DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, January 15, 2009

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆန္ဒပြသည့်လူငယ်(၉)ဦးအနက်မှ ၊ လူငယ်(၆)ဦးပြန်လည်လွတ်မြောက်လာ



၃၀၊၁၂၊၀၈နေ့တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် လူငယ်၉ယောက်ဆန္ဒပြခဲ့ကြရာ ပြည်သူ့လွတ်တော် အဟောင်း အဆောက်အဦးရှေ့တွင် ဖမ်းဆီးအထိမ်းသိမ်းခံခဲ့ရပြီး (၁၄၊၁၊၀၉)နေ့ နေ့လည်၁၂နာရီခွဲခန့်တွင်
၁။ ကိုကောင်းထက်လှိုင်(စမ်းချောင်း)
၂။ ကိုထွန်းလင်း (စမ်းချောင်း)
၃။ ကိုသက်မောင်ဦး (စမ်းချောင်း)
၎။ ကိုမိုးပြည့်ဇင်အောင်(ခေါ်)ကိုပြည့်ပြည့်(စမ်းချောင်း)
၅။ ကိုအောင်ဖြိုးဝေ(စမ်းချောင်း)
၆။ ကိုမင်းသိန်း (သာကေတ)တို့ (၆)ဦးကို အာဏာပိုင်များမှလွတ်ပေးခဲ့သည်။

၎င်းဆန္ဒပြသည့် သူ(၉)ဦးအား ၃၀ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ၃၀ရက်နေ့မှ(2)ရက်နေ့အထိစစ်ကြောရေးတွင် ၄ရက်ကြာ စစ်ဆေးခဲ့ပြီး(၂၊၁၊၀၉) နေ့ ညနေ၄နာရီတွင် အင်းစိန်အကျဉ်းထောင်သို့ပြောင်းရွေ့ခဲ့သည်၊ အကျဉ်းထောင် တိုက်(၃)တွင် ကိုထွန်းထွန်းဝင်း၊ ကိုဝင်းမြင့်မောင်(ခေါ်) ပဲပြုတ်၊ကိုအောင်ဖြိုးဝေ၊ကိုကောင်းထက်လှိုင်တို့အားထားရှိပြီး အကျဉ်းထောင်တိုက်(၄)တွင် ကိုထွန်းလင်း၊ ကိုမိုးပြည့်ဇင်အောင်၊ ကိုသက်မောင်ထွန်း၊ ကိုမင်းသိန်းတို့ကို ထားရှိသည်။

ယခုလွတ်မြောက်လာသူ(၆)ဦးအား ကျိုက္ကဆံစစ်ကြောရေးတွင် နောက်နောင်ထပ်မံ မပြုလုပ်ရန် လက်မှတ်ထိုးခိုင်းပြီး စမ်းချောင်း (မ.ယ.က)ရုံးတွင် မိဘများမှ မိမိတို့သားများအား နောက်နောင် ယခုလိုထပ်မံမပြုလုပ်ရန် တာဝန်ယူကြောင်း လက်မှတ်ထိုးခိုင်းပြီးမှ ကာယကံရှင်များအား ပြန်လည်လွတ်မြောက်ပေးခဲ့သည်။

ပြန်လည်မလွတ်မြောက်သေးသူ(၃)ဦးမှာ
၁။ကိုထွန်းထွန်းဝင်းလူငယ်အကူအညီပေးရေး(ရန်ကုန်တိုင်း)၊လူငယ်တာဝန်ခံ(၁)စမ်းချောင်း
၂။မထက်ထက်ဦးဝေရွှေပြည်သာ
၃။ကိုဝင်းမြင့်မောင်(ခေါ်)ပဲပြုတ် တို့ဖြစ်သည်။

No comments: