DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, January 12, 2009

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ။


အစိုးရ လက္ခဏာလုံးဝမရှိသည့်အပြင် ခြေဆုံးခေါင်းဆုံး လုံးဝတရားမဝင်သော၊ ရက်စက် မိုက်ရိုင်းလှသည့် စစ်အာဏာရှင်သန်းရွှေတို့က သူတို့စိတ်ကြိက် ဖွဲ့စည်းပုံဆိုသည်ကိုရေး၊ ကလိန်ကကျစ်နှင့် အတည်ပြုချက် ရယူပြီးနောက် သူတို့ပုံစံချထားသောရွေးကောက်ပွဲကို ၂ဝ၁ဝမှာ ဇွတ်လုပ်ပါတော့မည်။ ဤသို့ လုပ်ရပ်တို့မှာ ယခုမှ မဟုတ် ယခင်ဗိုလ်နေဝင်းက လုပ်ခဲ့ပြီးဖြစ်သည်။

လူထုကရွေးကောက်တင်မြှောက်ထားသော အရပ်သား ဦးနုအစိုးရထံမှ ဗိုလ်နေဝင်းက ၆၂ ခုနှစ်တွင် အကြမ်းဖက်အာဏာသိမ်းခါ စစ်အာဏာရှင် စနစ်ကို ထူထောင်ခဲ့သည်။ ဗိုလ်နေဝင်း သည် တော်လှန်ရေး ကောင်စီ၊ စပ်ကူးမတ်ကူးကာလ၊ မဆလဖွဲ့စည်းပုံဆန္ဒခံယူပွဲ၊ မဆလ တပါတီရွေးကောက်ပွဲ၊ စသည်တို့ဖြင့် အမျိုးမျိုးလှည့်ကွက်ကို သုံး၍ စစ်အာဏာရှင်စံနစ်ကို တာရှည်သက်ဆိုးရှည်စေခဲ့သည်။မရေရာသော အခွင့်အရေးလေးတချို့အတွက် မူလရည် မှန်းချက်ကို ချရောင်းစွန့်လွှတ်သူတို့ကလည်း အားပေးအားမြှောက်လုပ်ခဲ့ကြသည်။


ဗိုလ်စောမောင်လုပ်ပေးခဲ့သော ၉ဝခုနှစ် ရွေးကောက်ပွဲသည် လူထုအုံကြွမှုကို ချွေးသိပ်ရန်၊ စစ်ပြင်နိုင်ရန် အတွက် အချိန်ဆွဲလှဲ့စားသည့် လုပ်ရပ်သာဖြစ်ခဲ့သည်။ စစ်အာဏာရှင်တို့သည် ၆၂ ခုနှစ်မှ မဆိုထားနှင့် ၈၈ခုနှစ်မှ ယနေ့တိုင် ကျူးလွန်ခဲ့သော ဒီပဲယင်းလူသတ်မှုကြီး၊ အေးချမ်းစွာ ဆုတောင်းသည့် သံဃာတော်တို့ကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှု အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုတို့မှာ ခွင့်လွှတ်နိုင် စရာ မေ့ပျောက် နိုင်စရာစိုးစင်းမျှမရှိပေ။

စစ်အာဏာရှင်တို့သည် သူတို့အာဏာတည်မြဲရေးအတွက် စက်စုတ်ရွံ့ ရှာဖွယ်ရာ ကောက် ကျစ် ယုတ်မာမှုတို့ကို လုပ်ဆောင်ရန် လက်မနှေးသူ များဖြစ်ကြသည်။ မဆလ ဥပဒေအတည် ပြုသကဲ့သို့ စစ်အာဏာရှင်ဗိုလ်သန်းရွှေသည်လည်း ဖိနှိပ်ခါရေးဆွဲထားသည့် သူတို့ဥပဒေကို မသမာသောနည်းဖြင့် အတည်ဖြစ်စေခဲ့ပြီး မလွတ်လပ်သော၊ ဘာမျှအာမခံချက်မရှိသော ၂ဝ၁ဝ ရွေးကောက်ပွဲကို လုပ်ပေ ဦးတော့မည်။ သန်းရွှေလုပ်မည့်ရွေးကောက်ပွဲသည် ပြည် တွင်း ပြည်ပ ဖိအားတို့အားရှောင်လွှဲရန်အတွက် မြန်မာနှင့် ကမ္ဘာပြည်သူတို့မျက်စိကို သဲနှင့် ပက်ခြင်းသာဖြစ်သည်။

ရိုးသားသည့် နိုင်ငံရေးအင်အားစုတို့သည် မဆလ၊ နဝတ၊ နအဖ စစ်အာဏာရှင်တို့ ပြည်သူ အပေါ်တလျှောက်လုံး ကျူးလွန်ခဲ့သည့် ပြစ်မှုများ ဖိနှိပ်ရက်စက်မှုများကို ဖုံးကွယ်ရန်၊ မေ့ပျောက်ရန်၊ ဖျောက်ဖျက်ရန် လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ စစ်အာဏာရှင်တို့ တီးလုံးအတိုင်းလိုက်ကကြမည်မဟုတ်ပေ။စစ်တပ်အားကိုးဖြင့် ကြီးစိုးနေသော စစ်အာဏာရှင် တို့ကို ရွေးကောက်ပွဲဖြင့် ဖယ်ရှားနိုင်ရန်အကြောင်းမရှိ။ ပြည်သူတို့၏ အင်အားဖြင့် တိုက်ယူ သော တော်လှန်ရေးဖြင့်သာ စစ်အာဏာရှင်တို့ကို ဖြုတ်ချပြီး၊ ပီပြင်သော ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရကိုထူထောင်နိုင်ပါလိမ့်မည်။

ကျွန်ုပ်တို့ပြည်သူများလုပ်ဆောင်ရန်မှာ -

စစ်အာဏာရှင်တို့၏ အမျိုးမျိုးလှဲ့စားဖြားယောင်းမှုများ နောက်သို့ ရောယောင်မလိုက်ဘဲ၊ စစ်အာဏာရှင်တို့သည် သူတို့အလုပ်သူတို့ လုပ်သကဲ့သို့ ပြည်သူများကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ရန် သာလိုပါသည်။ ဤသည်မှာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလုပ်ငန်းကို စူးစိုက်လုပ်ဆောင်ခြင်းသာဖြစ်ပေသည်။

ထို့ကြောင့်ကျွန်ုပ်တို့ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေဖြင့် စစ်အာဏာရှင်သန်းရွှေတို့၏ လှဲ့စား ဖြားယောင်းမှု တစ်ခုဖြစ်သော ၂ဝ၁ဝရွေးကောက်ပွဲကို အယုံအကြည်မရှိ လုံးဝဆန့် ကျင်သွားမည်။အမှန်တကယ်တိုင်းပြည်ပြဿနာကို အေးချမ်းစွာဖြေရှင်းလိုပါက စစ်အာ ဏာရှင်စနစ်ကို ဆန့်ကျင်သော အင်အားစုများ၏ ပါတီပေါင်းစုံကွန်ဖရင့် ခေါ်ဆိုခြင်းဖြင့်သာ ဖြေရှင်းနိုင်ပေလိမ့်မည်။ တခြားလုပ်ရပ်တို့သည် စစ်အာဏာရှင်သက်ဆိုးရှည်စေပြီး၊ ပြည်သူများအား ဒုက္ခဆင်းရဲတွင်းပိုမိုနက်စေရန် သာဖြစ်စေလိမ့်မည်။
စစ်အာဏာရှင်စနစ်တိုက်မျာက်ရေး၊ ဒီမိုကရေစီရေးအတွက် အသက်သွေးချွေး စတေးခဲ့ကြသူ သံဃာနှင့် ရဲဘော်ရဲဘက်များ၏ သစ္စာကိုတည်၍ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက် သွားမည်ဖြစ်ပြီး၊ စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ခိုင်မာ စွာဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေငြာလိုက်သည်။

ဘုံရန်သူစစ်အာဏာရှင်ကိုဝိုင်းတိုက်ကြ။

တော်လှန်ရေးမုချအောင်ရမည်။

ဒီမိုကရေစီမုချရရမည်။

ဦးစီးကော်မီတီ။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
ရက်စွဲ ဇန်နဝါရီ ၄ ရက်၊ ၂ဝဝ၉

No comments: