DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, January 21, 2009

အမေရိကန်သမ္မတသစ် အိုဘားမားကို ကေသုံးလုံးဂိုဏ်းဆန့်ကျင်

လူဖြူကြီးစိုးရေး မူဝါဒကို တရားသေ ဆုပ်ကိုင်ထားသော ကေသုံးလုံးဂိုဏ်း(Ku Klux Klun)မှ ဂိုဏ်းဝင်များသည် အမေရိကန် သမ္မတသစ် ဘာရတ်အိုဘားမားအား ဆန့်ကျင်သွားရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။ ယခုအခါတွင် အမေရိကန်နိုင်ငံတ၀ှမ်းရှိ ကေသုံးလုံးဂိုဏ်းဝင်များသည် ၀ါရှင်တန်ဒီစီတွင် စုရုံးပြီး လူမည်းတစ်ဦးဖြစ်သော အိုဘားမား သမ္မတဖြစ်လာမှုကို ဆန့်ကျင်ကန့်ကွက်ရန် ပြင်ဆင်လျက်ရှိကြသည်။ ဂိုဏ်းဝင်များက ခေါင်းစွပ်အဖြူချွန်ချွန်ကြီးများ ဆောင်းထားလေ့ရှိသည့် အဆိုပါ လူမည်းဆန့်ကျင်ရေး အဖွဲ့ကြီးသည် အစဉ်အလာကြီးမားပြီး အမေရိကန်ကဲ့သို့ အသားရောင်ခွဲခြားမှု အနည်းဆုံးသော ဒီမိုကရေစီ နိုင်ငံကြီးတွင်ပင် ခိုင်ခိုင်မာမာ နေရာယူထားဆဲဖြစ်သည်။ လျှို့ဝှက်ဂိုဏ်းတစ်ခုအဖြစ် ဖွဲ့စည်းထားသော ကေသုံးလုံးသည် အိုဘားမား အိမ်ဖြူတော် ရောက်ရှိလာမည့် ဇန်န၀ါရီလ (၂၀)ရက်နေ့ဝန်းကျင်တွင် လှုပ်ရှားမှု များပြားလာကြောင်း FBIမှ လက်ထောက်ဒါရိုက်တာ ဂျိုးပါရှင်ချီနီက ပြောကြားခဲ့သည်။

ကေသုံးလုံးတို့သည် လူမည်းဆန့်ကျင်ရေး စိတ်ဓာတ်ရှိသူတိုင်း ထိုနေ့တွင် လက်ပါတ်အမည်းများပါတ်ကာ အ မေရိ ကန် နိုင်ငံအလံအား အလံတိုင်တွင် တင်လိုက်၊ ချလိုက်ပြုလုပ်ပြီး လူမည်းတစ်ဦး သမ္မတဖြစ်လာခြင်းကို ရှုတ်ချရန် ၀ါဒဖြန့် နှိုးဆော်လျက် ရှိကြသည်။ ကေသုံးလုံးတို့သည် ပြီးခဲ့သော နှစ်နိုဝင်ဘာလအတွင်းက အိုဘား မား တစ်ယောက် ရွေးကောက်ပွဲ အနိုင်ရလာမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့ကြသည်။ အင်တာနက်အတွင်း Forward Mailများမှတဆင့် ကေသုံးလုံးတို့၏ အိုဘားမားဆန့်ကျင်မှု တိုက်တွန်းစာများ ပြန့်နှံ့လျက်ရှိကြောင်း FBIက ကြေညာခဲ့သည်။ အိုဘားမားအား ဆန္ဒပြမှုများ ကြုံတွေ့နေရသည့်တိုင် အိမ်ဖြူတော်တက်ပွဲတွင် အကြမ်း ဖက်မှုများ ကေသုံးလုံးတို့ ပြုလုပ်လာမည့် အလားအလာ မတွေ့ရကြောင်းလည်း FBIက သုံးသပ်ထားသည်။ကေ သုံးလုံး ဂိုဏ်းဝင်များက ပေးပို့သော Forward Mailများအတွင်းတွင် အမေရိကန်အနေနှင့် လူမည်းတစ်ဦးကို သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်းမှာ ပြင်မရတော့သည့် ရှုံးနိမ့်မှုတစ်ခုဖြစ်ကြောင်း၊ အိုဘားမား အာဏာရ လာသည့် (၂၀၀၉)ခုနှစ်သည် နိုင်ငံသမိုင်းတွင် အမှောင်ဖုံးသည့် ကာလပင်ဖြစ်ကြောင်း ရေးသားထားသည်။

No comments: