DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, February 1, 2009

တော်လှန်ရေးကြီးဘာကြောင့်မအောင်မြင်ရသေးတာလဲ

မင်းသုည -ကွမ်းခြံကုန်း
ဗုဒ္ဓတက္ကသိုလ်
ကျနော်ကို အမေးချင်ဆုံးမေးခွန်းတစ်ခုမေးပါဆိုရင် တော်လှန်ရေးကြီးဘာကြောင့် မအောင်မြင်ရသေးတာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်၊၊ ဒီမေးခွန်းကို ကျနော်တွေ့တဲ့သူတိုင်းကို မေးခဲ့သလို ကျနော်ကိုယ်တိုင်လည်း အမေးခံခဲ့ရဘူးတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ စာဖတ်သူများလည်း ကျနော်နည်းတူ အမေးခံခဲ့ရဘူးမယ်ထင်ပါ တယ်။ ဒီမေးခွန်းကို ကျနော့်ကိုယ် ကျနော်လည်း ပြန်မေးဖူးပါတယ်။ ဟုတ်ကဲ့ အဖြေအမျိုးမျိုးထွက်ပါလိမ့်မယ်။ ကြိုက်သလိုဖြေနိုင်ကြပါတယ်။ ဒါပေမဲ့ အဖြေမှန်ဖို့လိုပါတယ်။ ပုစ္ဆာတစ်ပုဒ်ဟာ အဖြေမရမချင်း တန်ဖိုးမထွက် ပါဘူး ပုစ္ဆာတိုင်းလဲ မတူကြပါဘူး။ အမေးရှိရင် အဖြေရှိရမယ်ဆိုပေမဲ့ အဲဒီအဖြေဟာ မှန်ကန်တိကျဖို့လိုပါတယ်။ တချို့ပုစ္ဆာတိုင်းဟာ ပါးစပ်ကဖြေလိုက်ရုံပြီးပေမဲ့ တချို့ပုစ္ဆာဟာ တကယ်လက်တွေ့ ချတွက်၊ တစ်ခုချင်း ဖြေရှင်းချုက် ထုတ်သွားပြီး တကယ်လက်တွေ့လုပ်ဆောင်ဖြေပြမှ အမှန်ရမယ့် ပုစ္ဆာဖြစ်ပါတယ်။ ဒီပုစ္ဆာဟာ အခုမှပေါ်တဲ့ပုစ္ဆာ မဟုတ်ပါဘူး ဟိုးရှေ့ခေတ် အဆက်ဆက်က ပေါ်ခဲ့တဲ့ပုစ္ဆာဖြစ်ပါတယ်။ ဒီပုစ္ဆာကို ခေတ် အဆက်ဆက်က ဖြေခဲ့ကြပါတယ် ဖြေနိုင်တဲ့သူများရှိသလိုမဖြေနိုင်တဲ့သူများလဲရှိခဲကြပါတယ်။ ဟုတ်ကဲ့ ဟိုးရှေ့ခေတ် ကျနော်တို့ လှမ်းမမြင်နိုင်တဲ့ခေတ်ကို ကျတော်မပြောလိုတော့ပါဘူး ကျတော်တို့ လှမ်းမြင်နိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကိုတိုင် ဒီမေးခွန်းကို လက်တွေ့ဖြေလက်တွေ့အောင်မြင်ခဲ့ တယ်ဆိုတာကို ပြန်ကြည့်ပြီး ဖြေရမယ်။ သချာင်္ပုစ္ဆာများမှာလည်း ထိုနည်း၎င်းပဲ ရှေ့လူများတွုက်ပေးခဲ့ တဲ့နည်းစနစ် များပေါ်မှာ မှီပြီးချဲ့ထွင် ထွက်ကြရတယ်။ ဒါမှ အဖြေမှန်ရနိုင်ပါတယ် ဒီလိုမဟုတ်ပဲ ငါသိငါတက်လုပ်ကာ ဘယ်အဖြေမှ နည်းမှီစရာမလိုဘူး ငါအဖြေနဲ့င်ါသွားမယ်ဆိုရင် အဖြေမှန်မရဘဲဝေးသည်ထက်ဝေးနေကြအုံးမှာဖြစ် ပါတယ်။

ဒီပုစ္ဆာဟာ အခက်ခဲဆုံးပုစ္ဆာဖြစ်သလို တဦးတစ်ယောက်ထဲနဲ့လဲဖြေလို့ရတဲ့ပုစ္ဆာမဟုတ်ပါဘူး တစ်ဖွဲ့ နှစ်ဖွဲ့ သုံးလေးဖွဲ့နဲ့လည်းဖြေလို့ရတဲ့ပုစ္ဆာမဟုတ်ပါဘူး ဒါကိုနားမလည်ပဲ ငါဖြေနေတာပဲ ငါ့အဖွဲ့ဖြေနေတာပဲဆိုပြီး ဆက်သွားနေရင်ဒီအဖြေဟာအမှန်နဲ့ဝေးနေအုံးမှာဖြစ့်ပါတယ် ဒီအဖြေဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက် မှာ အဖြေမှန်ရခဲ့ပြီးပြီ။ သူတို့ဘာကြောင့် အဖြေမှန်ရခဲ့တာလဲ…? ကျနော်တို့ဘာကြောင့် အဖြေမှန် မရကြ သေးတာလဲ……? ဒါကို သေချာစဉ်းစား အဖြေထုတ်ဖို့လိုပါတယ်။ ဆင်ခြေကန်တဲ့အဖြေမျိုးကို ကျနော် မကြားလိုပါ။ တချို့ကဒီအစိုးရ ဟာအင်္ဂလိပ်၊ ဂျန်ပန် တိုင်းတပါးအာဏာရှင်ထက်ဆိုးတယ် ဒါကြောင့်မို့ ဒို့ မအောင်မြင်တာဆိုပြီးဆင်ချေပေး ကြတယ်။ ဟုတ်ကဲ့ တိုင်းတပါးသားအင်္ဂလိပ်၊ ဂျန်ပန်ထက်ဆိုးတယ်ဆိုရင် အဲဒီ ကာလထက် ပိုပြီးအားမထုတ်သင့်ဘူး လား….? အဲဒီကာလကတော်လုန်ရေးသမားများထက် ပိုပြီးအားထုတ် တာကို မပြောနဲ့ သူတို့အားထုတ်ကြတာနဲ့ နိုင်းယုဉ်ရင် အပုံတစ်ရာပုံ တစ်ပုံတောင် ရှိမယ်မထင် သေးပါ။ သူတို့လက်ထက်သမိုင်းများကို ပြန်လေ့လာကြည့်ကြပါ သူတို့ခေတ်ကလူတိုင်းလိုလို ဒီမေးခွန်းကိုမေးကြသလို လူတိုင်းလိုလို ဒီမေးခွန်းကို ဖြေနေကြပါတယ်။ အခုကျန်တော်တို့နိုင်ငံမှာ ဘယ်နှစ်ယောက်မေး၍ ဘယ်နှစ် ယောက်ဖြေနေကြပါသနည်း..? ဒီမေးခွန်းကို တကယ်မေးပြီး တကယ်ဖြေခဲ့ကြ ထောင်ဒဏ်တွေ (၁၀၄)နှစ်၊ (၆၈)နှစ်၊ (၃၅)နှစ် စသည်ဖြင့် အနှိပ်စက် အညှင်းဆဲ ခံပြီး ဖြေနေကြချိန်မှာ အခုထက်ထိ မြန်မာလူမျိုး အများစုဟာ ဒီပုစ္ဆာကို ကိုယ်နှင့်မဆိုင်သလို မေ့မေ့ပျောက်ပျောက် နေကြတာဟာ အလွန်ဝမ်းနည်းစရာ စက်စုပ်ရွံရှာစရာ ကောင်းလှပါတယ်။ သူများတွေတိုင်းပြည်အတွက် ဒီမေးခွန်းကို တကယ်မေးပြီး တကယ် ဖြေနေတဲ့ အချိန်မှာ - ယနေ့ မြန်မာလူမျိုးအချင်းချင်း တွေ့ရင် ဘာတွေမေးနေကြတာလဲ..? "ဟေ့ကောင် ဘာဂဏန်းရလဲ..? ထိတ်စီးကဘာလဲ..? ဘောလုံးပွဲ ဘယ်လိုပြီးသွားလဲ..? ဟိုနေ့က အာဝါဒေးပွဲမှာ ဘယ်လောက် ရလိုက်လဲ..?" ဆိုတဲ့ အင်မတန်အောက်တန်းကျတဲ့ မေးခွန်းတွေကို မေး အဲဒီမေးခွန်းတွေကို အဟုတ်ကြီးမှတ်ပြီး မြိန်ရည် ရှက်ရည်နဲ့ အရှက်မဲ့စွာမေးကြ ဖြေကြ လုပ်နေကြတာဟာ အင်မတန် အော့နှလုံး နာစရာ ကောင်းလှပါတယ်။ တကယ်ကိုးကွယ်နေကြတာက ကမ္ဘာ့အဆင့်အတန်း အမြင့်ဆုံး ဆိုတဲ့ ဗုဒ္ဓကို ဒါပေမယ့် လုပ်နေကြတဲ့ လုပ်ရပ်တွေက ကမ္ဘာမှာအောက်တန်းအကျဆုံး အဆင့်အနိမ့် ဆုံးဆိုတဲ့ လုပ်ရပ်တွေ ။ ဒီနိုင်ငံ ကမ္ဘာ့ အဆင့်အနိမ့်ဆုံး အဆင်းရဲဆုံး အချာဆုံး နိုင်ငံထဲမပါလို့ ဘယ်နိုင်ငံပါရအုံးမှာလဲ။ မိမိကိုယ်ကို မညာတမ်း မလိမ်တမ်း ပြန်မေးကြပါ။ မိမိတို့ လုပ်ရပ်ဟာ မိမိတို့ကိုးကွယ်တဲ့ အဆင့်အတန်းမြင့်တဲ့ ဗုဒ္ဓခွင့်ပြုတဲ့ လုပ်ရပ်တွေဟုတ်ရဲ့လား ဆိုတာကို သေသေချာချာ ပြန်မေးကြပါ။ အဆင့်အတန်းမြင့်တဲ့ဗုဒ္ဓကဘယ် တော့မှခွင့်မပြုပါဘူး။ ဒါကိုပိဋကက်ကျမ်းစာတွေမှာ အထင်အရှားဟောတာတွေအများကြီးရှိပါတာယ်။

န.အ.ဖ စစ်အာဏာရှင်လူယုတ်မာဗိုလ်ကြီးများက သူတို့ယုတ်မာချင်တိုင်းယုတ်မာလို့ရအောင်အားလုံး စစ်ကျွန် ဘ၀ ရောက် ဒုက္ခတွေရောက်နေကျတာကို မေ့အောင်အချင်းချင်းလောင်းကစားတွေလုပ်တော့မတဲ့ကြ - ကွဲကြ ပြဲကြ တဲ့ အချိုန် သူတို့ရဲ့လက်ကိုင်ဒုတ်ရဲတွေ စုံထောက်တွေအတွက် ပိုပြီးဂုတ်သွေးစုပ်နိုင်အောင် လှည့်ကွက်ဖန်ပြီးတရားဝင် ခွင့်ပြုထားခြင်းဖြစ်ပါတယ် ။ အဆင့်အတန်း မြင့်တဲ့ မိမိ ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားက ခွင့်မပြုဘဲ ပိတ်ပင်ထားတဲ့ စကားတော့နားမထောင်ပဲ ကမ္ဘာမှာအဆင့်အတန်းမရှိ၊ လူစာရင်းမဝင်တဲ့ စစ်အာဏာရှင်တွေက တရားဝင်ခွင့်ပြုထားတာကို လုပ်နေကြရင် မိမိတို့ရဲ့အဆင့်အတန်းဟာ ကြာလေနိမ့်လေမို့ ဒီထက်နိမ့်ရင် အောက်မှာ အဝိစိ ငရဲပဲ ရှိပါတော့တယ်။ ကျနော် တော်တော်များများကို ပြောဘူးပါတယ်။

ဒို့နိုင်ငံက ပြည်သူတွေ သူတို့အခုလုပ်နေကြတဲ့ နှစ်လုံး သုံးလုံး ချဲတို့ ဘောတို့ လောင်းကစားလုပ်သလောက်ပဲ နိုင်ငံတော်လှန်ရေးမှာ ပါဝင်ပြီးတော့လုပ်လို့ ယနေ့တော်လှန်ရေးကြီးအောင်မြင်ပြီလို့ ဒီပုစ္ဆာအဖြေရပြီလို့ ဘာလို့လဲဆိုတော့ တကယ်မေးရမှာက တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် မေးရမှာက "တော်လှန်ရေးကြီး ဘာကြောင့် မအောင်မြင်သေးတာလဲ?" "တော်လှန်ရေးကြီး အောင်မြင်အောင် ဘယ်လိုလုပ်ကြမလဲ" "တော်လှန်ရေးကြီး အောင်မြင်ရေးမှာ ငါအခုပါဝင်ဆောင်ရွက်နေပြီလား" ငါအခုဘာလုပ်နေသလဲ။ နအဖ စစ်အာဏာရှင်တွေ လှည့်စားထားတဲ့ လောင်းကစားနဲ့ဘဲ အချိန်ကုန်နေလား? နအဖ တွေလှည့်စားထားတဲ့ ဆင်းရဲမွဲတေနေရင် တော်လှန်ရေးထဲ မပါဝင်နိုင်ဘူး ဆင်းရဲမွဲတေပြီး အလုပ်ထဲပဲလုပ်ပြီး နိုင်ငံရေးဟာငါနဲ့ မဆိုင် ဆိုပြီးနေကြစေဆိုတဲ့ လှည့်ကွက်ထဲမှာပဲ ဆက်လျှောက်နေဆဲလား? နအဖ စစ်အာဏာရှင်တွေနဲ့ပေါင်းရင် ချမ်းသာတယ် ရာထူး ရတယ် အာဏာရတယ် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လူ့အန္ဓ လူ့ဗာလ တကိုယ်ကောင်းဆန် လူယုတ်မာအုပ်စုတွေထဲမှာ မျောပြီး ဆက်လျှောက်နေကြသလား? ငါတို့တော့ ထောင်ကျပြီးပြီ တိုင်းပြည်အတွက် အလုပ်တွေလုပ်ခဲ့ပြီးပြီ မလုပ်ရသေးသူတွေ သူတို့ဆက်လုပ်ကြလိမ့်မယ်ဆိုပြီး မလုပ်တော့ဘဲ ထိုင်စားနေကြတဲ့ အုပ်စုထဲ ယောင်ချာချာနဲ့ ဆက်မျောနေကြမှာလား? ဒါတွေဟာ တကယ်မေးကြ ရမဲ့ ဖြေကြရမယ့် မေးခွန်း တွေဖြစ်ပါတယ်။


အင်္ဂလိပ် ဂျပန်တွေလက်ထက်မှာလဲ လူအနည်းစုသာဖြေခဲ့ကြချိန်မှာ မအောင်မြင်သေးပါဘူး။ တဖြေးဖြေးအရှိန်မြှင့်ကာ YMBA ဘာသာရေးအသင်းကြီးတွေ GCBA အသင်းကြီးတွေ ဒို့ဗမာအစည်းအရုံး အသင်းကြီးတွေ အမျိုးသမီး ကုမ္မာရီ အသင်းကြီးတွေ စသည့် လူထုအစည်းအရုံးအသင်းတွေ အများကြီး ရှိပါတယ်။
ယနေ့ဘယ်လောက်တည်ထောင်ကြပြီးပြီလဲ။ ကိုယ့်လူထုအင်အား တိုင်းပြည်ထဲမှာ ဘယ်လောက်ရှိပါ သလဲ။? မိမိခိုင်းတာလေးကို အယောက်၂၀၊ ၃၀ လောက်လိုက်လုပ်တာလောက်နဲ့ ကျေနပ်ပြီး မြန်မာ့ တော်လှန်ရေးကြီး အောင်မြင်မယ်လို့ထင်ပါသလား?အဲဒီလောက်နဲ့ကျေနပ်နေရင် ဘယ်တော့မှ မအောင်မြင်ပါ။ တော်လှန်ရေးကြီးအောင်မြင်ရေးဟာ တတိုင်းပြည်လုံးရဲ့ အရေးဖြစ်သည့်အတွက်ကြောင့် တတိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပါဝင်လာအောင် စည်းရုံးသိမ်းသွင်းပြီး နည်းလမ်းတွေ ပေးဖို့ လိုပါတယ်။

ယနေ့ပြည်တွင်းမှာနိုင်ငံရေးကို တော်တော်များများ လုပ်ချင်နေကြသူတွေရှိပါတယ်။ဒါပေမဲ့ သူတို့ကို နည်းပေးလမ်းပြမဲ့သူ ဘယ်လိုလုပ်ရမယ်ဆိုတာကိုသူအဆင့်နဲ့သူ ကိုက်ညီအောင်ညွှန်ပြနိုင်မဲ့သူ ပြီးတော့ ဆက် သွယ်ရမဲ့သူ ဒါတွေကိုသူတို့မသိတာနဲ့ဘဲ သူတို့ဟာနိုင်ငံရေးနဲ့အလှမ်းဝေးနေကြရတာဖြစ်ပါတယ်။
မိမိလူတွေကို ကျေးရွာ မြို့နယ် တိုင်း ပြည်နယ် အသီးသီးမှာဖွဲ့စည်းတည်ထောင်နိုင်ရပါမယ်။ မိမိတို့အဖွဲ့အစည်းများကို ပုံသဏာန်မျိုးစုံနဲ့ဖွဲ့စည်းတည်ထောင်ထားရပါမယ်။ဥပမာ ဆေးလိပ်သောက်သုံးမှုလျှော့ချရေးအသင်း မူးယစ် ဆေးဝါးသောက်သုံးမှုလျော့ချရေးအသင်း သစ်ပင်စိုက်ပျိုးရေးအသင်း စသည်ဖြင့် အသင်းပေါင်းမြောက်များစွာ နေရာအနံ့အပြားမှာ တည်ထောင်ကြရပါမယ်။ပြီးတော့ စာပေ၀ိုင်းတွေ စာကြည့်တိုက်တွေ ဘာသာဘေဒ သင်တန်းတွေကို နေရာအနံ့အပြားမှာ ဖွင့်လှစ်တည်ထောင်ရပါမယ်။

ပြီးတော့ ခေတ်အဆက်ဆက် မှားယွင်းစွာ တွေးခေါ်ခဲ့ကြသော ကံရှိလို့ခံရတာ သူကံနဲ့သူသွားလိမ့်မယ် တို့တော်လှန်စရာမလိုဘူး စသည်ဖြင့် မှားယွင်း သောအတွေးအခေါ်ဟောင်းများကို ပြောင်းလဲပေးဖို့လိုပါတယ်။ကံဆိုတာ အလုပ်ကို ခေါ်တာဖြစ်သည့်အတွက် အလုပ်ကောင်းရင် ကံကောင်းပါတယ်။ အလုပ်မကောင်းရင် ကံမကောင်းပါဘူး။ကံကောင်းချင်ရင် အလုပ် ကောင်းဖို့ လိုပါတယ်။မြန်မာတစ်မျိုးသားလုံး ချစ်ချစ်ခင်ခင်ဖြင့် စည်လုံးညီညာစွာ တတိုင်းပြည်လုံး နေရာအနံ့ အပြားတွင် အဖွဲ့အစည်းများတည်ထောင်ကာ တက်ညီလက်ညီဖြင့် လှည်း နေ လှေ အောင်း မြင်းစောင်းမကျန် ၀ိုင်းဝန်းတွန်းလှန်သော အလုပ်ကြီးကို လုပ်ကြမည်ဆိုလျှင် ကောင်းသောအလုပ် ကမ္မ-ကံကို ပြုလုပ်ခြင်းဖြစ်သောကြောင့် န အ ဖ စစ်ဗိုလ်ချုပ်ကြီးများရဲမတရားနှိပ်စက်နေခြင်းကိုခံနေရသော မကောင်းကံ များ ဧကန်မုချလွင့်ပျောက်သွားမှာဖြစ်ပါတယ်။


န အ ဖ ဗိုလ်ချုပ်ကြီးများကို အောင်နိုင်ဖို့မှာ ထိုင်ပြီး ဆုတောင်း နေရုံ ဗေဒင်တွေမေးပြီး ယတတြာချေနေရုံ ကုလသမဂ္ဂတွေ အမေရိကတွေကယ်မှာ ဘဲဆိုပြီးထိုင်စောင့်နေရုံဖြင့် တော်လှန်ရေကြီး မအောင်မြင်နိုင်ပါ။န အ ဖ စစ်ဗိုလ်ချုပ်ကြီးများကို အပြီးသတ်ချေမှုန်းနိုင်ဖို့ တော်လှန်ရေးကြီး အဆုံးသတ်အောင်မြင်ဖို့မှာ-မြန်မာတစ်မျိုးသားလုံး ရဟန်းသံဃာ ကျောင်းသား စစ်သား လယ်သမား အလုပ် သမားဝန်ထမ်းပြည်သူအားလုံး ၀ိုင်းဝန်းပေါင်းစုကာ တွန်းလှန်ကြမည်ဆိုလျှင် ဧကန်မုချ အောင်ပွဲ ၀င်မည် ဖြစ်ပါကြောင်းကို အသိပေး ပြောကြားလိုပါသည်။
တာဝန်သိသူတာဝန်ရှိသည် တာဝန်ကိုသူတော်ကောင်း သူမြတ်လောင်း အာဇာနည် တွေသာ သိကြသည် သိသည့်အတိုင်းလည်း ကျေပွန်စွာထန်းဆောင်ကြပါသည်။ တာဝန်သိသူ တာဝန်ကို ကျေပွန်စွာထန်းဆောင်နိုင်သူ သူတော်ကောင်းသူမြတ်လောင်းတွေ ဖြစ်နိုင်ကြပါစေ။

No comments: