DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, January 25, 2009

အကယ်ဒမစ်ဆန်ဆန်ချဉ်းကပ်တာတဲ့လားဗျာရေ့

အင်း.....စိတ်လေတာမှပြောမနေနဲ့တော့....ဟိုကတစ်မျိုး၊ ဒီကတစ်မျိုး၊ ကိုယ်ကတစ်မျိုးနဲ့ လောလောဆယ်မှာ
တော့ဗမာငွေမာနေတယ်...အကြောင်းရင်းကတော့နိုင်ငံစီးပွားရေးကောင်းလာလို့လို့ဘယ်သူမှမထင်ကြတာတော့သေချာမှာပါပဲ။ စား၊၀တ်၊နေေ၇းမှာ ပထမဆုံးအရေးကြီးတဲ့ စားရေးအတွက်အများ ပြည်သူလူထုမှာ ရုန်းကန်လှုပ်ရှား နေရတာဆို တော့ နိုင်ငံရေးမှာ ဘယ်သူကမှ အာရုံမစိုက်နိုင်ပါဘူး၊ စိုက်မိရင်လဲနအဖ စစ်အာဏာရူးတွေက သာမန် လူမပြောနဲ့ ဘုန်းကြီးတောင် ချမ်းသာပေးတဲ့ သူတွေမဟုတ်တော့ အချင်းချင်း ကြရင်သာ ကိုယ်ရွှေကိုယ်မျိုးတွေက ဓါးနဲ့ဆိုလဲထခုတ်လိုက်တာပဲ.... မီဒီယာတွေမှာဆော်ပလော်တီး အညို အမဲတွေ စွဲနေတာ လောက်တော့ အေးရာအေးကြောင်းပေါ့.....တစ်ခုရှိတာကမီဒီယာတွေကို တာဝန်ယူ လုပ်ဆောင် နေတဲ့သူတွေက ဘယ်လိုလူတစ်ယောက်၊ ဆောင်းပါးရှင်တစ်ယောက်ရဲ့ မည်သို့သော အကယ်ဒမစ် ဆန်ဆန် ပညာသားပါတဲ့ ဆောင်းပါးမျိုးပဲဖြစ်ဖြစ်ဆိုလိုချင်တဲ့ ရူထောင့်ကို တိုက်ရိုက်ဦးတည်တာချင်းအတူတူမှာ မလိုလားအပ်တဲ့ တစ်ခြားအဓိကကျတဲ့နိုင်ငံရေးလိုဟာမျိုးကို ခုတုံးလုပ်ပြီးရေးသားထားတဲ့ ဆောင်းပါးမျိုးကို အထူးသဖြင့်တော်လှန်ရေးလို မီဒီယာတစ်ခုမှာ တင်လိုက်တာကိုတော့ ကျွန်တော်လုံးဝ မစဉ်းစား တတ်အောင်ပါပဲ....စဉ်းစားမိသလောက်ဆိုရင်တော့ ဆောင်းပါးရှင်နေသန်မောင် (ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးနဲ့ နိုင်ငံရေးသိပ်ပံ နောက်ဆုံးနှစ်ကျောင်းသား) ရဲ့ စည်းကမ်းပြည့်ဝသော သတင်းများနဲ့ဟစ်ဟော့ ငိုငြီးသံများဆိုတဲ့ ဆောင်းပါးဟာ ဟစ်ဟော့အဆိုတော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား၊ မီဒီယာများ အကြားစည်း လုံးမှုပြိုကွဲအောင် ဒီမိုကရေစီဘမ်းပြပြီး ရန်တိုက်ပေးထားတာပါပဲ....

ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်က တိုင်တွေဘယ်လိုပတ်ပတ် သေချာတာက အဲဒီအတိုင်း အတိအကျပဲဆိုတာကို ယူဆမိပါတယ်...ရေးသားထားတဲ့ပုံစံက မြန်မာပြည်ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံကို တော်လှန်ချင်သလိုလို ဘာလိုလိုနဲ့ ဒီမိုကရေစီကို ဘမ်းပြပြီး နိုင်ငံရေးအမြတ်ထုတ်ထားတာကို တွေ့ရှိရပါတယ်... အကယ်လို့ အဲဒီလိုမဟုတ်ခဲ့ဘူးဆိုရင်တောင်မှ ညစ်ညမ်းတဲ့ ဟစ်ဟော့သီချင်းတွေကို လွတ်လပ်စွာသီဆိုနိုင်ဖို့အတွက် အခွှင့်အရေးရချင်၊ရှိချင်လို့ပါဆိုရင်တော့ မိမဆုံးမ၊ဖမဆုံးမ၊နှမချင်းမစာနာလို့ ဒီလိုအခွှင့်အရေးမျိုး လိုချင်တာ ပါပဲ။ ကိုယ့်ဟာကို သီချင်းခွေထုတ်မယ်၊ နားထောင်ချင်နားထောင်၊ နားမထောင်ချင်နားမထောင်နဲ့ ဆိုရင်လဲ ဘာလို့တရားမ၀င် ဖြန့်ချိပါသလဲလို့ မေးမယ်ဆိုရင်အဲဒီနိုင်ငံရေးသိပ်ပံ နောက်ဆုံးနှစ်ကျောင်းသားဆိုတဲ့ ဆောင်းပါးရှင် နေသန်မောင် ဘာများပြောချင်ပါသလဲ မသိပါဘူး..... ကျွန်တော်တို့မြန်မာပြည်ရဲ့ ယဉ်ကျေးမှုက ဒီလိုမိုက်ရိုင်းထွားကျိုင်းတဲ့ ယဉ်ကျေးမှုမဟုတ်ပါဘူး... ဒီမိုကရေစီလိုချင်လို့ တိုက်ပွဲကိုဘက်ပေါင်းစုံက နည်းလမ်းပေါင်းစုံနဲ့ အသီးသီးတိုက်ပွဲဝင်နေကြတဲ့သူတွေ၊ အင်အားစုတွေအားလုံးနီးပါးကလဲသူတို့တိုက်နေတဲ့ လူ့အခွှင့်အရေးနဲ့ ဒီမိုကရေစီရရှိဖို့ရဲ့ ရည်ရွယ်ချက်က လဲဒီလို မိုက်ရိုင်းကြမ်းတမ်းဖို့အတွက် မဟုတ်ဖူးဆိုတာကို ကျွန်တော်အာမခံရဲပါတယ်။ တကယ်လို့များ ဂျောက်ဂျက်ဆိုတဲ့ ဟစ်ဟော့အဆိုတော်ညီလေးအနေနဲ့လဲ ဒီလိုမျိုးမွန်းကြပ်လှတဲ့ စစ်ဖိနပ်အောက်ကအနေအထားမှာ ဒီလိုညစ်ညမ်းမှုတွေနဲ့ ထွက်ပေါက်ပေးတာပါဆိုရင်လဲ သက်ဆိုင်ရာလူကြီးမိဘတွေက ဆိုဆုံးမသင့်ပါတယ်... ဆုံးမမယ့်သူမရှိတာလား... မိဘကကွဲနေရင်လဲ ဦးလေးအဒေါ်တွေရှိမှာပါ... ဘာမှတော်စပ်သူမရှိလဲ ကိုယ့်ထက်ကြီးတဲ့သူက ပြောလာရင် ပြောလာတဲ့ ရယ်ရွယ် ချက်ကို သေချာဆန်းစစ်ပြီးနိုပ်ကွက်နေတာလား၊ ရေရှည်အတွက် အမျိုးသားရေးတစ်ခုကြောင့် ပြောနေတာလား ဆိုတာကို ပြောပုံပြောနည်းက ပညာသားမပါရင်တောင်မှ ငါ့ညီအနေနဲ့သိသင့်တယ်.... ဘယ်လိုမျိုးမွန်းကြပ်မှု တစ်ခုကိုမှ ဒီလို့ ရုံ့ရင်းကြမ်းတမ်းမှုတွေနဲ့ ဖြေဖျောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်၊ ပျောက်ပျက်မသွားနိုင်ပါဘူး... ယဉ်ကျေးမှုရှိတဲ့ နိုင်ငံတကာက လူမျိုးအသီးသီးကလဲ လက်မခံပါဘူး...Akon ရဲ့ I wanna F#%& you ဆိုတဲ့ သီချင်းစာသားတွေပါတဲ့ ၀ဘ်ဆိုက်တွေမှာ ပေးထားတဲ့ကွန်မန့်တွေကို သွားဖတ်ကြည့်ရင် သိသာပါတယ်.. ကန့်ကွက်သူက အများစုပါ... ထောက်ခံသူတွေတော့ ရှိကြတာဓမ္မတာပါပဲ။ ဒါကလဲ အနည်းစုပါပဲ.. .ခေတ်ရဲ့ရေစီးကြောင်းအရသာ Eminemကို လက်ခံကြိုက်နှစ်သက်ကြပေမယ့် သူလဲသိတ်လွပ်လပ်ပါတယ်ဆိုတဲ့ နိုင်ငံကြီးမှာတောင်မှ လူတွေလက်ခံလာအောင် ဖြတ်ကျော်ခဲ့ရတာပါပဲ.. ဒါပေမယ့် သူတပါးနိုင်ငံတွေရဲ့ ရေမြေအနေအထား၊ ရာသီဥတုနဲ့နေထိုင်ကျင်လည်နေတဲ့ အခြေခံတွေကအစ ကျွန်တော်တို့အာရှနိုင်ငံတွေနဲ့ ဘယ်လိုမှမအပ်စပ်မတူညီပါဘူး... အထူးသဖြင့်မိခင်မြန်မာနိုင်ငံရဲ့ အနေအထားက ဒီလိုညစ်ညမ်းမှုမျိုးကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး...ကျွန်တော်ကိုယ်တိုင်လဲ Music ကိုရင်ခုန်သူတစ်ယောက်ဖြစ်တဲ့အတွက် ဟစ်ဟော့ဆိုလဲသူငယ်ချင်းအချင်းချင်းတွေ့လို့နောက်ရင်တောင်မှဟစ်ဟော့စတိုင်နဲ့ Yo.. Yo..လုပ်နေတာပါပဲ။ အနုပညာရှင်တစ်ယောက်ရဲ့ လုပ်ရပ်ကဘယ်လိုမဆို ပြည်သူလူထုပရိတ်သပ်အပေါ်မှာ လွှမ်းမိုးမှုရှိမှာပါပဲ... ဒီအပေါ်မှာအနုပညာရှင်ရဲ့ လုပ်ရပ်တွေကပရိတ်သပ်အတွက် အင်မတန်အရေးကြီးပါတယ်... မောင်နဲ့နှမ၊ သားနဲ့အမိကြားလို့မှ မသင့်လျော်တာမျိုးကိုတော့ မိမကောင်း၊ ဖခမင်၊ နှမချင်းမစာနာတဲ့လူတွေပဲ လုပ်ကြကိုင်ကျ ထောက်ခံကြမှာပါပဲ။ ဘလော့တွေမှာလဲ အဲဒီဆောင်းပါးကို တင်ပြထားတာတွေ့နေရပါတယ်... ဘလော့ဂါများအနေနဲ့လဲ သေသေချာချာစဉ်းစားဆင်ခြင်သင့်ပါတယ်... ဆောင်းပါးရှင်ရဲ့စာတွေက စစ်တပ်အစိုးရကိုလဲဆော်၊ တော်လှန်ရေးအတိုက်အခံသမားတွေကိုလဲဆော်၊ တစ်ဖက်ကလူငယ်တွေကို မြှောက်ပေးသလိုနဲ့ စည်းရုံးထားပြီး၂၀၁၀မှာ အဖြေတစ်ခုကို တိတိကျကျ ထုတ်ပြလာမှာသေချာပါတယ်.... ဆိုလိုတာက နောက်ကွယ်မှာကြိုးကိုင်စီမံနေသူရှိပါတယ် ဆိုတာကိုလဲကြားထားရပါတယ်... ပွဲလန့်တုန်း ဖျာခင်းချင်တဲ့အင်မတန်မှ ကောက်ကျစ်တဲ့သူတွေက အစီအစဉ်ရှိရှိကြိုးကိုင်လှုပ်ရှားပြီး အကောင်အထည် ဖော်နေကြတာပါပဲ.....နိဂုံးချုပ်အနေနဲ့ဆိုရင်တော့တော်လှန်ရေးမီဒီယာသမားများ၊ ဘလော့ဂါများ၊ အဖွဲ့အစည်း အသီးသီးကို အခုလိုအရေးကြီးတဲ့ကာလတစ်ခုမှာ ဒိလို ရန်တိုက်ပေးထားတာတွေကို သတိချပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်....
ကျွန်တော့်အမ၏ပြောစကား...
မတာ:::::::အင်း...ဒီနေသန်မောင်ဆိုတဲ့ကောင်လေးအသက်ကဘယ်လောက်ရှိပြီလဲကိုရင်။
ကိုရင်:::::အလွန်ဆုံးရှိကျွန်တော်နဲ့ရွယ်တူလို့မှန်းတာပါပဲတာတာ....

မတာ::::::သူကအမှန်တော့ တိုင်းပြည်ကိုမြင်တဲ့ အမြင်ကမနိမ့်ပါဘူး။ ဒါပေမယ့်တိုင်းပြည်ရဲ့ဖြစ်နေတဲ့
ကျပ်တည်းတဲ့ လွတ်လပ်ခွှင့်မရှိတဲ့ ဘ၀တွေကလူငယ်တွေရဲ့ ထွက်ပေါက်အနေနဲ့ သီချင်းတွေကို ဘယ်လိုညစ်ပတ်စွာ ဆိုနေနေဒါမျိုးညစ်ပတ်မှုတွေကို လွတ်လပ်ခွှင့်ပေးလိုက်တာနဲ့ သူတို့တွေရဲ့ စိတ်အချဉ် ပေါက်မှုတွေက ပျောက်သွားစရာ အကြောင်းမရှိဘူးကိုရင်။ မွန်းကြပ်တဲ့ဘ၀ကို ညစ်ပတ်တဲ့ စိတ်အာရုံနဲ့ ကုစားဖို့ဆိုတာ လုံးဝလုံးဝလက်ခံပေးလို့ မရနိုင်ပါဘူး။ လူငယ်တွေရဲ့ အတွေးအခေါ်တွေ၊ အရည်အချင်းတွေ၊ လမ်းမှန်ကို လျှောက်နိုင်မယ့် အနာဂတ်ဘ၀တွေ ပျက်စီးသွားမှာပေါ့...... အစိုးရမကောင်းတာကတစ်ပိုင်း စာရိတ္တနဲ့ အတွေးအခေါ် မမှားဖို့က ကိုယ့်ဘာသာကို ထိမ်းကျောင်းသွားရမယ့် ကိစ္စပါပဲ။ သီချင်းဆိုတာက ခေတ်တိုင်းမှာ လူငယ်တွေကိုစံပြဖြစ်စေတဲ့အတွက် အနုပညာရှင် အဆိုတော်အနေနဲ့ အမှန်ပဲ ဂရုစိုက်ရမှာပါပဲ။ ခေတ်တိုင်း၊ခေတ်တိုင်းမှာ ချွန်ပြီးထွက်လာကြတဲ့ လူတွေရှိကြပါတယ်။ ဒါပေမယ့် လမ်းကြောင်းမှန်အောင်၊ အတွေးအခေါ်မှန်အောင်အများက တစ်နည်းအားဖြင့် အဲဒီလိုလူတော်တွေက လမ်းကြောင်းပြန်တည့်ပေးရမှာပေါ့ ကိုရင်။
မှတ်ချက်၊ ၊ ဆောင်းပါးရှင် နေသန်မောင်အပါအ၀င် သူနဲ့ပတ်သတ်တဲ့အဖွဲ့ဝင်တွေကို ပြောချင်တာ တစ်ခုရှိ ပါတယ်။ အဲဒါကတော့ ခင်ဗျားတို့ အနေနဲ့ ဘယ်လိုပဲ ပညာသားပါပါ လုပ်လုပ် အခြေခံက ရိုးရိုးလေးပါပဲ ဆိုတာပါပဲ။ အခု ဒီဆောင်းပါးက မိုက်ရိုင်းနေတယ်လို့ခင်ဗျားတို့ယူဆပါသလား ?
ကိုယဉ်သူ

No comments: