DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, February 21, 2009

ပလာတာလှည်း ရိုဟင်ဂျာတွေ ဘန်ကောက်မှာဖမ်းနေ

BKK Post / ၂၀ ဖေဖော်ဝါရီ ၂၀၀၉


ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံမှတဆင့် မလေးရှားသို့ ခိုးသွင်းနေသည့် လူမှောင်ခိုဂိုဏ်းအား ဖြိုခွင်းရေးအတွက် ထိုင်းအစိုးရ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (ဒီအက်စ်အိုင်) မှ အပူတပြင်း စုံစမ်းစစ်ဆေးနေပြီး ရက်ပိုင်းအတွင်း ထိုင်းလူမှောင်ခိုဂိုဏ်းသားများအား ဖမ်းဝရမ်းထုတ်တော့ မည်ဖြစ်သည်။

ရိုဟင်ဂျာ လူမှောင်ခိုကိစ္စ ခြေရာခံဖို့အတွက် ဘန်ကောက်မြို့တွင်းရှိ လက်တွန်းလှည်းနှင့် ပလာတာ ရောင်း နေသည့် ရိုဟင်ဂျာများကို (ဒီအက်စ်အိုင်) မှ စစ်ဆေးနေသည်။ ဘန်ကောက် တွင် တရားမ၀င် နေထိုင်နေသည့် ရိုဟင်ဂျာ (၁၃) ဦးကိုလည်း ဖမ်းထားပြီးဖြစ်သည်။ ဘန်ကောက်သို့ ခိုးသွင်းလာသည့် ရိုဟင်ဂျာများမှာ မလေး ရှားမသွားခင် ဘန်ကောက်မြို့တွင်း လက်တွန်းလှည်းနှင့် ပလာတာရောင်းသည့်အလုပ် လုပ်ကိုင်ကြ သည်ဆို၏။

No comments: