DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, March 7, 2009

ကင်ညာတွင် လူ့အခွင့်အရေး လှုပ်ရှားသူနှစ်ဦး အသတ်ခံရ

Saturday, March 07, 2009 6:30 PM

ကင်ညာနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူ အော်စကာကမောနှင့် ဂျွန်ပေါလ်တို့ နှစ်ဦးတို့ ၏ မော်တော်ယာဉ်သည် ကြာသပတေးနေ့က နိုင်ရိုဘီမြို့လယ်နိုင်ငံတော်အိမ်အနီးတွင်ယာဉ်ကြောရှုပ်၍ ရပ်တန့်စောင့်ဆိုင်းနေစဉ် သေနတ်သမား က အနီးကပ်၍ပစ်ခတ်သဖြင့်သေဆုံးသွားခဲ့ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ကင်ညာရဲတပ်ဖွဲ့တွင်သံသယ
ဖြစ်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူး ဖီးလစ်အယ်လ်စတန်ကပြောကြားသည်။ ၎င်းတို့အသတ်မခံရမီ နာရီပိုင်းအလိုက အစိုးရပြောရေးဆိုခွင့်ရှိသူက မစ္စတာ အောစကာ၏ အဖွဲ့သည် ရာဇ၀တ်ဂိုဏ်းတစ်ခုကို ကူညီပံ့ပိုး လျှက်ရှိကြောင်း စွပ်စွဲပြောကြားခဲ့သည်။ (ဘီဘီစီ)

No comments: