DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, January 27, 2009

ရင်ဘတ်ထဲမှာ စူးစူးပြီး အောင့်တတ်သလား ?

သုံးပုံနှစ်ပုံ အဖြည့်ခံထားရတဲ့ ဖန်ခွက်ကို ရှေ့ချ
ပျော့ဖတ်နေတဲ့ နာရီတွေ အကြောင်း ငြင်းသလို ခုံသလိုနဲ့
ရွတ်ဖတ်ကြ...

ဖန်တီးမှုဟာ ဘာကြောင့်တိုးတက်လာသလဲဆိုရင်... ?
မျက်ကန်းပြီး မျိုးမချစ်တဲ့ကောင်တွေရဲ့ တစ္ဆေ ဆိုတာ ... ?
မေးခွန်းကို ပြန်မေးတဲ့ အဖြေ ဝေလေလေ ဟုတ်၏ မဟုတ်၏ ... ?

``ဒီမယ် ကျုပ်ပြောမယ်´´
အဲဒီမှာ စပြီး ဖလန်း ဖလန်းတွေ ဖြစ်ကုန်တယ် ...

လူတွေ
မယဉ်ကျေးခင်တုန်းက
သူများမကောင်းကြောင်း
ကိုယ့်ကောင်းကြောင်းတွေ ပြောတယ်

နည်းနည်း
အဆင့်မြင့်လာတော့
သူများတွေလည်း ကောင်းတော့ ကောင်းတယ်
ငါ့လောက်တော့ မကောင်းဘူး ပြောကြတယ်

အယဉ်ကျေးဆုံး အဆင့်မှာ
အရိုင်းစိုင်းဆုံးတွေ ပြောပြီး
ရိုးသားကြသတဲ့

မိတ်ဆွေ
ခင်ဗျား ဖန်ခွက်ထဲက မျက်ရည်
မအေးခင်မော့လိုက်ဦးဗျာ...

ရေးသူ= ကိုမျက်လုံး
http://www.thethtoo.com/ မှပြန်လည်ကူးယူဖော်ပြပါသည်။

No comments: