DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, January 20, 2009

အာဆီယံ ခရီးသွား လုပ်ငန်းဆိုင်ရာ အပြန်အလှန် စံနှုန်း သတ်မှတ်ချက်ကို မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ ၁၀နိုင်ငံ လက်မှတ် ရေးထိုး

အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ အပြန်အလှန်စံနှုန်းသတ်မှတ်ချက်သဘောတူညီမှုကို မြန်မာနိုင်ငံအပါအ၀င် အာဆီယံ၁၀နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းရရှိသည်။ အပြန်အလှန် အသိအမှတ်ပြုရေး(Mutual Recognition Arrangement-MRA)ကို ဗီယက်နမ်နိုင်ငံဟနွိုင်း မြို့တွင်ပြုလုပ်ခဲ့သော (၂၉)ကြိမ်မြောက် အာဆီယံ ခရီးသွားဖိုရမ်အတွင်း အာဆီယံခရီးသွားဝန်ကြီးများက ဇန်န၀ါရီလ၉ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟုသိရှိရသည်။ “ခရီးသွားလုပ်ငန်းနယ်ပယ် အတွင်းက လုပ်ငန်းအသီးသီးမှာ ၀င်ရောက် လုပ်ကိုင်နေသူတွေရဲ့ သက်ဆိုင်ရာစံနှုန်းတစ်ပြေးညီဖြစ်ဖို့ အာဆီယံနိုင်ငံတွေက ဆောင်ရွက် ကြတော့မှာ ဖြစ်ပါတယ်” ဟု အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သူ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီးဗိုလ်မှူးချုပ် အေးမြင့်ကြူကပြောကြားသည်။ MRA၏ ရည်ရွယ်ချက်များမှာ ဒေသ တွင်းမှ ခရီးသွားလုပ်ငန်းတွင်ဝင်ရောက်လုပ်ကိုင်သူများအနေဖြင့် ဒေသတွင်း အပြန်အလှန် သွားလာ၍ ၀န်ဆောင်မှု ပေးနိုင်ရန်၊ အာဆီယံဒေသတွင်း၌ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းများတွင် လေ့ကျင့် သင်ကြားမှု စနစ်များ စံသတ်မှတ်ချက်ညီ မျှစေရန်၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် အရည်အသွေးကိုမြှင့်တင်၍ အကောင်း ဆုံးအတွေ့အကြုံချင်းဖလှယ် ရန်စသည်တို့ဖြစ်သည်ဟုသိရှိရသည်။ ဟိုတယ်လုပ်ငန်းဆိုင်ရာ ၀န်ထမ်း များ၊ ခရီးသွားကုမ္ပဏီမှ စီမံခန့်ခွဲ သူများ၊ ခရီးသွားဧည့်လမ်းညွှန်များသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အရည်အချင်းတူညီမှု၊ စံနှုန်းတစ်ပြေးညီ ဖြစ်မှုနောင်တွင်ရရှိလာမည်ဖြစ်ကြောင်း ၂၀၀၉ခုနှစ်ဇန်န၀ါရီလ ၂၁ရက်နေ့ ထုတ်Weekly Elevenဂျာနယ် တွင်ဖော်ပြထားပါသည်။

No comments: