DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 24, 2009

ရန်ကုန်မြို့တော် စည်ပင်၏ ခွင့်ပြုချက် မရဘဲ ဈေးများ အတွင်းရှိ ဈေးသည်များထံမှ အလှူငွေ၊ ရန်ပုံငွေများ ကောက်ခံခြင်း မပြုရန် အသိပေး တားမြစ်

(၂၄၊၂၊၀၉)အောင်ကြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရဘဲဈေးများအတွင်းရှိ ဈေးသည်များထံမှ အလှူ ငွေ၊ ရန်ပုံငွေများ ကောက်ခံခြင်းမပြုရန် တားမြစ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ ကြေညာချက်အရသိရသည်။ အလှူငွေ၊ ရန်ပုံငွေများသာမက သန့်ရှင်းရေး၊ လုံခြုံရေးစသည့် အခြားဝန်ဆောင်မှု လုပ်ငန်းများ အကြောင်းပြချက်ဖြင့် အခကြေးငွေများကောက်ခံခြင်းကိုလည်း လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့မြို့တော်စည်ပင်၏ ခွင့်ပြုချက်မရဘဲ ဈေးသည်များထံမှ အခကြေးငွေ များ ကောက်ခံသည်ကိုတွေ့ရှိရပါက စိစစ်ဖော်ထုတ်သွားမည်ဖြစ်ပြီး တရားဥပဒေအရ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်သည်ဟုသိရသည်။ ဈေးရောင်းချသူဈေးသည်များအနေဖြင့် မြို့တော်စည်ပင်၏ခွင့်ပြုချက်မရဘဲ အလှူငွေ၊ ရန်ပုံငွေ၊ သန့်ရှင်းရေး၊ လုံခြုံရေးနှင့် အခြားဝန်ဆောင်ခ နှုန်းထားများ ကောက်ခံ သည်ကိုတွေ့ရှိရပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၊ ဌာနမှူးထံ သို့လူကိုယ်တိုင်လာရောက် တိုင်ကြား နိုင်ကြောင်းသိရသည်။ လူကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိပါက ဖုန်းနံပါတ်-၃၈၉၀၇၄၊ ၂၄၀၃၂၇နှင့် ၃၈၉၀၇၆ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းသိရှိရသည်။

No comments: