DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 24, 2009

ရွှေ့ပြောင်းအခြေချမှုများနှင့် ဘာသာစကားကြီးများ၏ လွှမ်းမိုးဝါးမျိုမှုကြောင့် ဘာသာစကားပေါင်း ၂၅၀၀ ခန့် တိမ်ကောပျောက်ကွယ်မည့် အန္တရာယ်ရင်ဆိုင်နေရ

ကမ္ဘာပေါ်တွင် သုံးစွဲလျက်ရှိကြသည့် ဘာသာစကားပေါင်း ၆၉၀၀ ခန့်အနက် ၂၅၀၀ ခန့်သည် ပျောက်ကွယ်လု အန္တရာယ်အတွင်း ကျရောက်လျက်ရှိသည်ဟု ယူနက်စကိုမှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သော မှတ်တမ်းများအရ သိရှိရသည်။

ဘာသာစကားများ တိမ်မြုပ်ပျောက်ကွယ်ရသည့် အဓိကအကြောင်းရင်းနှစ်ခုမှာ မြို့ပြများနှင့် တစ်နယ်တစ်ကျေး သို့ ရွှေ့ပြောင်းအခြေချခြင်းနှင့် ဘာသာစကားကြီးများ၏ လွှမ်းမိုးဝါးမြိုမှုကြောင့်ဖြစ်သည်ဟု ပညာရှင်တို့က သုံး သပ်သည်။ လူအများသည် ပို၍အားကောင်းသော စုဖွဲ့မှုများသို့ ၀င်ရောက်လာခြင်းနှင့်အတူ ဒေသအလိုက် ကွဲပြားခြားနားသည့် မိခင်ဘာသာစကားများမှာ တိမ်မြုပ်သွားသည်။ ကျေးလက်မှ မြို့ပြသို့ကူးပြောင်း အခြေချမှု များလာသည်နှင့်အမျှ မိမိတို့ဒေသ၊ လူမျိုး၏ဘာသာစကားကို စွန့်လွှတ်လိုက်ရကာ အများသုံးသောဘာသာ စကားကို သုံးစွဲလိုက်ရသည်။

နောက်တစ်ချက်မှာ ဘာသာစကားကြီးများဖြစ်သော အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်ဘာသာစကားများကို လူအများနှင့် ဆက်ဆံရာတွင် လက်ခံသုံးစွဲလာရခြင်းနှင့်အတူ မိခင်ဘာသာစကားတဖြည်းဖြည်း ပျောက်ကွယ်လာရခြင်း ဖြစ် သည်။

အိန္ဒိယနိုင်ငံတွင် ပျောက်ကွယ်လုနီးပါးဘာသာစကားပေါင်း ၁၉၆ မျိုး၊ အမေရိကတွင် ၁၉၂ မျိုးနှင့် အင်ဒိုနီးရှား တွင် ၁၄၇ မျိုးရှိသည်။ ယခု လက်ရှိအချိန်တွင် လူတစ်ဒါဇင်အောက်နည်းသော သူများသာလျှင် တတ်ကျွမ်းတော့ သော ဘာသာစကားပေါင်း ၁၉၉ မျိုးရှိပြီး Karaim ဘာသာစကားကိုတတ်ကျွမ်းသူမှာ ယူကရိန်းနိုင်ငံတွင် ခြောက်ဦး၊ Wichitaဘာသာစကားတတ်ကျွမ်းသူမှာ အမေရိကရှိ အုတ်ကလာဟိုးမားပြည်နယ်တွင် ၁၀ ဦးနှင့် Lengilu ဘာသာစကား တတ်ကျွမ်းသူမှာ အင်ဒိုနီးရှားနိုင်ငံတွင် လေးဦးသာကျန်ရှိတော့ပြီး အခြားသော ဘာသာ စကား ၁၇၈ မျိုးမှာ တတ်ကျွမ်းသူ ၁၀ ဦးမှ ၁၅၀ ဦးခန့်သာ ရှိသည်ဟု သိရှိရသည်။

ဘာသာစကားကွဲပြားမှုများစွာရှိသော အိန္ဒိယနှင့်အမေရိကတို့ကဲ့သို့သော နိုင်ငံများတွင် ဘာသာစကား ပျောက် ကွယ်မှုအန္တရာယ်ကို ပိုမိုကြီးမားစွာရင်ဆိုင်ရဖွယ်ရှိသည်ဟု သြစတြေးလျလူမျိုး ဘာသာဗေဒကျွမ်းကျင်ပညာရှင် ခရစ္စတိုဖာမို့စ်လီ ဦးဆောင်သည့် ကျွမ်းကျင်ပညာရှင် ၂၅ ဦး ပါဝင်သော သုတေသနအဖွဲ့က မှတ်ချက်ချခဲ့ သည်။

ယူနက်စကိုမှ ထုတ်ပြန်ချက်များအရ တိမ်ကောပျောက်ကွယ်ဖွယ်ရှိသော ဘာသာစကားပေါင်း ၅၃၈ မျိုး၊ တိမ် ကောရန်ဖြစ်နိုင်ခြေအများဆုံးရှိသော ဘာသာစကားပေါင်း ၅၀၂ မျိုး၊ လုံးဝတိမ်ကောသွားမည့် အရေအတွက်မှာ ၆၃၂ မျိုး နှင့် ၆၀၇ မျိုးသော ဘာသာစကားတို့သည် လုံခြုံစိတ်ချရဖွယ်မရှိဟု ထုတ်ပြန်ခဲ့သည်။ သို့သော် ဆဲလ်တစ်ဘာသာစကားတစ်မျိုးဖြစ်သော ကောနစ်ရှ်နှင့် ကယ်လီဖိုးနီးယားရှိ ဆီရှီးဘာသာစကားများမှာ ပျောက် ကွယ်လုအန္တရာယ်မှ လွတ်မြောက်ဖွယ်ရှိသည်ဟု သိရှိရသည်။ တတ်ကျွမ်းသူတစ်ဦးသာလျှင်ရှိတော့သည့် ဘာ သာစကားများမှာ Wintu-Nomlaki၊ Livonian၊ Yahgan နှင့် Kaixna တို့ ဖြစ်သည်။ ကမ္ဘာပေါ်တွင် တိမ်ကော ပျောက်ကွယ်ခဲ့သော ဘာသာစကားပေါင်း ၂၀၀ ကျော် ရှိခဲ့သည်။
Ref: AFP

No comments: