DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 24, 2009

ရန်ကုန် ဒေါပုံမြို့နယ်တွင် မီးလောင်နေ

ကိုဝိုင်း
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 24 2009 14:44 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါပုံမြို့နယ် သစ်ဈေးအကွေ့ နွယ်လေးရပ်ကွက်ရှိ ပေါ်ပြူလာ ပလပ်စတစ် စက်ရုံတွင် ယနေ့ နေ့လည် တနာရီခန့်က မီးလောင်ခဲ့သည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ရဲစခန်းနှင့် မီးသတ်ဌာနတို့က ပြောဆိုခြင်း ဖြစ်သည်။

“ဟုတ်ကဲ့ရှင့်။ နွယ်အေးရပ်ကွက် ပေါ်ပြူလာ ပလတ်စတစ် စက်ရုံက စတာပါရှင့်။ သစ်ဈေးကွေ့ ရေနီမှတ်တိုင် ရေနီလမ်းကနေ ဝင်သွားရင် ဟိုးအနောက်ဖက်မှာ ရပ်ကွက်ထဲမှာ။ ကမ်းနားဖက်မရောက်ရောက်မှာ။ စက်ရုံက တော့ ကုန်သလောက်ဖြစ်မယ် ထင်တယ်။ အဲဒီမှာက ကော်စေ့တွေ များတာကိုး။ မီးသတ်ကားတွေကတော့ အများကြီးပဲ။ မီးညွန့်တော့ ကျိုးသွားပြီပြောတယ်” ဟု ဒေါပုံမြို့နယ် ရဲစခန်းမှ ဒုအုပ် တင်တင်ထွေးက မဇ္ဈိမကို ပြောသည်။

မြို့နယ်ချင်း ထိစပ်နေသည့် သာကေတမြို့နယ် မီးသတ်ဌာနနှင့် ရန်ကုန်တိုင်း ဗဟိုမီးသတ်မှ မီးသတ်ကား အစီး ရေ ၃၀ ခန့်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မီးလောင်မှုမှာ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ မီးညွန့်ကျိုးစ ပြုပြီဖြစ်ကြောင်း သာကေတမြို့နယ် မီးသတ်ဌာနမှ တာဝန်ကျတဦးက ပြောသည်။

မီးညွန့်ကျိုးသွားပြီဟု ဆိုသော်လည်း မီးလောင်ရာသို့ သွားရောက် ငြှိမ်းသတ်နေသည့် မီးသတ်ကားများနှင့် အ ချက်အလက် သွားယူသော ဒေါပုံရဲများ ပြန်မရောက်သေးသဖြင့် မီး စတင်လောင်ပုံ၊ ဆုံးရှုံးမှု ပမာဏ အပါအ၀င် အသေးစိတ် မသိသေးကြောင်း သူတို့က ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လအတွင်း မီးလောင်မှု ၉၆ ခုရှိခဲ့ပြီး လူ သေဆုံးမှု မရှိကြောင်းနှင့် ယခင်နှစ်က မီး လောင်မှုပေါင်း ၇၁၉ ခု ဖြစ်ပွားခဲ့ပြီး ၂၈ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာက မကြာသေးမီက ရေး သား ဖော်ပြခဲ့သည်။

No comments: