DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, February 20, 2009

တပ်မ ၇၇ ရန်ကုန်မှ ပြန်ခွာ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 19 2009 16:43 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင် တပ်ဖြန့်ထားခဲ့ပြီး တပ်မ ၇၇ အောက်ရှိ တပ်များ ယနေ့တွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာသွားကြပြီ ဖြစ်သည်ဟု မျက်မြင်သက်သေများ အပြောအရ သိရသည်။

စစ်သားများ အပြည့် တင်ဆောင်ထားသော စစ်ထရပ်ကားကြီး အနည်းဆုံး ၄၀ စီးသည် ရန်ကုန်မှသည် တပ်မ ဌာနချုပ် အခြေစိုက်ရာ ပဲခူးဘက်သို့ ယနေ့ မွန်းတည့်ချိန်က စတင်၍ နှစ်စီးတွဲ၊ သုံးစီးတွဲ ထွက်ခွာ သွားခဲ့ကြောင်းနှင့် အိမ်ထောင် ပရိဘောဂများ ပါဝင်ကြောင်း ပြောကြသည်။

ရွှေဝါရောင် တော်လှန်ရေးအပြီး ရန်ကုန်မြို့တွင် သိသာပေါ်လွင်စွာ တပ်စွဲထားခြင်း မရှိတော့ဘဲ လုံထိန်းရဲများ ကိုသာ တွေ့လာရပြီး ယခုတွင် တပ်များ ရုတ်သိမ်းသွားခြင်း ဖြစ်သည်။

သံဃာတော်များ ဦးဆောင်သော ၂၀၀၇ ခုနှစ် လူထုအုံကြွမှုတွင် တပ်မ ၆၆ နှင့်အတူ နေရာခွဲ၍ ဖြိုခွင်းရာတွင် တပ် ၇၇ လည်း ပါဝင်ပြီး တပ်စုများကို ရန်ကုန်မြို့တော်ခန်းမ၊ ကုန်သွယ်မှု ဗဟိုဌာန၊ ကျိုက္ကံကွင်းအပါအ၀င် ရန်ကုန် စည်ပင်သာယာ နယ်နမိတ်အပြင်ပ မြို့နယ်အချို့တွင်လည်း တပ်စွဲထားခဲ့သည်။

No comments: