DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 24, 2009

ကလင်တန်၏ အာရှလေးနိုင်ငံ ခရီးစဉ် ပြီးဆုံး

24/Feb/2009
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် အာရှမှ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် တောင်ကိုရီး ယားလေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးလှည့်လည်ပြီးလျှင် ဒေသတွင်း၌ အမေရိကန်၏ ဆက်ဆံရေး တိုးတက်ရေး အတွက် ကြိုးစားဆောင်ရွက်ခဲ့သည်။ ခရီးစဉ်၏ နောက်ဆုံးအပိုင်းဖြစ်သော တရုတ်ပြည်တွင် သမ္မတ၊ ၀န်ကြီးချုပ် တို့နှင့် တွေ့ဆုံ၍ လက်ရှိဘဏ္ဍာရေးအကျပ်အတည်းတွင် ဘေကျင်းနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့သည်။ ထို့ပြင် အမေရိကန်၏ နှေးကွေးနေသော စီးပွားရေး နလန်ထူရန် အင်အားဖြည့်သွင်း ပေးရာတွင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ငွေတိုက်စာချုပ်များကို ဆက်လက်ဝယ်ယူရန် တိုက်တွန်း ပြောဆို ခဲ့သည်။ တရုတ်နိုင်ငံသည် ဒီဇင်ဘာလကုန်အထိ အမေရိကန်ထံမှ ဒေါ်လာ ၆၉၆.၂ ဘီလီယံတန်ဖိုးရှိသော ငွေတိုက်စာချုပ်များကို ၀ယ်ယူထားပြီးဖြစ်သည်။ တရုတ်နှင့် အမေရိကန် နိုင်ငံတို့သည် နီးကပ်စွာ ဆက်သွယ် ဆောင်ရွက်ခြင်းဖြင့် အတူတကွတိုးတက်နိုင်ပြီးလျှင် ကျဆုံးစရာရှိလျှင်လည်း အတူတကွ ကျဆင်းကြမည်ဖြစ် သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ (အေအက်ဖ်ပီ)

No comments: