DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, January 20, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး (NLD) ၏ ရပ်တည်ချက်သဘောထား

(NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အခုလောလောဆယ်မှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး

(NLD) ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက -

“အမှန်တိုင်းပဲပြောရင်တော့ ဘာမှမပြောနိုင်သေးဘူး။ ကျနော်တို့ လာမယ့်ရွေးကောက်ပွဲဆိုတာကို ကျနော်တို့က မူဝါဒအရကို လက်မခံနိုင်သေးဘူး”

မေး။ ။ အဲဒီတော့ လက်မခံနိုင်သေးဘူးဆိုတဲ့ သဘောက ရွေးကောက်ပွဲမဝင်ဘူးဆိုတဲ့ သဘောပေါ့။

ဦးဉာဏ်ဝင်း။ ။ မဟုတ်ဘူးခင်ဗျ။ ဝင်တယ်၊ မဝင်တယ်ဆိုတဲ့ ပြဿနာမရှိပါဘူး။ ၁၉၉၀ ပြည့် နှစ်မှာ ကမ္ဘာသိရွေးကောက်ပွဲ လုပ်ခဲ့ပြီးတော့ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ မဆောင်ရွက်ဘဲနဲ့ နောက်ထပ်လုပ်တဲ့ ရွေးကောက်ပွဲတွေကို ကျနော်တို့ ထည့်သွင်းမစဉ်းစားနိုင် ပါဘူး။ ဒါကိုပြောတာ။

မေး။ ။ တကယ်တမ်းတော့ ရွေးကောက်ပွဲဟာ ၂၀၁၀ ဆိုတာ တော်တော်ကိုနီးလာပြီ။ ပြည်တွင်း မှာရှိတဲ့ လူထုကရော၊ ပြည်ပမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေပေါ့နော်၊ အားလုံးပဲ (NLD) ဘာလုပ်မလဲဆိုတာကို သိချင်နေကြပြီ။ အဲဒီတော့ သူတို့နဲ့ပတ်သက်လို့ရော (NLD) က ဘာများပြောနိုင်တာရှိပါသလဲ။

ဦးဉာဏ်ဝင်း။ ။ ကျနော်တို့ ဒီ အခုပြောသွားတဲ့အထဲမှာ ကျနော့်စကားလုံးတလုံး ကျနော် ပြင်ချင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မယ်၊ မဝင်မယ်ဆိုတဲ့ပြဿနာ (NLD) မှာ မရှိပါဘူး။ ကျနော် အဲဒါလေး နည်းနည်းပြန်ပြောချင်တယ်။

(NLD) က ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွေကို တစုံတရာ အသိအမှတ်မပြုဘဲနဲ့ နောက်ရွေးကောက်ပွဲတွေကို ထည့်သွင်းစဉ်းစားခြင်းမပြုနိုင်ဘူး။

အဓိပ္ပါယ်မတူကြဘူးနော်။

ကျနော်ပြောတာ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျနော်တို့ ဘာမှကို မပြောနိုင်သေးဘူး။

မပြောနိုင်တာက ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို တစုံတရာ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အတွက်။

ကျနော်တို့ရဲ့ Stand က ၉၀ ပြည့်နှစ်ရွေးကောက်ပွဲပါ။

No comments: