DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, January 22, 2009

ဦးသန့်နှစ်၁၀၀ပြည့်အခမ်းအနားလူငယ်စာဖတ်ဝိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပ


၂၂၊၁၊၀၉နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်ရေးမှုးချုပ်ဟောင်း ဦးသန့်နှစ်၁၀၀ပြည့် အခမ်းအနား လူငယ်စာဖတ်ဝိုင်း (ဦးသန့်အကြောင်း)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးတွင်နေ့လည်၁နာရီမှ စတင်ကျင်းပပြီး အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသောဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊သခင်စိုးမြင့်၊ ဖျာပုံနီလုံဦးတို့က ဦးစီးပြီးလူငယ်များနှင့်ဆွေးနွေးကြပြီး၊ လူ၁၅၀ကျော်ခန့် တက်ရောက်သည်။

တက်ရောက်သူများမှာ ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်စာတန်းနှင့်ရုပ်ပုံပါ တီရှပ်အင်္ကျီအမဲများ ၀တ်ဆင်ကြပြီး ၊ဦးသန့် အကြာင်းများနှင့် အတုယူဂုဏ်ပြုဖွယ် ကမ္ဘာကအသိအမှတ်ပြုခေါင်းဆောင်ကြီး အကြောင်းကိုဆွေးနွေးကြသည်။ လူငယ်များဆွေးနွေးသည် အကြောင်းအရာများထဲတွင် ကမ္ဘာ့အထွေထွေပြဿနာများကို ဦးသန့်ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပုံများနှင့် ယခုမြန်မာနိုင်ငံတွင်ကျရောက်နေသောပြဿနာမျာကို အတွင်းရေးမှုးအဆက်ဆက်ဦးသန့်မျက်နှာပင် မထောက်ပဲတိကျစွာ ၀င်ရောက်ဖြေရှင်းပေးမှု မလုပ်ပေးသည်ကို များစွာစိတ်မကောင်းကြောင်းနှင့် ဦးသန့်ပြောခဲ့သော ပြတ်သားသည့်စားများအား မှတ်သားထားရန်လိုကြာင်း တို့ကို ဆွေးနွေးကြသည်။

("ဟေ့...မြန်မာဟာမြန်မာပဲကွ၊ မြန်မာဟာမြန်မာပြည်ကို ချစ်ရမယ်၊ မြန်မာပြည်မှာပဲနေရမယ်၊ မြန်မာပြည်မှာပဲသေရမယ်။အကြောင်းကြောင်းကြောင့် တစ်နိုင်ငံကို ရောက်နေပေမယ့် တစ်နေ့နေ့မှာ မြန်မာပြည်ကို ပြန်ရမှာပဲ။ အခွင့်အရေး တစ်စုံတစ်ခုကြောင့့််နိုင်ငံခြားသားလုပ်ဖို့ စိတ်ကူးမယဉ်လေနဲ့တဲ့။)

"သိပ်လေးစားစရာကောင်းတဲ့စကားဗျာ .... ဒါပေမယ့်သူသိပ်ချစ်တဲ့မြန်မာပြည်သူပြန်လာနိုင်တဲ့ အချိန်ကတော့ သူသေတဲ့ အချိန်ဖြစ်နေတာတော့ တကယ်ဝမ်းနည်းစရာပဲ"ဆိုပြီး လူငယ်တစ်ယောက် ထပြောတာကြားရတာနဲ့တင်ကြက်သီးထမိလေရဲ့....၊ ဒီလိုတွေ ဆွေးနွေးကြရင်းပဲ နေ့လည်၃နာရီခွဲမှာ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ် ဟု အခန်းအနား တက်ရောက်ခဲ့သူ လူငယ်တဦးက ပြောပြပါတယ်။

No comments: