DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, February 18, 2009

ပြည်မြို့တွင် ကြက်၊ ဘဲ၊ ငုံးများ အပြင်းစား လည်လိမ် ရောဂါကြောင့် သေဆုံးမှုများအား စစ်ဆေး ကြီးကြပ် ထိန်းချုပ်ရေး အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ထိန်းချုပ်

18/Feb/2009

ပဲခူးတိုင်း(အနောက်ပိုင်း)ပြည်မြို့အတွင်း၌ ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်မှ ၂၀၀၉ခုနှစ် ဇန်နဝါရီလ၂၆ရက်အထိ ကြက်၊ ဘဲ၊ ငုံးများအပြင်းစားလည်လိမ်ရောဂါဖြစ်ပွားပြီး သေဆုံးမှုများရှိခဲ့ သောကြောင့် ၄င်းသေဆုံးမှုများအား ကုသစစ်ဆေးခြင်း၊ ကြပ်မတ်ဆောင်ရွက်ခြင်း၊ ရောဂါထပ်မံ မဖြစ်ပွားစေရေး အတွက် အဝင်၊ အထွက် လမ်းကြောင်းများ စစ်ဆေးတားမြစ်ခြင်း၊ ရောဂါရှိအသားများကို ဈေးနှင့်ပြင်ပတွင် ရောင်းချခြင်းမပြုစေရေး အတွက် စစ်ဆေးခြင်းတို့အားဆောင်ရွက်ရန်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းထားကြောင်းသိရသည်။ အဆိုပါကြီးကြပ် ရေးအဖွဲ့၌မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ကျန်းမာ ရေး ဦးစီးဌာန၊မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနတို့မှ အရာရှိ၁၂ဦးနှင့်ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌများအားလုံး ပါဝင် သည်။ ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ရပ်ကွက်အတွင်းရှိ ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများအတွင်း သေဆုံးမှုများ အား နေ့စဉ် စစ်ဆေးခြင်း၊အပြင်းစားလည်လိမ်ရောဂါကျရောက်နေသော ခြံများအားကာကွယ်ကုသခြင်း၊ သုတ်သင်ရှင်းလင်းခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တစ်ခြံနှင့်တစ်ခြံ ကူးသန်းရွေ့လျားမှု မပြုလုပ် စေရေး ထိန်းချုပ်ခြင်း၊ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်သွားကြမည်ဖြစ်ကြောင်းသိရသည်။

၂၀၀၈ခုနှစ် ဒီဇင်ဘာ ၃၁ရက်မှ ၂၀၀၉ခုနှစ်ဇန်နဝါရီ ၂၆ရက်အထိကြက်ကောင်ရေ ၆၄၀၉ကောင်သေဆုံးသဖြင့် သုတ်သင်ခဲ့ပြီးဖြစ်သော်လည်း၊ ရပ်တန့်ခြင်းမရှိဆက်လက် သေဆုံးလျက်ရှိနေသဖြင့် ကုသထိန်းချုပ်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ပြည်မြို့နယ်အတွင်းသို့ ကြက်၊ ဘဲ၊ ငုံးများမဝင်ရောက်စေရေးနှင့် ပြည်မြို့နယ်အတွင်းမှ တခြားမြို့များသို့သယ်ယူရောင်းချခြင်းမပြုစေနိုင်ရန် မြို့အဝင်ဂိတ်များတွင် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး ဇန်နဝါရီ ၂၈ရက်မှစ၍ နေ့၊ ညမပြတ် စစ်ဆေးလျက်ရှိသည်။ စစ်ဆေးရေးအဖွဲ့ဝင်များအနေဖြင့် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များဖြစ်သော တာဂွစစ်ဆေးရေးဂိတ်၊ နဝဒေးတံတားစစ်ဆေးရေးဂိတ်နှင့် ဖိုးခေါင်တံတား စစ်ဆေးရေးဂိတ်များမှ နေ၍စစ်ဆေးတားဆီး ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ စစ်ဆေးရေးအဖွဲ့ ရက်ကွက်အတွင်း၊ ဈေးများအတွင်းရောဂါဖြင့် သေဆုံးသောကြက်များအား ရောင်းချခြင်းရှိ၊မရှိကိုပါ စစ်ဆေး ကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်မြို့ရှိ ဈေးများ အတွင်း၌ ကြက်၊ဘဲ၊ ငုံးများရောင်းချခြင်းများကို ဇန်နဝါရီလ ၂၇ရက်ညနေပိုင်းကတည်းက ရက်အကန့်အသတ်မရှိ ခေတ္တရပ်ဆိုင်းထားသည်။ ရောဂါဖြင့် သေ ဆုံးမှုများ ကင်းစင်ပြီး စိတ်ချရသည့် အနေအထားရောက်မှ ပြန်လည် ရောင်းချစစ်ဆေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments: