DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, March 6, 2009

မွန်-မြန်မာဇာတ်များ လူရွှင်တော်အသားမပေးရ အမိန့်ထုတ်

ဝီရ / မတ်လ(၆) ရက်၊ ၂၀၀၉
လူရွှင်တော်အား အသားပေးသော အငြိမ့်ကဏ္ဍကို ကဇာတ်ပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် မတင်ဆက်ရန် မြန်မာ နိုင်ငံ တောင်ပိုင်းဒေသများ၌ တင်ဆက်ကပြနေသော မွန်၊ မြန်မာ ဇာတ်သဘင်အားလုံးကို အာဏာပိုင်များက တားမြစ်ထားကြောင်း သိရသည်။

အမည်မဖော်လိုသူ ဇာတ်သဘင် မန်နေဂျာတဦး၏ အဆိုအရ ယခုနှစ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် အငြိမ့် ကဏ္ဍကို ဖျော်ဖြေရန် ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ၎င်းက “သူတို့ အဓိကတားမြစ်တာက ပြက်လုံးတွေကြောင့်ပဲ။ ထူးခြားတာက မနှစ်က သီးလေး သီးရဲ့ ပြက်လုံးတွေကို အပျော့စားဖြစ်အောင် ပြန်ပေါင်းထုတ်နေကြတဲ့ ဇာတ်တွေက ဒီ ကျနော်တို့ဘက်မှာ အရမ်းများလာ တာလည်း ပါမှာပေါ့။ သွယ်ဝိုက်ပြီးတော့ ရအောင် ပြက်လုံးထုတ်တာပေါ့” ဟု ခေတ်ပြိုင်သို့ ပြော ပြသည်။

ယင်းအကြောင်းနှင့် ပတ်သက်၍ မော်လမြိုင်မြို့ ဇာတ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူတဦးက အဆိုပါကန့် သတ်တားမြစ်သည့် ညွှန်ကြားစာကို ပွင့်လင်းရာသီ ကပွဲစတင်ချိန်မှစ၍ အာဏာပိုင်တို့က မွန်ပြည်နယ် သဘင် ကောင်စီသို့ ပေးပို့ခဲ့ကြောင်းနှင့် ထိုမှတဆင့် ဇာတ်သဘင်များအား သဘင်ကောင်စီက အငြိမ့်ကဏ္ဍကို ပယ်ဖျက် ရန် အသိပေးခဲ့ကြောင်း ပြောကြားသည်။ သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ဇာတ်သဘင်အစည်းအရုံးဝင် ဇာတ်ပွဲပေါင်း (၃၀) ကျော်ရှိပြီး ပဲခူးတိုင်း၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် လှည့်လည်ကပြနေကြသည်။ ဇာတ်ပွဲအများစု၏ တညတာ ဖျော် ဖြေရေး အစီအစဉ်တွင် တေးဂီတ (ခေတ်ဟောင်း၊ ခေတ်ပေါ်)၊ အငြိမ့်၊ ပြဇာတ်၊ နှစ်ပါးသွားတို့ ပါဝင်ကြပြီး တချို့ ကဇာတ် များတွင် တခန်းရပ်ဟာသအပြင် နောက်ပိုင်းဇာတ်ထုတ်များလည်း ပါဝင်သည်။

No comments: