DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, January 22, 2009

၁၈ရာစုပုံစံအုပ်ချုပ်သု ၊ ၁၉ရာစုခံယူချက်နှင့် အတိုက်အခံ၊ ၂၁ ရာစုတွင်နေထိုင်ရှင်သန်နေကြသော ပြည်သူများနှင့်ဗမာပြည်

၁။ အုပ်ချုပ်သူဘက်ကပြတ်သည်၊ အတွင်းအကြည့် အပြင်မကြည့် ဘာမျှအကြည့် လုပ်ချင်သလိုလုပ်သည်။သတ်ချင်သလိုသတ်သည်။ လိမ်လိမ်ချင်သလို လိမ်သည်။ ပြည်သူကိုလည်း သတ်သည်ခလေးတွေလည်းသတ်သည်။ အဖြူအစိမ်းတို့ ရင်ဝမှာ သွေးအလိမ်းလိမ်း မကြည့်ဝန့်အမြင်ရက်စရာသံဃာတော်တွေ သင်္ကန်းဝါဝါတွေ အသေအရှင်တွေ မီးသင်္ဂြိုစက်ထဲ သဘက်သရဲတွေ ဝိုင်းဆွဲနေသလို မျိုး။
၂၁ ရာစု ကမ္ဘာ့ရွာကို ဗမာပြည်နှင့် ကန့်လန့်ကာခြား၍ ခွဲခြားဘို့ကြိုးစားသည်။ လူမျိုးခြား၊ ကိုလိုနီသူ့ကျွန်မခံနဲ့ (ငါ့ကျွန်ခံ) ခေါ်လျှင်ထူး၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဒို့သွေးလည်းမဟုတ် ဒို့သားလည်းမဟုတ်ဘေးပြောတာမယုံနဲ့ စကားလုံးထုံးသုတ်ပြီး စစ်မိစ္ဆာမသာယုတ်ကို ဖုံးအုပ်ဘို့ ကြိုးစားသည်။ လမ်းပြမြေပုံခုနှစ်ချက် ညောင်နှစ်ပင် လိမ်ဆင်တွေ တစ်ခုပြီးတစ်ခု။

၂။ အတိုက်အခံတွေဘက်ကြည့်တော့ တစ်ခုမှအသက်မပါ၊ ရှက်စရာတွေခြည်း မျက်ကန်းမျိုးချစ်များကတော်သေးသည်။ မျက်စေ့မကန်း သော မျိုးမချစ်များ၏ ကုလားထိုင်များ၊ မယားငယ်များ၊ ပရိုပိုဇယ်များဒေါ်လာများ ကမ္ဘာနှင့် ခေတ်အဆတ်ဆတ် ပြတ်မှုများ အာဏာရှင်က
ကမ္ဘာတွင်ပျောက်ကွယ်သွားပြီဖြစ်သော ၁၈ ရာစုကိုလိုနီစကားလုံးကိုပြတိုက်ထဲမှထုတ်၍ သုံးသည်။အတိုက်အခံက အဲဒါကိုလိုနီ မဟုတ် တော့ ဘူး အရင်ဆုံးရှင်းရမဲ့ အရင်းရှင်တွေ ဓနရှင်တွေ ဖောက်ပြန်နေတဲ့လူတန်းစား မမှန်တဲ့ ဘာတဲ့ညာတဲ့ အော်ရင်း ၁၉ရာစုအတွေး အမြင်ကို ကိုင်စွဲရင်း အုပ်ချုပ်သူ ညွှန်ပြရာဖက်သို့ပင် အတူလိုက် လက်ညှိုးထိုးပြ ဆန့်ကျင်နေကြသည်။နာဂစ် အငတ်ဘေး သေဘေးနွံ တွင်းမှပြည်သူများ၏ ကယ်ပါယူပါ ဆာလွန်းလို့ပါ ဆိုသောမျက်တွင်းဟောက်ပက် လူသေမျက်ခွက် အရိုးစုလက်တို့ကို မျက်စေ့စုံမှိတ် ငြင်းဆန်ရင်း အရင်းရှင်ပြန်သွား၊ဓနရှင်သင်္ဘောတွေ မင်းတို့ သဘောဆောင်ခွင့် မပြုဘူး။ ဒီခေတ်ကြီးမှာ ပဒေသရာဇ်အာဏာရှင်ကို
ထိန်းချုပ်ဘို့ UN ရှိတယ်၊ ဘန်ကီမွန်းရှိတယ်၊ ဘာလဲဂလိုဘယ်၊ ဘာလဲ ဟူးမန်းရိုက်၊တိန်ရှောက်ဖိန်မှားတယ်၊ ဂေါဘာချော့မမှန်ဘူး၊ ဖရန်စစ်ဖူကူရားမား ထွက်သွား၊အနောက်ကခေါင်းဆောင်မှန်သမျှ ဥစ္စာရူး၊ ဓနရူး၊ မယားထရူး မာ့ခ် မထိနဲ့ ၊ အိန်ဂျယ်မထိနဲ့ ၊ ငါ့မိန်းမမထိနဲ့၊ငါ့ခယ်မမထိနဲ့ ၊ ငါ့ကုလားထိုင် မထိနဲ့၊ ငါ့ ပရိုပိုဇယ်မထိနဲ့။ခေတ်သစ် ရွဲကုန်သည်တို့ နိုင်ငံရေးဇာတ်ခုံအလယ်မှာ အသံကုန်အော်နေကြသည်။


၃။ ပြည်သူတွေ လူကိုလူလိုအသတ်မှတ်ခံချင်သည်၊ လူ့အခွင့် အရေး ငြိမ်းချမ်းရေး လိမ်ညာမှု ကင်းသောဒီမိုကရေစီရေး ခေတ်မှီတိုး တက်ရေး နေရေး ထိုင်ရေး စားသောက်ရေး ပညာရေး ဘာသာရေး လူမှုရေးဘာအခွင့်အရေးမှမရှိ။အိပ် စား ကာမ တိရစ္ဆာန်ထက် အောက်ကျ ငရဲက အဖြစ်ထက်ဆိုးသော ဘဝတွေမှာ ပြည်သူတွေနေနေရသည်။ ရခဲလှစွာသော လူ့ဘဝမှာ လူဖြစ်ရတာကိုပင် ရင်နာစရာ လို့မြင်နေသည်။ပြည်သူတွေထံမှ နည်းပေါင်းစုံ ဓါးပြတိုက်၍ ရသမျှ နှင့် မြေပေါ်မြေအောက် သယံဇာတများကိုအာဏာရှင်ဖက်စစ်တို့က အမိန့်သားထိုင်စားနေစဉ် အာဏာရှင်ပိတ်ဆို့ထားသော တံတိုင်းကြားမှ ၂၁ ရာစုကမ္ဘာလူထားထု၏ စာနာမှုတရားနှင့်တိုးဝင်လာသော စွမ်းပကားအကူအညီအထောက်အပံ့များကိုအတိုက်အခံဆိုသူ ဖောက်ပြန်ရေးသမားတို့က ကြားမှ စုပ်ယူ ပျော်ပါးစားသောက်နေကြစဉ်၇ ဂျူလိုင်- ကျွန်းဆွယ်- ဂျွန်- သန့်- မှိုင်း- ငွေစက္ကူ- ဖုန်းမော်- တံတားနီမှသည် ကမ္ဘာကိုကိုင်လှုပ်ခဲ့သောအနှောင်းပိုင်း ၂၀ ရာစု အာဏာရှင် ဖြိုချမှုလှိုင်းလုံး၏ ဗဟိုချက်မ ဖြစ်ခဲ့သည့် ၈ရက် ၈လ ၈၈ အပါအဝင် ၉၀ကံဆောင်ပွဲ ၉၆- ၉၈- ရွှေဝါရောင်တော်လှန်ရေး သို့တိုင် ပြည်သူတွေ မတ်မတ်ခိုင်ခိုင် လျောက်ခဲ့သည့် ၂၁ရာစု လူ့အခွင့်အရေးကို ယုံသည်၊ ဒီမိုကရေစီရေးကို ယုံသည်။ ကမ္ဘာ့လူသား ထုကို ယုံသည်။

ယုံကြည်သူချင်း လက်ကိုခိုင်ခိုင်တွဲ၍ တိုက်ပွဲဝင်ခဲ့ကြသည်။ ဒါဏ်ရာဗလပွနှင့် လဲကျနေရာမှ အကြိမ်ကြိမ်အားယူ၍ ထခဲ့ကြဖူးပြီ၊ ထလိုက်ကြဦးမည်သာဖြစ်သည်။နိုင်ရာစားဖြစ်သော သားရဲတိရိစ္ဆာန်တို့၏ အရိုင်းခေတ် အသိအမြင်တို့ကို ကျောက်ဂူနံရံ တို့တွင် နိဋ္ဌိတံမြှုပ်နှံထားခဲ့ကြပြီဖြစ်သည်။ပဒေသရာဇ် နှင့် သရဖူ ဒါး သံလျက် တိကို အင်ပါယာ မြို့ပျက်များနှင့်အတူ ကမ္ဘာလူသားထုတို့ကြိတ်ဝါးနင်းခြေ ပြစ်ခဲ့ပြီဖြစ်သည်။ယနေ့ကမ္ဘာတွင် အာဏာရှင်ဖက်ဆစ်တို့ လက်တစ်ဆုပ်စာမျှပင် မရှိတော့။လက်နက်ကိုင် အုပ်ချုပ်ပြီး ထင်တိုင်းကြဲလိုသော အာဏာရှင်ဖက်ဆစ်သမိုင်း၏ ဇာတ်သိမ်းပိုင်းကိုကမ္ဘာလူသားထုတို့ ယနေ့အဆုံးသတ်ဖို့ ကြိုးစားနေကြပေပြီ၊ အဆုံးသတ်ပေတော့မည်။

မှိုင်းသစ်

No comments: