DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 24, 2009

ရခိုင်ကမ်းလွန် ရေနံ လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ တရုတ်နိုင်ငံသို့ ရောင်းချမည်

(24.2.09)aung gyi
ရခိုင်ကမ်းလွန်ရှိ ရေနံလုပ်ကွက်အေ(၁)နှင့်အေ(၃)တို့မှသဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံပိုက်လိုင်းသွယ်" တန်းတင်ပို့ရောင်းချသွားရန် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE Chin National United Oil Co-p"-oration အကြား၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။ လုပ်ကွက် များမှ"သဘာဝဓာတ်ငွေ့များကို ၂၀၁၂ခုနှစ်မှ ပို့လွှတ်ရောင်းချပေးမည်ဖြစ်ရာ သဘာဝဓာတ်ငွေ့များ ထုတ်ယူရန် အတွက်" ရေနံတွင်းတူးစင်များကို စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း သက်ဆိုင်ရာ ကုမ္ပဏီနှင့်နီးစပ်သူများ က ဆိုကြ"သည်။ တွင်းတူးစင်အတွက် လိုအပ်သည့်ပစ္စည်းများကို စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ပို့ဆောင်ပေး လျက်ရှိကြောင်း"သိရသည်။ ရခိုင်ကမ်းရိုးတန်းမှတရုတ်နိုင်ငံ ကူမင်းမြို့သို့ ပိုက်လိုင်းသွယ်တန်းစီမံကိန်းကို အမေ ရိကန်ဒေါ်လာ"သန်း ၂၅၈၀ အကုန်အကျခံတည်ဆောက်မည်ဖြစ်ပြီး ပိုက်လိုင်းသွယ်တန်းမည့် လမ်းကြောင်း နေရာများအားတိုင်း"တာမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ရခိုင်ကမ်းလွန်တွင် ရေနံလုပ်ကွက် ၁၆ ကွက် ရှိပြီး ကမ်းဦးရေတိမ်"ပိုင်းတွင် ခုနစ်ကွက်နှင့်ရေနက်ပိုင်းလုပ်ကွက်ကိုးကွက်ရှိရာ၊ သဘာဝဓာတ်ငွေ့ ကုဗပေ ၄ သထရီလီယံ ထွက်ရှိ"နိုင်ကြောင်းဘူမိဗေဒပညာရှင်များကခန့်မှန်းထားရှိကြောင်း သိရသည်။

No comments: