DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, March 10, 2009

ပဲခူးမြစ်ကြမ်းပြင်တွင် တွေ့ရှိခဲ့သည့် ဂျပန်ခေတ်တင့်ကားပျက်တစ်စီးအား ပြန်လည်ဆယ်ယူလျက်ရှိရာ ရေမျက်နှာပြင်ထက်သို့ ပေါ်လာပြီဖြစ်ကြောင်းသိရ



ပဲခူးမြို့၊ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်းမပေါ်ရှိပဲခူးမြစ် ကူးတံတားသစ်ကြီးမှရေစုန်ဘက် သုံးဖာလုံ ခန့်အကွာ ပဲခူးမြစ်ကြမ်းပြင်တွင် တွေ့ရှိခဲ့သည့် ဂျပန်ခေတ် တင့်ကားပျက်တစ်စီးအားပြန်လည် ဆယ်ယူ လျက်ရှိရာ ပဲခူးမြစ်၏ ရေမျက်နှာပြင်ထက်သို့ အနည်းငယ် ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ တင့်ကားပျက်ဆယ်ယူရေး လုပ်ငန်းများကို ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်လုပ်ဆောင်ခဲ့ပြီး ယန္တရားအင်အား အခက်အခဲများ ကြောင့် ဖေဖော်ဝါရီလနှောင်းပိုင်း တွင် ခေတ္တရပ်နားထားခဲ့ကြောင်း သိရသည်။ထို့နောက် ဆယ်ယူရေးလုပ် ငန်းများကို ပြန်လည်လုပ်ဆောင်ခဲ့ ရာမတ်လ ၇ ရက်နေ့တွင် တင့်ကားပျက်မှာ ပဲခူးမြစ်၏ ရေမျက် နှာပြင် ထက်သို့ ပေါ်လာခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ အဆိုပါတင့် ကားပျက်အား ငါးရှာသည့် ရေလုပ်သားများက စတင်တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
ထင်ပေါ်(ပဲခူး)

No comments: