DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, March 11, 2009

မန်မာမင်းများဇာတာနှင့်သန်းရွှေပျက်ကိန်း


မတ်လ(၁၁) ရက်၊ ၂၀၀၉

မြတ်စွာဘုရားအလောင်းတော်ကို မွေးဖွားပြီး (၇) ရက်အကြာတွင် ကောဏ္ဍညပုဏ္ဏားမှ သိဒ္ဓတ္ထမင်းသားသည် အမှန်စင်စစ် ဘုရားဖြစ်မည်ဟု လက်ညှိုးတချောင်းကိုထောင်ကာ တခွန်းတည်းသော ဗေဒင်ကို ဟောလေသည်။ သုဒ္ဓေါဓနမင်းကြီးသည် သားတော်သိဒ္ဓတ္ထမင်းသား ဘုရားမဖြစ်စေရန် မင်းသား၏ နန်းတော်တွင် အသက်ကြီးသူ အမျိုးသား၊ အမျိုးသမီးများကို အမှုတော်မထမ်းစေဘဲ ငယ်ရွယ်နုပျိုသူ အမျိုးသား၊ အမျိုးသမီးများကိုသာ အမှုတော် ထမ်းစေလျက် အိုသောသူ၊ နာသောသူများကို သိဒ္ဓတ္ထမင်းသား မတွေ့ မမြင်ရစေရန် ရှောင်ရှားစေပါသည်။

သို့သော်လည်း ကံအကြောင်းတရားတို့၏ စီမံရာကုသိုလ်၊ အကုသိုလ်တရားတို့၏ အကျိုးပေးသဘောကိုကား မည်သူတဦးတယောက်ကမျှ တားဆီးပိတ်ပင်၍ ရရိုးထုံးစဉ်မရှိသည့်အတွက် နတ်တို့ဖန်ဆင်းအပ်သော နိမိတ်ကြီး လေးပါးကိုအကြောင်းခံကာ တောထွက်ရဟန်းပြု ဘုရားဖြစ်ခဲ့ရသည်သာ။

ရှေးအခါက လူတယောက်သည်လည်း သေမှာကိုကြောက်ရွံ့သဖြင့် ရေလုံသေတ္တာတလုံးပြုလုပ်ပြီး ပင်လယ်ထဲကို ဆင်းကာပုန်းအောင်းနေစဉ် သေမင်းက ထိုသူကိုလိုက်ရှာရင်း ပင်လယ်ထဲက သေတ္တာကိုဆွဲထားသည့်ကြိုးကို ခလုတ်တိုက်မိ၍လဲလေသော် ကြိုးစကိုဆွဲရင်းဆွဲရင်းဖြင့် သေတ္တာတလုံးကိုတွေ့၍ ဖွင့်ကြည့်ရာ သေမှာကြောက်၍ ပုန်းနေသူကိုတွေ့သဖြင့် သေမင်းက ထိုသူကို သေရွာသို့ ပို့ဆောင်ပေးလေသည်။ ထို့ကြောင့် ကံတရားတို့
အကျိုးမပေးခင် ရှောင်လွဲ၍ရသော်လည်း တကယ်အကျိုးပေးလာသောအခါမူကား ဘယ်သူမျှ တားဆီးပိတ်ပင်၍ မရနိုင်ပါ။

မိမိတို့ ပြုလုပ်ပြီးသော ကံတရားနှင့် ပြုလုပ်နေသောကံတို့၏ အကျိုးပေးကသာ အဓိကဖြစ်ပါသည်။ မြန်မာ့စကားပုံ တွင်လည်း “ကံစီမံရာသာ” “ကံတူအကျိုးပေး” ဟု ပြောကြသည်မဟုတ်ပါလား။ ဤသို့ဆိုပါလျှင် မိမိပြုလုပ်ခဲ့ပြီး သော မကောင်းမှုအများစုကို ကောင်းမှုတခုပြုပြီး ကျေပါစေလို့ ဆုတောင်းရုံလောက်နှင့်ကော ပပျောက်နိုင်ရိုး ရှိနိုင်ပါ့မလား။ အဇာတသတ်မင်းကြီးသည် သာသနာတော်အတွက် ဘုရားပေါင်းများစွာကို စေတနာအပြည့်ဖြင့် တည်ထားကိုးကွယ်ခဲ့သော်လည်း “ဖခင်ကိုသတ်သော” ကံ၏အကျိုးကြောင့် အဝီစိငရဲကို သွားခဲ့ရသည်သာ။

သံဃာကိုသတ်ပြီး ယတြာဆောင် ဘုရားကိုတည်ရုံမျှဖြင့် အဘယ်မှာမကောင်းမှုကို ကာကွယ်နိုင်ပါမည်လဲ။ နအဖ က နေပြည်တော်မှာ ဘုရားတည်ပြီး တိုင်းပြည်ကို ကျွန်ပြုနေတာပါလို့ ပြောရင် သိပ်ရိုင်းတယ်လို့ ပြောကြမလား။

ယခုနှစ် ကောဇာသက္ကရာဇ် (၁၃၇၀)၊ ခရစ်၂၀၀၉ ခုဟာ မြန်မာ့သမိုင်းမှာ မော်ကွန်းသစ်တွေ ရေးထိုးမယ့် နှစ်တနှစ် ဖြစ်နေလို့ပါပဲ။ မြန်မာ့သမိုင်း ကျွမ်းကျင်သူများနှင့် မြန်မာဗေဒင်ပညာရှင်များ၏ အဆိုအရ မြန်မာမင်းဆက်များဟာ “အ” မှာစပြီး “သ” မှာဆုံးတယ်လို့ ဆိုကြပါတယ်။ ဟုတ်လည်းဟုတ်နေတာကို တွေ့ရမှာပါ။

အနော်ရထာစခဲ့တဲ့ ပုဂံခေတ်ဟာ သီဟပတေ့မင်းလက်ထက်မှာ ဆုံးခဲ့ပြီး၊ အလောင်းမင်းတရားစခဲ့တာကလည်း
သီပေါမှာဆုံးခဲ့ပါတယ်။ လွတ်လပ်ရေးကိုယူခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းဆိုတော့ သန်းရွှေမှာအဆုံး ဆိုတာ ကလည်း သမိုင်းက ပြောလာပါတယ်။ ဒီနေရာမှာ တူညီမှုတွေရှိနေတာကိုလည်း တွေ့ရပါဦးမယ်။ အကုန်လုံး “မင်း” ဆိုတဲ့ဘွဲ့ကို ခံထားကြသူဖြစ်ပေမယ့် အစနှင့်အဆုံးကိုကြည့်ရင် အောင်ဆန်းဟာလည်း “ဗိုလ်ချုပ်” ဖြစ်နေသလို သန်းရွှေကလည်း “ဗိုလ်ချုပ်” ပါပဲ။ နောက်ထပ်တူနေတာတွေကလည်း မင်းအားလုံးမှာ ဗေဒင်ပညာရှိတွေကို မွေးမြူခဲ့ကြတာပါပဲ။

၁၂၂၈ ခုနှစ်မှာ သီပေါမင်းဟာ ဗေဒင်အခါတော်ပေး ဦးပုညရဲ့ တွက်ချက်မှုတွေကြောင့် (မြင်ကွန်းနှင့်မြင်းခုံတိုင်) တို့ကို သတ်ခဲ့တယ်လို့ ဆိုကြပါတယ်။ နအဖခေတ်မှာလည်း ဗိုလ်ချုပ် တင်ဦး၊ ဗိုလ်ချုပ်ခင်ညွန့် အရေးတော်ပုံများဟာ ဗေဒင်အခါတော်ပေးတွေအရဆိုရင်ရော ငြင်းလို့ရနိုင်ပါ့မလား။ မြန်မာနိုင်ငံရဲ့ ဇာတာကို ယနေ့ ဇာတာပဲဖြစ်ဖြစ် ရှေးအရင်က ဇာတာပဲဖြစ်ဖြစ် ပြောင်းလဲမှု မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက “ဗမာ” အခု “မြန်မာ” ဆိုတော့လည်း နေ့နံသဘောအရ အတူတူသာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ဇာတာကိုတည်ပြီး မင်းတို့၏ ဇာတာနဲ့ နှိုင်းယှဉ်ရတာ အရမ်းလွယ်ကူပါတယ်ဟု မန္တလေးမဟာသင်္ကြန်စာရေးနေတဲ့ ဆရာတဦးက ပြောဖူးပါသေးသည်။

အားလုံးလက်လှမ်းမီသော သီပေါမင်းလက်ထက်ကနေ ဇာတာဖွဲ့တွက်ကြည့်သော် သီပေါမင်း၏ မွေးသက္ကရာဇ်မှာ ၁၂၂၀ ခုဖြစ်ပြီး ထီးနန်းကျသောနှစ် “ဦး၊ ကောင်း၊ လိမ်၊ ထုတ်” သီပေါပြုတ် (မင်းဆက်ပြုတ်) ဆိုသည့်အတွက် ကြောင့် ၁၂၄၇ ခုနှစ်ဖြစ်ပါသည်။ သီပေါမင်းဇာတာနှင့် သူ၏ နန်းသက်ကို နှိုင်းယှဉ်သော် “စစ်” အင်္ဂါသည် ပုတိနှင့် မရဏတို့တွင် ကျရောက်နေပြီး ကြာသပတေးအုပ်စိုးပြီး တနင်္ဂနွေခိုက်နေသဖြင့် မိန်မတို့၏ အုပ်စိုးခြယ်လှယ်ပြီး လူကြီးများ၏ လိမ်ညာလှည့်ပတ်မှုကို ခံရမည်။ ဆရာဆိုသူတို့၏ မာယာပရိယာယ်တို့ကြောင့် မိမိ၏အသက်အိုးအိမ် ရာထူးပြုတ်ကိန်းရှိသည် ဆိုသည့် ကိန်းထဲကို တထေရာတည်း ကျရောက်နေသည်ကိုသာ တွေ့ရပါလိမ့်မည်။

သီပေါမင်း၏ နန်းသက်သည်လည်း (၇) နှစ် ဖြစ်သဖြင့် စနေဂြိုဟ် ဗုဒ္ဓဟူးသက်ရောက်ဖြစ်ပြန်ရာ “ဘယ်သူကယ်၍ နိုင်ပါလိမ့်” ဟူသော ကိန်းများထဲကို စောက်ထိုးသာ ကျဆင်းပြီး နန်းပါပြုတ်ရလေသည်။ ထို့နောက် ဗိုလ်ချုပ်အောင် ဆန်း၏ ဇာတာကိုပြန်ကြည့်သော် ဗိုလ်ချုပ်၏ အထွက်အမြတ်ဖြစ်သော စစ်နံသည် ဗုဒ္ဓဟူးဂြိုဟ်၏ အုပ်စိုးမှုကို ခံရကာ စနေအတိုက်ထဲတွင် ကျရောက်နေပြန်သည်။

No comments: