DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, January 25, 2009

ဆက်ဒမ်ဟူစိန်ပိုင် ဇိမ်ခံရွက်လှေ ၀ယ်သူမပေါ်

24/Jan/2009
အီရတ်နိုင်ငံ သမ္မတဟောင်းဆက်ဒမ်ဟူစိန် ပိုင်ဆိုင်သည့် Basrah Breeze ဇိမ်ခံရွက်လှေကို ဂရိနိုင်ငံ ပီရီးရပ်စ် ဆိပ်ကမ်းသို့ပို့ဆောင်၍ နိုင်ငံတကာသို့ လေလံတင်ရောင်းချရန် ကြိုးစားခဲ့သော်လည်း ကမ္ဘာ့စီးပွားရေး အကျဉ်းအကျပ် ဖြစ်နေသဖြင့် ဒေါ်လာ ၈၂ သန်းတန်သော ရွက်လှေအား ကြမ်းခင်းဈေး ဒေါ်လာ သန်း ၃၀ပေးမည့်သူပင် မရှိခဲ့ချေ။ ထို့ကြောင့် ၎င်းရွက်လှေအား အီရတ်သို့ ပြန်လည် သယ်ဆောင်ရန် ပြင်ဆင် လျက်ရှိသည်။ ရွက်လှေ၏ ကုန်းပတ်ကို မဟော်ဂနီ ပန်းပုထွင်း သစ်သားများဖြင့် အလှဆင်ထား၍ ဘုံဘိုင်ခေါင်း များသည် ရွှေဖြင့်ပြုလုပ်ထားသည်။ အခင်းမှာအရောင်တောက်ကော်ဇောများဖြစ်သည်။ ၎င်းတွင်ဒုံးကျည်ပစ် ခတ်ရန် စင်တစ်ခုပါရှိ၍ ခွဲစိတ်ခန်းတစ်ခုအပြင် အရေးအကြောင်းပေါ်ပါက ရွက်လှေအောက်ရှိ ရေငုပ်သင်္ဘော ငယ်အတွင်းသို့ လျှို့ဝှက်ဆင်းသွားနိုင်သည့် မလွယ်ပေါက်တစ်ခုလည်းပါရှိသည်။ (ဘီဘီစီ)

No comments: