DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, March 10, 2009

ယာဉ် ရှစ်စီးဆင့်တိုက်မှုအပါအ၀င် ယာဉ်ဆင့်တိုက်မှုများ ရက်ပိုင်းအတွင်း ဆက်တိုက်နီးပါးဖြစ်ပွားခဲ့

ရန်ကုန်တိုင်းအတွင်း ယာဉ်ဆင့်တိုက်မှုများ ရက်ပိုင်းအတွင်း ဆက်တိုက်နီးပါးဖြစ်ပွားခဲ့ရာအဆိုပါ ဖြစ်စဉ်များထဲ၌ ယာဉ်ရှစ်စီးဆင့် တိုက်မှုလည်းပါဝင်ခဲ့ကြောင်းရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ယာဉ်ဆင့်တိုက်မှုများ သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၌လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့တွင်လည်းကောင်းဆက်တိုက် နီးပါးဖြစ်ပွားခဲ့ရာ ရွှေပြည်သာမြို့ နယ် တွင် ယာဉ်သုံးစီးဆင့်တိုက်မှု၊ ဗဟန်းမြို့နယ်တွင် ယာဉ်လေးစီး ဆင့်တိုက်မှုနှင့်သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ် ရှစ်စီး ဆင့်တိုက်မှုတို့ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၌ဖြစ်ပွားခဲ့သော ယာဉ်တိုက် မှုမှာ အမှတ် ၄ လမ်းမ ကြီးအတိုင်းမြောက်မှတောင်သို့မောင်း နှင်လာသည့် ၁ဂ/---- (၂၀၂ အထူးယာဉ်လိုင်း) သည် သာဓုကန် ဘုရားအနီးအရောက်တွင် ယာဘက် လမ်းဘေးမှသစ်ပင်အားဝင်တိုက်ပြီး တစ်ဖက်ယာဉ် ကြောသို့ ရောက်ရှိ ကာ မျက်နှာချင်းဆိုင်မှလာသော ၈ဃ/---- လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်နှင့် ၅ခ/ ---- (၁၈၀ ပါရမီယာဉ်လိုင်း)အားတိုက်မိသဖြင့် ယာဉ်သုံးစီးပျက်စီးကာ ယာဉ်ပေါ်ပါ သူများဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်၌ ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ယာဉ်မှုစစ်ရဲစခန်းက (ပ)၁၃၆/ ၂၀၀၉၊ ပြစ် မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၂၀၂ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန်တွင်လည်း သင်္ဃန်းကျွန်းမြို့နယ်၌ဖြစ်ပွားခဲ့သော ယာဉ်တိုက် မှုမှာလေးဒေါင့်ကန်လမ်း အတိုင်း အရှေ့မှအနောက်သို့ မောင်း နှင်လာသော ဆ/--ဘီအမ်ကြိုပို့ ယာဉ်သည် ဘုရားလမ်းမှတ်တိုင်အ ရောက် ယာဘက်လမ်းစပ်၌ရပ်ထား သော ၇၉ ယာဉ်လိုင်းမှ သ/--- ဒိုင်နာယာဉ်အား နောက်မှတိုက်မိပြီး ယင်းအရှိန်ဖြင့် ရှေ့၌ရပ်ထားသော ၈က/---- (၇၉ ယာဉ်လိုင်း)၊ သ/---- (၁၇၂ ယာဉ်လိုင်း)၊ သ/---- အက်တလတ်စ်အဖြူ၊ ၄က/---- (၇၉ ယာဉ်လိုင်း) ဒိုင်နာ ယာဉ်၊ န/---- (၇၉ ယာဉ် လိုင်း) ဒိုင်နာနှင့် ၄က/---- (၇၉ ယာဉ် လိုင်း) ဒိုင်နာယာဉ်တို့အားဆင့်တိုက် ကာ ဆ/---- ယာဉ်၏ ယာဉ် မောင်းထွက် ပြေးသွားပြီး ယာဉ်ပေါ် ပါသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်အား ယာဉ်မှုစစ် ရဲစခန်းက (ပ) ၁၄၂/ ၂၀၀၉၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၂၀၂ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီခွဲတွင် ဗဟန်းမြို့နယ်၌ ဖြစ် ပွားခဲ့သောယာဉ်တိုက်မှုမှာ M3 စား သောက် ဆိုင်ရှေ့တွင် အငှားယာဉ် နှင့်ကိုယ်ပိုင်ယာဉ်တို့တိုက်မိခဲ့ရာမှ လမ်းဘေးတွင်ရပ်ထားသော အငှား ယာဉ်နှစ်စီး အား ထပ်မံတိုက်မိပြီး ယာဉ်လေးစီးဆင့်တိုက်မိခြင်းဖြစ် ကြောင်း သိရသည်။ ဖြစ်ပွားခဲ့သည့် ယာဉ်ဆင့်တိုက်မှု များကိုကြည့်ပါကလည်း ယာဉ် မောင်းဖြစ်သူ၏မဆင်မခြင်မောင်း နှင်မှု၊ မိမိမောင်းနှင်နေသော ယာဉ် ၏ကိုယ် ထည်၊ အရှိန်နှုန်းနှင့် ခရီး သည်တင်ဆောင်နိုင်သည့်ဝန်တို့ကို မချိန်ဆဘဲ မောင်းနှင်မှု၊ ချိုးကွေ့မှု၊ ကားအောက် ပိုင်းနှင့် ဘရိတ်များ၏ ကြံ့ခိုင်မှုအားနည်းမှု၊ လမ်း၏အနေ အထားကိုမချိန်ဆဘဲ ချိုင့်များ၊ လှိုင်း ထသောနေရာများ တွင်အရှိန်မလျော့ဘဲ ဖြတ်သန်းမောင်းနှင်မှုတို့ကြောင့်သာ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မော် တော်ယာဉ်ပြုပြင် ရေးကျွမ်းကျင်သူများနှင့်ယာဉ်မောင်း အချို့ကပြောကြားခဲ့သည်။

''ယာဉ်ရဲ့ ကိုယ်ထည်နဲ့အရှိန်တို့၊ မဆင်မခြင်ချိုးကွေ့မှုတို့ဆိုတာ က ဥပမာပေးရရင် ဒိုင်နာတွေပဲ။ ဒိုင်နာရဲ့ ရှေ့ဘီးကစတီယာရင်အောက် တည့်တည့်မှာရှိတာကို အကွေ့တွေ မှာအရှိန်မလျော့ဘဲကွေ့တယ်။ ကားကလည်း ဗျက်ကျင်းပြီးအပေါ်ကိုမြင့် တော့မှောက်တော့တာပဲ။ လူအများစုက ယာဉ်တိုက်မှုဖြစ်ပြီဆိုရင် စက်ကိရိယာ ချွတ် ယွင်းတာကိုအကြောင်းပြ ချင်ကြတယ်''ဟု တက္ကစီများထောင် ထားသူဦးကြည်လင်ကရှင်းပြခဲ့သည်။

ထို့ပြင် ယာဉ်နှင့်ဆက်စပ် ပစ္စည်းများတပ်ဆင်ရာ၌ ခိုင်ခံ့မှုမရှိသောကြောင့် သေဆုံးဒဏ်ရာရခဲ့သည့် ဖြစ်ရပ် များထဲတွင် ကားတစ်စီး ဘီး ကျွတ်ထွက်ရာမှယာဉ်တိမ်းမှောက်ပြီး ခရီးသည်တစ်ဦးသေဆုံးကာခုနစ်ဦး ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်ရပ်၊ သစ် ၁၀ တန်နှင့်ခရီးသည် ၃၅ ဦးတင်ဆောင်လာသော ၁၀ ဘီးကားသည် သစ် လုံးများ ချည်ထားသော သံကြိုးပြတ် ရာမှ ယာဉ်တိမ်းမှောက်ပြီး ခရီး သည် ၁၄ ဦးသေဆုံးသည့်ဖြစ်ရပ်၊ ဒိုင်နာယာဉ် တစ်စီးလမ်းပေါ်၌မောင်း နှင်နေစဉ်ယာဉ်၏နောက်ကိုယ်ထည် တစ်ခုလုံးပြုတ်ကျပြီး ယာဉ်တိမ်း မှောက်ရာမှ ခရီးသည်ရှစ်ဦးဒဏ်ရာ ရသည့်ဖြစ်ရပ်၊ရေပြန်ဘူးတိမ်းစောင်း ရာမှ ခရီးသည်လေးဦးဒဏ်ရာ ရရှိ ခဲ့သည့်ဖြစ် ရပ်များပါဝင်ကြောင်း သိရသည်။

ထိုသို့ဖြစ်ရပ်များ ဖြစ်ပွားခဲ့ ခြင်းမှာယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ကိုတပ်ဆင်ရာတွင်စနစ်တကျမရှိခြင်း၊ ခိုင်ခံ့မှု မရှိခြင်း၊ ယာဉ်ကြံ့ခိုင်မှုကို ပုံမှန်မစစ်ဆေးခြင်းနှင့် ပစ္စည်းများ ကိုပြီးစလွယ်တပ်ဆင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း မော်တော်ယာဉ်စက်ပြင် ဆရာများထံမှသိရသည်။ ''ကားဘီး အလုံးလိုက်ကျွတ် ထွက်တယ်ဆိုတာ ဘီးပေါက် လို့ဖာတာဖြစ်စေ၊ ဘရိတ်ဖြုတ်ပြင်တာ ဖြစ်စေ၊ ကားအောက်ပိုင်းပြုပြင်တာ ဖြစ်စေ ကားဘီးကိုဖြုတ်ပြီးရင် သေချာမတပ်လို့ပါ။ တချို့ကျတော့ ဘီး ပြန်တပ်ရင် မူလီနတ်တွေ အကုန် မကြပ်မိတော့မောင်းရင်းနဲ့ပြုတ်ထွက် တာဖြစ်တတ်တယ်။ ပြုတ်ထွက်တဲ့ အချိန်မှာအရှိန်ပါလို့ ဘီးနဲ့တိုက်မိတဲ့ သူအတွက်အသက်အန္တရာယ်ပါရှိနိုင် ပါတယ်''ဟု ကားအောက်ပိုင်းပြင် ဆရာကိုကျော်စိုးကပြောပါသည်။

ကား၏ အမိုးကိုင်းများ ကား မောင်းနှင်နေစဉ် ပြုတ်ကျခြင်း၊ပြတ်ထွက်ခြင်းအပါအ၀င်ရေပြန်ဘူး တိမ်းစောင်းခြင်း တို့မှာလည်း ယင်း ပစ္စည်းများခိုင်ခံ့စေရန် ထိန်းကွပ် ထားသည့် အထိုင်များနှင့် မူလီများ သေချာတပ်ဆင်မှု မရှိခြင်းနှင့်သေချာ တပ်ဆင်ထားသော်လည်း သံချေး တက်ပြတ်ထွက်နေသည်ကိုမစစ်ဆေး မိခြင်းတို့ကြောင့် ဖြစ်တတ်ကြောင်း ဘုရင့်နောင်ဈေးအတွင်းကားဝပ်ရှော့ ဆရာကိုဂျူးကဆိုပါသည်။

ဟိန်းမင်းလတ်၊ မင်းသီဟဇော်

No comments: