DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, January 22, 2009

ဒုတိယံမ္ပိ ကျမ်းကျိန်ရသည့် သမ္မတကြီးအိုဘားမားအဖြစ်

NEJ / ၂၂ ဇန်န၀ါရီ ၂၀၀၉
အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က အိုဘားမားနှင့် ကျမ်းတိုင်ပေးသည့် ဥသျှောင်တရားသူကြီးတို့ကြား စိတ်လှုပ်ရှားပြီး စကားကျန်သွားသည်ကို တကမ္ဘာလုံးက သိသွားပြီးနောက် အမေရိကန်သမ္မတများ သက်တမ်းမှာ ရှားရှားပါးပါး ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲ ထပ်လုပ်ရသည်။

အိုဘားမား၏ ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ၀ါရှင်တန်ဒီစီမြို့ သမ္မတအိမ်ဖြူတော်မှာ တိုးတိုးတိတ်တိတ် ထပ်လုပ်ရခြင်းဖြစ်သည်။ သမ္မတအိမ်ဖြူတော်ကမူ “ဘာမှစိတ်မပူပါနဲ့ (ပထမအကြိမ်) သမ္မတ ကျမ်းသစ္စာကျိန်ဆိုတဲ့ နေ့ခင်းကတည်းက အိုဘားမားဟာ သမ္မတကြီးဖြစ်နေပါပြီ” ဟု ပြောသည်။

ထိုအတောအတွင်း အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ စာသားများ အဆုံးပိုင်းတွင် “ကျွန်ုပ်အား ဘုရားသခင် စောင့်ရှောက်တော်မူပါ” ဆိုသည့်စာသားကို ဖြုတ်ပေးရန် အမေရိကန် ဘုရားမဲ့ဂိုဏ်းသားများနှင့် ဘာသာရေးမဟုတ်သည့် အဖွဲ့များက တရားစွဲထားသည်။

No comments: