DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 24, 2009

၈၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ ကျင်းပ ပြုလုပ်

အမေရိကန်နိုင်ငံတွင် ၈၁ ကြိမ်မြောက် ရုပ်ရှင်ထူးချွန်ဆု (အော်စကာ) ဆုပေးပွဲကို ယမန်နေ့ကလော့ဆန်းဂျလိစ် မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ ပျံကျရပ်ကွက်နေ သူဆင်းရဲများအား အခြေပြုရိုက်ကူးထား သော Slumdog Millionaire ရုပ်ရှင်ကားက အကောင်းဆုံး ဇာတ်ကားအပါအ၀င် ထူးချွန်ဆု ၈ ခုဆွတ်ခူးရရှိသွား သည်။ ထို့ပြင်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဗြိတိသျှမင်းသမီး ကိတ်ဝင်းစလက်ကလည်းကောင်း၊ အ ကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရှောင်ပင်းကလည်းကောင်း ဆွတ်ခူးရရှိသွားသည်။S lumdog Millionaire သည် အကောင်းမြင်တတ်ခြင်း၊ မျှော်လင့်ချက်၏ အားအင်နှင့် မိမိတို့၏ လက်ရှိဘ၀များအကြောင်း ဖြစ်သည်ဟု အိန္ဒိယသီချင်းရေးဆရာ ရာမန်က ထုတ်ဖော်ပြောဆိုသည်။ (ဘီဘီစီ)

No comments: