DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, January 26, 2009

*နတ်ဆိုးတစ်ကောင်ရဲ့အော်သံ*

သယံဇာတ ပေါကြွယ်ဝတဲ့

ဒို့တိုင်းပြည်မှာ

ကိုယ်ထူကိုယ်ထ
နေတဲ့လူထု

မီးပျက်နေတဲ့ မျက်လုံးတွေနဲ့

ချုပ်နှောင်ခံရတဲ့ ခြေလက်တွေ

ဖျက်ဆီးခံနေရတဲ့ လွယ်အိတ်တွေနဲ့

ပိတ်ဆို့ခံရတဲ့ နားတစ်စုံ

အမှန်တိုင်းပြောခွင့် မရှိတဲ့ နှုတ်ခမ်းတွေနဲ့

လင်းဆွဲမီဒီယာတွေ ကြားထဲမှာ

နာကျဉ်းနေတဲ့ လူတွေက

မျိုသိပ်ထားတဲ့ နှလုံးသားတွေနဲ့

တောင်းဆိုနေတာ တစ်ခုတည်းပါ…....

(နတ်ဆိုးလေး)

No comments: