DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, March 10, 2009

ဝန်ထမ်းများအလုပ်မြဲစေရန် လုပ်ငန်းခွင်မ၀င်မီ နှစ်ဦးသဘောတူကတိစာချုပ်ရေးထိုးခိုင်းသည့်စနစ် အလုပ်ရှင်အချို့အလေးထားလာရ

ဝန်ထမ်းများအလုပ်ကိုစွဲမြဲ စွာလုပ်ကိုင်လာစေရန် ၀န်ထမ်းများ လုပ်ငန်းခွင်မ၀င်မီဝန်ထမ်းနှင့် အလုပ်ရှင်အကြား နှစ်ဦးသသောတူ ကတိစာချုပ်ရေးထိုးခိုင်းသည့်စနစ်အား အလုပ်ရှင်အချို့အလေးထားလာ ရကြောင်းလုပ်ငန်းရှင် အချို့နှင့်အလုပ် လျောက်သူများထံမှစုံစမ်းသိရှိရသည်။

နှစ်ဦးသဘောတူကတိစာချုပ်ရေး ထိုးရာ၌စာချုပ်ထဲတွင် အလုပ်ရှင် ဘက်မှဝန်ထမ်းအားပေးနိုင်မည့်အခွင့် အရေးများကိုအချက်အလက် တစ်ခု အနေဖြင့်ထည့်သွင်း၍လည်းကောင်း၊ ၀န်ထမ်းများဘက်မှအလုပ်ရှင်ချမှတ် ထားသောစည်းကမ်းများကိုလိုက်နာ ရန်နှင့် အလုပ်တွင် အနည်းဆုံးနှစ် မည်မျကြာအောင်လုပ်ရမည်ဟူသည့် ကတိခံဝန်ချက်တို့ကိုအချက်အလက် များအဖြစ်ထည့်သွင်း၍လည်းကောင်း စာချုပ်ချုပ်ဆိုကြကြောင်းသိရသည်။
နှစ်ဦးသဘောတူ ကတိစာချုပ် ရေးထိုးခိုင်းချင်း၏ရည်ရွယ်ချက်မှာ ၀န်ထမ်းများအားအင်တာဗျူးအဆင့် ပြီး၍ အလုပ်ခန့်ရန်ခေါ်တွေ့ချိန်တွင် စာချုပ်ထဲတွင်ထည့်သွင်းထားသော အချက်အလက်များကို အလုပ်ရှင် များက ပေး ဖတ်ကြောင်း စာချုပ်တွင် ပါဝင်သည့်အချက်များအားသဘော တူလက်ခံနိုင်မှသာလက်မှတ်ရေး ထိုး၍၀န်ထမ်း အားလုပ်ငန်းခွင်ဝင်ရန် သဘောတူညီမှုရယူရန် ဖြစ်ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ကလည်း နှစ်ဦးသဘောတူကတိ စာချုပ်ချုပ်ဆိုရခြင်းနှင့်ပတ်သက် ၍ ''အလုပ်ရှင် အများစုကတော့ဝန်ထမ်း ကိုလုပ်ငန်းခွင်မ၀င်မီ လက်မှတ်ရေး ထိုးခိုင်းလေ့မရှိပါဘူး၊ ‘ဒါပေမယ့် အခု နောက်ပိုင်း ၀န်ထမ်းအများစုက အလုပ်တစ်ခုထဲမှာ စွဲမြဲစွာမလုပ်ချင် ကြပါဘူး၊ ဒါကလည်း သူ့တို့ဘက် ကသူတို့ အခက်အခဲနဲ့ သူတို့ကြောင့် လည်း ဖြစ်နိုင်ပါတယ်၊ အလုပ်ရှင် တွေ ဘက်ကကြည့်တော့ဝန်ထမ်း တစ်ယောက်ကို တကယ် ကြိုက်လို့ ခန့်လိုက်ပြီးရင်လုပ်ငန်းသဘောကို လည်းသင်ပေးပြီးပြီ၊ အံဝင်ဂွင်ကျ လည်းဖြစ်နေပြီဆိုမှ ငါးလခြောက် လလောက်လုပ်ပြီးခဏလေးလုပ်ပြီးပြန်ထွက် သွားမယ်ဆိုရင်ဝန်ထမ်းထပ်ခေါ်ရတာ နဲ့လုပ်ငန်းရဲ့ လစ်ဟာသွားတဲ့ ၀န်ထမ်း နေရာပြန်ဖြည့်ရတာအလုပ်ပိုစေပါ တယ်၊ ဒါကြောင့်စာချုပ်ထဲမှာ စည်း ကမ်းချက် တွေနဲ့အတူ အနည်း ဆုံး ဘယ်နှနှစ်လုပ်ရမယ်ဆိုပြီး လုပ်ငန်းခွင်မ၀င်ခင်ကတည်းကရေးထိုးခိုင်း တာဖြစ်ပါတယ်။ ဒါကြောင့်ဝန်ထမ်း ကလည်း အလုပ်မ၀င်ခင်ကြိုတင် စဉ်းစားဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်'' ဟု ဆိုပါသည်။

လူငယ်အချို့အလုပ်အကိုင် အခွင့်အလမ်းများအတွက်ရှာဖွေရာတွင် လုပ်ငန်းခွင်မ၀င်ခင်ကာလ၌ပင် ဘယ်နှစ် ကာလအပိုင်းအခြားဖြင့် လုပ်ရမည်ဟုလက်မှတ်ရေးထိုးခိုင်းသည့် အလုပ်များအားဝင်ရောက်လုပ်ကိုင်ခြင်း မရှိဘဲ နှစ်ဦးသဘောတူကတိစာချုပ် မရေးထိုးရသည့် အလုပ်များကိုသာ ၀င်ရောက်လေ့ရှိကြောင်းစာချုပ်တွင် လက် မှတ်ရေးထိုးခိုင်းသည့်အလုပ်အများ စုမှာလည်းလစာကောင်းလေ့ရှိကြောင်း၊ စွဲစွဲမြဲမြဲလုပ်နိုင်မည်ဆိုပါက အဆိုပါ အလုပ်မျိုးကိုသာရွေးချယ်သင့်ကြောင်း အလုပ်ရှာဖွေသူလူငယ်များကပြော ကြားခဲ့သည်။

အင်္ဂလိပ်စာရေးဖတ်ပြောကျွမ်း ကျင်ပြီး LCCI Level 3 အောင်ထား သူမဟန်သူကလည်း''အလုပ်မ၀င်ခင် ကတည်းကကိုယ့်ဘက်ကအရည် အချင်းပြည့်စုံအောင်လုပ်ထားပါတယ်။ အလုပ်ဝင်ရင်လည်းလစာကောင်းပြီး အခွင့်အရေးပိုရတဲ့အလုပ်ကိုပဲလုပ်ချင် ပါတယ်၊ တကယ်လို့အလုပ်တစ်ခု လုပ်နေတုန်းကိုယ့်ဘ၀အတွက်ဒီထက် ပိုပြီးတက်လမ်းရှိမယ့် အလုပ်ကိုတွေ့ရင် အလုပ်ပြောင်းချင်တာက တော့ ဘယ်သူမဆိုပါပဲ၊ တစ်နေရာမှာ ကျောက်ချလုပ်ဖို့တော့မဖြစ်နိုင်ပါဘူး၊

အဲဒီလိုဖြစ်ဖို့ကိုယ့်ဘက် ကအရည်အချင်းပြည့်ထားပြီးအမြဲတမ်း တိုးတက်အောင်လေ့လာနေရမှာဖြစ်ပါ တယ်၊ ဒါပေမယ့် လူငယ်အချို့က ကိုယ်ကလည်းဘယ်လောက်မှအရည် အချင်းမရှိ နည်းနည်းလေးသာတာ တွေ့တဲ့ အလုပ်ကို ခဏခဏ ပြောင်း ချင်ကြတာ၊ဒါကတော့လွဲမှားတဲ့အယူ အဆတစ်ခုပါပဲ'' ဟု ဆိုပါသည်။

ဝန်ထမ်းနှင့်အလုပ်ရှင်များ အကြားလုပ်ငန်းခွင်မ၀င်မီ နှစ်ဦး သဘောတူကတိစာချုပ်ရေးထိုးသည့် အလေ့အထ မှာ ကောင်းသောအလေ့ အထဖြစ်ပြီးစာချုပ်တွင် ပါဝင်သော အချက်များအား နှစ်ဦးနှစ်ဘက်မှ နားလည်သဘော ပေါက်စေရန်ဖတ်ရှု ပြီးမှသာ အမှန်တကယ်လိုက်နာ နိုင်မှ လက်မှတ်ရေးထိုးသင့်ကြောင်း စာချုပ်ပြုလုပ်ရာ တွင်လည်း တရား ၀င်စေရန် အနည်းဆုံးခြောက်ကျပ် တန်တံဆိပ်ခေါင်းဖြင့်ချုပ်ဆိုသင့်ကြောင်း ထိုသို့ချုပ်ဆိုမှ သာ နစ်နာသူ စာချုပ် ပါပဋိညာဉ်ကိုချိုးဖောက်ခြင်းခံရသူ ဘက်မှတရားစွဲဆိုရာတွင်ပိုမိုခိုင်မာကြောင်း LL.B, LL.M ဘွဲ့ရအထက်တန်းရှေ့နေ တစ်ဦးကအကြံပေးပြောကြားခဲ့သည်။
ဟိန်းမင်းလတ်

No comments: