DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, February 20, 2009

Thursday, February 19, 2009 လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု့ ထပ်မံပြုလုပ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်ဖြစ်သော "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံကြရန်" - ဟူသော တောင်းဆိုချက်ကို ထောက်ခံသောအားဖြင့်လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ မှ လှုပ်ရှားမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ၊ နအဖအာဏာရှင်များ၏ ခြိမ်းခြောက် စောင့်ကြည့် မှု အား အလေးမမှုဘဲ နောက်ထပ် လှုပ်ရှားမှုတစ်ရပ်အား ထပ်မံပြုလုပ်ခဲ့ပါသည်။ လူထုတစ်ရပ်လုံး အတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ ထပ်မံလုပ်ဆောင်သောလှုပ်ရှားမှုမှာယမန့်နေ့ကမန္တလေးမြို့ ကျူံးပတ် ပတ်လည်လမ်းများတွင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး တောင်းဆိုတိုက်ပွဲနှင့် ပတ်သက် သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများ ထပ်မံဖြန့် ဝေခဲ့ခြင်း ဖြစ်ပါသည်။လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ထုတ်ပြန်ခဲ့သည်။








နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးထောက်ခံကြေညာချက်၊ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့မှ ထုတ် ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးထောက်ခံကြေညာချက်နှင် လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ထုတ်ဝေသည့် "နိုင်ငံရေးအကျဉ်းသားများအားလုံးချက်ချင်းလွှတ်" ပို့ စကတ်များအား မန္တလေးမြို့  ကျူံးအရှေ့ ဘက်လမ်းများ (ဓါတ်ပုံ - ၁ နှင့်  ၂)၊ မန္တလေးမြို့  ကျူံးမြောက်ဘက် လမ်းများ (ဓါတ်ပုံ - ၃)၊ မန္တလေးမြို့  ကျူံးတောင်ဘက်လမ်းများ (ဓါတ်ပုံ - ၄) နှင့် မန္တလေးမြို့  ကျူံးအနောက်ဘက် လမ်းများ (ဓါတ်ပုံ - ၇) နေရာများတွင် ဖြန့် ဝေခဲ့ပါသည်။ ထို့ အပြင် မန္တလေး ဘူတာကြီးအနီးရှိ ပန်းခြံတစ်ဝိုက် (ဓါတ်ပုံ - ၆) တွင်လည်း အဆိုပါ ပို့ စကတ်များ စာရွက်စာတမ်းများအား အများပြည်သူများ သိရှိစေရန် ဖြန့် ဝေခဲ့ပါသည်။ထိုကဲ့သို့  လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ဖြန့် ဝေခဲ့သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား ဈေးသည်များ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျူံးပတ်လည် တစ်ဝိုက် စက်ဘီးစီးသူများမှ တွေ့ ရှိကာ ဖတ်ရှူကြပြီး ကျေနပ်အားရ ၀မ်းသာပီတိဖြစ်နေခြင်းအား တွေ့ ရှိရပါသည်။လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ အဆိုပါ ပို့ စကတ်များနှင့် စာရွက် စာတမ်းများအား ဖြန့် ဝေခဲ့ရုံသာမက လူအများမြင်နိုင်သည့်နေရာများတွင်လည်း ကပ်ခဲ့ကြရာ နအဖလက်ပါးစေ နယ်ထိန်းရဲများနှင့် ရ၀တများမှ လိုက်လံဖြုတ်သိမ်းနေခြင်းအားလည်း တွေ့ ရှိရပါသည်။ လိုက်လံဖတ်ရှူနေသည့် သူများအားလည်း အဆိုပါ ရဲများ ကြံ့ဖွတ်အဖွဲ့ ဝင်များမှ လိုက်လံကြိမ်းမောင်းကာ မောင်းထုတ်လျက် ရှိပါသည်။ အချို့ သောပြည်သူများမှာ မိမိတို့ တွေ့ ရှိသော အဆိုပါ ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား တိတ်တဆိတ်ပုန်းဝှက်ကာ သယ်ဆောင်သွားကြပါသည်။အဆိုပါ လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်း ဆုံး မြေသြဇာအဖွဲ့ နှင့် အခြားသော အာဏာရှင်ဆန့် ကျင်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကြောင့် မန္တလေးမြို့  ခရိုင်ရဲမှူးတစ်ဦးမှာ နယ်ထိန်းရဲများအား ဒေါသဖြင့် ထိုးကြိတ်ကာ ဒေါသူပုန်ထနေကြောင်း သိရှိရပါသည်။ လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ အနေဖြင့် နအဖအာဏာရှင်အား ဆက်လက် ဆန့် ကျင်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့  တတ်နိုင်သည့်အခန်းကဏ္ဍမှ ပူးပေါင်း ပါဝင် လှုပ်ရှားပေးကြပါရန်ကိုလည်း အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။


လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ။

No comments: