DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, January 20, 2009

ကြက်ငှက် တုပ်ကွေးရောဂါ အန္တရာယ် ကိုစိုးရိမ်ရ၍ ရန်ကုန်မြို့ရှိ လူနေ ရပ်ကွက်များတွင် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် မပြု

ကြက်ငှက်တုပ်ကွေးနှင့်လူသို့ ကူးစက်တတ်သောရောဂါအန္တရာယ်များကို စိုးရိမ်ရ၍ ရန်ကုန်နယ်နမိတ်ရှိ လူနေထူထပ်သည့် နေရာများတွင် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်မပြုကြောင်း ရန်ကုန်တိုင်းအေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက် အရသိရှိရသည်။ စီးပွားဖြစ် သာမကဘဲ
တစ်နိုင်တစ်ပိုင်မွေးမြူမှုကိုလည်း ယင်းနေရာများတွင် ခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။

ကြက်ငှက်တုပ်ကွေးရောဂါမှာ တိရိစ္ဆာန်အချင်းချင်းသာမက လူသို့ပါ ကူးစက်နိုင်ခြင်းကြောင့် ယင်းအတွက် စိုးရိမ်ရ၍ လူနေထူထပ်သော ရပ်ကွက်များတွင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကို တားမြစ်ထားရခြင်းဖြစ်သည်ဟုသိရသည်။

လက်ရှိတွင်ရန်ကုန်မြို့တွင်းရှိကြက်ဘဲဈေးများရှိကြက်ဘဲဒိုင်များသို့ဝင်ရောက်နေသောကြက်ဘဲအရှင်များအားကြက်ငှက်တုပ်ကွေးရောဂါကင်းရှင်းမှုရှိမရှိ၊ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ ကြက်ဘဲရောင်းချသူများနှင့် ကြက်ဖမ်းလုပ်သားများ ကြက်ငှက်တုပ်ကွေးရောဂါမကူးစက်မီ ကြိုတင်ကာကွယ်မှုများကို အသိပညာပေးခြင်းအပြင် ကြက်ဘဲဒိုင်များသို့ ရောက်ရှိလာသော ကြက်ဘဲအရှင်များ ကြက်ငှက်တုပ်ကွေးရောဂါ၊ ရှိမရှိသွေးရည်ကြည်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ၂၀၀၉ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments: