DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, March 12, 2009

ဒီချုပ် အမျိုးသမီး ၂ ဦး ထောင် ၂ နှစ်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မတ်လ 12 2009 18:05 - မြန်မာစံတော်ချိန်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မသိင်္ဂီနှင့် မချိုတို့ နှစ်ဦးအား အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် (၂) နှစ်စီ ချလိုက်ကြောင်း နီးစပ်သူများက ပြောသည်။

သူတို့နှစ်ဦးကို တရားမဝင်အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ယခုလ (၉) ရက်နေ့က စီရင်ချမှတ်လိုက်ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်း လေဘေးသင့်သူများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သော သူတို့နှစ်ဦးကို ၂၀၀၈ ခု မေလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အင်းစိန်ထောင်အတွင်း ဖမ်းဆီးထားခဲ့သည်။

No comments: