DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, February 21, 2009

အန္တရာယ်ရှိ သီးနှံများ ရောင်းလျှင် ဆိုင်ပိတ်သိမ်းမည်

21/Feb/2009
ကိုရာမ
၂၄ နာရီ ပိတ်ရက်မရှိရောင်းချသည့် ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိမင်္ဂလာ ကုန်စိမ်းဈေး ကြီးတွင် ဘေးအန္တရာယ်ရှိသော စားသုံးသီးနှံနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပါက ဆိုင်ပိတ်သိမ်းသည် အထိ အရေးယူမည်ဖြစ်ကြောင်း ဈေးသာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ လဒုတိယပတ်တွင် ပြောကြားသည်။ ဟင်းရွက်အသီးအနှံ နှင့် စားသောက် ကုန်ပစ္စည်း ရောင်းချသူများအနေဖြင့် ကျန်းမာရေး အတွက် ဘေးအန္တရာယ်ရှိသည့်စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းမပြုရန်နှင့်ရောင်းချခြင်းကို စစ်ဆေး တွေ့ရှိပါက သတိပေးမှတ်တမ်းတင်ခြင်း၊ ရောင်းကုန်များဖယ်ရှားရှင်းလင်းခြင်းအပြင် ဆိုင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဈေးများဌာန၏ နှိုးဆော် ချက်ကိုကိုးကား၍ ၄င်းကဆက်လက်ပြောကြားသည်။ စားသုံးရန်မသင့်ဟု တားမြစ်ထားသော ဆိုးဆေး များပါသည့် အသီးအနှံများ၊ စားသောက်ကုန်ပစ္စည်းများ၊ မှိုစွဲကပ်နေသည့် စားကုန်များ(ဥပမာ- ငရုတ်သီး ခြောက်၊ အရောင်တင် ငရုတ်သီးမှုန့်၊ဆီးသီးခြောက်)၊ နွမ်း၍ အမှည့်လွန်နေသော ဟင်းရွက်သီးနှံများ၊ သန်စွမ်း လတ်ဆက်ရန်အတွက် ဓါတ်မြေသြဇာများလတ်တလောပတ်ဖျန်းထားသည့် ဟင်းရွက်သီးနှံများ၊ ပိုးသတ် ဆေးများ မစင်ကြယ်သည့်သီးနှံများသည်စားသုံးသူများအတွက် ဆိုးကျိုးများဖြစ်စေသည်ဟု မြို့တော်စည်ပင်က သတိပေး နှိုးဆော်ထားသည်။ အဆိုပါသီးနှံ စားသောက်ကုန်များသည် ဝမ်းလျှော၊ ဝမ်းပျက်ခြင်းမှစ၍ လူ့ခန္ဓာ ကိုယ်၏အသည်း၊ ကျောက်ကပ်၊ အစာအိမ်တွင် ကင်ဆာများဖြစ်စေကြောင်း ယင်းနှိုးဆော်ချက်တွင် ဖော်ပြပါ ရှိသည်။ ပန်းသီး၊ စပျစ်သီး၊သင်္ဘောသီး၊ပန်းသစ်တော်သီး၊ ချယ်ရီသီး၊ ဆီးသီးစသည့် သီးနှံခုနှစ်မျိုးတွင် အာရုံကြောစနစ် ထိခိုက်စေသောဓါတ်မျိုးတွေ့ရှိကြောင်း ပြည်တွင်းသတင်းဂျာနယ်များတွင် ဖော်ပြပါရှိပြီး နောက် ယင်း သီးနှံများ၏ ရောင်းအား သိသိသာသာကျသွားသည်ဟု သီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်များက ပြောကြား ကြောင်း သိရသည်။

No comments: