DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, February 18, 2009

အိန္ဒိယတွင် မြွေအလိမ္မာယ် ဆရာ ၁၀၀၀ ခန့် ချီတက် ဆန္ဒပြ

18/Feb/2009
အိန္ဒိယနိုင်ငံတွင် မြွေအလိမ္မာယ်ပြစားမှုကို တရားမ၀င်ကြောင်း ပိတ်ပင်ထားသည့်ဥပဒေကို မကျေနပ်သဖြင့် မြွေအလိမ္မာယ်ဆရာ ၁၀၀၀ ခန့်သည် နိုင်ငံ အရှေ့ဘက်ပိုင်းတွင် ယမန်နေ့က ဆန္ဒပြပွဲတစ်ရပ် ဆင်နွှဲခဲ့ကြသည်။ ၎င်းတို့သည် ကာလကတ္တားမြို့တစ်လျှောက် ပလွေများတီးမှုတ်၍ မြွေအလိမ္မာယ် အသက်မွေးဝမ်းကျောင်းပြုမှု လုပ်ငန်းကို တရားဝင်အသိအမှတ်ပြုပေးရန် ချီတက်တောင်းဆိုခဲ့ကြသည်။ အိန္ဒိယနိုင်ငံတွင် မြွေဟောက်နှင့်အခြား မြွေများဖြင့် အလိမ္မာယ်ပြစားခြင်းကို ၁၉၉၁ ခုနှစ်ကတည်းက တားမြစ်ပိတ်ပင်ထားသည်။ ယင်းသို့တားမြစ်ပိတ်ပင ခြင်း သည် ၎င်းတို့၏ ဘ၀အသက်ရှင်ရပ်တည်ရေးကို ထိခိုက်စေကြောင်း အလိမ္မာယ် ဆရာများက ပြောဆိုသည်။ (ဘီဘီစီ)

No comments: