DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 24, 2009

ရေငန်ထက်ထက်နေပြင်းပြင်း အောက်မှာ သူတို့အိပ်မက်မက်ကြသည်

ဘိတ်သား
တစ်၊ နှစ်၊ သုံး၊ တစ်၊ နှစ်၊ သုံး စည်းချက်ညီညီအော်နေသော အသံများ တစ်ဖက်မျက်နှာချင်းဆိုင် အောက်ဘက် မှာ ကြားနေရတယ်။ ရေမှော်လုပ်သားများ ရေမှော်စိုက်ရန် အတွက် ပိုင်ထောင်းနေကြခြင်းဖြစ် တယ်။ နေရောင်ပြင်းပြင်းအောက်မှ လာနေသော ဒီအသံများကို ဒီနေရာ တစ်ဝိုက်မှာ ကိုဖြိုးကြားနေကျ။ ပိုင် ထောင်းတယ်ဆိုတာ ဖောင်ဖွဲ့ဖို့ ရေအောက်ကြမ်းခင်းထဲသို့ သစ်သားတိုင်များ ရိုက်သွင်းခြင်းဖြစ်ပြီး လှေပေါ်မှ လူသုံး၊ လေးဦးက ပိုင်ထောင်း တံဖြင့် ရေအောက်ကြမ်းပြင်သို့ ရိုက် သွင်းခြင်းဖြစ်တယ်။ ဒါက ရေမှော် စိုက်ပျိုးရာမှာ အခြေခံလိုအပ် ချက် ဖြစ်တယ်။

ကြိုးတန်းဖောင်ဖွဲ့စိုက် နည်းပဲ ဒီနေရာမှာသုံးနေကြတယ်။ ဒီနေရာတစ်ဝိုက်မှာရှိတဲ့ အော်တွေမှာ ရေမှော်စိုက်ပျိုး သူ အတော်များလာတယ်။ အခုဆိုရင် လုပ်ငန်းရှင် ၇၀ ကျော်လောက်က ဒီနေရာတစ်ဝိုက်မှာ လာရောက်စိုက် ပျိုးနေကြတယ်။ အခုတလော ပေါ်ပင်ဖြစ်နေတဲ့လုပ် ငန်းတစ်ခုပေါ့။ ရေမှော်လာစိုက်တဲ့လူတွေထဲ မှာ နေရာ ဒေသပေါင်းစုံကပဲ။ ကချင်၊ ရှမ်း၊ မွန်၊ မန္တလေး၊ ရန်ကုန် စတဲ့နေ ရာတွေက လုပ်ငန်းရှင်တွေအပြင် မြိတ်နှင့် ဒီကျွန်းတစ်ဝိုက်က ဒေသခံ လုပ်ငန်းရှင်တွေလည်း လာရောက် စိုက်ပျိုးမွေးမြူကြတယ်။ ဒီအထဲမှာ ကိုဖြိုးလည်း ရန်ကုန်ကနေလာပြီး ရေမှော်စိုက်တယ်။ ''မင့်ဟာကအဝေး ကြီးကနေကွာ၊ မြို့မှာ အေးအေး ဆေးဆေးလုပ်စားပါ လားကွာ၊ ဘာ ဖြစ်လို့ ဒီလူသူမနေတဲ့ ကျွန်းတွေကို လာပြီး ဒုက္ခခံရတာလဲ'' သူ့အရင် ရေ မှော်စိုက်ပြီးနှင့်သော သူငယ်ချင်းရဲ့ စကား။ ''ကျွန်တော် ခြသေ့င်္နောက် လိုက်လာတာလေ'' ဒါ သူ့ရဲ့အဖြေ စကား။

သူရောက်လာပုံက ဒီလို။''မြိတ်မှာ ရေမှော်စိုက်ဖို့ လူတွေ အတော်စိတ်အားထက်သန်နေကြ တယ်။ ဒီလုပ် ငန်းလုပ်ရင် စီးပွားဖြစ် နိုင်တယ်။ တို့တွေ အတူလုပ်ကြရ အောင်။ ဟိုမှာ နေရာကိစ္စလုပ်ပေး မယ့်သူငယ်ချင်း တစ်ယောက် ကုမ္ပဏီ မှာ ရှိတယ်'' ရန်ကုန်ရောက်နေတဲ့ မြိတ်က သူ့အစ်ကိုကပြောတော့ သူလည်း စိတ်ဝင် စားပြီး စွန့် စားလုပ်ကိုင်ဖို့ထွက်လာ ခဲ့တယ်။ ပင် လယ်ပြင် အတွေ့အကြုံ သူတို့နှစ်ယောက်မှာ လုံးဝမရှိ။ ဒါပေ မယ့် ကိစ္စမရှိပါ။

သူ့အလိုလို ဖြစ်သွားမယ်ပေါ့။ ဒီလိုနဲ့ ညီအစ်ကို နှစ်ယောက် ကိုယ်စီရှိပြီးဖြစ်တဲ့လုပ် ငန်းတွေကို ခဏထားခဲ့ကြ၊ မိသားစု နှင့်ဝေးရာ မြိတ်ကျွန်းစုထဲက လူသူ မနေတဲ့ကျွန်းတွေဆီကို ရေမှော်စိုက် တဲ့ သူငယ်ချင်းတစ်ယောက်ကို အား ကိုးပြီးထွက်လာခဲ့တယ်။ စာတွေ့ သမားသူငယ်ချင်းက လက်တွေ့ကျ ကျမကူညီနိုင်ပေမယ့် နေရာတွေ လိုက်ပြပေးတယ်။ လက်တွေ့သမား သူငယ်ချင်းတစ်ယောက်ဆီကိုရောက် တယ်။ ဒီနေရာကစပြီး ရေမှော်ဆို တာ နဖူးတွေ့၊ ဒူးတွေ့ပဲ။

ပထမဆုံး ပိုင်တိုင်ရိုက်ဖို့ လက် တွေ့သမားက တောတိုးခိုင်းတော့ တာပါပဲ။ သူတို့အတွက် ဒါဟာ ပထမ ဆုံးတော တိုးပြီး သစ်ခုတ်ရတာ ပဲ။ ဒီလိုနဲ့ အော်လေးတစ်အော်မှာ သူတို့ နေရာရလိုက်တယ်။ မျိုးပင်တွေကိုလည်း လက် တွေ့သမားကယူ လာပေးတယ်။ သူတို့နှစ်ယောက်နှင့် အလုပ်သမားတစ်ယောက်၊ ပေါင်း အားလုံး သုံးယောက်။ ကဲ စပြီပေါ့။ ပိုင်ထောင်းပြီး မီတာ ၁၀၀ လိုင်း လေးနှစ်လိုင်းရလိုက်တယ်။ ကိုယ် ပိုင်စိုက်ခင်း ရပြီပေါ့။ ပီတိ တွေဖြစ်လို့။ အဲဒီမှာ ကြိုးတွေ၊ မျိုးတွေ ဂါလန်ပုံး တွေကအစ လက်တွေ့သမားကကူ ညီရတယ်။ ဒါပေမယ့် မပြီး သေးပါ။ အိမ်ဆောက်ဖို့၊ လှန်းစင်ဆောက်ဖို့၊ ဖောင်ဖွဲ့ဖို့၊ စားသောက်ဖို့ရိက္ခာ၊ ရေ မှော်စိုက်ဖို့ကြိုး၊ စက်တပ်လှေ၊ က ဏန်းခုတ်လှေငယ်၊ ဂါလန်ပုံးတွေ၊ ပိုင်တိုင်တွေ၊ အလုပ်သမားတွေ ထပ် လိုဦးမယ်။ လောလောဆယ် ဘယ် မှာနေမလဲ။ ဒီနေရာက ကိုယ့်ဒေသ မဟုတ်။ အရင်ရောက်နှင့်ပြီးတဲ့သူ တွေကတော့ ကိုယ့်စိုက်ခင်းရှိတဲ့ အော်မှာ ဖြစ်သလိုတဲထိုးပြီးနေကြ တာပဲ။ ဒါကို ရေမှော်စခန်းလို့ခေါ် ကြတယ်။ ဘာမှ နားမလည်ဘဲ ရေမျောကမ်းတင် လျောက်ပြီး မျော နေတဲ့ဓနိတိုင်လို သူတို့အဖြစ်ကို ကယ်တင်လိုက်တဲ့သူက ကို ကြည်စိုး။ သူ့ဆီမှာ သွားတင်ပြီး အတွေ့အကြုံ ယူရတယ်။ လိုင်း ၅၀ ဖောင်တစ်ဖောင်ကို သူကပဲ အားလုံးလုပ်ပေးလိုက်တယ်။ လုပ် အားရော၊ မျိုးပင်ပါ သူ့အကူညီပဲ။

''ကျွန်တော့်အတွက်တော့ ဒီရာသီမှာ အရင်းကျေရင်ကျေနပ်ပြီ။ ဒီလိုပဲမှန်း ထားတယ်။ စီးပွားဖြစ်ဖို့ဆိုတာ နောက် ရာသီမှ မှန်းလို့ရမယ်။ လုပ် ငန်းရှင်တွေအားလုံးကို အောင်မြင် တာကိုပဲ မြင်ချင်ပါတယ်။ ဘာမှ စိတ်ဓာတ်မကျနဲ့၊ အစအဆုံးကူညီ ပေးမယ်။ အခုဆိုရင် ကိုဖြိုးက လုပ် ငန်းရှင်လေးတစ်ယောက် ဖြစ်နေပြီ။ ၀င်ငွေကတော့ နတ္ထိ။ အားလုံး ထွက် ငွေချည်းပါပဲ။ အစက တစ်ယောက် ကို ငါးသိန်းလောက်ဆိုရင် ရပြီပေါ့။ လက်တွေ့မှာက ကိုယ်ပိုင်ငွေချည်း က ကျပ်သိန်း ၂၀၊ ကုမ္ပဏီအကြွေး က သိန်း ၂၀ နီးပါး၊ ပိုင်ဆိုင်တာက ဓနိမိုး၊ ဖက်ကာ၊ ၀ါးခင်း၊ အိမ်လေး တစ်လုံးနှင့် ရေမှော်လိုင်း ၅၀ ကျော်။ အနာဂတ်က ရင်လေးစရာ။ အိမ်သူ သက်ထားတွေကတော့ အသက်ရှူ ကျပ်နေပြီ။ ရှိတဲ့ လက်ဝတ်ရတနာ တွေလည်းအပေါင်ဆိုင်မှာ ခဏ သွားတည်းခိုနေကြပြီ။

သူတို့ရဲ့ မျက်ဝန်းနှင့် စကားသံတွေမှာ ကိုယ့် အပေါ် အထင်ကြီးစရာ အရိပ်အ ယောင် တစ်ခုမျမတွေ့ရတော့။ ဘယ်မှာလဲ ရေမှော်အခြောက် တွေ။ ဒီနေရာမှာ ဒုက္ခအပေးဆုံးက မယ်တော်လက်သည်းငါးတွေပဲ။ ဒီ ငါးတွေ အုပ်စုလိုက်လာလို့ကတော့ လိုင်း ၅၀မပြောနဲ့။ လိုင်း ၅၀၀ ကို သုံးရက်လောက်နဲ့အကုန်ပြုတ်အောင် စားပစ်နိုင် တယ်။ ဒါကို လုပ်ငန်းရှင် တွေလည်းခေါင်းကိုက်နေကြရတယ်။ ငါးစားတဲ့အန္တရာယ်ကိုမတားဆီးနိုင် သရွေ့တော့ စီးပွားဖြစ်မစိုက်နိုင်ဘူး ဆိုတာအသေအချာပဲ။ ငါးစားခံရလို့ မျိုးပင်တွေတောင်မနည်းကျန်အောင် လုပ်ယူရတယ်။

ဒီအန္တရာယ်တွေနဲ့ ပတ်သက်လို့ကတော့နည်းလမ်းပေါင်း စုံသူတို့အဖြေရှာနေကြပြီး နောက်ဆုံး မီးထွန်းလှေတွေ သုံးပြီး ဒီငါးတွေကို ဖမ်းဖို့ရည်မှန်းထားကြတယ်။ ငါး စားတဲ့အန္တရာယ်ကို ကျော်လွှားနိုင်ရင် တော့ အရှေ့မှာ ကြုံ ခဲ့ရတဲ့ အခက် အခဲတွေလည်း ပြေပျောက်သွားပြီ။ ဒီလုပ်ငန်းရဲ့နောက်ခံသမိုင်း က ဖိလစ်ပိုင်ကစတာပဲ။ ပင်လယ် ရေမှော် cattonii ရဲ့ ဒေသမျိုးရင်း ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့Jolo.Tawi Towi, coebu နှင့် Bohal ဒေသ၏ ရေတိမ် ကမ်းရိုးတန်းတွေမှာ သဘာဝ အတိုင်းပေါက်ကြတယ်။ အဲဒီရေမှော် တွေကို ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း လောက် မှစ၍ သဘာဝမှကောက်ယူ ပြီးနိုင်ငံခြားသို့တင်ပို့မှုစတင်ခဲ့တယ်။ ဥရောပနှင့် မြောက်အမေရိကရှိ ကာရင်ဂျီနမ် စက်ရုံတွေမှာ ရေမှော်လို အပ်ချက်များပြားလာခဲ့တယ်။ ရှား ပါးလာတဲ့ရေမှော်မျိုးကို စိုက်ပျိုးရေး နည်းပညာများ ဖြင့် ရှာဖွေဖော်ထုတ်ဖို့ ဈေးကွက်ဝင်ပင်လယ်ရေမှော်မျိုးများ ဖြစ်တဲ့ cattonii နှင့် spinosum စိုက် ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ရန် ဟာဝိုင်အီတက္ကသိုလ်မှ ရုက္ခဗေဒဌာန နှင့်ပူးပေါင်းပြီး ဖိလစ်ပိုင်မှာရှိတဲ့ Marine calloicts Ins; မှ ၁၉၆၀ ခုနှစ်တွင် စတင်လေ့လာခဲ့တယ်။ ဒီစီမံကိန်းကို cattonii စိုက်ပျိုးရေး လုပ်ငန်းရဲ့ ရှေ့ဆောင်ဖခင်ကြီးများ အဖြစ် လူသိများခဲ့တဲ့ ဟာဝိုင်အီ တက္ကသိုလ်ရှိ Dr.Maxwell S.Daty နှင့် ဖိလစ်ပိုင် တက္ကသိုလ်ရှိ Mr. Vicente B.Alveraz တို့က ဦးဆောင် ခဲ့တယ်လို့သိရတယ်။

သူတို့နှစ်ဦးရဲ့ ကြိုးစားမှုရလဒ်အဖြစ် ပထမဆုံး စီးပွားဖြစ်ပင်လယ်ရေမှော်စိုက်ပျိုးရေး လုပ်ငန်းကို ၁၉၇၃ ခုနှစ်မှာ ဖိလစ်ပိုင် နိုင်ငံရဲ့ Jalo ဒေသမှာ စတင်နိုင်ခဲ့ တယ်။ ယနေ့အချိန်မှာတော့ ကမ္ဘာ့ cottonii ထုတ်လုပ်မှုရဲ့ ၈၀ ရာခိုင် နှုန်းကို ဖိလစ်ပိုင်နိုင်ငံမှပိုင်ဆိုင်ထား ပါတယ်။ မြန်မာနိုင်ငံမှာ ရေမှော်လုပ် ငန်းဖြစ်ပေါ်လာပုံကတော့ တောင်ကို ရီးယားအခြေပြု MSC ကုမ္ပဏီမှ ကုန်ကြမ်းရရန်အလို့ငှာ ဈေးကွက် သစ်တစ်ခုဖန်တီးရန် မြန်မာနိုင်ငံ ကို စိတ်ဝင်စားလာခဲ့တယ်။ အထူး သဖြင့် ကျွန်းပေါင်း ၈၀၀ ကျော်ရှိတဲ့ မြိတ်ကျွန်းစုဒေသတွေကိုပေါ့။ ၂၀၀၄ ခုနှစ်အလယ်ပိုင်းလောက်မှာ ဂျပန် နိုင်ငံ ကိုချီ (Kochi) တက္ကသိုလ်မှ ပင်လယ်ရေမှော် (cattonii) များကို ယူဆောင်လာတဲ့ပညာရှင် မာစတာ အိုဆာအိုနိုနှင့်အတူ ဒေါက်တာ ဌေးအောင် (ယခု-ဒုပါချုပ် မော်လ မိုင်) တို့ဦးဆောင်မှုဖြင့် မြိတ်ကျွန်းစု အတွင်းရှိဝါးကျွန်းအရှေ့တွင် စီးပွား ရေးလုပ်ငန်းရှင် ဦးစောဂျစ်၏ကူညီမှု ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင် ခဲ့တယ်လို့သိရတယ်။ အဲဒီဝါးကျွန်း ကတော့ အမျိုးသားသဘာဝအဏ္ဏ၀ါ ဥယျာဥ်ဖြစ်သော လန်းပီကျွန်းအနီး မှာရှိတယ်။ မြိတ်ကျွန်းစုအတွင်း အောင်မြင်စွာစိုက်ပျိုးနိုင်သည်ကို သိရှိပြီး သင့်တော် တဲ့နေရာတွေမှာရှာ ဖွေစမ်းသပ်နိုင်ဖို့ဒုံးကျွန်းအနီး ကျွန်း မွေ့ယာကိုအခြေပြုခဲ့တယ်။

နောက် ဆုံးမှာ MSC ကုမ္ပဏီ၏ ရှေ့ပြေးရေ မှော်စမ်းသပ်မှုစီမံကိန်း အောင်မြင် ခဲ့တယ်။ ဒုတိယအဆင့်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် မြန်မာ့ရင်း နှီးမြှုပ်နှံမှု (MIC) မှာ လျောက်ထား ပြီး ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံ ကာ ဒေသခံများကို မျိုးပင်နှင့်စိုက် ပျိုးရေးပစ္စည်းများထောက်ပံ့ကာ ကုန်ကြမ်းများဝယ်ယူလျက်ရှိတယ်။ မြိတ်ကျွန်းစုမှ ပင်လယ်ရေမှော်အ ခြောက်ထုတ်လုပ်မှုတစ်လလျင် တန် ၁၀၀၀ ထွက်ရှိလာပါက မြိတ်မြို့၌ စက်ရုံဆောက်ကာ ကာရင်ဂျီနမ်အ မှုန့်ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်ကို တိုက်ရိုက်တင်ပို့မှာဖြစ်တယ်။

၂၀၀၆ ခုနှစ်အလယ်ပိုင်းလောက်မှာတော့ ဂျပန်ရေမှော် ပညာရှင် မာစတာအို ဆာအိုနိုပါဝင်သော ဂျပန်စီးပွား ရေး လုပ်ငန်းရှင်နှစ်ဦးမှ ကိုချီတက္ကသိုလ် ရှိ ကော့တိုနီရေမှော်များကို မြိတ် ကျွန်းစုသို့ တစ်ဖန်ယူလာခဲ့ပြန် တယ်။ အဲဒီနောက် ကျော်ကျော်ဖြိုး ကုမ္ပဏီပိုင်ရှင် ဦးကျားမောင်၏ လုပ် ငန်းစုရှိရာ ပန်းလွန်းအော်အနီးတစ် ၀ိုက်တွင် စမ်းသပ်စိုက်ပျိုးကြည့်ရာ အောင်မြင်မှုရှိရန် တိုးချဲ့စိုက်ပျိုး လျက်ရှိတယ်လို့ သိရတယ်။ ၂၀၀၈ ခုနှစ် နောက်ပိုင်း လောက်မှာတော့ မြိတ်ကျွန်းစုမှ ရေ မှော်အခြောက်တွေထွက်ရှိလို့လာနေ ပါပြီ။ နိုင်ငံတော်အတွက် ပို့ကုန် အမယ်သစ်ရရှိသလို သဘာဝပတ် ၀န်းကျင်ကိုလည်း ထိန်းသိမ်းရာကျ၊ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်လမ်းလည်းရလာခဲ့ကြတယ်။ ရေငန်က ၃၀ စစအ ရှိတဲ့နေရာများ၊ ရေငန်က သိပ်ထက်တော့ အသားရေ တွေက အားလုံးသိကြတဲ့အတိုင်းပဲ။ အာဆင်နယ်ကဆက်ဂ်နာရဲ့အသား ရေမျိုးတွေပိုင်ဆိုင်နေကြပြီ။ ရေမှော် စိုက်မယ် ဆိုရင် သစ်ခုတ်သမားဖြစ် မယ်။ ကျားပါးစပ်သမားလို ပိုင် ထောင်းတတ်ရမယ်။

ပိုက်လှေသမား လို ကြိုးထိုးကြိုးဆွဲတတ်ရမယ်။ ရေ ကူးတတ်ရမယ်။ လှေလှော်၊ ပဲ့ကိုင် တတ်ရမယ်။ လက်သမား ပညာ နည်းနည်းတတ်ရမယ်။ ပင်လယ်ရဲ့ ဒီရေအတက်အကျခန့်မှန်းတတ်ရ မယ်။ နေပြင်းပြင်းဒဏ်ကို ခံနိုင်ရ မယ်။ ဒါပေမယ့် သူတို့ မမှုပါဘူး။ ဒီအထဲမှာ ဘွဲ့ရပညာတတ်လူငယ် တွေလည်း ပါနေရဲ့။ သူတို့ကတော့ အနာ ဂတ်အတွက် အိပ်မက်မက်နေ ကြပါရဲ့။ နောက်နှစ်တွေမှာ ဒီထက် စီးပွားဖြစ်နိုင်ကောင်းပါရဲ့။ မကြာမီ ဧပြီလ ထဲမှာ ရာသီသိမ်းတော့မယ်။ သူတို့ ရေမှော်အခြောက်များများရ ပါစေ။ လိုင်းအရေအတွက်တိုးတက် ပါစေ။ ငါးစားတဲ့အန္တရာယ်ဝေးကြ ပါစေလို့။

....................................................................

No comments: