပါအစီအစဉ်အတိုင်း ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံ နှိုးဆော်လိုက်ပါသည်။

အစီအစဉ်

ကျင်းပမည့်ရက် - ၂၀၀၈ စက်တင်ဘာ ၂ ရက်
အချိန် - နေ့ လယ် ၃း၀၀ - ၄း၃၀ ထိ
နေရာ - 351 East 52 Street (between 2 Ave and 1 Ave), New York, NY 10022

ဆက်သွယ်ရန်

ကျော်သက် - ၂၆၀-၄၆၀-၇၁၃၆
သန်းနိုင် - ၂၆၀-၈၀၄-၁၄၄၈
ရောင်ကြီးဗွေ - ၂၆၀-၅၁၅-၆၅၉၅
အောင်မြင့်ထွန်း - ၂၆၀-၄၄၃-၅၁၅၀

Read More...

Monday, September 1, 2008

Myanmar's Suu Kyi 'well'

01/09/2008

YANGON - MYANMAR opposition leader Aung San Suu Kyi is well but has lost some weight, her lawyer said on Monday, following reports that she had refused new food supplies since Aug 15.

Mr Kyi Win, who met Ms Suu Kyi at her Yangon home where she has been under house arrest for five years, said she had not indicated whether or not she was on a hunger strike.

'I am well, but I have lost some weight. I am a little tired and I need to rest,' Mr Kyi Win quoted the 63-year-old Nobel Peace laureate as saying during their 30 minute meeting. -- REUTERS
Breaking News

Read More...

လက်ကမ်းစာစောင်ဖြန့်ဝေမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ဖြိုးကြီး။ သြဂုတ် ၃၀၊ ၂၀၀၈

ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းဝန်းများအတွင်း လက်ကမ်းစာစောင်များဖြန့်ဝေသည့် လှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသည်။

၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများသမဂ္ဂအဖွဲ့က ယခုလ (၂၈) ရက်နေ့မှစတင်ကာ ဒဂုံ တက္ကသိုလ်၊ မှော်ဘီနည်းပညာကောလိပ်နှင့် ကွန်ပြူတာတက္ကသိုလ်ဝန်းများအတွင်း ဖြန့်ဝေနေ ခြင်းဖြစ်သည်။

“ကျနော်တို့တွေဟာ သက်ဆိုင်ရာတက္ကသိုလ် နယ်မြေဝန်းအတွင်းမှာတောင်မှ လွတ်လွတ် လပ်လပ် သွားလာခွင့်မရပါဘူး၊ အထူးသဖြင့် ကိုယ့်မေဂျာအဆောင်ကနေ အခြားအဆောင်ကို သွားရောက်ခွင့်တောင် မရှိတော့ဘူးဖြစ်နေတယ်၊ ကျောင်းသားအတွက် အသင်းပင်းဖွဲ့စည်းမှု တွေ ဆိုတာလည်း မရခဲ့ဘူး၊ ပညာသင်ကြားရေးမှာလည်း ကျနော်တို့သင်နေရတာတွေက အဆင့်မှီတဲ့ပညာရပ်တွေ မဟုတ်တော့ဘူး၊ သင်ထောက်ကူပစ္စည်းဆိုတာတွေက ကျောင်းသား တွေအတွက် လုံလောက်မှုမရှိပါဘူး၊ အဲဒါတွေအတွက်တောင်းဆိုထားတာ”ဟု ၂၀၀၇ မျိုးဆက် သစ် ကျောင်သားများသမဂ္ဂအဖွဲ့ တာဝန်ရှိသူကျောင်းသားတဦးက ပြောသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် ဆုံးရှုံးနစ်နာနေသည့် ကျောင်းသားအခွင့်အရေး၊ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာသံဃာ့လှုပ်ရှားမှုကြီးကို ကျောင်းသားထုနှင့် ပြည်သူလူထုကြားတွင် မမေ့ မလျော့ရှိရန်၊ (နအဖ)အတည်ပြုထားသည့် ဖွဲ့စည်းပုံအား လက်မခံကြောင်းနှင့် နာဂစ်မုန်တိုင်း အတွင်း အစိုးရ၏ တာဝန်မဲ့မူများကို ပြည်သူလူထုအတွင်း သိအောင်ရေးသားထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။ ၂၀၀၇ မျိုးဆက်သစ်ကျောင်သားများသမဂ္ဂ ဖွဲ့စည်းသည့်အချိန်မှစ၍ ကျောင်းသားများ အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အတွက် ကျောင်းသားထုတရပ်လုံး၏ အင်အားကိုရယူကာ ရည်မှန်းချက်များ အောင်မြင်သွားသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်းနှင့် ကျောင်းသားထုအတွင်း စည်းလုံးညီညွတ်မှုရရှိရန်တို့ကို ရည်ရွယ်၍ ဖွဲ့စည်းခဲ့ ကြောင်း ၎င်းက ပြောသည်။ “အဲဒီလက်ကမ်းစာစောင်တွေကို ဖတ်လိုက်ရတော့ ကိုယ်တိုင်လဲ စက်တင်ဘာတုန်းက ကြုံတွေ့ လိုက်ရတယ်ဆိုတော့ အရမ်းခံစားရတယ်၊ စစ်အစိုးရကို ဆန့်ကျင်ဖို့ ဆန္ဒတွေ ပိုပြင်းထန်လာ တယ်၊ ၂၀၀၇ ကျောင်းသားတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်ဖို့၊ ကျမတို့ ကျောင်းသား အခွင့်အရေးတွေဆိုတာလည်း ဘာမှမရှိတော့လောက်အောင် ဆုံးရှုံးနေတယ်လေ၊ အားလုံးကလဲ ထောက်ခံ ကြတယ်၊ စစ်အစိုးရကိုအလိုမရှိတော့ဘူးလို့ ခံစားရတယ်”ဟု မှော်ဘီနည်းပညာ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူတဦးက ပြောသည်။ ယခုကဲ့သို့ ရွယ်တူကျောင်းသားကျောင်းသူများက အားလုံကို စွန့်လွှတ်ကာ ယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသည့်အတွက် မိမိအနေဖြင့်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် တိုက်ထုတ်အောင်မြင်ရမည်ဆိုသည့် ဆုံးဖြတ်ချက်ဖြင့် ပူပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်များတွင် ဆုံးရှုံးနစ်နာနေသည့် ကျောင်းသားအခွင့်အရေး၊ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာသံဃာ့လှုပ်ရှားမှုကြီးကို ကျောင်းသားထုနှင့် ပြည်သူလူထုကြားတွင် မမေ့ မလျော့ရှိရန်၊ (နအဖ)အတည်ပြုထားသည့် ဖွဲ့စည်းပုံအား လက်မခံကြောင်းနှင့် နာဂစ်မုန်တိုင်း အတွင်း အစိုးရ၏ တာဝန်မဲ့မူများကို ပြည်သူလူထုအတွင်း သိအောင်ရေးသားထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။ ၂၀၀၇ မျိုးဆက်သစ်ကျောင်သားများသမဂ္ဂ ဖွဲ့စည်းသည့်အချိန်မှစ၍ ကျောင်းသားများ အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အတွက် ကျောင်းသားထုတရပ်လုံး၏ အင်အားကိုရယူကာ ရည်မှန်းချက်များ အောင်မြင်သွားသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်းနှင့် ကျောင်းသားထုအတွင်း စည်းလုံးညီညွတ်မှုရရှိရန်တို့ကို ရည်ရွယ်၍ ဖွဲ့စည်းခဲ့ ကြောင်း ၎င်းက ပြောသည်။ “အဲဒီလက်ကမ်းစာစောင်တွေကို ဖတ်လိုက်ရတော့ ကိုယ်တိုင်လဲ စက်တင်ဘာတုန်းက ကြုံတွေ့ လိုက်ရတယ်ဆိုတော့ အရမ်းခံစားရတယ်၊ စစ်အစိုးရကို ဆန့်ကျင်ဖို့ ဆန္ဒတွေ ပိုပြင်းထန်လာ တယ်၊ ၂၀၀၇ ကျောင်းသားတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်ဖို့၊ ကျမတို့ ကျောင်းသား အခွင့်အရေးတွေဆိုတာလည်း ဘာမှမရှိတော့လောက်အောင် ဆုံးရှုံးနေတယ်လေ၊ အားလုံးကလဲ ထောက်ခံ ကြတယ်၊ စစ်အစိုးရကိုအလိုမရှိတော့ဘူးလို့ ခံစားရတယ်”ဟု မှော်ဘီနည်းပညာ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူတဦးက ပြောသည်။ ယခုကဲ့သို့ ရွယ်တူကျောင်းသားကျောင်းသူများက အားလုံကို စွန့်လွှတ်ကာ ယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသည့်အတွက် မိမိအနေဖြင့်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် တိုက်ထုတ်အောင်မြင်ရမည်ဆိုသည့် ဆုံးဖြတ်ချက်ဖြင့် ပူပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

Read More...