DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, January 24, 2009

လူ့အခွင့်အရေးထောင် (သို့မဟုတ်) လွတ်လပ်စွာနေရသော ထောင်

- ယမထာ -
ယခု နှစ်ဆယ့်တစ်ရာစု ခေတ်ကြီးထဲ၌ လွတ်လပ်စွာ နေရသော ထောင်ရှိသည်ဆိုလျှင် စာရှုသူ အဆွေတို့ ယုံကြည်ကြပါမည်လော။ ရှိခဲ့ပါသည်။ တကယ်ရှိခ့ပဲါသည်။ ရှိခဲ့သည်။ ယခု နှစ်ဆယ့်တစ်ရာစု မရောက်မီ လွန်ခဲ့သော ၁၉၄၆ခုနှစ်ခန့်ကပင် ကျွန်ုပ်တို့ လူသား ကမ္ဘာမြေပေါ်မှ လူသားများနေထိုင်ရာ တိုင်းပြည် တစ်ပြည်တွင် ရှိခဲ့ပုံကို အောက်တွင် ဆက်လက် ရှုစားပါ။
(ယခု အချိန် ထိ ရှိမရှိကို စာရှုသူသုတေသီ ပညာရှင်များ ဆက်လက်လေ့လာကြစေလိုပါသည။် )

“အုတ်တံတိုင်းကာတိုင်း ထောင်မဖြစ်” ဟု ထင်ရှားသော အင်္ဂလိပ်ကဗျာရှိရာ သြစတြေးလီယားပြည်၊ ကွင်းစလန်နယ်၏ မြို့တော် ဘရစ္စဘိန်းမြို့မှ မိုင် ၃၀ ကွာဝေးသော “ပါလန်း-ကရစ်” အရပ်ရှိအကျဉ်းထောင်မှာ ထိုစာပိုဒ်ကလေးနှင့် တပြေးတည်း ညီညွတ်လှပေသည်။ အကြောင်းသော်ကား ထိုထောင်တွင် သံတိုင် သံချိုင့်များ အစောင့် စန္ဒရီများ၊ အစောင့်ခွေးကြီးများမရှိ၊
အကျဉ်းတိုက်ခန်းကလေးများ ပြုလုပ်ကာ အုတ်တံတိုင်းကာရံထားခြင်း မရှိပေ။ ထောင်အ၀င်ပေါက်တွင်“တံခါးပြန်ပိတ်ခံ့ပါ” ဟူသော စာဆွဲထားခြင်းကို ထောက်သဖြင့် ၀င်ချင်ဝင် ထွက်ချင်ထွက် လွတ်လပ်ခွင့်မည်မျှ ရှိသည်ကို သိသာပေသည်။ထောင်ကျနေသူတို့မှာ အချုပ်ခန်းနှင့် မနေကြရပေ။ ၈ ပေ စတုရန်း ကျယ်သော ကိုယ့်တဲနှင့်ကိုယ် နေကြရ၍“စပရိန်”မွေ့ရာ၊ ကုလားထိုင်၊ စားပွဲ၊ လေသာပြူတင်းနှင့် နေကြရလေသည်။
(ယခုခေတ် ကျွန်ုပ်တို့ ရန်ကုန်စသော မြို့ကြီးများရှိ မိသားစုများနေကြရသော အခန်းငှားများဖြင့်နှိုင်းယဥြ်ကညြ့်ကစေလိုပါသည။် )


ဤသို့ ပြုလုပ်ပေးထားခြင်းမှာ “အလင်းရောင် ရစေရန်” ဖြစ်ပေသည်။ အလင်းရောင်ကို ပိတ်ဆို့ထားခြင်းကို မလိုလားချေ။
ထောင်ကျနေသူတို့မှာ သူခိုးကလေးမှ လူသတ်တရားခံအထိ ဖြစ်၏။ ယခုရှိနေကြသော လူသတ်မှုကျူးလွန်သူများမှာ ၈ ဦးရှိရာ ထိုသူတို့သည် ဖောက်ထွင်းထွက်ပြေးလိုက ဘယ်အချိန်မဆို ထွက်ပြေးနိုင်ကြ၏။ သို့သော် တစ်ယောက်မျှ မပြေးကြချေ။ ၁၁ နှစ်အတွင်း ဤထောင်ထဲသို့ ကျရောက်လာသူ ၁၀၀၀ကျော်အနက် ၆ ယောက်လောက်သာ ထွက်ပြေးရန် ကြိုးစားဘူးလေသည်။
(ဤသို့ ဆိုလျှင် ၄၆ ခုနှစ်မှ နောက်သို့ပြန်၍ရေတွက်ကြည့်သော် ၁၉၃၅ ခုနှစ်မှ ဤထောင်ကို စတင်သည်ဟုသိရာ၏။ သို့အတွက်လူ့ အခွင့်အရေးကြေညာစာတမ်း မဆိုထားဘိ ကုလသမဂ္ဂအဖွဲ့ပင်မပေါ်ပေါက်သေး ကြောင်း သတိချပ်ရာ၏။)

ဤထောင်သို့ ၀င်နိုင်ရန်မှာ အကျဉ်းခံရသူသည် ထွက်ပြေးရန် အားမထုတ်ပါ။ အကျင့်စာရိတ္တမဖောက်ပြားပါဟု ဂတိပေးရလေသည်။ ထိုသို့ ဂတိပေးပြီး ၀င်ရောက်ခွင့်ရသည့် နေ့မှ စ၍ ထိုသူသည်ဥပဒေအရ “ထောင်သား”ဟူသော မိမိအဖြစ်ကို မေ့ပျောက်စွာနေနိုင်အောင် အရာရာအဘက်ဘက်ကစီမံပြုလုပ်ပေးခြင်းကို ခံစားရလေသည်။ထိုသူမှာ ထောင်အ၀တ်အစား မ၀တ်ရ။ ထောင်အစောင့်အရှောက်တို့ကို လဲ ထောင်မှူးကြီး သခင်ကြီး စသည့်အခေါ်မျိုးဖြင့် မခေါ်ဘဲ “ဂျွန်” “ဟယ်ရို” စသဖြင့် မိတ်ဆွေရင်းကဲ့သို့ နာမည်ကို အဖျားဆွတ်၍
ခေါ်ခွင့်ရှိကြသည့်ပြင် “ထောင်”ဟူသောစကားနှင့် ၄င်း၏ ဆိုင်ရာ အသုံးအနှုန်းတို့ကို အပြောအဆိုမရှိကြချေ။စည်းကမ်းအချုပ်အချယ်ကိုလည်း နည်းပါးနိုင်သမျှ နည်းပါးအောင် ပြုလုပ်ထားလေသည်။ ထိုသူတို့သည်နံက်စောစော ထကြရ၍ စားဖိုဆောင်တွင် အများနှင့် ရောနှော နံက်စာစားကြပြီးနောက် နေ့လည်စာထုပ်ပိုးသယ်ယူ၍ “အလုပ်”ဆင်းကြရသည်။ အလုပ်မှာ ဥယျာဉ်စိုက်ပျိုးခြင်း၊ သစ်ပင်ကြံပင် ခုတ်လှဲခြင်းများဖြစ်၍ ညနေ ၅ နာရီတွင် ပြန်၍ ၀င်ကြရရာ တံခါးပြန်၍ ပိတ်ခဲ့ဘို့ မမေ့ကြချေ။ညစာစားပြီးနောက် ဘိလိယက် (သို့မဟုတ်) စစ်တုရင်ထိုးခြင်း၊ စာကြည့်ခန်းတွင် စာအုပ်သတင်းစာဘတ်ခြင်း၊ ရေဒီယို နားထောင်ခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်နိုင်ကြလေသည်။တားမြစ်ထားသော ကစားနည်းတစ်ခုတည်းသာ ရှိရာ၊ ၄င်းမှာ ဖဲကစားခြင်း ဖြစ်သည်။ ထို့နောက် ၉ နာရီမထိုးမီ အိပ်ယာ ၀င်ကြရသည်။ လူတစ်ယောက်လျှင် တနေ့ အလုပ်လုပ်ခ ၄ ပဲ ရ၍ ထောင်မှ ထွက်သည့်အခါ သုံးစွဲရန် ဘဏ်တွင်အပ်ပေးထားလေသည်။
(ကျွန်ုပ်တိုင်းပြည် ၊ အင်္ဂလိပ်လက်အောင် လွတ်လပ်ရေးကာလမှ ထောင်ကျနေသော နိုင်ငံရေးသုခမိန် ဘကြီးဘဖေတို့ ဒေါက်တာဘမော်တို့ထောင်တွင်းနေရစဉ်
တလ လခ ၅၀၀ိ ရကြသည်နှင့် နှိုင်းယှဉ်ကြည့်စေလိုသည်၊ )

ထောင်မှ ထွက်သည့်အခါ တိုင်း၍ချုပ်ပေးသော ၀တ်စုံတ်စုံနှင့် အလုပ်ကိုပါ ရှာ၍ ပေးလေသေးသည်။ အလုပ်ရှင်ကိုလည်း သူ့အကြောင်းအသိပေးထားသဖြင့် ထိုသူမှာ တနေ့နေ့ “ဘူး”ပေါ်၍ အလုပ်ထုတ်ပစ် ခံရမည်ကို ကြောက်လန့်နေရန် မရှိတော့ချေ။ အလုပ်ရှင်သည် အကြောင်းသိထားသဖြင့်“လမ်းဖြောင့်” တို့ကိုသာ ကူညီ အားပေးလေတော့သည်။ဤသို့အားဖြင့် အကျိုးကိုသာ ဖြစ်စေသည့်အလျောက် ဤကဲ့သို့ ထောင်များ ပြုလုပ်လျက်ရှိကြလေပြီ။ဤစံနစ်အရ ထောင်စရိတ် အကုန်အကျလည်း လွန်စွာ နည်းပါးပြီး ထောင်မှ ထွက်၍ နောက်ထပ် ရာဇ၀တ်မှုပြုခြင်း အလွန်နည်းလေသည်။

--------------------------------------------------------------------------------------------
၁၉၄၆ ခုနှစ်၊ ၅ လပိုင်းထုတ် “ဇ၀န” ဂျာနယ်မှ ကူယူဖော်ပြအပ်သော ဤဆောင်းပါးကို ဖတ်ရှုရခြင်းဖြင့်လူ့အခွင့်အရေးဟူသည် စာရွက်ပေါ်၌ရှိနေခြင်းကို ခေါ်သည်မဟုတ်။ လူစိတ်ရှိသော လူသား အချင်းချင်းကိုယ်တိုင် ဒိဋ္ဌ ကျင့်သုံးရခြင်းသာလျှင် လူ့အခွင့်အရေးအစစ်ဖြစ်ကြောင်း စာရှုသူများ ရိပ်မိတန်လောက်ပြီဟု ယုံကြည်မိပါသည်။သို့အားလျော်စွာ ယခုကဲ့သို့ တိုးတက်ယဉ်ကျေးလာသော ဂလိုဘယ်ခေတ်ကြီး၌ လူ့အခွင့်အရေးကျင့်သုံးသော ဗမာပြည်ထောင်များ ပေါ်ပေါက်ပါစေ ဟု ဆုတောင်း အပ်ပါသတည်း။

ယမထာ

No comments: